Indiana Jones and the kingdom of crystal skull.

ငယ်ငယ်တုန်းကတည်းက ကြိုက်တဲ့ ဇာတ်လမ်းတွေထဲမှာ အင်ဒီယာနာဂျုန်းက ထိပ်ဆုံးမှာ ပါဝင်ခဲ့ပြီးသားပါ။ အခုလဲ နောက်ဆုံးထွက် အင်ဒီယာနာဂျုန်း ဇတ်လမ်းကို တနေ့ကကြည့်ဖြစ်လိုက်ရင်း ဝေမျှပေးလိုက်ပါတယ်။ ရန်ကုန်မှာတော့ ရုံမတင်သေးပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ အင်ဒီကထုံးစံအတိုင်း စွန့်စားသွာလာနေတဲ့သူပါဘဲ၊ အကြောင်းတခုနဲ့ ရုရှားတွေ ရှာ နေတဲ့ သလင်းဦးခေါင်းခွံရှာတဲ့ ပြဿနာထဲ သူပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်း တက္ကသိုလ်ကထွက်လိုက်ရတဲ့ နေ့မှာ တော့ ပျောက်ဆုံးနေတဲ့ ရွှေမြို့တော် ဒဏ္ဍာရီနဲ့ အခု ဦးခေါင်းခွံပတ်သတ်နေတာရယ်၊ အဲဒီနေရာကို ရောက် ဖူးတဲ့ သူ့မိတ်ဆွေကိုရှာဖို့ရယ် ကောင်လေးတယောက်က လာခေါ်ရင်း ပွဲ့စပါတော့တယ်။ နောက်ပိုင်းမှာ သူ့မိန်း မကို ပြန်တွေ့၊ ရုရှားတွေ ကလဲ သူကို လိုအပ်လို့လိုက်ရှာ။ သလင်းဦးခွံကိုတွေ့လို့ နေရာ တကျပြန်ထားချင်တဲ့ အင်ဒီယာနာ၊ ပါဝါတွေတန်ခိုးတွေ လိုချင်တဲ့ သူတွေနဲ့ အစအဆုံး ပိရိတ်သတ်ကို ဆွဲ ဆောင်ထားနိုင်တဲ့ ကားကောင်းတခုပါ။ ဘာဘဲဖြစ်ဖြစ် အသက်ကြီးပေမယ့် လှုပ်ရှားမှုတွေကို တရပ်စပ် သရုတ် ဆောင်နိုင်တဲ့ ဟယ်ဒီဆင်ဖို့၊ ဒါရိုက်တာ စတီဗင်စပီးဘတ် နဲ့ လူဟောင်းတွေကိုသာ ပြန်လည် အသုံး ပြု ပြီး ရိုက် ကူးထားတာမို့ အရင်ဇာတ်လမ်းတွေနဲ့ပြန်တွဲကြည့်နိုင်ပါတယ်။ ၁၉ နှစ်ကြာမှ ပြန်လည် ထွက်ပေါ်လာ တဲ့ အင်ဒီယာနာဂျုန်း ဇာတ်လမ်းက ဖျော်ဖြေရေး ကားကောင်းတခု အနေနဲ့ မိသားစု ကြည့်လို့ သင့်တော်ပါတယ်။

Type the rest of your post here.
Comments