Forbidden kingdom


ကမ္ဘာတလွှားက ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြသလို ဒီနေ့အထိ မရိုးနိုင်တဲ့ တရုတ် ဒဏ္ဍာရီထဲက ဇာတ် ကောင် စွန်းဝူခုံး ကိုအားလုံးသိကြမှာပါ။ အဲဒီစွမ်းအားရှိတဲ့ မျောက်ဘုရင်ရဲ့ လက်နှက်ဖြစ်တဲ့ သံမဏိ တုတ်ကို ရှာဖွေတွေ့ရှိပြီး ပိုင်ရှင်အစစ်ဖြစ်တဲ့ မျောက်မင်းထံကို ပြန်လည်ပို့ဆောင်ပေးတဲ့အကြောင်း စိတ် ကူး ယဉ်ရိုက်ကူးထားတဲ့ Forbidden kingdom ရုပ်ရှင်ဇာတ်လမ်းကို တင်ပြပေးလိုက်ပါတယ်။ ရန်ကုန်မှာလဲ အခု ရုံတင် ပြသနေပြီဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက တော့အမေရိကန်မှာရှိတဲ့ ကျောင်းသားလူငယ်လေးတယောက် Jason (Michael Angarano) ကသူအမြဲတမ်း တရုတ်သိုင်းကားအခွေတွေဝယ်တဲ့ တရုတ်တန်းက အဖိုးကြီးဆိုင်ကို သွားရင်း သံမဏိတုတ် လက်နှက်ကိုတွေ့ရှိခဲ့ပါတယ်။ သူက တရုတ်ရိုးရာ ကွန်ဖူးသိုင်းပညာကိုလဲ သဘောကျတဲ့ သူတယောက်ဖြစ်ပေမယ့် တကယ်တမ်းတော့ သူက ကွန်ဖူးတတ်တဲ့ သူတော့မဟုတ်ပါဘူး။ ခွေဝယ်ရင်း အပြန်မှာ ကျောင်းနေဖက် ဆိုးသွမ်းကောင်လေးတွေက ထုံးစံအတိုင်း သူ့ ကိုအနိုင်ကျင့်ကြရင်း Jason

ခွေဝယ်ခဲ့တဲ့ တရုတ်ဆိုင်ကို လုဖို့သွားကြပါတယ်။ အဲဒီမှာ တရုတ်အဖိုးကြီးက သံမဏိတုတ်နဲ့ ကောင်လေး တယောက်ကို ရိုက်လိုက်တဲ့အတွက် ခေါင်းဆောင် လူဆိုးလေးက သေနတ်နဲ့ရုတ်တရက် ပစ်လိုက်ပြီး တရုတ်အဖိုးကြီး သေနတ်မှန်သွားပါတယ်။ အဲဒီအခါမှာ အဖိုးကြီးက လက်ထဲက တုတ်ကို Jason ကိုပေးပြီး ပိုင် ရှင် အစစ်အမှန်ကို ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ လူဆိုးလေးတွေက Jason ကို မျက်မြင်သက်သေဖြစ်နေ တဲ့ အတွက် အန္ဒရာယ်ပေးဖို့ လိုက်ဖမ်းကြတဲ့ အခါ Jason တယောက်ထွက်ပြေးရာက တိုက်ခေါင်မိုးတခုမှာ ပိတ် မိ သွားပါတယ်။ ရှေ့မှာက သူ့ကိုရန်ပြုကြမယ့် သူတွေ၊ နောက်မှာကတော့ ခုန်ချစရာတလမ်းဘဲ ကျန်ပါတော့တယ်။ ထူးဆန်းစွာဘဲ လက်နှစ်ဘက်ကတော့ သံမဏိ တုတ်ချောင်းကို ကျစ်ကျစ်ပါ အောင် ဆုတ် ကိုင်ထားမိပါတယ်။ အဲဒီတုတ်က သူ့ကိုနောက်တွန်းသလို ဖြစ်သွားပြီး အလိုလျောက်တိုက်အောက်ကို ပြုတ်ကျ သွားပါတော့တယ်။ သူသတိပြန်ရလာတဲ့အခါ သူဘယ်တုန်းကမှမရောက်ဘူးတဲ့ တနေရာဖြစ်နေတာကို တွေ့ရ ပြီး တရုတ်ပြည်ရဲ့တနေရာဖြစ်တယ်ဆိုတာကို သိလိုက်တဲ့အခါ - - -

ပြသချိန် - ၁နာရီ ၅၃ မနစ်ကြာပါတယ် ဇတ်လမ်းကိုမကြည့်သေးဘဲ ပိုမိုပြည့်စုံတဲ့ အကြောင်းအရာတွေ သိချင်ရင် wiki မှာ ကြည့်လို့ရပါတယ်။ အဲဒီကားထဲမှာ အထူးပြုလုပ်ချက်တွေပါပေမယ့် နောင်နှစ် အော် စကာ ဆုပေးပွဲမှာ တနေရာရနိုင်တဲ့ ကားအဖြစ်သုံးသပ်ပါတယ်။ မိသားစု ဖျော်ဖြေရေးအတွက် နှစ်သက်စရာ ကားလေး တခုဖြစ်ပါတယ်။ သူ့ရဲ့ တရားဝင် ၀က်ဆိုဒ်က တော့ ဒီကို နှိပ် လိုက်ရင်ကြည့်လို့ရပါတယ်။ ပါဝင်တဲ့ သရုတ် ဆောင်တွေထဲ က ကောင်မလေး Liu Yifei ရဲ့ အကြောင်းအဓိကဖော်ပြတဲ့ ဘလောက်ကို လဲပေးလိုက်ပါတယ်။


Type the rest of your post here.

Comments

Htoo Tay Zar said…
ဇာတ်ကားထဲက တရုတ်မပုံတွေ ရှာမလို့ နာမည်မသိတာ အခုတော့ တွေ့ပြီ ရှာလိုက်ဦးမယ် ပုံလှလှလေးတွေ =) ကျေးဇူးအကိုရေ

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact