မှော်ချောင်းအလှူ ၁


ကျွန်တော်တို့ပထမဆုံးလမ်းက ရွာတရွာကိုဝင်လိုက်ပါသေတယ်။ ဘယ်လောက်လှုခဲ့တယ်ဆိုတာတော့ အသေးစိတ်မမှတ်မိတော့ပါဘူး၊ သေချာတာကတော့ ဆန် ၃၀ ကနေ ၅၀ ကြားဖြစ်မှာ ဖြစ်ပြီး ခြင်ထောင် လဲ ၃၀ လောက်ဖြစ်မယ် ထင်ပါတယ်။ စတီးဇလုံလဲ ၂၀၀လောက်ပါ နိုင်ပါတယ်။ မှော်ချောင်းမှာတော့ တအိမ်ထောင်ခြင်း ကျွန်တော်တို့အချိန်ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ် ထောင်စုလဲ နဲလို့ပါ။ ၉၃ အိမ်ထောင်လောက်ဘဲရှိပါတယ်။ ဒါတောင် တခြားရွာဘက်က ၈အိမ်လောက် လာပေါင်းနေလို့ဖြစ်ပါတယ်။ မှော်ချောင်းအတွက်တော့ ဆန် ၅၀ နဲ့ ဇလုံ ၂၀၀ ၊ ဘာလချောင် ကြော် လဲ ၁အိတ်ချပါတယ်။ နောက်ပြီးတော့ တအိမ်ထောင်ကို ငွေ ၂၀၀၀ စီလဲပေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ သတိထားမိတာ ရွာကို ၀င်ဝင်ခြင်းမှာ ဘုရားတဆူရှိတဲ့ ဘုန်းကြီးကျောင်းကို အရင်ရောက်ပါတယ်။ ဘုန်းတော်ကြီးကျောင်းဘေးမှာတော့ လုံးဝပြိုကျနေတဲ့ စာသင်ကျောင်းရှိပါတယ်။ ဘုန်းတော်ကြီးကတော့ သိမ်ထဲမှာသတင်းသုံးနေပြီး တဖက်က ပေ ၄၀လောက်ရှိတဲ့ ကျောင်းကတော့ အမိုးတွေ မရှိ တော့တာတွေ့ခဲ့ပါတယ်။ အဲဒီအမိုးမရှိတဲ့ ကျောင်းမှာဘဲ ကျွန်တော်တို့တွေ ကသူတို့အခေါ်ဝေခြမ်းရေးကို ပြုလုပ်ကြရင်း မေးမြန်းတဲ့အခါ ကလေးတွေက ကျောင်းကို ပြန်မဖွင့်နိုင်သေးတာသိခဲ့ရပါတယ်။ ကျောင်းအတွက် တော့ သက်ဆိုင်ရာက ယာယီကျောင်းဆောက်လုပ်ဖို့အတွက် မိုးကာတာလဘတ်တွေချထားပေးပေမယ့် အဆင်မပြေလှတဲ့ဒီရွာမှာလက်ရှိ အချိန် အထိကျောင်းကို ပြန်လည်ဆောက်လုပ်ဖို့ရာမဖြစ်နိုင်ဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ အားလုံးဝေခြမ်းပေးပြီးနောက်မှာ ကမာကလူကိုပြန်ခဲ့ပါတယ်။ မပြန်ခင်မှာတော့ ကျောင်းဘုန်းကြီးကို ရေသန့် စင်စက်အသေးတလုံးတပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်။

ကမာကလူရောက်တဲ့အခါမှာတော့ ကျွန်တော်တို့အနည်းငယ်အနားယုပြီး မနက်ဘယ်တွေကိုဆက်မယ်ဆိုတာရွေးချယ်ကြပါတယ်။ ရွေးချယ်တဲ့အခါမှာ ရေတက်ချိန် ရေကျချိန်တွေကိုပါ ထည့်တွက်ရ ပါတယ်။ ဘာလို့လဲဆိုတော့ ရေတက်မှဝင်လို့ရတဲ့ အဲဒီရွာတွေထဲမှာ အချိန်ကုန်သွားရင် ရေပြန်ကျတဲ့အခါ ပြန်ထွက်မရဖြစ်နိုင်သလို ရေမတက်သေးချိန်မှာလဲ ဒီရွာတွေကိုမသွားနိုင်ပါဘူး။ ဒါနဲ့ မနက် စောစောမှာတော့ ကမာကလူ ကိုအရင်ဝေခြမ်းပေးမယ် ပြီးရင် အုတ်ကျွတ်ရွာကိုသွားမယ်ဆိုပြီး ဆုံးဖြတ်ပါတယ်။ ကမာကလူကတော့ ဒိုင်နယ်ဖြစ်လေတော့ အိမ်ထောင်စုလဲများပါတယ်။ ဒါကြောင့် ပထမ ဆန် ၇၅ အိတ်ချမယ်ဆိုရာကနေ ၁၂၅ အိတ်ချပေးလိုက်ပါတယ်။ နောက်တခုကတော့ ညနေကသွားထားတဲ့ မှော်ချောင်းက ဘုန်းတော်ကြီးကျောင်းကို အမိုးတွေပြန်လည် တပ်ဆင်ပေးဖို့ ဆုံးဖြတ်ကြပါတယ်။ ဒီလိုတပ်ဆင်ပေးမယ်ဆိုရင် ကျွန်တော်တို့ထဲက သူတွေ တယောက်ယောက်နေခဲ့မှရမှာပါ။ ဒါနဲ့ ကိုမိုးလှုင်ညရယ် နေခဲ့ပြီးတာဝန်ယူလုပ်ပေးဖို့ သဘောတူလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အမိုးတပ်ပေးလိုက်ရင် ကလေးတွေလက်တလောမှာ ယာယီစာသင်ကျောင်းအဖြစ်သုံးလို့ရသလို ၀ါဝင်သွားတဲ့ အခါမှာလဲရွာက လူတွေ ဥပုဒ် သီလဆောက်တည်လို့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး တော့ စာသင်ကျောင်းလဲ ပြန်လည်ဆောက်ပြီးသွားရင် ဘုန်းကြီးလဲစိတ်အေးသွားရမယ်ဖြစ်ပါတယ်။ ဒါကြောင့်အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မနက်ရောက်တဲ့အခါမှာတော့ ကမာကလူရဲ့မနက်စောစောစာကို ကောင်းမွန်စွာစားသောက်ကြရပါတယ်။ နေ့လယ်စာကတော့ ပြောမနေပါနဲ့ပေါလိုက်တဲ့ ပုဇွန်တွေကို အမျိုးမျိုးကြော်လှော်ချက်ပြုတ်ထား တာကိုစားရပါတယ်။ စားသောက်လို့အပြီးမှာတော့ ကမာကလူဘုန်းတော်ကြီးကျောင်းကိုလမ်းလျောက်သွားကြပါတယ်။ ဟိုရောက်တဲ့ အခါ စနစ်တကျ ဝေပေးနိုင်ဖို့အတွက် ရွာလူကြီးတွေနဲ့အတူ ဆရာတော်က စီစဉ်ပေးထားပါတယ်။ အဲဒီမှာလဲ တော်တော်လေး လက်ရောက်လှူခဲ့ပြီး ကျွန်တော်တို့ အုတ်ကျွတ်ဖက်ကိုဆက်ပါတယ်။ အုတ်ကျွတ်ကလဲ အတန်ငယ်ကြီးတဲ့ ရွာတန်းရှည်တခုဖြစ်ပြီး ၅ ရက်ကွက်ရှိပါတယ်။ အုတ်ကျွတ်ဘုန်းတော်ကြီးကျောင်းကို ဆန် ၉၃ အိတ်ချပြီး တခြား လှူစရာတွေလဲ ရွာကလူတွေအကူအညီနဲ့သယ်ချပါတယ်။ ပြီးတဲ့ အခါမှာ တော့ မဲနှုက်စနစ်နဲ့ ဇလုံသော် ၄င်း၊ ခြင်ထောင်သော်၎င်း ၊ ဘာလချောင်ကြော်သော်၎င်း ကျွန်တော်တို့ပေးခဲ့ပါတယ်။ ခြင်ထောင်ကတော့ သူတို့ အတွက်အလိုအပ်ဆုံးပါ။ ကျွန်တော်တို့ ယူလာတာလဲ နဲသွားပါတယ်။ မနေ့က ညနေမှာ ကမ်းဘေးက အိမ်လေး ၄ အိမ်စုနေတာကိုကပ်ပြီး ခြင်ထောင်ပေးတော့ ပျော်လိုက်တာအရမ်းပါဘဲ။ ဒါကတကယ်ကိုလိုအပ်တာပါ။ အုတ်ကျွတ်မှာ ပြီးတဲ့ အခါ ရေတက်ချိန်ရောက်ဖို့လိုသေးတာနဲ့ကျွန်တော်တို့ ကမာကလူကိုတခါပြန်ပြီး နေ့လည်စာစား ဆန်တွေမော်တော်ပေါ်တင်၊ မှော်ချောင်းသွားဖို့အတွက်ပါပြင်ကြပါတယ်။

ကျွန်တော်တို့ပြန်ထွက်လာတော့ ပထမဆုံး ကြိမ်ချောင်းရွာကိုရောက်ပါတယ်။ အဲဒီကနေတဆင့် ကျွန်တော်နဲ့ ကိုမိုးလှိုင်ည တို့နှစ်ယောက် ဘောက်တူလေးတစီးနဲ့ မှော်ချောင်းကို ဆက်ကြပါတယ်။ လမ်းကတော့ ကျဉ်းလိုက်တာ ကျွန်တော်လက်ဆန့်လိုက်ရင် ချောင်းကပြည့်သွားပါတယ်။ ဒါတောင်ရေတက်နေတာပါ။ အဲဒီလမ်းကလေးက လူသူအရောက်အပေါက်လုံးဝမရှိတော့တဲ့အနေအထားဖြစ် မယ်ထင်ပါတယ်။ အမှိုက်တွေပြည့်နေပြီး တလကျော်နေတာတောင် မုန်တိုင်းတိုက်စဉ်က ရေတက်ရင်း ပါလာတဲ့ကောက်ရိုးတွေက အပင်တွေမှာ ညိလျက်ပါ။ ညိနေတဲ့ ကောက်ရိုးတွေကတော့ ရေဘယ်လောက်တက်ခဲ့တယ်ဆိုတာ ကိုဖော်ပြနေဆဲပါ။ လမ်းမှာမိုးကလေးကလဲတဖွဲဖွဲနဲ့ပေါ့။ တနာရီကျော်လောက်မှာတော့ ကျွန်တော်တို့ မှော်ချောင်းကိုရောက်သွားပါတယ်။ ကျွန်တော်တို့ ဒီကို ပြန်လာတာ ဘုန်းတော်ကြီးကျောင်းအမိုးပြန်လည်မိုးဖို့နဲ့ ကလေးတွေအတွက် အစီအစဉ်တွေကိုပြောတဲ့အခါမှာ ရွာကလူတွေ အတော်ဝမ်းသာကြပါတယ်။ သူတို့အနေနဲ့ အခုလို ပြန်လည် တည်ဆောက်ဖို့ကို တော်တော်နဲ့ပြန်လုပ်နိုင်မှာမဟုတ်တဲ့အတွက် ကျွန်တော်တို့အစီအစဉ်ကို ၀မ်းမြောက်စွာ ကြိုဆိုကြပါတယ်။ ရွာလူကြီးတွေကတော့ ထိုင်ရှိခိုးမတတ်ဖြစ်တယ်လို့တောင် သူတို့ရဲ့စိတ်ခံစားမှုကို ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။

(ဆက်ရန်)

0 comments: