ဘိုကလေးက ကမာကလူ နဲ့ အနီးတ၀ိုက်
ကျွန်တော့်ကို ဖုံးဆက်လာတော့ ညဘက် ၇နာရီလောက်ရှိတော့မယ်။ ကိုစည်သူအောင်က ဘိုကလေးဘက် ကို အလှုလုပ်ချင်လို့ အကူအညီတောင်းလို့ဆိုပြီး ဘာညာကပြောတယ်။ တကယ်တော့ ကျွန်တော်ပင်ပန်းနေလို့ သိပ်ပြီးလိုက်ချင်လှတယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်မဖြစ်မနေ လိုက်သွားရမှာပါ။ လူအင်အားနည်းနေ သလို ကိုစည်သူတို့အတွက် ပထမဆုံးအကြိမ်လဲဖြစ်ပါတယ်။ ဒါကြောင့် နောက်တနေ့မနက်စောစောမှာ ကျွန်တော်တို့ ရန်ကုန်ကနေစထွက်လာခဲ့ပါတယ်။ သွားမယ့်နေရာက ဘိုကလေးအပိုင် ကမာကလူ ဖြစ်ပေမယ့် ဆန်တွေကို ဖျာပုံကနေ ၀ယ်လိုက်တဲ့အတွက် ဖျာပုံကနေ စက်လှေကြီးနဲ့ ပြောင်းပြီးထွက်ရမှာပါ။ ဟိုရောက်တော့ ဆန် ၄၀၀ တင်ထားတဲ့ မော်တော်ကြီးကစောင့်ကြိုနေပါတယ်။ တကယ်တမ်းပြောရရင် ဒီမော် တော်ကြီး ကို အဲဒီလမ်းသွားဖို့ဖြစ်မယ်မထင်ပါဘူး။ ကျွန်တော့ အတွေ့အကြုံအရပြောတာပါ။ ရေလမ်းက ကျဉ်းတဲ့ ချောင်းလေးတွေကိုသွားရမှာပါ။ အခုဟာက အတန်ငယ်ကြီးတဲ့ မော်တော်ဖြစ်နေတော့ ရေတက်ကို မှီ အောင်မောင်းရမယ့် အနေအထားပါ။ ဒါနဲ့ရန်ကုန်ကနေသယ်လာတဲ့ ခြင်ထောင် အလုံး ၅၀၀ နဲ့ ဘာလချောင် ကြော်အထုတ် ၁၉၀ ပါ ၅ အိတ်နဲ့ ကျွန်တော်တို့ အထုတ်တွေတင်လို့ ထွက်ခဲ့ပါတော့တယ်။
မော်တော်ပေါ်ရောက်တော့ အိပ်ချင်တာနဲ့ ဆန်အိတ်တွေပေါ်မှာ အိပ်ပြီးလိုက်လာခဲ့ပါတယ်။ ညနေလောက် ရောက်မယ်လို့ခန့်မှန်းထားတဲ့ ခရီးဟာ မိုးချုပ်တာတောင်မှ လမ်းတ၀က်ကိုမရောက်သေးပါဘူး။ စက်လှေ မောင်းတဲ့ ဆရာက ဒီလမ်းကို တခါမှမသွားဘူးသလို ရေကလဲ တော်တော်လေးတိမ်တဲ့အတွက် ခရီးကလိုရာ မရောက်ဖြစ်နေပါတယ်။ နောက်တော့ နေ၀င်ရီတရောအချိန်မှာ လမ်းမှာ တခြားမော်တော်ကိုရှောင်ရင်း မိုးချုပ် သွားခဲ့ပါတယ်။ ဒါနဲ့လမ်းမှာဘဲ ညအိပ်ဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။ အချိန်ကတော့ ည ၉နာရီကျော်လာခဲ့ ပါပြီ။ လမ်းဘေးမှာတော့ မှောင်မိုက်နေတဲ့ ကွင်းပြင်တွေသာတွေ့ရပါတယ်။ ည၁၀ နာရီကျော်လောက်မှဘဲ လထွက်လာလို့လရောင်အောက်မှာစကားတွေထိုင်ပြောဖြစ်ကြပါတယ်။ ဒါကတော့ ပထမဆုံး ရေလမ်းခရီးမှာ အိပ်တဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ညစာကတော့ ပေါင်မုန်နဲ့ ပါလာတဲ့လှူမယ့်ထဲက ဘာလချောင်ကြော်တွေကို စားကြပါတယ်။ မနက်ကလဲ ဖြစ်ဖြစ်မြောက်မြောက်စားလာ တာမဟုတ်တဲ့အတွက် တော်တော်စားကောင်းပါ တယ်။ ဒီလိုနဲ့ဘဲ ၁၁ နာရီလောက်မှာတော့ မိုးလေးနဲနဲရွာလာတာနဲ့ ၀င်အိပ်နေလိုက်ပါတယ်။ ခြင်ထောင်မရှိ ဘဲ မိုးကာတွေကို ခြုံအိပ်လိုက်ပါတယ်။ ည၁နာရီလောက်မှာ မော်တော်ပြန်ထွက်ပါတယ်။ ဘာညာနဲ့ ကိုမိုးလှိုင် ညတို့ထွက်ကြည့်ပေမယ့် ကျွန်တော်အိပ်ပျော်သွားလိုက်တာ မနက် ၅ နာရီကျော်လောက်မှာ ဆူဆူ ညံညံ အသံတွေကြောင့် ပြန်နိုးလာခဲ့ပါတယ်။ ၆နာရီထိုးခါနီးမှာတော့ မော်တော်ဆရာရဲ့ ဒုကခတော့ ရောက်ပါပြီ ဆိုတဲ့ အသံကြောင့် အပြင်ထွက်လာချိန်မှာတော့ ကျွန်တော်တို့မော်တော်ကြီးက ကျိုးနေတဲ့ တမံကြီးပေါ်မှာ ၀မ်းတင် နေပြီး ထမ်းထားသလိုဖြစ်နေပါတယ်။ ရှေ့လဲတိုးလို့မရသလို မော်တော် ပန်ကာတွေ တက်မတွေက ရွှံ့ထဲမှာ နစ်နေပါတယ်။ ရေကလဲ ကျချိန်ဖြစ်နေတော့ အချိန်ကြာလာတာနဲ့အမျှ မော်တော်ကြီးကို ခါးကနေ ချိုးသလို ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံး ဘာညာက အပ ကျန်တဲ့သူတွေ ရေထဲဆင်းပြီး ကား တွန်းသလို မော်တော်ကိုတွန်းကြပါတယ်။ ပါလာတဲ့ယောကျားလေးက ကျွန်တော်အပါအ၀င် ၅ ယောက် ၊ မော်တော် ဆရာသားအဖနဲ့မှ ၇ယောက်ဆိုတော့ မော်တော်က ရွေ့တောင်မရွေ့ပေါင်ဗျာ။ အနီးအနားမှာကလဲ ကူညီနိုင်မယ့်သူကမတွေ့၊ မော်တော်ဆရာကလည်း ညည်းလိုက်တာ စိတ်တောင်ညစ်ရပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိခင်မှာ ရေစီးကလဲတော်တော်ကြမ်းလာတာနဲ့ life jacket တွေဝတ်လို့ပေါ့။ မကြာပါဘူး စက်လှေလေးတွေ ရောက်လာပါတယ်။ သူတို့ ကစခန်းကြီးကျေးရွာကပါ။ ကမာကလူမှာ အလှူရှင်တဦးက ဒီဇယ်တွေဝေနေလို့သွားထုတ်ကြမလို့ပါ။ သူတို့ရောက်လာမှဘဲ ကျွန်တော်တို့ စိတ်အေးရပါတော့တယ်။
သူတို့တွေနဲ့ ဆန်တွေကို ထမ်းချ။ ကမာကလူက လာကြိုတဲ့ စက်လှေပေါ် ဆန်တွေပြောင်းတင်။ နောက်ပြီးတော့ မှ တော်တော်လေး အဆင်ပြေသွားပါတယ်။ ဒါနဲ့ လာကူကြတဲ့ စခန်းကြီးကျေးရွာကို ဆန် အိတ် ၅၀၊ ခြင်ထောင် ၁၀၀၊ ဘာလချောင် တအိတ်၊ စတီးဇလုံ ၅၀၀ ကိုပြန်လည်လှူဒါန်းပေးခဲ့ပြီး၊ လိုက်ပို့တဲ့ စက်လှေကို ဒီဇယ် ၃ဂါလံ၊ သယ်ယူပေးကြတဲ့ လူတွေကို တယောက် ၁၀၀၀ စီပြန်လည်ပေးအပ်ခဲ့ပါတယ်။
သူတို့ကလဲ ကျွန်တော်တို့နေ့လည်စာအတွက် ပေါများလှတဲ့ ပုဇွန်ကြော်တခွက်နဲ့ကြက်ဟင်းခါးသီး ကြော်တ ခွက်ပါတဲ့ ရေဆိုထားတဲ့ စပါးကရတဲ့ ဆန်နဲ့ချက်ထားတဲ့ ထမင်းတွေလာပို့ပါတယ်။ ကျွန်တော်ကတော့ ဆာကလဲဆာ သူတို့စေတနာကိုလေးစားတာနဲ့ အားရပါးရ ၂ ပန်းကန်တောင်စားပစ်လိုက်ပါတယ်။ အနံကတော့ သိပ်ပြီးမကောင်းပေမယ့် စားလို့တော့ရပါတယ်။
ညနေလောက်မရောက်တရောက်မှာတော့ ကျွန်တော်တို့ကမာကလူကိုရောက်ပါတယ်။ ဒါနဲ့ အနီးတ၀ိုက်ရွာတွေကို ဆင်းဖို့ဆက်လုပ်ကြပါတယ်။ ကျွန်တော် မှတ်မိတာကတော့ မှော်ချောင်းပါဘဲ၊ ကျဉ်းလွန်း တဲ့ချောင်းလေးကြောင့်သွားရခက်ခဲသလို ၀န်များများပါတဲ့ လှေတွေလဲဝင်မရလို့ အကူအညီ မရောက်သလောက်နည်းပါတယ်။ သူ့ထက်ခက်ခဲတဲ့ရွာကတော့ သဲချောင်းပါ။
ကော်နက်ရှင်အခက်အခဲကြောင့် ပုံများရသလောက်တင်ပြီး မြန်မြန်ဖတ်ရအောင် နောက်နေ့မှဆက်ရေးပါမည်။
ယခုအလှူကို စင်္ကာပူရောက်မြန်မာနိုင်ငံသားများကိုစုစည်းကာ လမ်းပြကြယ်စာကြည့်တိုက်မှကြီးမှုးကောက်ခံ လှူဒါန်းတာဖြစ်ပါတယ်။

Type the rest of your post here.
Comments
သူတော်တော် ပိန်သွားတယ်နော်း)
ဟိုလူလဲ ဆေးလိပ်ဖြတ်လိုက်လို့လား မသိဘူး
ဗလတွေ ထွက်လာတယ်း)
ဟိုပဲများများနဲ့လူက မင်းသားရှုံးတယ်
တော်တော်ချောလာတယ်နော်း)
သာဓုပါတော်... ပြုသမျှ ကုသိုလ်တွေအတွက် သာဓုခေါ်ပါတယ်