ဘုရားဒကာလော

ဘိုကလေးက ပြန်ရောက်ပါတယ်။ နေ့လည်ကမှရောက်တဲ့အတွက် ပင်ပန်းနေလို့ အနားယူလိုက်ပါဦးမယ်ဗျာ။ ကျွန်တော်နဲ့ ကိုမိုးလှုင်ညတို့ မှော်ချောင်းကျေးရွာမှာ စာသင်ကျောင်းအတွက် ကလေးတွေစာရးကိရိယာတွေအတွက် လှူဒါန်း ခဲ့ ပြီး ဘုန်းတော်ကြီးကျောင်းပြန်လည် ပြီး အမိုးအကာရရှိရေးအတွက် သွပ်ပြားလှူ ဆေးသုတ် အလုပ်တွေလုပ်ခဲ့ပါတယ်။ သွားလာရခက်ခဲပြီး ကျဉ်းမြောင်းလှတဲ့ ချောင်းလေးတွေမှာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိ ခဲ့ ပါတယ်။ အသေးစိတ်ကိုတော့မနက်ဖန်စောစောမှာ တင်နိုင်မယ်ထင်ပါတယ်။ လာရောက်ပြီးဖတ်ရှုကြသူတွေကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့စုပေါင်းပြီး အဲဒီကျေးရွာက ဘုရားလေးကို ပြန်လည် ထီးတင် ဖို့ စီစဉ်ခဲ့ပါတယ်။ ပါဝင်ကုသိုလ်လိုချင်လိုသူများ အတွက် မကြာမှီတင်ပြပေးပါ့မယ်။

Comments

သာဓုပါတော်.. ကိုယ်မနိုင်တဲ့အလုပ်ကို အခုလိုကိုယ်ရောစိတ်ပါ
နစ်ပြီး လုပ်ကြတဲ့အတွက် သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။
ကျန်းမာကြပါစေတော်...

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact