နားလည်တတ်ရင် သိမှာပါ

အကျိုးအကြောင်း အဆိုးအကောင်း ဒွန်တွဲနေတာကတော့ သဘာဝ ဖြစ်ပါလိမ့်မယ်။ လူဖြစ်လာတဲ့အခါ လူနဲ့ပတ်သက်တဲ့ လူ့စည်းကမ်းတွေ ကျင့်ဝတ် တွေကို လိုက်နာ ထိမ်းသိမ်း ရပါမယ်။ အဲဒါကတော့ အကျင့်စရိုက်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တဲ့ အတွက် ဘယ်သူ့ ကို ဘာ လုပ် ပါဆိုတဲ့ အတင်းအကြပ် ပြောယူရမယ့်အခြေအနေ ဆိုတာ ကျွန်တော်တို့ အရွယ်မှာ လိုအပ်မယ်လို့မထင်မိပါဘူး၊ ဒါပေမယ့် ခြွင်းချက်တော့ ရှိကောင်းရှိ ပါဦးမယ်။ သေချာတာတခုကတော့ ကျွန်တော်တို့ ဘလောက်တွေကိုရေးသားကြရာမှာ ရှုထောင့်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အနေအထား ၊ ပတ်ဝန်း ကျင်က အစ တကိုယ်ရေအမြင်များကို ခံစားပြီး ချရေးတာ တွေများပါတယ်။ ဘလောက်ရေးရတာ တကယ်ပေါ့ပါး ပါတယ်၊ လွတ်လပ်တယ်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်၊ ကိုယ့်ရဲ့လွတ်လပ်မှု့ဟာ သူတပါးကို ထိခိုက် မိမယ်ဆိုရင်တော့ တကယ်လွတ်တာ ဟုတ်မဟုတ် သံသယရှိစရာကောင်းလှပါတယ်။ ကျွန်တော့် အကြောင်း ကျွန်တော်ပြောရရင် ဘလောက်ကို ပါစင်နယ်ဆန်ဆန် ကျွန်တော်ရေးပါတယ်။ ဒါကတော့ ကျွန်တော့် ခံယူချက် ဖြစ်ပါတယ်။ တခြားသူအမြင်မှာ နောက်တမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကို့ဘလောက်မှာ ကိုရေးနေတဲ့ အတွက် ငါရေးချင်ရာရေးမယ်ဆိုတာမျိုးလဲ မဟုတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်၊ ဘာလို့လဲ ဆိုရင် ဘယ် သူမှ ချမှတ်ထားတဲ့ စည်းကမ်းလို့မပြောနိုင်ပေမယ့် လိုက်နာသင့်တဲ့ ကျင့်ဝတ်အရ ကိုရေးသမျှ ကိုတာဝန် ယူရပါတယ်။ ကို့ရေးသားချက်ရဲ့ အကျိုးဆက်ကို ကျွန်တော်ပြောတာဖြစ်ပါတယ်။ ကျွန်တော်လိုက်နာ ကျင့်သုံး နေတာဆိုလဲမမှားပါဘူး။ ကလေးဘ၀ တုန်းက ကျွန်တော်တို့ ကစားနည်းမျိုးစုံ ကစားကြတဲ့ အခါမှာ လိုက်နာ ရမယ့် အချက်တွေကို ဘယ်သူမှ စာတတန်ပေတဖွဲ့နဲ့ချမှတ် ထားတာမဟုတ်ပေမယ့် လက်ဆင့်ကမ်းသယ်ဆောင် ခဲ့ကြတဲ့ ကျင့်ဝတ် အနေအထားအရ ကျွန်တော်တို့ လိုက်နာ ကစားခဲ့ကြတာ မှတ် မိမယ် ထင်ပါတယ်။ ကောင်းမွန်စွာလိုက်နာ ပြီး ကစားတဲ့အခါပျော်ရွှင်ရသလို သူငယ်ချင်းတွေပေါများမယ်၊ ယုံ ကြည်မှုလဲ ပိုရပါတယ်။ ကောင်းကောင်းမလိုက်နာဘဲ ငြင်းခုန်တယ်၊ လုံးဝ လိုက်နာမှုမရှိတဲ့အခါ သူငယ်ချင်းတွေ ညိုညင်ပါတယ်၊ ကိုလဲမပျော်ရပါဘူး။ ဒါက နီးစပ်တာလေးဆွဲပြတာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ဒီအရွယ်မှာ အခုရေးသားနေတဲ့ ဘလောက်တွေဟာ ကစားစရာအဖြစ် ခံယူနေရင် သူ့ရဲ့အဆင့်ကကစားစရာဘဲ ဖြစ်နေမှာပါ။ ခံယူချက်တွေမတူကြတဲ့ အတွက် ကွဲလွဲမှုတွေကရှိနေမှာ ဖြစ်ပါတယ်။ ကိုနဲ့ယူဆချက်ခြင်းမတူတဲ့ အခါ ရန်သူ လို့ မြင်လို့ရပါတယ်။ လွတ်လပ်စွာ ကွဲလွဲစေချင်တာ ဖြစ်ပါတယ်၊ ဒါပေမယ့် လူ့စည်းဘီလူးစည်းဆို တဲ့ စကား အတိုင်း စည်းကမ်းတော့ရှိသင့်ပါတယ်။ ကျွန်တော်ရေးတဲ့ အကြောင်းအရာတွေကို လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်၊ ဆဲရေးတိုင်းထွာနိုင်ပါတယ်။ ကျွန်တော်ရေးသမျှကို ကျွန်တော်တာဝန်ခံတာကလွဲလို့ ခံစား ချက် တိုင်းဟာ နှောင်ကြိုးမဲ့ပါတယ်။ ဒီလိုဘဲ ကျွန်တော်ကလဲ တပါးသူကို ဝေဖန်နိုင်ပါတယ်။ အပြန်အလှန်ဖြစ် လာတဲ့ အခါတိုင်း စကားနိုင်လုကြမယ်၊ ရန်ဆောင်ကြမယ်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ ဘလောက်တွေထဲမှာ ဝေဖန် အကြံပေးချက်တွေရေးသားနိုင်သလို နှုတ်ဆက်စကားတွေရေးသားနိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း comments ပေးတယ်ဆိုတာ သက်ဆိုင်ရာ post နဲ့ပတ်သတ်တဲ့ အကြောင်း အရာ တွေကိုသာ ရေးသားပေးတဲ့အရာဖြစ်ပါတယ်။ နှုတ်ဆက်စကားတွေကို စီဘောက်လို ဟာတွေနဲ့ရေးပါတယ်။ ကျွန်တော့် ဘလောက်ကတော့ စီဘောက်မရှိတဲ့အတွက် တချို့က နှုတ်ဆက်စကားတချို့ကို comments ပေးတဲ့ နေရာမှရေးသွားလေ့ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်နဲ့တော့သက်ဆိုင်တဲ့ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ ကျွန်တော့် comments ပေးတဲ့ နေရာမှာ lee ဆိုသူက တခြားသော နှစ်ယောက် ကို သူ့အနေ နှင့် ရှုံ့ချတဲ့အကြောင်း လာရောက်ရေးသားသွားပါတယ်။ ရေးခဲ့တဲ့ post ကတော့ ကဗျာ တပုဒ်အောက် မှာဖြစ်ပါတယ်။ ကျွန်တော်လဲ မဖျက်သေးဘဲ ဒီအတိုင်းထားရှိပါသေးတယ်။ တကယ်တော့ အဲဒီသူတွေ လုပ်တဲ့ ကိစ္စဟာ ကျွန်တော်တို့နဲ့များစွာ ပတ်သက်မှုမရှိသလို ကျွန်တော်နဲ့လဲမဆိုင်၊ Post နဲ့လဲ မဆိုင်ပါဘူး၊ ဒီတော့ တကယ်ဘဲ lee အနေနဲ့ရှုံ့ချ ချင်ရင် သက်ဆိုင်ရာ ဘလောက်မှာ ဘဲလုပ်ယုံနဲ့ရပါတယ်။ ကျွန်တော့်ဘက်က တော့ ကောင်းတယ်ဆိုးတယ်မပြောချင်ပေမယ့် အခုလို အခြားသောဘလောက်မှာ ရေးသားချက်တွေကတော့ မ မှန်ကန်ဘူဆိုတဲ့ ထင်မြင်ချက်ကိုဘဲပေးချင်ပါတယ်။ အင်တာနက်ရဲ့ သဘောတခုဖြစ်တဲ့ ID တွေကိုမည်သူမည် ၀ါ သိဖို့လွယ်ကူမှာမဟုတ်သလို ဆန္ဒအရ ကာကွယ်လျှို့ဝှက်ထားလဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းမှာ ဘဲနေပြီး အမည်ဖော်ထုတ် ကာပုံတွေနှင့်တကွ ကျွန်တော်ဘယ်သူဘယ်ဝါဖြစ်တဲ့ အကြောင်း ရှင်းရှင်း လင်းလင်းရေးသားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် အမည်မဖော်လိုသူမိတ်ဆွေများအနေနဲ့ နားလည် မိမယ်လို့မျှော်လင့်ပါတယ်။ ဘယ်လို အယူအဆကြောင့်ဘဲဖြစ်ဖြစ် ဘလောက်ဂါတယောက်အနေနဲ့တော့ ကို့တာဝန်တရပ်ဖြစ်တဲ့ ကိုယ့်စာကို ကိုယ်ပိုင်ဆိုင်ရမယ်၊ အကြွင်းမဲ့တာဝန်ရှိရပါမယ်။ ကျင့်ဝတ်တရားတွေ ထိန်း သိမ်းမှလဲ ကျွန်တော်တို့ရပ်ဝန်းဟာ အမြဲတမ်းစိမ်းလန်းနေမှာပါ။ အခုလို ခြောက်သွေ့ပြိုင်းရိုင်းနေတာ တွေဟာ အမြင်မတူတာတွေကို အတင်းလိုက်လံညှိလိုတဲ့ ငါနဲမတူငါ့ရန်သူ အတ္တဒေါမနသ တွေကြောင့် ကျွန်တော်တို့တွေ ဟာ မြန်မာ အင်တာနက်လောကမှာ ရွာဆော်ငပွကြီး ဖြစ်နေခဲ့ရတာပါ။ နားလည်ပေးကြပါ၊ ကိုယ့်ရဲ့လွတ်လပ် မှု ကို အရေးထားရင် သူတပါးလွတ်လပ်မှုကိုလေးစားပါ။ မပေါင်းချင်နေပါ၊ မခေါ်ချင် မပြောကြပါနဲ့၊ ဝေဖန်ပါ၊ ထောက်ပြပါ။ ကောင်းတာလဲရှိပါတယ် မကောင်းတာလဲရှိမှာပါ။ စည်းကမ်းလေးတော့ ထားစေချင်ပါတယ်။ ငါ့ကို ဘယ်သူသိတာမှတ်လို့လဲ ဆော်လိုက်ဦးမယ်ဆိုတဲ့ အတွေးလေးတွေ ကိုမိမိရဲ့ ကိုယ်ကျင့်တရားလေးနဲ့ ထိန်းသိမ်း ပါလို့ ပြောချင်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လဲ လူထဲကလူဖြစ်လေတော့ အရာရာမှာ ပြည့်စုံတဲ့ အရာ မရှိပါဘူး၊ ဒါပေမယ့် ကျင့်ဝတ်လေးတွေ ထိန်းသိန်းရင်း ကျွန်တော်တို့ ရပ်ဝန်းကို အတတ်နိုင်ဆုံး မြင့်သထက် မြင့် အောင် လုပ်ဆောင်နေဆဲပါ - - - ။

1 comments:

Synchro 305 ~ said...

မှန်တယ်အစ်ကို
မှန်တယ်.... မှန်တယ်ဗျာ...
တစ်ချို့ ကဘာတွေလဲမသိ..
နားလည်မှူမရှိဘူး။