ပန်း

မသေချာတဲ့ ကဗျာတပုဒ်မက ရှိတယ်၊
မသေချာတဲ့ သီချင်း တပုဒ်မက ရှိတယ်၊
မရေရာတဲ့ ဘ၀များစွာရှိတယ်၊
မရေရာတဲ့ အလှများစွာရှိတယ်၊

ကော်ဖီတခွက်ကို ရေရောသောက်ဖို့ လိုလိမ့်မယ်၊
ဘ၀ ဆိုတာ ခါးတဲ့ အရသာရှိဖို့တော့မလိုဘူး။

အားလုံးဗလာဖြစ်နေလဲ
ခွက်ဆိုတာခွက်ပါဘဲ နမ်နဲ့ရုပ်က တွဲပြီးသားပါ။

ကွဲကြေ ၊ ကြေမွ
ပေပွနေပေမယ့်
နှလုံးသား ဆိုတာ ရွှံ့ထဲက ပွင့်တဲ့ ကြာပန်းလိုဘဲ
အညစ်အကြေးတွေ ရောထွေးမနေစေနဲ့။

နေရှိမှလန်းတယ်၊ လရောင်မှာ ပွင့်တယ်
ကွဲကွဲပြားပြား သဘာဝခြားမယ်၊
ပန်းဆိုတာက တော့ပန်းပါဘဲ၊
ရနံ့မထုံလဲ
ငါ့ပန်း တစုံကတော့
နေ့မှာလဲပွင့်မယ်
ညမှာလဲလန်းမယ်။ ။

1 comments:

lee said...

မြန်မာပြည်က နအဖ ကြီးကြီး MASTER များနဲ့ပါတ်သတ်တဲ့ နေရာတကာလျှောက်လည်ထွက် ဂျိုးတန်းလန်းနဲ့ ကိုဖိုးကွက်ခေါ်စိုးထက် နှင့် လိုးသမျှခံမယ့်ကြက်ဖင် စိုးမြနန္ဒာသက်လွင် တို့အား ဒီနေရာကနေ“လုံးဝရှုံ့ချပါတယ်”။