အလုပ်တွေနဲ့လေ

အလုပ်တွေ အလုပ်တွေ များတာမှများ။ ဘာတွေ လုပ်နေသလဲတောင် ကိုကိုယ်တိုင် ပြန်ပြန်မေးနေရတယ်။ လူမှုရေးတွေ၊ စီးပွားရေးတွေ၊ စိတ်ခံစားမှုတွေ ၊ အာရုံတွေနောက်ကို တရပ်စပ်လိုက်နေတဲ့ အလုပ်တွေ။ မပြီးဆုံးသေးတဲ့ အလုပ်တွေ၊ အကြွေးတင်နေတဲ့ အလုပ်တွေ၊ အမြတ်ရတဲ့အလုပ်၊ အရှုံးခံရတဲ့ အလုပ်၊ အသုတ်စုံလိုဘဲ အလုပ်စုံကွဲနေအောင် လုပ်နေရတာ၊ ဘန်းစကားနဲ့ပြောရင် ပြဲနေအောင် ရှာရတာလေ၊ အာရအေ လန်းဖို့ လုပ်နေရတာ၊ တနေ့တနေ့ အာရကေ နောက်လိုက်နေရတဲ့ စိတ်တွေ စိတ်ညစ်ဖို့တောင်ကောင်းတယ်။ ဒီကောင်က ခြေလေးခြောင်းနဲ့ ပြေး ကိုတွေက ခြေ၂ ချောင်းနဲ့လိုက်။ အိပ်မက်ထဲမှာ ပိုက် ဆံ အိတ် ဖွင့်ကြည့်ရင်တောင် ပါးကပ်ကပ်ဘဲ။ ယောင်လို့တောင် ထီမပေါက်တဲ့ ကံတရားကို ယုံကြည်မျှော်လင့်ရင်းရှာနေတဲ့ အနာဂါတ်။ သေချာအောင် လုပ်ဖို့ မသေ ချာတာလေးတွေ လိုက်လုပ်ရင်း ရသေ့ စိတ်မဖြေနိုင် အောင် ဖြစ်ဖြစ်နေရတယ်။ ဖိုးသူတော်လဲ တော့ တောင်ဝှေးမထူနိုင်တဲ့ ခြွေတာစုဆောင်း သူဌေးလောင်းတဲ့ ဗျာ။ ခြွေတာရအောင် ငွေအသပြာ့ ကောင်က အဲဒိလောက်မှ မ၀င်တာဘဲ။ ထင်တာဘဲစွဲနေလိုက်တယ် အင်း -- နင်ကဘဲ မွဲနေလို့လားလို့ ။

1 comments:

phoethutaw said...

ဖိုးသူတော်လဲရင်တော့ ခင်ဗျားထူရမယ်...တောင်ဝှေးထူထူ မထူထူ