အသံ

ကဗျာမရေးရတာကြာပြီ၊

ကိုတာယာပြောတဲ့

မိုးခေါင်လို့တီးတဲ့ဗုံသံ၊

မိုးသဲနေရင်ရောတီးတဲ့ သံစဉ်တခု

ကျွန်တော်ရှာဖွေနေတာဘဲ

ထွက်တော့ထွက်လာတယ်

အသံတခုဘဲ

ဒါပေမယ့် ညင်ညင်သာသာလေးပါ

မြည်သံစွဲကြည့်လိုက်မယ်နော်

သူ့ရဲ့ဖွင့်ဆိုချက်လဲပါလိမ့်မယ်

သက်ပြင်းချသံလေ

" - - - "
မှတ်ချက်
သက်ပြင်းချသံအား မိမိနှင့်လိုက်ဖက်သော အသံထည့်သွင်းနိုင်သည်။ ပုံသေမရှိပါ။ ဥပမာ - ၀ူး - ဟင်း - အင်း စသဖြင့် ကြိုက်နှစ်သက်ရာ အ သုံး ပြုပါ။

Comments

“ဟမ်းးးး..........” ;)
အဲလိုလေးလား ဂေါက်
Pinkgold said…
သက်ပြင်းချသံလေ
"ဟူးးးးးးးးးးးးးးးး"

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact