နေဖက်လုံး၊ နဘန်းလုံး၊ဘေဘီဗိုက်တာ၊ နေဖုံးလတ်၊ မြို့စားမင်း အမည်ပြောင်တွေကိုပေးတိုင်း ပြုံးပြုံးကြီးနဲ့ ကျေနပ်စွာခံယူ၊ သူငယ်ချင်း မင်းကိုမတွေ့တာ အတော်တောင် ကြာနေပါပကော။ လောကဓံနိမ့်မြင့် လှိုင်းလွန့်တွေ လူးထတဲ့ အခါ ထင်းတုံးမြင့်တုံး မြတ်မြင့်တုံပါဘဲ။ ဘ၀ထဲဖြတ်သန်း အချိန်တွေ ညောင်းကြာ စောင့်စားတဲ့ နံရံတဖက် မင်းလက်တွေ လွတ်လပ်စေချင်ပြီ။ တချိန်က နွှဲပျော်အခုမင်းမွေးနေ့နော်၊အသက်တနှစ်ကြီးအပြစ်ကြီးတွေ မခံရပါစေနဲ့ကွာ တောင်းဆုတွေ ပေးဝေသူငယ်ချင်းတွေ ကတော့ မင်းမရှိရင် ပျော်မှာမဟုတ်ဘူး။ ဘာဘဲပြောပြောဘာဘဲလုပ်လုပ်မြတ်ဘုရား ကိုမေ့မထားနဲ့မွေးနေ့မှာ ဆုခြွေပေးမယ်လွတ်လပ်မယ့် မင်း။
Archive for June, 2008
မှော်ချောင်းအလှူ ၁
ကျွန်တော်တို့ပထမဆုံးလမ်းက ရွာတရွာကိုဝင်လိုက်ပါသေတယ်။ ဘယ်လောက်လှုခဲ့တယ်ဆိုတာတော့ အသေးစိတ်မမှတ်မိတော့ပါဘူး၊ သေချာတာကတော့ ဆန် ၃၀ ကနေ ၅၀ ကြားဖြစ်မှာ ဖြစ်ပြီး ခြင်ထောင် လဲ ၃၀ လောက်ဖြစ်မယ် ထင်ပါတယ်။ စတီးဇလုံလဲ ၂၀၀လောက်ပါ နိုင်ပါတယ်။ မှော်ချောင်းမှာတော့ တအိမ်ထောင်ခြင်း ကျွန်တော်တို့အချိန်ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အိမ် ထောင်စုလဲ နဲလို့ပါ။ ၉၃ အိမ်ထောင်လောက်ဘဲရှိပါတယ်။ ဒါတောင် တခြားရွာဘက်က ၈အိမ်လောက် လာပေါင်းနေလို့ဖြစ်ပါတယ်။ မှော်ချောင်းအတွက်တော့ ဆန် ၅၀ နဲ့ ဇလုံ ၂၀၀ ၊ ဘာလချောင် ကြော် လဲ ၁အိတ်ချပါတယ်။ နောက်ပြီးတော့ တအိမ်ထောင်ကို ငွေ ၂၀၀၀ စီလဲပေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ သတိထားမိတာ ရွာကို ၀င်ဝင်ခြင်းမှာ ဘုရားတဆူရှိတဲ့ ဘုန်းကြီးကျောင်းကို အရင်ရောက်ပါတယ်။ [...]
ဘိုကလေးက ကမာကလူ နဲ့ အနီးတ၀ိုက်
လှေ၂ စီးထိပ်တိုက်တွေ့ပြီ ဘာညာနဲ့မော်တော်ပေါ်က ညစာ ရောက်ရာအရပ်မှာ ပဲများတတ်တယ်နော် လုပ်ပါဗျာ ကျွန်တော် ဟိုရွာကပါ ကူညီပါ မြွေဟမြွေ လရောင်အောက်ကလူများ ဟာ ကယ်မယ့်သူလဲရှိဝူး ကယ်ကြပါဂျို့ ငါးလေးဖားလေးရလိုရငြား တွန်းလိုက်စို့ ၀မ်းတူးသရီး ညီညီညာညာလုပ်ပါဟ အားလုံးကိုရည်စူးပါတယ် ချောင်းကျဉ်းလေးတနေရာ ဒန်ပေါက်မဟုတ်ပါ ကမာကလူ နေ့လည်စာ ရသလောက်မှတ်တမ်းပါ ကိုစည်သူကတော့ ငွေလေးတွေလှုနေလေရဲ့ မှော်ချောင်းဆရာတော်ကိုလဲ ရေသန့်စက်လှူ မှော်ချောင်းမှာ ရောက်တော့ ဘာလချောင်ကြော်တွေ ကျွန်တော်တို့လှုတဲ့ ဆန်တွေပါ ကမာကလူက နံနက်စာ ဖိုးသက်ပြင်းညီအကိုမောင်နှမများ ရွာအ၀င်လမ်းဆီကနေ ပျော်သူကပျော် ကလေးတွေကဆော့ စောင့်နေကြပြီဗျ ဆွမ်းခံချိန် တအိမ်ထောင် သုံးပြည်ပါ စကြနောက်ကြ အဖွားအတွက်နော် ရေက ဟိုနားက အပင်ထိတက်တာတဲ့ ဦးလေးမိုးနဲ့ချောင်းကျဉ်းလေး ပါတဲ့ဆေးတွေလှူခဲ့ပါတယ် ချောင်းလေးက ကျဉ်း ကမာကလူ ဆရာတော်နှင့်အတူ [...]
ဘုရားဒကာလော
ဘိုကလေးက ပြန်ရောက်ပါတယ်။ နေ့လည်ကမှရောက်တဲ့အတွက် ပင်ပန်းနေလို့ အနားယူလိုက်ပါဦးမယ်ဗျာ။ ကျွန်တော်နဲ့ ကိုမိုးလှုင်ညတို့ မှော်ချောင်းကျေးရွာမှာ စာသင်ကျောင်းအတွက် ကလေးတွေစာရးကိရိယာတွေအတွက် လှူဒါန်း ခဲ့ ပြီး ဘုန်းတော်ကြီးကျောင်းပြန်လည် ပြီး အမိုးအကာရရှိရေးအတွက် သွပ်ပြားလှူ ဆေးသုတ် အလုပ်တွေလုပ်ခဲ့ပါတယ်။ သွားလာရခက်ခဲပြီး ကျဉ်းမြောင်းလှတဲ့ ချောင်းလေးတွေမှာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိ ခဲ့ ပါတယ်။ အသေးစိတ်ကိုတော့မနက်ဖန်စောစောမှာ တင်နိုင်မယ်ထင်ပါတယ်။ လာရောက်ပြီးဖတ်ရှုကြသူတွေကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဆက်ပြီး ပြောချင်တာကတော့ ကျွန်တော်တို့စုပေါင်းပြီး အဲဒီကျေးရွာက ဘုရားလေးကို ပြန်လည် ထီးတင် ဖို့ စီစဉ်ခဲ့ပါတယ်။ ပါဝင်ကုသိုလ်လိုချင်လိုသူများ အတွက် မကြာမှီတင်ပြပေးပါ့မယ်။
sky train ဘန်ကောက်
ဒီတခါ ဘန်ကောက်က sky train အကြောင်းလေးအနည်းငယ်ပြောချင်ပါတယ်။ ယဉ်ကြောပိတ်ဆို့မှုများပြီး ကားတွေ အရမ်းများတဲ့ ဘန်ကောက်မှာ နောက်ပိုင်းတွင်ကျယ်လာတဲ့ သွားလာဆက်သွယ်ရေးတခုဖြစ်တဲ့ sky train ဟာအတော်လေးထိရောက်အောင် စွမ်းဆောင်ပေးတာတွေ့ရပါတယ်။ ကျွန်တော်သိသလောက်တော့ ကားနဲ့သွားရင် မိနစ် ၂၀ လောက်သွားရမယ့်ခရီးတခုကို sky train နဲ့စီးသွားရင် ထက်ဝက်မက အချိန်လျော့ ချ နိုင်တာ တွေ့ရပြီး ဈေးနှုန်းကလဲ သက်သာပါတယ်။ အဲဒီ sky train ကတော့ မလေးရှားက ထက်ပိုပြီးသန့်ပါတယ် ။ sky train တွေကို ဘုရင့်မွေးနေ့တခုဖြစ်တဲ့ ၁၉၉၉ ဒီဇင်ဘာ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနှစ်တနှစ် လူသန်း ပေါင်းများစွာကို ခရီးရောက်အောင်ပို့ဆောင်ပေးနေဆဲဖြစ်ပါတယ်။ လပေးကဒ်တွေနဲ့စီးလို့ရသလို လက် မှတ်ဝယ်စီးလဲရပါတယ်။ ကောင်တာတွေမှာ လူ့အရောင်းအပြင် [...]
မလွမ်းချင်သူ
ချစ်တယ် ဆိုတဲ စကားလေးတကတော့ တခွန်းပါငါခံစားလိုက်ရတာတော့နေ့နဲ့ညပိုင်ဆိုင်ရမှာလား ခွဲသွားရမလားငါမတွေး ရဲပါဘူး ကလေးရယ်တနေ့တော့ ငါတို့ တူတူနေရမှာပါ၊မင်းလဲ ယုံကြည်ထားနော်။ ဒုတိယဆိုတာ ပထမရှိခဲ့လို့ပါအသိအမှတ်ပြုခြင်းဟာရင်ထဲက ဆုတခုပေါ့တကယ်ဆို မင်းက ပထမနဲ့ နောက်ဆုံးချစ်သူကံကောင်းခြင်း ဆုတခုကိုမင်းနဲ့ငါ ယူသင့်တယ်။ အပြုံးတွေကို သာစွဲလမ်းရကြေးဆို မင်းအနမ်းကို ငါဘယ်မှာထားရမလဲကုန်သွယ်မှုမဟုတ်တဲ့တို့နှစ်ယောက်ချစ်ခြင်းမှာအပြစ်တွေမကင်းခဲ့ကြတော့ငါကိုယ်တိုင် ခွင့်မလွှတ် နိုင်ခဲ့ရင်တွင်းမှာ မင်းသာ ပိုင်ခဲ့တာ တကယ်ပါ။ အိပ်မက်တွေကို နိုးထချစ်ခြင်းကိုလမ်းပြ မင်းလေးက ကိုယ့်ကို လွမ်းရအောင်တော့ မလုပ်ပါနဲ့နော်။
နားလည်တတ်ရင် သိမှာပါ
အကျိုးအကြောင်း အဆိုးအကောင်း ဒွန်တွဲနေတာကတော့ သဘာဝ ဖြစ်ပါလိမ့်မယ်။ လူဖြစ်လာတဲ့အခါ လူနဲ့ပတ်သက်တဲ့ လူ့စည်းကမ်းတွေ ကျင့်ဝတ် တွေကို လိုက်နာ ထိမ်းသိမ်း ရပါမယ်။ အဲဒါကတော့ အကျင့်စရိုက်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် လူအမျိုးမျိုး စိတ်အထွေထွေဖြစ်တဲ့ အတွက် ဘယ်သူ့ ကို ဘာ လုပ် ပါဆိုတဲ့ အတင်းအကြပ် ပြောယူရမယ့်အခြေအနေ ဆိုတာ ကျွန်တော်တို့ အရွယ်မှာ လိုအပ်မယ်လို့မထင်မိပါဘူး၊ ဒါပေမယ့် ခြွင်းချက်တော့ ရှိကောင်းရှိ ပါဦးမယ်။ သေချာတာတခုကတော့ ကျွန်တော်တို့ ဘလောက်တွေကိုရေးသားကြရာမှာ ရှုထောင့်ပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံ၊ အနေအထား ၊ ပတ်ဝန်း ကျင်က အစ တကိုယ်ရေအမြင်များကို ခံစားပြီး ချရေးတာ တွေများပါတယ်။ ဘလောက်ရေးရတာ တကယ်ပေါ့ပါး ပါတယ်၊ လွတ်လပ်တယ်လို့လဲ ဆိုချင်ဆိုနိုင်ပါတယ်၊ ကိုယ့်ရဲ့လွတ်လပ်မှု့ဟာ သူတပါးကို [...]
ပန်း
မသေချာတဲ့ ကဗျာတပုဒ်မက ရှိတယ်၊မသေချာတဲ့ သီချင်း တပုဒ်မက ရှိတယ်၊မရေရာတဲ့ ဘ၀များစွာရှိတယ်၊မရေရာတဲ့ အလှများစွာရှိတယ်၊ ကော်ဖီတခွက်ကို ရေရောသောက်ဖို့ လိုလိမ့်မယ်၊ဘ၀ ဆိုတာ ခါးတဲ့ အရသာရှိဖို့တော့မလိုဘူး။ အားလုံးဗလာဖြစ်နေလဲခွက်ဆိုတာခွက်ပါဘဲ နမ်နဲ့ရုပ်က တွဲပြီးသားပါ။ ကွဲကြေ ၊ ကြေမွပေပွနေပေမယ့်နှလုံးသား ဆိုတာ ရွှံ့ထဲက ပွင့်တဲ့ ကြာပန်းလိုဘဲအညစ်အကြေးတွေ ရောထွေးမနေစေနဲ့။ နေရှိမှလန်းတယ်၊ လရောင်မှာ ပွင့်တယ်ကွဲကွဲပြားပြား သဘာဝခြားမယ်၊ပန်းဆိုတာက တော့ပန်းပါဘဲ၊ရနံ့မထုံလဲငါ့ပန်း တစုံကတော့နေ့မှာလဲပွင့်မယ်ညမှာလဲလန်းမယ်။ ။
Forbidden kingdom
ကမ္ဘာတလွှားက ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြသလို ဒီနေ့အထိ မရိုးနိုင်တဲ့ တရုတ် ဒဏ္ဍာရီထဲက ဇာတ် ကောင် စွန်းဝူခုံး ကိုအားလုံးသိကြမှာပါ။ အဲဒီစွမ်းအားရှိတဲ့ မျောက်ဘုရင်ရဲ့ လက်နှက်ဖြစ်တဲ့ သံမဏိ တုတ်ကို ရှာဖွေတွေ့ရှိပြီး ပိုင်ရှင်အစစ်ဖြစ်တဲ့ မျောက်မင်းထံကို ပြန်လည်ပို့ဆောင်ပေးတဲ့အကြောင်း စိတ် ကူး ယဉ်ရိုက်ကူးထားတဲ့ Forbidden kingdom ရုပ်ရှင်ဇာတ်လမ်းကို တင်ပြပေးလိုက်ပါတယ်။ ရန်ကုန်မှာလဲ အခု ရုံတင် ပြသနေပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက တော့အမေရိကန်မှာရှိတဲ့ ကျောင်းသားလူငယ်လေးတယောက် Jason (Michael Angarano) ကသူအမြဲတမ်း တရုတ်သိုင်းကားအခွေတွေဝယ်တဲ့ တရုတ်တန်းက အဖိုးကြီးဆိုင်ကို သွားရင်း သံမဏိတုတ် လက်နှက်ကိုတွေ့ရှိခဲ့ပါတယ်။ သူက တရုတ်ရိုးရာ ကွန်ဖူးသိုင်းပညာကိုလဲ သဘောကျတဲ့ သူတယောက်ဖြစ်ပေမယ့် တကယ်တမ်းတော့ သူက ကွန်ဖူးတတ်တဲ့ သူတော့မဟုတ်ပါဘူး။ ခွေဝယ်ရင်း အပြန်မှာ [...]
အလုပ်တွေနဲ့လေ
အလုပ်တွေ အလုပ်တွေ များတာမှများ။ ဘာတွေ လုပ်နေသလဲတောင် ကိုကိုယ်တိုင် ပြန်ပြန်မေးနေရတယ်။ လူမှုရေးတွေ၊ စီးပွားရေးတွေ၊ စိတ်ခံစားမှုတွေ ၊ အာရုံတွေနောက်ကို တရပ်စပ်လိုက်နေတဲ့ အလုပ်တွေ။ မပြီးဆုံးသေးတဲ့ အလုပ်တွေ၊ အကြွေးတင်နေတဲ့ အလုပ်တွေ၊ အမြတ်ရတဲ့အလုပ်၊ အရှုံးခံရတဲ့ အလုပ်၊ အသုတ်စုံလိုဘဲ အလုပ်စုံကွဲနေအောင် လုပ်နေရတာ၊ ဘန်းစကားနဲ့ပြောရင် ပြဲနေအောင် ရှာရတာလေ၊ အာရအေ လန်းဖို့ လုပ်နေရတာ၊ တနေ့တနေ့ အာရကေ နောက်လိုက်နေရတဲ့ စိတ်တွေ စိတ်ညစ်ဖို့တောင်ကောင်းတယ်။ ဒီကောင်က ခြေလေးခြောင်းနဲ့ ပြေး ကိုတွေက ခြေ၂ ချောင်းနဲ့လိုက်။ အိပ်မက်ထဲမှာ ပိုက် ဆံ အိတ် ဖွင့်ကြည့်ရင်တောင် ပါးကပ်ကပ်ဘဲ။ ယောင်လို့တောင် ထီမပေါက်တဲ့ ကံတရားကို ယုံကြည်မျှော်လင့်ရင်းရှာနေတဲ့ အနာဂါတ်။ သေချာအောင် လုပ်ဖို့ မသေ [...]


Posted in








