ကယ်ဆယ်ရေးတွေရောက်ပြီ

ဒါလေးတွေပါတယ်
သရုပ်ပြသနေစဉ်
ဘန်ကောက်လေကြောင်းကလေယဉ်
ကယ်ဆယ်ရေး သေတ္တာ
အင်တာနက်တွေ ရပြီဆိုတာနဲ့ မေးလေးစစ်ရအောင် အင်တာနက် ၀င်သုံးနေရင်း စိုးဇီယရဲ့ သတင်းပေး မှုနဲ့ အင် ဒိုနီးရှား သံရုံးကိုသွားပါတဲ့၊ ဒီကို လှူဒါန်းတဲ့ လေယဉ်တွေအကြောင်း သတင်းရမယ်တဲ့၊ ဒါနဲ့ အိမ်ပြန် အိကျီလဲ ပြီး ကမန်းကတန်းထွက်လာလိုက်ပါတယ်။ 11 နာရီမှာ သံရုံးရောက်တော့ သံရုံးက ကားနဲ့ လေဆိပ်ကို ရောက်ခဲ့ ပါတယ်။ လေဆိပ်မှာ ပထမဆုံးတွေ့ရတာကတော့ အင်င်္ဂလန် မှာ ရှိတဲ့ shelter Box ဆိုတဲ့ အဖွဲ့က မြန်မာ ပြည် ကို လာရောက်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေပေး အပ်နေတာတွေ့တာနဲ့ ဟိုမေးဒီမေး လုပ်ကြည့်တော့ အမေရိကန် မှာ ရှိတဲ့ ဒေါ်လဲ့လဲ ဆိုသူရဲ့ အဆက်အသွယ်နဲ့ အခုလို ရောက်လာတာဖြစ်ပြီး သူတို့အဖွဲ့က ပထမဆုံး တရားဝင်လာရောက်တဲ့ NGO အဖွဲ့လဲ ဖြစ်ပါတယ် ဆိုတာသိရပါတယ်။ သူတို့ တွေ အနေနဲ့ သေတ္တာတွေ သယ် ဆောင်လာပြီး ဘယ်လို အသုံး ပြုရမယ်ဆိုတာ ကို သက်ဆိုင်ရာ မြန်မာနိုင်ငံ မီးသတ် က ကယ်ဆယ်ရေး အဖွဲ့တွေကို လက်တွေ့လုပ်ဆောင် ပြနေတာ တွေ့ရပါတယ်။ အဲဒီသေတ္တာ တလုံးမှာ လူ၁၀ ယောက် အိပ်လို့ရတဲ့ ရွက်ဖျင်တဲ တလုံး၊ လူဆယ်ယောက်စာ မိုးကာစောင် ၁၀ ထည်၊ ဘာဆီနဲ့မ ဆိုလေမုတ်ပြီး သုံးနိုင်တဲ့ မီးဖိုတခု၊ အိုးနှစ်လုံး၊ ယောက်မ ၂ ခု၊ ပန်းကန်နဲ့ ခွက်များ၊ ခြင်ထောင်တလုံး၊ တူ၊ လွှ၊ သံ၊ ပလယ်ယာ၊ သံဖြတ်ပလယ်ယာ၊ ပေါက်ဆိန်၊ နဲ့ မည်သည့်ရေကို မဆို ဆေးပြား တပြား ခတ်ရင် နာရီဝက်ဆို သောက်သုံးနိုင်တဲ့ တဂါလံဆန့် ရေပုံး ၂ ခုနဲ့ ဆေးပြားတွေ ပါဝင်ပါတယ်။ သေတ္တာ တလုံး ကို ဒေါ်လာ ၁၀၀၀ လောက်တန်တယ်လို့ ပြောပါတယ်။ သူတို့ တွေ သရုပ်ပြ ပြီးတော့ မီးသတ်ဦးစီးက ညွှန်ကြားရေးမှုး ကို ပစ္စည်းတွေလွှဲပြောင်းကြပါတယ်။ နောက်ထပ် အလုံး တော်တော်များများ ထပ်ရောက်မယ်လို့ လဲ ပြောတာတွေ့ရပါတယ်။ သူတို့ က အခုကယ်ဆယ်ရေး လိုအပ်နေတဲ့ နေရာတွေကို လိုက်လံကြည့်ရှုချင်လို့ သက်ဆိုင်ရာကို တင်ပြထားကြောင်း ပြောဆိုနေတာ ကြားခဲ့ရပါတယ်။

နေကလဲ တော်တော်ပူလာပါတယ်၊ ရေဆာတာလဲ ပြောမနေပါနဲ့၊ ခဏကြာတော့ ဘန်ကောက်အဲယားလိုင်းက လေယဉ်တစီးရောက်လာပြန်တယ်။ အဲဒီမှလဲ ကယ်ဆယ်ရေး ပစ္စည်းတွေပါတယ်ပြောတယ်။ ဘန်ကောက် အဲယားလိုင်း ကတာဝန်ရှိသူတယောက်ကပြောတော့ သူတို့ လေကြောင်း အနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ကို သူတို့ လေကြောင်း ခရီးစဉ်ရှိတဲ့နေ့တိုင်း ၀ယ်ယူပို့ဆောင်လှူဒါန်းနေကြောင်းပြောပါတယ်။ နောက်ထပ် ဘယ်လို ပစ္စည်းတွေ လိုအပ်နေလဲ၊ ဘာတွေဝယ်ခဲ့ရမလဲလို့လဲ မေးနေတာ ကိုတွေ့ရပါတယ်။
( ဆက်ရန်)
ဓါပုံများ အသုံးပြုခွင့်ပေးတဲ့ မမေငယ် ကို ကျေးဇူးတင်ပါသည်။
Type the rest of your post here.

0 comments: