နတ်ဆိုးများ၏ ကောင်းကင်ဘုံ
တူရိယာ နတ်စောင်း တွေ
ဘင်တီးသံလို ဒိန်းဒိန်းညံ
အနက်ရောင်ကောင်းကင်ပြာ အောက်က
အထိန်းသိမ်းခံထားရတဲ့
နေတစင်းရှိနေတယ်
အရာရာကတော့ သူ့ ကိုမေ့လျော့နေဆဲ။
ရင်ခုန်မှုမပါတဲ့ ရယ်သံတွေကို
သောက်စားမူးရစ်
ရီဝေေ၀အကြည့် အချက်တောင်
မိုးကြိုးသွား လိုတောက်ပတတ်တယ်
ဆူညံစွာ ငြိမ်သက်နေတဲ့
ရပ်ဝန်းတခုလဲ ပိုင်ဆိုင်ဖို့ ကြိုးစား ခဲ့ကြတယ်။
ငြင်းကြခုန်ကြတေးသွားနဲ့
အလိုက်သင့် ကခုန်
အချိန်တွေထွီကနဲ ထွေးထုတ်ကြ
သင်ယူလိုမှုတွေ၊ နာခံလိုမှုတွေ
ချစ်ခြင်းမေတ္တာတွေ၊ သာယာကြည်နူးမှုတွေ လောင်မြိုက်မြိုက် နဲ့
မီးပုံ ပွဲကိုကျင်းပနေ့ရယ် ညရယ်မရှိပါဘူး။
မြတ်နိုးခြင်း၊ တွယ်တာခြင်း၊
သံယောဇဉ်တွေ တံဆိပ်ကပ်
အမုန်းတွေ ၊ နာကြည်းမှုတွေ ၊
ရန်လိုခြင်းတွေ သာ ခပ်စိတ်စိတ် ပစ်ချ
မာယာနဲ့ သံသယ တွေ ကတော့ ခပ်များများ မွေးမြူ
အားလုံးရင်ထဲ တောက်လျောက်ပစ်သွင်းချင်ခဲ့။
ပျော်ပျော်ပါးပါး လို့သာ ညည်းညူနေ
နတ်ဆိုးတို့ ပဒေသာ ကပွဲမှာတောင်
ထင်ယောင်မှားနှိပ်စက်
သင်းကွတ်သားရဲ့ အေးစက်စက် လက်များ
ဘယ်အချိန်မှာ လာစုတေခိုင်းမလဲ
ကြောက်ရွံ့စွာ ညင်သာမွေ့လျော် -
အော် - - နတ်ဆိုးများရဲ့ အဖော်ပါဘဲလေ။
3 comments:
ဒီကဗျာလေး အတော်ကောင်းတယ်ဗျာ။ ကျွန်တော်လည်း ပို့စ်မတင်ဖြစ်တာ ပြန်သတိထားမိတယ်။ ဟားး ဟားး
ကဗျာကောင်းကြိုက်သူအတွက်
အကောင်းဆုံးကဗျာလေးပါ..
အမြဲအားပေးနေပါတယ်...
မိုက်တယ်
Post a Comment