မနက်စာကို အဆင်ပြေသလို စားသောက်ထားကြရတဲ့ စေတနာရှင်တွေဟာ တံတားတဘက်မှာ ဆက်လက်ပြီးရှိနေပါ တယ်။ သူတို့တွေဟာ တဦးနဲ့တဦး ခင်မင်ကြတဲ့ မိတ်ဆွေတွေမဟုတ်ကြပါဘူး၊ ဒါပေမယ့်သူတို့ရင်ထဲမှာတခုတည်း သောတူညီမှုရှိနေပါတယ်။ အဲဒါကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားခြင်းစာနာတဲ့ အကူအညီတွေ အမြန် ဆုံးပေးချင်နေတာပါ။ သူတို့အားလုံး ဆန္ဒစောနေပါတယ်။ ဒါပေမယ့် အချိန်အနေအထားနဲ့တံတားရဲ့ကြံ့ခိုင်မှုက အား လုံးထင်သလိုမကောင်းလာဘဲ တံတားကိုပြင်ဆင်ရန်အတွက် ပိတ်ထားလိုက်ပါတယ်။ တံတားကို မိုးလင်းတာနဲ့ကောင်း အောင်ပြင်ရမယ်လို့ တံတားကို တာဝန်ခံပြင်ဆင်မယ့် အင်ဂျင်နီယာ ဗိုလ်ကြီးတယောက်က ပြောနေပါတယ်။ တခုရှိတာ တညတည်းနဲ့ အချိန်မှီပြီးစီးနိုင်ပါ့မလားဆိုတဲ့ အချက်ကတော့ သံသယဖြစ်စရာကောင်းအောင်ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ရရှိမယ့်အချိန်နဲ့ရှိတဲ့ လူအင်အားက လုံလောက်မှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့အားလုံးနောက်ပြန်လှည့်လာကြပါပြီ။ ကားတွေကတော့ ဘိုကလေးကနေ ပြန်ထွက်ဖို့လမ်းမှာတွေ့နေရ သလိုကျွန်တော်တို့ပေးတဲ့ သတင်းစကားကိုလဲ သိပ်ပြီးမယုံကြပါဘူး။ ကျွန်တော်တို့လမ်းကြုံလိုက်လာတဲ့ စေတနာ ရှင်အဖွဲ့ကတော့ တံတားတဖက်မှာရှိတဲ့ လူတွေကို ညစာစားလို့ရအောင် စီမံချင်တယ်လို့ပြောပါတယ်။ ကျွန်တော် တို့ လဲတတ်နိုင်သလောက်ကူညီကြပါတယ်။ တကယ်တော့ ဒီတဖက်မှာ ကျွန်တော်တို့ကိုယ်တိုင် ဒုက္ခသည် ဖြစ် နေ ပါပြီ။ ဘာလို့လဲဆိုရင်နယ်မြေအနေအထားနဲ့ အခြေအနေတွေကို ကောင်းကောင်းမသိသေးသလို ဘယ်မှာ အိပ်ရမယ် ဆိုတာ ဝေခွဲမရသေးပါဘူး။ ဒါနဲ့ ထမင်းတွေပို့လို့ရအောင် ဆိုင်ကယ်တွေငှားရပါတယ်။ အဲဒီလိုငှားဖို့အတွက်တော့ မြို့အ၀င်အထွက်ဂိတ်က အရာရှိတယောက်က ဆိုင်ကယ်အငှားလိုက်သူတွေကို ကျွန်တော်တို့နောက်ကို လိုက်သွား ဖို့စေလွှတ်ပေးပါတယ်။ အဲဒီနောက်မှာတော့ မွန်မြတ်ဂရုဏာဆိုတဲ့ အဖွဲ့က နေစီစဉ်ပြီး တံတားံတဖက်က သူတွေည စာစားဖို့ ကူညီပါတယ်။ အဲဒီဘက်ခြမ်းမှာ ကျွန်တော်တို့အဖွဲ့က လူတွေလဲရောက်နေပါတယ်။ ညစာတွေကို ပို့မယ် လုပ်တုန်း တံတားပေါ်ကနေ ဆိုင်ကယ်တောင်သွားမရတော့လို့ အောက်ဖက်ချောင်းထဲကို လှေနဲ့ကူးပြီး ပို့ရတယ် လို့ပြောကြပါတယ်။ ကျွန်တော်တို့ကတော့ ညအိပ်တည်းခိုစရာနေရာတခုကို ပြန်လည်ရှာဖွေရာမှာတော့ တည်းခို ခန်း တွေအားလုံးကတော့ လူတွေနဲ့ပြည့်ကြပ်နေတာတွေ့ပါတယ်။နောက်ပြီးတော့ အဲဒီမှာ တည်းခိုနေသူတွေအားလုံး ကလဲ ကုလ နဲ့အခြားသော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကဖြစ်နေတော့ ကျွန်တော်တို့အနေနဲ့ အခန်းကို ရဖို့ မလွယ်တော့ပါဘူး။ နောက်တော့မှ ဘိုကလေးကို ကျွန်တော်တို့တူတူလာကြတဲ့ အလှူရှုင်တွေတည်းနေတဲ့ နေရာမှာ ဘဲလာနေဖို့ပြောလာတဲ့အတွက် ကျွန်တော်တို့အဲဒီမှာဘဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အိမ်က အတော်ကျယ် ၀န်းပါတယ်။ ရေတော့မိုးချုပ်နေတာရယ်၊ဒေသပြောင်းနေတာ ဖြစ်တဲ့အတွက်မနက်မှချိုးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ညစာကိုလဲ အဲဒီမှာဘဲစားလိုက်ကြပြီး ကျွန်တော်တို့အိပ်လိုက်ကြပါတယ်။ မနက်ကျရင် ဘာတွေဆက်လုပ်မယ်ဆို တာ ဝေခွဲလို့မရသေးပါဘူး။ ကျွန်တော်တို့နဲ့တူတူပါလာတဲ့ ပစ္စည်းသယ်တဲ့ကားတွေကတော့ တံတားတဖက်မှာ ရှိနေ ဆဲဖြစ်သလို အဲဒီပစ္စည်းတွေကို ဘယ်လို ဝေငှဖြန့်ဖြူးရမယ်၊ ဘယ်မှာ သွားရောက်လှူဒါန်းမယ်ဆိုတာကလဲ အခုမှ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

ညဘက်၁၀ နာရီလောက်မှာတော့ ကျွန်တော်တို့နဲ့အတူလိုက်လာတဲ့ဆရာဝန်တယောက် အမောတကောနဲ့ ပြန်ရောက်လာပါတယ်။ သူတော်တော်ပင်ပန်းလာ ပုံရပါတယ်။ အသက် ၅၀ ကျော်လောက်ရှိတဲ့ စေတနာ့ ၀န် ထမ်းဆရာဝန်ဦးလေးကြီးက တံတားတဘက်မှာ ပိတ်မိနေတဲ့ ကားတန်းထဲမှာ ရောက်နေခဲ့တာဖြစ်ပြီး ၁၀ မိုင် လောက်ခရီးကို လမ်းလျောက်၊ ကားကြုံစီး၊ ဆိုင်ကယ် ငှားစီးနဲ့ ကျွန်တော်တို့တည်းနေတဲ့နေရာကိုရောက် လာခဲ့ တာပါ။ သူ့ရဲ့ဆေးပစ္စည်းနဲ့ အ၀တ်အစားထုတ် ဘယ်ရောက်နေတယ်ဆိုတာ သူလဲမသိတော့ပါဘူး။ ဘာဘဲ ဖြစ် ဖြစ် စိုးရိမ်စရာတော့မရှိပါဘူး၊ ကျွန်တော်တို့ကားတန်းထဲက တစီးစီးမှာအဲဒီပစ္စည်းတွေရှိ နေမှာပါ။ ကျွန်တော်တို့ တော့ ညကို ပင်းပန်းနေတာတွေဖြေလျော့ရင်းအိပ်သွားကြပေမယ့် ကျွန်တော်တို့ အိပ်မက်တွေထဲမှာတော့ ပျက်စီးနေတဲ့ မြို့ရဲ့ မြင်ကွင်းတွေက စီးမြောလိုက်ပါနေပါတယ်။ ခြောက်ခြားစရာမဟုတ်ပေမယ့် စိတ်ပျက်ဖွယ် ကောင်းတဲ့ မြင်ကွင်းတွေ၊ အားမရစရာဖြစ်နေရတဲ့ အကူအညီတွေနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေက ည ကို တစခြင်း ကိုက်စားပစ်လိုက်ပါတယ်။ ခွေးတွေ အလွန်အူနေတဲ့ မှောင်မိုက်ည ၀န်းကျင်မှာတော့ ကျွန်တော်တို့ တည်းနေတဲ့ အိမ်က မီးစက်သံ တဂျိမ်းဂျိမ်းက တမျိုးနားထောင်ကောင်းအောင် စည်းချက်မှန်နေပါတယ်။

အာရုံတက်ချိန်ရောက်လာပါပြီ၊ တည်းခိုတဲ့ အိမ်က အဖွားအိုရဲ့ မြန်မာဓလေ့အတိုင်း စောစောထ ဘုရား ၀တ်တက် ခြင်းက ကျွန်တော်တို့ ကို မင်္ဂလာရှိစွာ နိုးထစေခဲ့ပါတယ်။ မနက်ပိုင်း မှာကျွန်တော်တို့ ရေချိုးကြပြီး ဘာ ဆက်လုပ် မယ်ဆိုတဲ့ အစီအစဉ်ကို ဆွဲကြပါတယ်။ တံတားကတော့နောက် ၂ ရက်လောက်ထပ်ကြာပါလိမ့်ဦးမယ်။ သေခြာ ပါတယ်။ ကျွန်တော်တို့ဘယ်လိုမှ တံတားတဖက်က ပစ္စည်းတွေကို သယ်ဆောင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော်တို ရန်ကုန်မှာလဲ ပစ္စည်းတွေရောက်လာဖို့ တွေနဲ့တခြားကိစ္စတွေ ရှိနေပါတယ်။ ဆက်လက်ပြီး ဒီမှာ နေ နေမှာလား၊ ပြန်ဆင်းပြီး ပစ္စည်းတွေသွားယူမှာလား မသေခြာသေပါဘူး။ ကားတွေပြန်ထွက်လို့မရတဲ့အတွက် ရန်ကုန်ပြန်ဆင်းရာမှာ ရေကြောင်းကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။ ရာသီဥတုက သိပ်မကောင်းပါဘူး၊ နောက်ထပ် မုန်တိုင်းငယ်တခု ဆက်လက်လာနိုင်ကြောင်းသတင်းက ကြေငြာထားပါတယ်။ ဒါပေမယ့် မနက် ပိုင်းတော့ရာသီဥတုက ကြည်လင်နေပါသေးတယ်။ မရေရာမှုများ ဖုံးလွှမ်းနေတဲ့ ကျွန်တော်တို့အဖွဲ့ က ဆုံးဖြတ် ချက်ကို သေခြာ မချရသေးခင်မှာ မနက်စာကို စားသောက်ရန်သာ စိတ်စောနေကြပါတယ်။ ဘိုကလေးရဲ့ အကောင်း ဆုံးစားစရာကတော့ မုန့်ဟင်းခါးလို့ သိပါတယ်။ ဘယ်သူကမှ ဒီအချိန်မှာ ငါးနဲ့ချက်ထားတာ တွေကို စားချင်တဲ့ ဆန္ဒမရှိသေးပါဘူး၊ ဘာလို့လဲဆိုတော့ မုန်တိုင်းကြောင့် ရေတက်လေတိုက်မှုတွေဖြစ်ကာ လူအများအပြားဟာ ရေထဲမှာ သေဆုံးကုန်ကြပါတယ်။ ဒေသခံတွေအဆိုအရ ဘိုကလေး တခုတည်းမှာတင် လူ ငါးသောင်းလောက်မက သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ လူသေနဲ့ကျွဲ၊ နွား၊ ၀က်အသေကောင်တွေဟာ မြစ်ထဲမှာ မြောနေတာ ကိုအစောပိုင်းရက်တွေက မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်ရေထဲက ငါးတွေကိုစားဖို့ ကျွန်တော့အဖွဲ့ကသူတွေက ငြင်းဆန်နေပါတယ်။ ကျွန်တော်ကတော့ ရောက်တဲ့အခိုက်မြည်းစမ်း ချင်ပါတယ်။ သတင်းတွေအရ ၀မ်းရောဂါတွေဖြစ်ပွားနေတယ် ဆိုသော်လည်း ဆေးရုံနဲ့ မြို့ပေါ်မှာ ၀မ်းကိုက် ၊ ၀မ်း ပျက်နေသူမရှိသလောက်နည်းနေပါသေးတယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကတော့ မုန့်ဟင်းခါးကို စားဖို့ ဆုံးဖြတ်ပါတယ်။ ကျွန်တော်နဲ့အတူ ဘာညာ၊ ကိုကြီးကျော်တို့ ကပါ မုန့်ဟင်းခါးလိုက်စားကြပါတယ်။ တကယ့် ကို ရန်ကုန်နဲ့ကွဲလွဲနေတဲ့ အရသာကောင်းကောင်းလေးကို ခံစားရပါတယ်။

နေ့လည်လောက်ရှိနေပါပြီ။ ကျွန်တော်တို့ စက်လှေနဲ့ပြန်မလား နောက်တည အိပ်မလား ဖြစ်နေပါတယ်။ အိပ်လိုက် လို့လဲ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အများကတော့ ပြန်ချင်နေပါတယ်။ လမ်းကြောင်းက တော့ ဘိုကလေးကနေ ဖျာပုံကိုရေလမ်းကတဆင့်သွားရောက်ပြီး ဖျာပုံကနေ ကားနဲ့ရန်ကုန်သွားကြမှာပါ။ နောက်ဆုံး အဆင်ပြေရင် သွားကြမယ်ဆိုပြီး စက်လှေကို ငှားပါတယ်။ စက်လှေကို ငှားချိန်မှာဘဲ မိုးတွေလေတွေ တရကြမ်း ကျလာတာနဲ့ စက်လှေနဲ့သွားမယ့် အစီအစဉ်ကို ပြန်ဖျက်ရမလိုဖြစ်နေပါတယ်။ ကျွန်တော်တို့ သွားရမယ့် ခရီးက အနည်းဆုံး ၃ နာရီကလေ ၄ နာရီလောက်ကြာမှာဖြစ်ပါတယ်။ နေ့လည် ၁နာရီထိုးကျော်နေပါပြီ။ မမှောင်ခင်တော့ ဖျာပုံရောက်မှဖြစ်ပါမယ်။ ဘာလို့လဲဆိုတော့ရန်ကုန်ဆက်ဆင်းမှာ ဖြစ်သလို လမ်းမှာ မှောင်သွားလို့ လဲမဖြစ်ပါဘူး။ နေ့လည် ၂ နာရီမှ မိုးလေ၀သ မကောင်းရင်တော့လုံးဝလက်လျော့ရမှာဖြစ်ပါတယ်။ ဒေသခံတွေက တော့ ဒီလိုမိုးလေနဲ့မသွားစေချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဘိုကလေး မြစ်ဝ ကနေ ရိုးလေးထဲကို အဆင်းမှာ မိုးလေကြီးရင် အန္ဒရာယ်ရှိလို့ပါ။ နောက်တော့ ကံတရားက ကိုယ့်ဘက်ပါတယ်ဆိုမလားဘဲ ၂ နာရီ သာသာလေး မှာမိုးလေ၀သက အတော်လေး လက်ခံနိုင်စရာ အခြေအနေကို ပြန်ရောက်လာပါတယ်။ ကျွန်တော်တို့ မဆိုင်းမတွ ဘဲ အမြန် ဘဲကမ်းနားစပ်ကို ဆင်းကြပါတယ်။ တကယ်တော့ ရန်ကုန်မှနေကြသူတွေမို့ရေလမ်းသွားရမှာ ကို အားလုံးနီးပါး စိုးရွံ့ကြပါတယ်။ ကျွန်တော်တို့အတွက် တော့ စွန့်စားရင်ခုန်မှုဖြစ်ပါတယ်။

စက်လှေပေါ်ကို ရောက်ကြပါပြီ။ စက်လှေကတော့ ကျွန်တော်တို့လူ ၈ယောက် စီးလောက်ရုံလေးပါဘဲ။ အမိုးထဲမှာ အားလုံး ထိုင်မရတာနဲ့ ကျွန်တော်နဲ့ အပုလေး ၊ သူတော်တို့ သုံးယောက်က နောက်မှာ ထိုင်စီးပါတယ်။ စက်လှေကတော့ထွက်ပါပြီ။ မိုးလေးကတော့တဖွဲဖွဲပါ။ ရှေ့မှာတော့ဘာတွေဆက်ဖြစ်မယ်မသိသေးပါဘူး၊ ရေကျနေ ချိန်ဖြစ်နေတာကြောင့်ရေဆန်တက်နေရပါတယ်။ လှိုင်း မကြီးပေမယ့် ဘိုကလေး ကမ်းနားက အပျက် အဆီးတွေကိုကြည့်ရတာ စိတ်ပျက်စရာပါ။ ဆန်တွေပုတ်နေတဲ့ အနံ့ဆိုးကြီးကလဲ ကျွန်တော်တို့ကို အနှောက် အယှက်ပေးပါတယ်။ ၁၀ မိနစ်လောက် မှာတော့ မြစ်ကျယ်ကြီးကနေ ရိုးထဲစ၀င်ပါတယ်။ ၀င်တယ်ဆိုရုံဘဲ လှေသမားက ညွှန်ပြလို့ ခြုံတခုမှာ ချိတ်နေတဲ့ အလောင်းတခုကိုတွေ့ပါတယ်။ ရက် ၂၀ ကျော်နေတာတောင် အလောင်းက အရိုးမကျသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသက ရေချိုရေငံ စပ်နေတဲ့ အတွက် အလောင်း ကောင်တွေက ငါးဆားနယ်လို ဖြစ်နေပါတယ်။ တော်တော်နဲ့အရိုးမကျနိုင်ပါဘူး။

ကျွန်တော်တို့မောင်းနှင်နေတဲ့ရိုးကလေး က တော်တော်လေး ကျဉ်းပါတယ်။ ဒီရေရောက်တော ဖြစ်တဲ့အတွက် လမုပင်တွေ၊ ဓနိပင်တွေနဲ့သင်ပေါင်းပင်တွေ ပေါက်နေပါတယ်။ သတိတခုရမိတဲ့ အခိုက်မှာတော့ ကျွန်တော် တို့စိတ် ထဲမှာစိုးရိမ်မိတာရှိပါတယ်။ ဒီဒေသရဲ့ ဒဏ္ဍာရီလာ သတ္တ၀ါ ၊ အားလုံးလဲ ကျောက်ရွံ့တဲ့ အပုတ်စား တဲ့ အကောင်ကတော့ မိကျောင်း ဖြစ်ပါတယ်။

ဒဂုံက ကူတဲ့သူတွေ
ရုံးမှာတခုခြင်းထုတ်ရတယ်
တိုလီ့အိမ်မှာ အ၀တ်တွေရွေးနေတာ
လမ်းမှာတွေ့တဲ့ အလှူတခု
ဘာညာရဲ့ အလုပ်လေ
သူတို့လဲပျော်ကြတယ်
စလုံးကအ၀တ်ထုတ်တွေ
ပစ္စည်းတွေကားပေါ်ကချဟေ့
ဘိုကြီးရဲ့အင်အား
ရေစိုနေတဲ့စပါးတွေကို ဒီလိုလှန်းတယ်
လမ်းနံဘေးက လေဘေးသင့်သူတဦး
ရေကြောက်တဲ့တို့တွေ
စက်လှေပေါ်တက်ကြစို့လား
စထွက်ဖို့သယ်ကြပြီ
ရောင်းသူနဲ့ ကိုရင်များ
အက်ဆစ်မိုးကြောင့်သစ်တောတွေခြောက်
လှေဦးကအရူးများ-၂
ပျောက်သွားတဲ့ရွာတွေ
လှေဦးက အရူးများ-၁
စက်လှေပေါ်က ပစ္စည်းချဖို့
ရွာသားတွေလဲသယ်
ဘုန်းကြီးကျောင်းက ဒီလိုဖြစ်သွားတယ်လေ
ကလေးတွေကလဲတပိုင်တနိုင်
ကလေးတွေကို မုန့်တွေဝေတယ်
ပေးရင်းကမ်းရင်းမောလာပြီ
ဘုန်းဘုန်းတို့အတွက်သက္ကင်္န်း
ဒီလိုတန်းစီခိုင်းရတယ်ဗျ
ကမ်းကတော့ အဝေးမှာ
အပြန်မှာ အမှတ်တရ
ရွာကကလေးတွေနဲ့ရောင်းသူ၊ သူတော်တို့

ကျွန်တော်တို့ အဖွဲ့ ဘိုကလေးက နေ ဒီကနေ့ နေ့လည်ပြန်ရောက်ပါတယ်။ သွားခဲ့တဲ့နေရာတွေကတော့ ဘိုကလေး ရဲ့အခြားအောက်ပိုင်းနေရာတွေ ဖြစ်တဲ့ ကျေးရွာတွေကိုရောက်ခဲ့ပါတယ်။ သွားရောက်ရခက်ခဲ ပြီး ရေထဲမှာ အသွားအပြန် ၆ နာရီကျော်ကြာအောင် စီးခဲ့ရတဲ့နေရာတွေဖြစ်ပါတယ်။ အ၀တ်အထည်တွေ အစား အသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကို အဓိကသည်ဆောင်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ နောက်လာမည့် အပတ် ထဲမှာ တတိယအကြိမ်အဖြစ်သွားရောက် ဦးမှာ ဖြစ်ပါတယ်။ အခုခရီးစဉ်ပုံများကို အမြန်ဆုံးတင်နိုင်အောင် ကြိုးစား ရင်း အဝေးရောက်မိတ်ဆွေများ အတွက်ဝေငှပေးလိုက်ပါ့မယ်။

This afternoon, we arrived back from Bogale . We went to lower so far from Bogale as villages. This is the hard trip of us and we are ridded the boat over 6 hrs. We were curried and aid many cloths, foods and any useful things for mankind. Next week, we'll go to Bogale again third time for donate. I'll try to upload of our trip pics for my friends as soon as possible.

We will be going to bogalay tomorrow and the donation things are as follow-

Per Person
1- Steel Bowl 1 ps
2- Spoon 1 ps
3- I bar of Soap 1 ps
4- Bath Soap 1 ps
5- Tooth Paste 1ps
6- Tooth Brush 1 ps
7- Slipper 1 ps
8- Clothes 1 ps
9- Medicine (Cold Tablets, Hansaplus, Dehydration Salt)

10- Candle 1 pack
11- Gas- Lighter 1 pack
12- Detergent 1 pack
13- Sardines 2 box
-------------------------------------
We have prepare for 200 persons

**Others Things included are
200 monk robes
Sanitary Napkins and Underware for Women
Milk Powder for children
Doctors prescribed Medicine.

The estimate cost are 3 million kyats.
မနက်က ကျွန်တော်တို့ အစီအစဉ်အတိုင်း အရှေ့ဒဂုံက ၁၃၃ မှာ စင်္ကာပူကနေ ပေးပို့ထားတဲ့ အ၀တ် အ ထည် တွေ ကို အလှူရှင်များ ဆန္ဒအတိုင်းသွားရောက် လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်နဲ့ဘညာကတော့ အခြားသော အစီ အစဉ် တွေအရေးတကြီးလုပ်စရာပေါ်လာတာနဲ့ ပထမ စီစဉ်ထားတဲ့အတိုင်း ကိုကြီးကျော်ကို ဆက်လက်ဦးဆောင် ခိုင်းပြီး နန္ဒ၊ ပေါက်ကရ၊ ကိုရဲ တို့နဲ့ တိုလီ့အိမ်မှာ ပစ္စည်းတွေဝင်ယူခိုင်းပြီးတော့ မောင်ခကို ၀င်ခေါ်ဖို့လုပ်ဖြစ်ကြ ပါတယ်။
ဟိုရောက်တဲ့အခါ ပြောပြီးဆိုပြီး ဖြစ်ပေမယ့် အခြေအနေက လူတွေ အများကြီးဖြစ်လာတဲ့အတွက် သက်ဆိုင်ရာ စိတ်ချရတဲ့ ရပ်ကွက်ကကူညီပေးနေတဲ့ လူကြီးထံကို ပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ဒါကိုတော့ အလှူ ရှင်များနားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့လဲ စိတ်ချမှ ပေးခဲ့မယ်ဆိုတာ သိစေချင်သလို ဆက် လက်ပြီး အိမ်သာတွေ လာရောက်ဆောက်ပေးမယ့် ကိစ္စတွေ၊ ထမင်းတရက်စာ လာရောက်ကျွေးမွေးမယ့် အ ကြောင်း တွေ ပါ အစီအစဉ်တွေကို ပြောဆို ခဲ့ပါတယ်။ ဓါတ်ပုံတွေကိုတော့ တိုလီလေးက နေမောင်ပွတ်တို့ ဆီပို့ပေးပါလိမ့်မယ်။ ကျွန်တော် ကတော့ လက်ရှိအချိန်မှာ ဓါတ်ပုံတွေမရသေးသလို မနက်သွားမယ့် ကိစ္စအတွက် ရော မင်္ဂလာဈေးမှာ ပစ္စည်းတွေလိုက်ဝယ်နေရတာကြောင့်ပါ အချိန်မပေးနိုင်သေး တဲ့ အတွက်နောက်မှဘဲ ပုံတွေရရင် ဘလောက်မှာတင်ပါတော့မယ်။ အခုလောလောဆည်တော့ သွားလာ စားရိတ်တွေ နဲ့ ကုန်ကျမှုတွေကို ကျွန်တော်တို့ ထည့်သွင်းပေးထားခဲ့ပါတယ်။ စလုံးကနေ ဆက်လက် လုပ်ဆောင် ချင်တဲ့ ယင်လုံ အိမ်သာ ဆောက်လုပ်မယ့် အတွက်တော့မည်သည့် ပစ္စည်းမှရောက်ရှိခြင်းမရှိသေး ကြောင်းပါ။ အဲဒီကိစ္စတွေကိုလဲ ၂၆ ကျော်လောက်မှ ဆက်လက်လုပ်ဆောင်သွားပါမယ် ဆိုတဲ့ အကြောင်း လတ်တလော အခြေအနေအဖြစ် ဖော်ပြပေးလိုက်ပါတယ်။


ကျွန်တော်တို့ ကိုစလုံးကနေ လှူပေးဖို့ပေးလိုက်တဲ့ အ၀တ်အစားတွေကို ပထမဆုံးအဆင့်အနေနဲ့ အရင်ဆုံးတနေရာမှာ သိမ်းဆည်းဖို့ စီစဉ်ခဲ့ပါတယ်။ နောက်ပြီး တော့ ကျားဝတ်၊ မ၀တ်နဲ့ ကလေးဝတ်တွေကို ရွေးထုတ်ဖို့ လုပ်ရပါတယ်။ ဒါနဲ့ တိုလီလေး ကို အကူအညီတောင်းရပါတယ်။ တိုလီလေးရဲ့ အိမ်ကကားနဲ့ လမ်း ကြုံသွားယူခိုင်းပြီး သူ့အိမ်မှာဘဲရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဘာလို့လဲ ဆိုတော့ သွားလှူမယ့်နေရာကလဲ ဒဂုံမှာဖြစ်နေတော့ တိုလီ့အိမ်က အသင့်တော် ဆုံးပါ။ သွားလာစားရိတ်တွေကို ရသမျှလျော့အောင်လုပ်ကြည့်တဲ့သဘောပါဘဲ။ ဒါတောင် အ၀တ်တွေရွေးထုတ်ဖို့ ကိုကားငှားသွားရပါတယ်။ တိုလီ့ အိမ်ကို အလွယ် တကူ မရှာနိုင်ပါဘူး၊ ကိုကြီးကျော် ကနေခဲ့ဘူးလို့သာ အဆင်ပြေပါတော့တယ်။ ဟိုရောက်တော့မှ တိုလီလေးနဲ့အိမ်က သူ့ညီမတွေ၊ အမတွေနဲ့ မိဘတွေကလဲဝိုင်းကူပေးပါတယ်။ ကျွန်တော်တို့ ကတော့ ဘာညာ၊ ကိုကြီးကျော်၊ နန္ဒနဲ့ အသိနှစ်ယောက်ပါတယ်။ အဆင်ပြေအောင် ကူညီပေးတဲ့ တိုလီနဲ့ ၀ိုင်း ၀န်းလုပ်ပေးကြတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့လုပ်ကိုင်မှုလေးက တကယ်အားရစရာပါ။ အစီအစဉ်ပေါင်း များစွာကို လုပ်ပေးနေရလို့ သတင်းတွေ အချက်အလက်တွေ နောက်ကျရတာ ကိုတောင်းပန်ပါတယ်။
ကျွန်တော်တို့ မနက်ဖန်မှာ ဒဂုံအရှေ့ပိုင်းမှာရှိနေတဲ့ မုန်တိုင်းဒဏ်သင့်
ပြည်သူတွေအတွက် စင်္ကာပူမှ ပေးပို့သော အ၀တ်အထည်များကို သွားရောက်
ပေးအပ်လှူဒါန်းမှာ ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာလဲ ဧရာဝတီတိုင်း
အတွင်းရှိ အခြားသော ဘေးဒဏ်သင့်ကျေးရွာများ ကိုသွားရောက် ထောက်ပံ့
ပေးနိုင်ဖို့ စီစဉ်နေ ပါတယ်။ လိုအပ်တဲ့ life jacket များကို တော့
အလှူရှင်တဦးက ပေးအပ်ထောက်ပံ့ခဲ့ ပြီး ပိုနေတဲ့ ငွေအချို့ကိုလဲ
ဒဂုံအရှေ့ခြမ်းက ပြည်သူများ ကို စင်္ကာပူမှ လှူဒါန်းတဲ့ ယင်လုံအိမ်သာ
၎လုံးတည်ဆောက်ခြင်း၊ တနေ့စာ ထမင်း ကျွေးမွေးခြင်းများအတွက်
လိုအပ်တာများကို ပံ့ပိုးနိုင်ရန် အတွက် ဆက်လက် သုံးစွဲပေးထား ပါတယ်။
ရန်ကုန်က လှူလိုသော သူများကို ပူးပေါင်းလှူဒါန်းနိုင်အောင်
ကောက်ခံလိုသော်လည်း အမှန်တကယ်ကို မပေး နိုင်တဲ့ အချိန်များကြောင့်
အင်အားနည်းနေဆဲဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ တက်နိုင်တဲ့ ဘက်က လူအင်အား၊
ငွေကြေးအင်အားများလဲ ဆက်လက်ပံ့ပိုးပေးနေပါတယ်။ ရန်ကုန်မှာ ဖြစ်နေတဲ့
အတွက် ကျွန်တော်တို့ စီစဉ်ရတာ တွေ၊ အဘက်ဘက်ကတက်နေတဲ့ဈေးနှုန်းကြောင့်
ပြောင်းလဲနေတဲ့ သွားလာမှုစားရိတ်တွေကို အနဲနှင့်အများ နားလည်
ပေးနိုင်လိမ့်မယ်လို့ လဲမျှော်လင့်ပါတယ်။ တယောက်ထဲနဲ့လဲမပြီးတဲ့
ဒီအလုပ်တွေကို အများနဲ့ လုပ်တဲ့ အခါဖြစ်ပေါ်လေ့ရှိတဲ့ လွဲမှားမှုများကိုလဲ
စိတ်ရှည်သည်းခံပေးကြဖို့နဲ့ ဒီအချိန်မှာ အားလုံးတပြေးညီ ခံစားနေရတယ်
ဆိုတာလေးတွေကို စာနာနားလည်ခြင်းဖြင့် ရေရှည်မှာ အများအကျိုး ဆက်လက်
သည်ပိုးနိုင် ပါစေ ကြောင်းဆုတောင်းပါတယ်။ တဖက်ကလည်း လူပင်ပန်း
စိတ်ပင်ပန်းနဲ့ ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ ဘလောက်ဂါအသိုင်းအ၀ိုင်းမှ
ညီအကိုတော်များလဲ အရာရာ မှာ ဘေးရန်ကင်းစွာနဲ့ အောင်မြင်ကြပါစေဗျာ။

We were gone to Bogale , during in different. We had to go to there not for donate but we need the first things of data and travailing experience for trip way. Our bloggers family had managed to support with all our might, and it wasn't easy, took ages to perform so on.

As the supplies from different countries couldn't arrive in time for different reasons, we went there with other benefactors since we just wanted to help out ourselves. We had about 30 persons; I, Ko Gyi Kyaw, Barnyar, Poukaya, Phoe Thu Taw, A Pu Lay, Zaw Lin Thet, Nyi Nyi and so on, who all are Myanmar bloggers.

We started our trip, in the early morning of 14th of May, from Yangon. It was raining cat and dog, while we were in a Hilux Surf Pick-up-truck and it had 8 cars, including the ones those held the supplies. We were having the trip, seeing the runes of Hlaing Thar Yar, along the road, & the factories were undressed without their roofs.

We saw hundreds of lamp-port lying over the road, only in Hlaing Thar Yar! Drops of rain were swaying in the cold breeze, till we approached to Htan Ta Pin, we hadn't seen any big damaged buildings, the road was still usable though.


Then, we continued the trip, and found the trees along the road were lying across the margin of the road, and they were without leaves. The pheasants, coming out from their shelters and drying the wet paddies, were only seen. On the way of Nyaung Tone, we only saw the up-side-down houses, without roofs or covers. Beyond Nyaung Tone and heading to Maubin, the real disgusting and poor scenes started. Along the road, the place for short-living which are only tall about 3 or 4 feet, looked like tents of Cyclone-Refugees. The families there were staring us, as if they'd never seen and had such no experience. Young and Old ones, were first inquisitive to us though they became disappointed that we couldn't do anything better for them, then. Of course, we couldn't do anything more than leaving some snacks and fast-foods for the children. Eventually, we got to Maubin, through among the damaged housings and offices, weak and poor survivals.

In the fields to pass through the Mau bin Bridge, the public of village in long road shaped, respectively built huts, shouted, and collected the supplies those we threw out from our pick-ups, pleasantly. Those we said "Housing" were too small to live even for a pig, and the situation was the worst of my whole life, like a nightmare. Those were lacking of roofs and covers, making the virtual walls with damaged and infected coconut leaves, those people there were collecting even the worse leaves and wood for living. The damaged coconut plums, and betel plants proved that how strong the cyclone hurted.

Our cars line were crossed into rain and win also the thousand peoples look to us with hold the one of expectation at side of hi-way. We had to drop to lane, sweets and cookie for kid when I though "What are we doing to here?" They are also refugees won't you?

I can't say anything. I think they are not having a good supported from authorized organization. Beyond the Mau bin University when 10 am just over.

I had to look to broking coconut, paddy cargo with wet sense, horizon sky from far away cloud with thinking, when I wake my mind the time is about 10:30 am, we arrived at Kyatelatt. Kyatelatt is not damaged like Mau bin but like a same amount peoples line who want to saving I saw it. Where the clean water, where the clean food, how they live with warm is not suspect with clean. When we depart from Kyatelatt, I saw the fact of the town is developed long time ago as colonel style old building was everywhere in the town, some wood buildings are laying parallel with colonel builds. I wandered where they might get their food, where the clean & fresh water, how they lived to be warm. There is no doubt that they can get none of those. Even though Kyeik Latt could resist the wind, it couldn’t get a relief also. About 80 percent of the housings are lack of roofs while some of them were getting fixed. As that small town was in the poor commerce, it wasn’t so easy to repair as they did the lamp-posts.

Our journey continuing from Kyeik Latt was going through the water & muddy lands together with other volunteers like us, Government & military trucks and so far from UN also. Soon, we found the edge of the compound where the distaste exists. The scene of ruined housings as if the coconut palms fall down from their bases, was coming and only the roads were seen in the whole quarter. 10 minutes after entering the town, we heard that some, donating rice and steam rice while we were waiting our late mates. We brought along about 2000 packages of Steam Rice, as our edibles and also for sharing. Our customers who stood the fund told us to share the steam rice packages to the children who looked at us hungrily with their dirty and poor faces, so that we took those packages and donated them one for each. Actually, our packages could grantee a breakfast for their terrible morning with no food. Not only giving to children but also adults as they also demanded, we did. We stopped our job as some of them asked twice or showing & yelling out with their two empty hands, shouting at each other, some children couldn’t get anything so that their eyes couldn’t twinkle with hopes. The late ones were catching also. The engine holding a container full of Aluminium roofs, foods, wares, clothing and beds broke out and deadly stopped. We were looking for the mechanic as there wasn’t anyone nearby Phyar Pone Town, though we though there was some problems with clerk. It was lucky in sins as we got a chance to observe the ruined Phyar Pone thoroughly. It was observed that a building in the hospital compound heaped into a rubbish and the monk hospital was fixed temp; with canvas. There was also a car with the Label of unicef parking in the compound. And also, about 30 trucks in the name of the Myanmar Timber Enterprise holding the 30 trucks full of wood and lumber with the heading of Operation for Ayayarwaddy Cyclone victims. I don’t know how those woods and timbers could help the victims so that wandered that the ones who managed to do so might know their objectives. Then, we got to downtown area leaving the hospital; even the strong and new buildings were greatly damaged and lacking of glasses and roofs, and the market square was flat so we named that “Wind blew flatted Bazaar”. The buildings and water towers and water tanks near the river bank were too low to be described. We heard that the military trucks were going there officially as with supporting objectives, heading to Bo Ga Lay also. It mainly consists of rice. We saw a motor-car from navy passing and a soldier waving his hands to us. After finding the mechanic, and on the way back to our trucks, I was lack of those feelings to chew betel knots though I thought to buy some when I remembered that there was diarrhea in that area. We didn’t have another way to choose but to leave the car there since it was impossible to repair the car in an hour! At least, it would take a day for ordering the spare parts from Yangon and fixing. Our customer, agreed to lock the container door so that we left there. The stocks in our trucks are about 400 lakh and that’s why the benefactors worried about and wanted to give the refugees, hand to hand.

It rained again. We left Phyar Pone, in the rain. After crossing a stream, even approaching to the 9- housing group, there were still traffic-jams and it was moving too slowly. Along the road, there were huts like for pigs those the victims live. From their 3 feet huts, they came out and smile towards us and waving their hands. I was so pleased that they did as Myanmar, they showed their spirits of good minded, always smiling sweetly. The road was getting worse and worse and the traffic was damn jammed. I gave my lunch of a piece of boiled egg and fried vegetable to a child on the road. Immediately, the car jumped and I saw the egg and the spoon fall down into the mud but the child showed out strangely, picking up the egg and spoon and putted into his lunch box and ate. I felt too sorry and couldn’t believe my eyes and realized that we knew nothing real about our country but we visited around the cities and our country is improving. Actually, it’s up side down, the truth is different from it is apparent. I confess that I was too stupid to ignore such the truths and most of the people from our country are poor and we have debt to pay back our idle time to our country history.

To be continued…..

gone with the wind
play with lunch
temporary tents
Q-ing up for having a meal
having lunch

We went to east Dagon at Yangon division in Myanmar today and have to see poor publish live at without tent and any living places. They are so poor before into the cyclone in this town. Now they are homeless present day. Over 500 housing falling to heap in this area and total 8000 peoples are lack of food. They were live at without refugee camp and they haven’t any support from any organizations. Now they had lived with other benefactors. They just too immediately needed as living things and any foods. How we can do for that? Now we just plan for this people, we will donate some dressing things and some foods within few days.


Type the rest of your post here.

We are want to go to Dagon (north and south) in Yangon for donate to refugees of cyclone. We need the any volunteers and doctors for health care. Now we make a plan and wait of donation things. I hope that plan is well done ASAP.

Any interesting people can join with our team.

We will go to Bogale in 23 may for next donate. We need the life jacket and any needed things for volunteers. You can donate to our team for health care thing and other.

 

Because of the many refugees live in far villages from Bogale . That way is only in the river and ride with little boat. Monsoon is coming to Myanmar. Big wind and rain, will meet with our team.  That why is a need a life jacket and many  things for our team.

 

Thank you

 

ရန်ကုန်က အထွက်မှာ ကြားထားတဲ့ ကောလဟာလတွေက ကင်မရာ ယူလို့မရဘူး၊ အလှူရှင်များရဲ့ ကားတွေကို မ၀တ ရုံးတွေထဲ အတင်းအကြပ်မောင်းခိုင်းပြီး ပစ္စည်းတွေ ထားခိုင်းပြီး ပြန်ခိုင်းတယ်၊ ၀မ်းလျော ရော ဂါတွေဖြစ်နေပြီ၊ စတဲ့ စကားတွေ အဆင့်ဆင့်ကြားနေရတော့ ကျွန်တော်တို့လဲ ကင်မရာလေးတလုံးသာ ဖွက်ယူသွားကြပါတယ်။ ဒီထက်လဲ ယူစရာ ကင်မရာမရှိပါဘူး၊ င်္ဒတလုံးဘဲရှိတော့ပါတယ်။ ဖြစ်ချင်တော့ 1G  memory ကပျောက်နေပါတယ်။ ကင်မရာထဲက ပါလာတဲ့ အတိုင်းဆို ၁၅ ပုံသာရိုက်လို့ရပါမယ်။ ဒါနဲ့ တလမ်းလုံး ဖြစ်ပျက်သမျှ ကိုမှတ်တမ်းတွေ တင်လိုသော်လဲ အဆင်မပြေဖြစ်ခဲ့ပါတယ်။

ဖျာပုံ ဘိုကလေးလမ်းက တကယ်ဆိုးပါတယ်။ မိုးလေးလဲ တိလို့ရာသီဥတုက အုပ်မှိုင်းနေသလို ကျွန်တော်တို့ စိတ်တွေကလဲ လန်းဆန်းမှုမရှိသေးပါ ဘူး၊ ရှေ့မှာ တံတားကျိုးနေတယ်ဆိုတဲ့ သတင်းက ကျွန်တော်တို့ ရဲ့ စိတ်တွေကို လေးလံနေစေပါတယ်။ တံတား ကျိုးတယ် ဆိုပေမယ့် သတင်းက အတိအကျမရသေးပါဘူး၊ ဘိုကလေးဘက်ကလာတဲ့ ကားတွေကတော့တစီးမှမရှိတော့တာ သေချာပါတယ်။ ဖျာပုံဘက်ကနေသွား နေတဲ့ ကားတွေကတော့ ရာချီပြီး တုတ်တုတ်မှ မလှုပ်နိုင်အောင်ပါဘဲ။ လမ်းကလဲ ကားနှစ်စီး ယှဉ်မောင်းလို့မရအောင်ကို ကျဉ်းပါတယ်။ ၀ိတ်များတဲ့ ကားတွေအနေနဲ့ဘေးချပေးရမယ်ဆိုရင် တပေလောက်ရှိတဲ့ ဗွက် ထဲ ကိုဘီးတွေ ကျွံသွားနိုင်ပါတယ်။ တံတားက ဘယ်လောက်ကြီးတယ်မသိရပေမယ့် ကားကြီးတွေ လုံးဝတော့ ဖြတ်လို့မရဘူး ၊ ကားလေးတွေတော့ သွားလို့ရတယ်လို့ ကျွန်တော်တို့ အဖွဲ့ထဲကသွားစုံစမ်းတဲ့ တ ယောက်က လာပြောပါတယ်။ ဒါနဲ့ ပစ္စည်းတင်တဲ့ ကားတွေကို ချန်ရစ်ပြီး ကျွန်တော်တို့စီးတဲ့ ဟိုင်းလတ်ဆဘ် ကို ရသလိုမောင်းရင်း ရှေ့ဆက်ခဲ့ပါတယ်။ ဘာညာနဲ့ ဖိုးသူတော်တို့ပါတဲ့ ကားကတော့ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။ ရှေ့ဆက်ရတဲ့ အကြောင်းအရင်းကတော့ ၃နာရီလောက်ရှိ နေတဲ့ အချိန်လဲဖြစ်သလို လမ်းဘေးဝဲယာမှာ ကွင်းပြင်တွေဘဲရှိပါတယ်။ ညအိပ်ပြီး စောင့်လို့လဲ ဖြစ်နိုင်ချေ မရှိတဲ့ အတွက် ဆက်ထွက်ခဲ့တာပါ။ ကားတစီးလုံးလဲ ဗွတ်တွေနဲ့လူးထားတဲ့ ဧရာဝတီ ကျွဲတကောင်လို လူးလွန့်ရင်း ကျွန်တော်တို့လဲ ဗွတ်တွေ စင်တဲ့ ဒဏ်ကို မိုးကာနဲ့ခံလို့တဖွဲဖွဲပြန်ကျလာတဲ့ မိုးတွေနဲ့ အပြိုင် ရှေ့ ဆက်ခဲ့ပါတယ်။ ကားတန်းတွေကိုဖြတ်ကျော်ခဲ့တဲ့နောက် ၁၅ မိနစ်လောက်အကြာမှာ တံတား ရှိရာနေရာကိုရောက်လာပါတယ်။ တံတားနာမည်က ကမ်ပ ဆိုလားပြောတာကြားပါတယ်။ ၁၅ ပေလောက်ဘဲ ရှည်တဲ့ သစ် သားတံတားတခုပါ။ တဖက်ခြမ်းက သစ်သားတန်းတခုက ကျိုးနေတဲ့အတွက် တံတားက တခြမ်းစောင်းနေပါတယ်။ တံတားက အတက်မှာ တံတားကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ပြင်မယ့် အဖွဲ့ သူတွေရောက်နေတာ တွေ့ပါတယ်။ သစ်တင်ထားတဲ့ ကားတွေလဲရှိနေတဲ့အတွက် တကယ်အချိန်ယူပြင်မယ်ဆို ၅ နာရီလောက်နဲ့ ပြင်ဆင်နိုင်ပေမယ့် ဘာကြောင့်မပြင်သေးလဲတော့မသိရသေးပါဘူး။ ချိနဲ့နေတဲ့တံတားကို အလိုက်သင့် ဖြတ်ကူးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ကားကို လေမှာပစ်တဲ့မြားတစင်းလို မောင်းနှင်ခဲ့ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် ကြမ်းတမ်းတဲ့ မညီမညာ လမ်းပေါ်မှာ ခုန်ပေါက်ပြေးလွှားနေတဲ့ ကားနောက်က ကျွန်တော် တို့ ဘယ်လို ဖြစ်နေတယ်ဆိုတာ သိနိုင်မှာပါ။ လမ်းတလျောက်တော့ ဒုက္ခသည်တွေကို မမြင်ရတော့ပေမယ့် လေလမ်းကြောင်းလားရာဘက်ကို ဦးတည်ပြီး နေတဲ့ အုန်းပင်တန်းတွေ၊ ပြိုလဲနေတဲ့ အပင်တွေ၊ ကျိုးကျနေတဲ့ အုန်းပင်ထန်းပင်တွေကို ပသာဒမရှိဘဲ ခံစားရင်းလိုက်ပါလာခဲ့ပါတယ်။ တံတားက ဖျာပုံ ဘိုကလေးလမ်းပိုင်းရဲ့ တ၀က်လောက်မှာရှိတာပါ။ ဖျာပုံကနေဘဲဖြစ်ဖြစ်၊ ဘိုကလေးကနေဘဲ ဖြစ်ဖြစ် လာရင် ၁၀ မိုင် အကွာမှာရှိတယ်လို့သိရပါတယ်။ နောက်ထပ်တံတားတွေကတော့ ဘာမှမဖြစ်ဘဲ ဆက်လက်ဖြတ်သန်းရင်း ဘိုကလေး မြို့ အစွန်ပိုင်းလောက်မှာ ၀င်တဲ့ ကုလားချောင်းတံတားကိုရောက်လာပါတယ်။ ကုလားချောင်း တံတား ကလဲ အခြေအနေမကောင်းတော့ပါဘူး။ အဲဒီတံတားကတော့ ပေ၁၀၀ ကျော်ရှည်ပါတယ်။ ကုလားချောင်းတံတားကို ဖြတ်လို့ ၅မိနစ်လောက် မောင်းလိုက်တဲ့ အခါ ဘိုကလေးမြို့က ကြိုဆိုပါ၏ လို့ ဆိုတဲ့ ကွန်ကရစ် ဆိုင်းဘုတ်ကို ရှေ့မှာ ထပ်ဖြတ်သန်းရမယ့် တံတားတစင်းရဲ့နောက်မှာ ညှိုးငယ်စွာ တွေ့နေရပါတယ်။ အဲဒီတံတားက နတ်ချောင်းတံတားလို့ပြောပါတယ်၊ တံတားပေါ်ကနေ ဖြတ်တော့ အောက်က ချောင်း ထဲမှာ ထော်ပိုင်လို့ ဆိုင်းဘုတ်ဘဲ မြင်ရပြီး ကိုယ်ထယ်နစ်မြုတ်နေတဲ့ သင်္ဘောတစင်းကို လှမ်းတွေ့ရပါတယ်။ တံတားက ဆင်းတယ် ဆိုရင်ဘဲ ရဲဂိတ်တခုကို တွေ့ပါတယ်။ ကားခဏရပ်လိုက်ပါတယ်။ ဘယ်သွားကြမှာ လဲ လို့ရဲတယောက်ကမေးပါတယ်။ အလှူရှင်တွေဖြစ်တဲ့ အကြောင်း အခုလောလောဆည် တော့သီတဂူ ဆရာတော်ရောက်ရှိနေတဲ့ ကျောင်းကို သွားလိုကြောင်းပြောတော့ အလှူရှင်များအနေနဲ့ သက်ဆိုင်ရာကို သတင်းပို့စေလိုကြောင်း၊ ပြောပါတယ်။ ဒါပေမယ့် ချောချောခြူခြူ သွားခွင့်တော့ ပေးလိုက်ပါတယ်။ လာရောက်လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ကြောင်းလဲ တပွင့်နဲ့ အရာရှိက ဆက်ပြောပါတယ်။ တံတားက အဆင်း ကိုက်တရာအတွင်းမှာ ဘယ်ဘက်ကို လမ်းညွှန်ထားတဲ့ ဘုန်းကြီးကျောင်းရှိပါတယ်။ အဲဒီကျောင်းမှာ သီတဂူဆရာတော်ရောက်ရှိသတင်းသုံးနေပါတယ်။ ဆရာတော်က အဲဒီကနေဆင့် အလှူရှင်တွေလှူဒါန်း နေတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့ ရွာတွေကို ဆက်လက်လှူဒါန်းပေးလျက် ရှိပါတယ်။ အဲဒီဘုန်းကြီး ကျောင်းကိုသွားတဲ့ လမ်းတလျောက်မှာ ကျေးရွာလေးတခုရှိပါတယ်။ အဲဒီရွာကလေးမှာ လဲပြိုနေတဲ့ တဲအိမ်တွေရှိနေသလို ဖြစ်သလို ကာရံထားတဲ့ တဲကလေးတွေရှိနေပါတယ်။ လမ်းဘေးမှာ တော့ကလေးတချို့ ထွေပစ်တမ်းကစားနေပါတယ်။ လမ်းကတော့ လုံးဝ ဗွတ်ထနေတဲ့လမ်းပါ။ ၀န်ပါတဲ့ ကားတွေလတ်တလောဖြတ်လို့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ဘုန်းကြီးကျောင်းကို လှမ်းမြင်နေရလဲ လမ်းဆိုးတဲ့အတွက် ၁၀ မိနစ်လောက် မောင်းရပါတယ်။ လမ်းလေးဝဲယာမှာ ပြိုပျက်နေတဲ့ အိမ်တွေအကြား ထမင်းဟင်းချက်တဲ့ သူကချက်။ အိမ်ပြင်တဲ့ သူက ပြင်လို့ရှိနေပါတယ်။ လုံးဝ သုံးမရအောင်လဲပြိုသွားတဲ့ တဲ အိမ်လေးတခုကို ၁၀နှစ်ကျော်လောက်ကလေး နှစ်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည် တည်ဆောက်နေတဲ့ သားအဖ ကကျွန်တော်တို့ ခပ်တည်တည်နဲ့ လှမ်း ကြည့်ကြပါတယ်။ အဲဒီကျမှ ကျွန်တော်တို့ မျက်နှာတွေမှာ အသက်ရှုလမ်းကြောင်းအကာအကွယ်တွေ တပ်ဆင်ထားမှန်းသိရပါတယ်။ ဒါကြောင့်ထင်ပါတယ်။ ဘိုကလေးမရောက်ခင်အထိ ကျွန်တော်တို့ ကို ခပ်စိမ်း စိမ်း ကြည့်နေတဲ့ သူတချို့ ကိုမြင်တွေ့လိုက်ရတာ ဖြစ်မယ်လို့ထင်ပါတယ်။ အပုတ်နံ့နဲ့ ကျွန်တော်တို့မခံမရပ်နိုင်ဖြစ်ရမယ့် အနံ့ အသက်တွေမရှိတော့တဲ့ ဒီမြို့လေးမှာ မြို့ခံတွေကို စိတ်သက်သာ လိုတဲ့ သဘောနဲ့ ကျွန်တော်တို့ အကာအကွယ်တွေကိုပြန်ဖြုတ် သိမ်းလိုက်ကျပါတယ်။

ကျွန်တော်တို့လဲ ဘုန်းကြီးကျောင်းဝင်းထဲကိုရောက်လာပါတယ်။ ၀င်းလို့သာပြောရတယ် တံတိုင်းတွေ အားလုံးလဲနေပါတယ် ၊ မုဒ်ဦးတခုဘဲရှိပါတော့တယ်။ ကျောင်းရဲ့ဘေးမှာ နတ်ချောင်းရှိပါတယ်၊ ဒါကြောင့် ကျောင်း ၀င်းထဲမှာတင် လှေဆိပ်ကလေးရှိနေပါတယ်၊ ဆရာတော်လှေဆိတ်ရောက်နေတဲ့ အတွက် ကျွန်တော်တို့ ဆင်းပြီးသွားခဲ့ရင်း ကျောင်းဝင်းအတွင်းမှာလဲ စေတနာ ရှင်တွေရဲ့ ပစ္စည်းတွေ အများအပြားရောက် နေတာ သိရပါတယ်။ လှေဆိတ်မှာတော့ မော်တော်ကြီး ၃ စင်းပေါ်ကို ပစ္စည်းတွေ တင်နေကြပါတယ်။ မော်ကျွန်းကို ပို့မယ်လို့ ပြောပါတယ်။ ဆရာတော်က သင်္ဘောပေါ်ရောက်နေလို့ ကျွန်တော်တို့ ဆင်းမတွေ့ တော့ ပါဘူး။ ကျွန်တော်တို့ ကားတန်းရဲ့ သတင်းတွေ ပြန်လည်ဆုံစမ်းဖို့နဲ့ တည်းခိုမယ့်နေရာရောက်ဖို့ အချိန်မှီ မြို့ထဲရောက်ဖို့လိုပါတယ်။

ကားကိုပြန်လည်ထွက်ခွာလာခဲ့ရင်း စစ်ဘေးဒဏ်ကြောင့်ပျက်ဆီးနေတဲ့ အသွင်သဏ္ဍန်ပေါက်နေတဲ့ ဘိုကလေးမြို့ထဲကို ၀င်လာခဲ့ပါတယ်။ လမ်းသွားလမ်းလာတွေ ရှိနေပေမယ့် အပျက်အဆီးတော်တော်များများက တော့ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး၊ ရုပ်ရှင်ရုံတခုကတော့ ရှေ့က အဖီဘဲရှိပြီး အားလုံး ဘုန်းဘုန်းလဲနေပါတယ်။ အိမ်ပြို အိမ်ပျက်တွေ ကိုကျော်လာရင်း မြို့ထဲရောက်လာပါတယ်။ အိမ်အမြင့်တွေ နဲပါးလှ ပေမယ့် အတော်များများ အမိုးတွေမရှိကြတော့ပါဘူး။ ထူးခြားတာကတော့ အဲဒီမြို့က ဓါတ်တိုင်တွေ လဲတာနဲပါတယ်။ အထကကျောင်းနားရောက်တော့ ကျောင်းဝင်းထဲ ကို စစ်ဘက်ရဟတ်ယဉ်တစင်း ဆင်း သတ် နေတာ တွေ့ပါတယ်။ အဲဒီကျောင်းက နှစ်ထပ်ကျောင်းဆောင်တွေအာလုံးနီးပါး အမိုးတွေ လန်ပြီး လဲပြိုနေတဲ့ အတွက် နောက်လမှာ ကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်လိမ့်မယ်လို့ သေသေခြာခြာမပြောနိုင်ပါဘူး။ အစိုးရ ထောက်ပံ့ရေးနဲ့ ကွပ်ကဲရေး ကို အဲဒီနားက အမျိုးသမီးရေးရာ ရုံးမှာ ထားရှိတယ်လို့ပြောကြပါတယ်။ ရုံးကတော့ ဖရိုဖရဲ အနဲငယ်ဖြစ်တာကလွဲလို့ သုံးလို့ရပါသေးတယ်။

လမ်းမကျယ်ကြီးတခုကနေ အတန်ကြာဖြတ်လာလိုက်ရင်း ကျွန်တော်တို့ တည်းခိုမယ့်နေရာကိုရောက်လာပါတယ်။ အဲဒီအိမ်ကတော့ အမိုးအနည်းငယ်ပျက်ရုံမှတပါး အတော်ကောင်းကောင်း ကျန်နေပါသေးတယ်။

မနက်က ဘာမှဟုတ်တိပတ်တိမစားရသေးတော့ အတော်လေးဆာနေပါတယ်။ ၀ယ်စားရအောင်လဲ ၀မ်းရောဂါဆိုတာကြီးက လာလာခြိမ်းခြောက်ပါတယ်။ ဘာညာတို့အဖွဲ့ကတော့ အပြင်ဘက်မှာတခုခု စားနေတယ် လို့ ယူဆရပေမယ့် မကြာခင်မှာဘဲ ကျွန်တော်တို့ ပြန်လည် တွေ့ဆုံကြပါတယ်။ သူလဲဘာမှမစားရသေးပါဘူး၊ ဟိုဟိုဒီဒီလျောက်ကြည့်ရင်း စားသောက်ဆိုင်တခုမှာ တော့ စားကြမယ်လို့ဆုံးဖြတ်ပြီး လိုက်ရှာကြည့်ပါတယ်။ ဘယ်ဆိုင်မှ မဖွင့်ကြောင်း တွေ့ရှိချိန်မှာ သတ္တိကောင်းလှတဲ့ ကျွန်တော်တို့ ဘလောက်ဂါတွေက ထမင်းကြော်ဆိုင်တခုမှာ ဖြစ်သလို ၀င်ရောက်စားသောက်ပါတော့တယ်။ မာတောင့်နေတဲ့ ထမင်း တွေကို အားရပါးရမြိုနေချိန်မှာ တံတားတွေပြင်မှာဖြစ်တဲ့ အတွက် သုံးရက်လမ်းပိတ်မယ်ဆိုကြောင်းသတင်းရတာကြောင့်  ချက်ခြင်း ရန်ကုန်ကို ပြန်ထွက်မယ်လို့ လာပြောပါတယ်။ စားလက်စတွေကို ကမန်း ကတန်း လက်စသတ်ရင်း ကားပေါ်ပြန်တက်ကြပါတယ်။ ကားကတော့ ကားကြုံပါ။ တံတားတဖက်မှာရှိတဲ့ ဆန်ကား ရန်ကုန်ကို ပြန်ထွက်မယ်လို့ပြောပါတယ်။ ကျွန်တော်ကတော့ ဖြစ်မယ် မထင်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ရာနဲ့ခှပိတ်ဆို့နေတဲ့ ကားတန်းဟာ ဘိုကလေးကို ဦးတည်ထားပါတယ်။ ကျွန်တော်တို့ ပြန်လိုသည့်တိုင်ဖြစ်နိုင်ဖွယ်မရှိပါဘူး။ တကယ်ပါဘဲ၊ ကုလားချောင်း တံတားအရောက်မှာတော့ တံတားကို ညတွင်းခြင်း မြင်ဆင်ရန် အမိန့်အရဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် နောက်၅ မိန်စ်အတွင်း တံတားကို ပိတ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လဲ မြို့ထဲ ကိုပြန်လည်ထွက်ခွာလာပါတယ်။ ပြတ်ဝင်ရင်း မွတ်စလင်ဘာသာရေး အဖွဲ့တခုက လမ်းပေါ်မှာ အ၀တ် အထည်တွေ ပစ်ချလှူနေတာ တွေ့ပါတယ်။ လူကြီးတယောက်ကတော့ စည်းကမ်းတကျကောက်ယူကြဖို့ဆော်အောနေပါတယ်။ ဒါပေမယ့် လူတွေ အုန်းအုန်း ကျွတ်ကျွတ် ဖြစ်နေတာ ကြောင့် မနဲရှောင်ထွက်လာခဲ့ရပါတယ်။ တံတားတဖက်မှာ ကျန်ခဲ့တဲ့ ကားတန်းပေါ်က သူတွေကတော့ အလိုလျောက်ဒုက္ခသည်စာရင်း ၀င်သွားပါတယ်။ သူတို့ ဒီနေ့ည ဘယ်လိုထမင်းစားကြမလဲ၊ တံတားကလဲ ပိတ်သွားပါပြီ။ တဖက်မှာလဲ ရာချီနေတဲ့ ကားသမားတွေ အလှူရှင်တွေရှိနေပါတယ်။ လတ်တလောမှာ သူတို့ စားရေးသောက်ရေး စီစဉ်ပေးရပါတော့မယ်။ ဒါဟာ စိန်ခေါ်ချက်တရပ် ဖြစ်ပါတယ်။



ဆက်ရန်
နေ့လည်က ဘိုကလေးက ပြန်ရောက်ပါသည်။ ဘိုကလေး မြို့ပေါ်တွင်ပင် ပျက်ဆီး မှုများပြားပါသည်။ အောက် ဘက် တောရွာများမပြောနှင့် မြို့ပေါ်တွင်ပင် ထိရောက်သော ထောက်ပံ့မှုများမရသေးပါ။ အစိုးရနှင့် စေတနာ ရှင်များ ပံ့ပိုးသော ပစ္စည်းများအများအပြား မြို့ပေါ်တွင်ရှိပါလျက် မည်သည့် အကြောင်းကြောင့် ထိုသို့ ဖြစ်နေသည် ကို မသိရပါ။ လမ်းများမှာ ဆိုးရွားစွာ ပျက်နေ၍ သွားလာဆက်သွယ်ရေးမကောင်းပါ။ တံတားများအားအချိန်မှီ ပြင် ဆင်နေသော်လည်း ဘိုကလေးမြို့မှ လေဘေးသင့် ပျက်ဆီးသေကြေမှုများ သောတောရွာများအား အချိန်မှီထော် ပံ့မှုများရောက်ရှိရန် ရေလမ်းမှ တဆင့် ဆက်လက်သွားရောက်ကြရာတွင် သွားလာသယ်ယူစားရိတ် ကုန် ကျမှုများ ပိုမိုလာခြင်း၊ မုတ်သုန်ဝင်ရောက်လာကာ လှိုင်းလေ ကြမ်းတမ်းခြင်း၊ ရောဂါဘယ ထူပြောခြင်း၊ လုံခြုံ ရေး စိတ်မချရခြင်း စတဲ့ အကြောင်းများ ရှိနေပါသည်။ သို့ရာတွင် စွန့်စားသွားရောက်လှူဒါန်းနေသော သူများလဲ ရှိနေပါသည်။ ဆေးဝါး ကုသမှုမျိုးအတွက် လက်တွေ့သွားရောက်ရန်လိုအပ်ပါသည်။ ပြည်တွင်းပြည်ပမှ စေတနာရှင်များအနေနှင့် အချိန် နှင့် အမျှ အရေးကြီးနေသော ယခုအချိန်တွင် လိုအပ်သည်ထပ်ပိုမိုသော အချက်အလက်များ ကို ဗော်လင် တီယာများအား တောင်းခြင်းများ လျော့ချပေးရန်နှင့် ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေသူုများ၏ အသက်အန္ဒရာယ် ကာကွယ်မှုများကိုလဲ ထည့်သွင်းစဉ်းစား ကြပါရန်တိုက်တွန်းလိုပါသည်။

Type the rest of your post here.

ကျွန်တော်တို့ ဘိုကလေးမြို့ ကိုအခက်အခဲတွေကြားကနေသွားရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သွားရောက် လှူဒါန်းတာ မဟုတ်သေးပေမယ့် ပထမအစီအစဉ်အဖြစ် တိကျတဲ့ အချက်အလက်တချို့နဲ့ လမ်းကြောင်းအတွေ့

အကြုံရအောင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလောက်ဂါမောင်နှမ များအနေဲ့ တက်အားသ၍ လက်လှမ်းမှီသလောက်သွားရောက် ကူညီချင်တဲ့ ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့ အားလုံး ကြိုးစား ခဲ့တာ ရက်ပေါင်းအတော်ကြာခဲ့ ပါပြီ။ အကြောင်းကြောင်းများကြောင့် ပြည်တွင်း ပြည်ပက နေစေတနာ ထားလှူဒါန်း နေ ကြတဲ့ အထောက်အကူတွေ မရောက်ရှိခဲ့လဲ ကျွန်တော်တို့ နိုင်တဲ့ ဘက်ကနေ ဆောင်ရွက်ချင်တဲ့ အတွက် အခု လို တခြားသော အလှူရှင်များနဲ့အတူ သွားရောက်ခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့မှာ လူပေါင်း ၃၀ နီးပါး ပါဝင်ခဲ့ ပြီး ကျွန်တော်နဲ့ အတူ ကိုကြီးကျော်၊ ဘာညာ၊ ပေါက်ကရ၊ ဖိုးသူတော်၊ အပုလေး၊ ဇော်လင်းထွန်း၊ ညီညီ စတဲ့ ဘ လောက် ဂါများ ပါဝင်ခဲ့ပါတယ်။ ရန်ကုန်ကနေ ၁၄ ရက်နေ့ မနက်စောစောပိုင်းစထွက်လာခဲ့ပါတယ်။ မိုးကလေး ကလဲတဖွဲဖွဲနဲ့ ဟိုင်းလက်ဆက်ဖ် ရဲ့ နောက်ကနေ လိုက်ပါခဲ့ ပြီး စုစုပေါင်း ကုန်ပစ္စည်းတင်ထားတဲ့ ကား များ အပါအ၀င် ကားပေါင်း ၈ စီးနဲ့ထွက်လာခဲ့ပါတယ်။ စထွက်တယ်ဆိုရင်ဘဲ လှိုင်သာယာ ဘက်က အပျက် အစီးတွေကို စတင်တွေ့ရှိရပါတယ်။ စက်ရုံတွေ အမိုးလန်တာကတော့ ထွေထွေထူထူး ပြောစရာမလိုအောင်ပါ ။

လှိုင်သာယာ တခုထဲမှာတင် ဓါတ်တိုင်တွေ ရာဂဏန်းလောက်လဲနေတာ မြင်ခဲ့ရပါတယ်။ မိုးကလဲ ရွာမလိုလိုနဲ့ ဖွဲဖွဲ လေးကျနေ၊ လေအေးအေးထဲမှာ လိုက်ပါလာရင်း ထန်းတပင် ကိုရောက်လာတဲ့အထိ ဓါတ်တိုင်တွေ ကျိုးပဲ့နေ တာ၊ အိမ်တွေအနဲငယ်ပျက်နေတာက လွဲပြီး ကြီးမားတဲ့အပျက် အစီးတွေ မတွေ့ရသေး ပါဘူး။ လမ်းကလဲ ကောင်း ပါတယ်။ ဒါနဲ့ ပုံမှန်အတိုင်းထွက်ခွာလာခဲ့ရာက ကားလမ်းတလျောက်ကို ကြည့်လိုက်ရင် လမ်းဘေး ၀ဲယာက အရိပ်ရပင်တွေက ရိုးတံခြောက်ခြောက်နဲ့ သစ်ရွက်တွေ တခုမှမရှိလောက်အောင် လေတိုက်ခံထား ရသလို တခြားသော အပင်တချို့ကလဲ ဓါတ်တိုင်တွေနဲ့ အပြိုင် ကျိုးကျနေတာ ကိုတွေ့ရပါတယ်။ လယ်ကွင်းတွေ တော့ ရေတချို့ဝင်နေပြီး စပါးတွေရေစိုနေတာ ကိုထွက်လှန်းနေတဲ့ တောင်သူတွေကို ဘဲ တွေ့ ရပါတယ်။ ညောင်တုန်း ဘက်ကိုသွားတဲ့ တလျောက်မှာလဲ အိမ်တွေ အမိုးလန်တာ ၊ ပျက်တာတွေ တွေ့တာပါဘဲ။ ညောင်တုန်းကကျော် လို့ မအူပင်ဘက်ကိုသွားတဲ့ လမ်းမှာတော့ တကယ့်ကို စိတ်ပျက်စရာ စိတ်မကောင်းစရာ မြင်ကွင်းတွေကိုတွေ့ရပါတယ်။ လမ်းဘေးဘက်တွေမှာ တကယ့် ယာယီတဲလို့ဆိုရမယ့် သုံး လေးပေလောက်ရှိတဲ့ တဲလေးတွေနဲ့ နေကြရတဲ့ လေဘေး ဒုက္ခသည်တွေကိုတွေ့ရပါတယ်။ သူတို့မိသား စုတွေ ရဲ့ကလေးတချိုက တော့ ကျွန်တော်တို့ ကားနောက်တွေကို ကြည့်ရင်း ငေးနေတာတွေ့ပါတယ်။ ကလေးလူကြီးတွေက လဲ စူးစမ်းတဲ့ အကြည့်နဲ့တချက်လောက်ကြည့်ပြီး၊ မထူးပါဘူးဆိုတဲ့ ပုံစံနဲ့ ပြန်လည် ငြိမ်သက်နေတာ တွေ့ပါတယ်။ ကျွန်တော်တို့ တော့ ပါလာတဲ့ မုန့်အချို့ ကို ကလေးတွေထံ ချပေးခဲ့တာ ကလွဲ ပြီး တခြားဘာမှမတတ်နိုင်ခဲ့ ပါဘူး။ အဲလိုနဲ့ ကျွန်တော်တို့ မအူပင်ကိုရောက်လာခဲ့ပြီး ပျက်ဆီးနေတဲ့ အိမ်တွေ ရုံးတွေကြားကနေ ချိနဲ့ရှင်သန်နေတဲ့ သူတွေကို ကျော်ဖြတ်လို့ မြို့လေးကို ကျောခိုင်းခဲ့ပါတယ်။

မအူပင်ကနေ မအူပင်တံတားကိုကျော်ဖို့ သွားတဲ့ ကွင်းပြင်တွေမှာလဲ တဲအိမ်တွေ အသီးသီးထိုးထားတဲ့ ရွာတန်းရှည်လို ပုံစံ လူအုပ်ကြီးက ကြော်ငြာ ကားလို့ ကလေးတွေက ကျွန်တော်တို့ ကိုခေါ်တဲ့ ကားတန်း ပေါ်က နေပစ်ချတဲ့ ပစ္စည်းတွေကို တပျော်တပါးလိုက်ကောက်နေကြပါတယ်။ အိမ်လေးတွေလို့ ပြောရမယ့် ယာ ယီတဲလေးတွေက၀က်တကောင်ကို ထားတဲ့ အနေအထားထက်တောင်ဆိုးတာပါ။ အခင်းအကာ အလုံအခြုံ မရှိလှဘဲ ပေါများလှတဲ့ အုန်းပင် အကျိုးတွေက အုန်းလက်တွေကိုသီပြီး ဖြစ်သလိုနေ ထိုင်နေကြာတွေ့ရ ပါတယ်။ တစစပေါများစွာတွေ့လာရတဲ့ အုန်းပင် တောအုပ်တွေ၊ ကွမ်းသီးပင်တွေဟာ အပိုင်းပိုင်း ကျိုးကျနေတာ လေဘယ်လောက်ပြင်းထန်ခဲ့တယ်ဆို တာကို နေရာအလိုက်ဖော်ပြပေးနေတာနဲ့ အလွန်တူပါတယ်။ ကျွန်တော်တို ကားတန်းတွေဟာ မိုးတွေလေတွေအနည်းငယ်တိုက်ခတ်နေတဲ့ ကြားက ဖြတ်ကျော်နေသလို အဲလို မိုးတွေလေတွေကြားကနေ လမ်းဘေးဝဲယာက ထောင်နဲ့ချီတဲ့ လူတန်းတွေကလဲ မျှော်လင့်ချက်ကိုစီနဲ့ ကား တွေ ကို လိုက်လံ ကြည့်ရှုနေဆဲ ဖြစ်ပါတယ်။ ပါတဲ့ သကြားလုံးတွေ နဲ့ မုန့်အချို့ ကို ကလေးလေတွေ ကိုတွေ့တိုင်း ပစ်ချပေးခဲ့ရင်း ကျွန်တော်တို့ ဘာလာလုပ်တာလဲ ပြန်လည်တွေးမိပါတယ်။ တကယ်တော့သူတို့ တတွေလဲ ဒုက္ခ သည်တွေမဟုတ်ဘူးလား။ မပြောတတ်အောင်ပါဘဲ။ သက်ဆိုင်ရာက တော့လုံလောက်တဲ့ အထောက်အပံ့တွေ ပေး ထားသေးပုံမပေါ်သေးပါဘူး။ မအူပင်တက္ကသိုလ်ကျော်လာရင်း မနက် ၁၀ နာရီလဲ သာသာလောက်ဖြစ်လာပါ ပြီ။ တော်တော်လေး သွားလာလိုက်ရင်း လန်နေတဲ့ အုန်းပင် တွေကိုငေးလိုက်၊ ရေတွေဝင်နေတဲ့ စပါးကြည်တွေ ကို ကြည့်လိုက်၊ အဝေးက မိုးကုတ်စက်ဝိုင်းက မိုးသားတွေကို မျှော်လိုက်နဲ့ စဉ်းစားနေရင်း ကျိုက်လတ်ကို ၀င်နေ ပြီဆိုတာ သတိထားမိတော့ ၁၀နာရီခွဲလောက်ဖြစ်မယ်ထင်ပါတယ်။ ကျိုက်လတ်ကို ၀င်တော့လဲ မအူပင်တုန်းကလောက်မဆိုးပေမယ့် အတူတူလောက်ရှိမယ်ထင်ရတဲ့ အကူအညီ တောင်းခံလိုတဲ့ လူတန်းတွေကို ပြတ်တောင်းပြတ်တောင်းတွေ့နေရဆဲပါဘဲ။ ဘယ်မှာလဲသူတို့မှာ သန့်ရှင်းတဲ့ သောက်ရေ ၊ သန့်ရှင်းတဲ့ အစားအစာ။ ဘယ်လို ဘယ်ပုံနဲ့နွေးနွေးထွေးထွေးနေ ကြသလဲဆိုတာလဲ သံသယ ဖြစ်စရာ မကောင်းအောင်ကို ရှင်းလင်းနေလှပါတယ်။ ကျိုက်လတ်မြို့ထဲ ကိုဖြတ်သန်းတယ်ဆိုရင် တချိန်က စီကား ခဲ့တဲ့ အမှတ်သင်္ကေတဖြစ်တဲ့ ကိုလိုနီလက်ရာ အုတ်တိုက် အဆောက်အဦးတွေ အစီအရီတွေ့ရပြီး ကြားထဲက သစ်သား အိမ်မဲမဲတွေ ကိုအလဲလဲ အပြိုပြိုနဲ့ အပြိုင်အဆိုင်ရှိနေကြပါတယ်။ လေကြမ်းဒဏ်ကို အလူးအလဲ မခံလိုက်ရဘူးလို့ မဆိုရင်တောင် ကျိုက်လတ်လဲ သက်သာလှတယ်မဟုတ်ပါဘူး။ ၈၀ ရာခိုင်နှုန်းလောက် တော့ အိမ်တွေ အမိုးလန်နေတာတွေ့ရပြီး ပြန်လည်ပြုပြင်နေတဲ့ အဆောက်အဦးအချို့ ကိုတွေ့ရပြီး စီးပွားရေး သိပ်မ ကောင်းလှတဲ့ မြို့ကလေးအတွက် ပြန်လည်ထူထောင်ရေးက တော့ သူတို့မြို့ ကလဲနေတဲ့ ဓါတ်တိုင်တွေကို ပြန် ထူ သလိုလွယ်လှမယ်တော့မထင်ပါဘူး။

ကျိုက်လတ်ကနေ ဆက်လက်ရွေ့လျားလာခဲ့ တဲ့ ကျွန်တော်တို့ ယဉ်တန်းဟာ တခြားသော ရာနဲ့ချီ သွားပြန် နေ တဲ့ ကူညီကယ်ဆယ်ရေး စေတနာရှင်ကားတွေ၊ အစိုးရစစ်ဘက် ထောက်ပံ့ရေးကားတွေ၊ ကုလ ကကားတွေ နဲ့ အတူ ရွှံ့တွေ ရေတွေကြားကနေ လာနေကြပါတယ်။ မကြာခင်မှာဘဲ ကျွန်တော်တို့ ခရိုင်ရုံးစိုက်တဲ့ ဖျာပုံရဲ့ အစွန် အဖျားတွေကို လှမ်းမြင်နေရပါတယ်။ လမ်းတလျောက်က မြင်ခဲ့ရတဲ့ အုန်းတောတွေထဲက အရင်းကနေ ကျိုးပဲ့ ကျ နေတဲ့ အုန်းပင်တွေနည်းတူ အပုံလိုက်ပြိုပျက်နေတဲ့ အိမ်တွေ၊မျက်နှာစာ ဘဲကျန်တဲ့ အိမ်တွေ ၊ လမ်းသာ မြင် ရတော့တဲ့ ရပ်ကွက်တွေကို စတင်တွေ့ရှိရပါတယ်။ ၁၀ မိနစ်လောက် မြို့ထဲဝင်လာခဲ့ရင်း မြို့ ကိုရှောင်ပြီး တခါ ထဲ ဘိုကလေး ကိုသွားဖို့ အတွက် ဖျာပုံကအထွက် တံတားလေးတခုနားမှာ နောက်က ကားတွေ ပြတ်ကျန် နေတာ နဲ့စောင့်နေရင်း အနီးအနားမှာ ရှိတဲ့ ကလေးတွေ ၊မိသားစုတွေ ကို ဓမ္မာရုံကနေ ဆန်တချို့ ဝေ နေတာ ကြားမိပါတယ်။ ကျွန်တော်တို့မှာ ကောက်ညှင်းပေါင်း အတုတ် ၂၀၀၀ ပါလာပါတယ်။ စားတာလဲစား၊ လမ်း မှာလဲ ဝေဖို့ပါ။ အဲဒီထဲက ကောက်ညှင်းပေါင်းတွေကို မွတ်သိပ်တဲ့ အကြည့်နဲ့ကြည့်နေတဲ့ ကလေးလေး တွေကို တွေ့ရာက ဝေးပေးဖို့ ကျွန်တော်တို့ရဲ့ အလှူရှင်က ပြောတာနဲ့ ကလေးတွေကို တယောက်တထုတ် ဝေပေးခဲ့ ပါတယ်။ တကယ်ဆို အဲဒီကောက်ညှင်းပေါင်းကို စားရင် တမနက်ဆာတော့ ကောင်းကောင်း ဖူလုံ လောက်ပါတယ်။ ကလေးတွေတယောက်ကိုတထုတ်ပေးနေရာက လူကြီးတွေပါလာပါတယ်။ ၂ခေါက်တောင်း ခိုင်းတာတွေ၊ လက်နှစ်ဘက်လုံးထိုးထည့်တာတွေ၊ အတင်းဝင်လုတဲ့ ပုံစံတွေပေါက်လာတဲ့ အတွက် ကျွန်တော်တို့ ဝေပေးတဲ့ အလုပ်ကို ရပ်နားလိုက်ပါတယ်။ လုံးဝမရဘဲ မျက်လုံးလေး တွေ မှာအရောင်မလက် နိုင်တဲ့ ကလေးတချို့ ကို တွေ့လိုက်ရလဲ ကျွန်တော်တို့ လုံးဝရပ်နားလိုက်ရပါတယ်။ နောက်က ကားတွေလဲ မှီလာ ပါပြီ၊ သွပ်နဲ့ စားစရာတွေ ၊ အိုးတွေ၊ အခင်းအကာတွေတင်လာတဲ့ ကွန်တိန်နာ တစင်းလုံးဝ သွားလို့ မရ အောင် ဖြစ်သွားပါတယ်။ ကလပ်ကဖြစ်တယ်လို့ ယူဆရလဲ ပြင်ဆင်တက်တဲ့သူမပါတဲ့ ကျွန်တော်တို့ အဖွဲ့က အဲဒီကားကိုပြင်ဆင်ဖို့ ကားပြင်တဲ့ သူကိုရှာရန် ဖျာပုံ မြို့ ကိုပတ်ကြည့်တော့မှ အတော်လေး ထိခိုက်ထားတဲ့ ဖျာ ပုံကို နီးနီးကပ်ကပ် လေ့လာခွင့်ရခဲ့ပါတယ်။ ဆေးရုံကြီး ၀င်းထဲက အဆောင်တလုံးဆို လုံးဝ သုံးမရအောင် လဲ ပြိုနေတာဖြစ်ပြီး သံယာဆေးရုံ အမိုးကိုတော့ တာလပတ်တွေ ပြန်လည် ဆင်ထားတာတွေ့ပါတယ်။ ၀င်းအတွင်း မှာလဲ ယူနီဆက် က ကားတစီင်္းရပ်ထားတာတွေ့ပါတယ်။ အဲဒီနားမှာ မြန်မာ့သစ်လုပ်ငန်းက ၁၀ ဘီးကားတွေက သစ်တွေ အပြည့်တင်ဆောင်ထားပြီး အရှေ့မှာ တော့ ဧရာဝတီတိုင်း လေဘေး ကယ်ဆယ်ရေး အထူးတာဝန် ဆို ပြီးရေးထားတဲ့ သစ်ကားပေါင်း ၃၀ ခန့်ရပ်နားထားတာတွေ့လိုက်ရတယ်။ အစားအစာ ၊ ဆေးဝါးနဲ့ အရေးပေါ် နေရေး ထိုင်ရေး အဓိကလိုအပ်နေကာ ကျန်းမာရေးစောင့်ရှောက်မှုကင်းဝေးနေတဲ့ လေဘေးသင့် ပြည်သူတွေ အတွက် အဲဒီသစ်တွေ ကဘယ်လို အကျိုးပြုမယ်ဆိုတာတော့ စီစဉ်သူတွေသိလောက်ပေမယ့် ကျွန်တော် တော့ အခုချိန်ထိလက်လှမ်းမှီသလောက်ပါဘဲ။ နောက်တော့ ဆေးရုံကဆင့် မြို့တွင်းရောက်လာတော့ အိမ်ကောင်းကောင်း တွေတောင်လေ ကြောင့်မှန်တွေ အမိုးတွေ ကွဲကြေပြိုပျက်နေပြီး ဈေးကတော့ အမိုးမဲ့ သွားတဲ့ လေဟာ ပြင်ဈေး ဖြစ်သွားပါတယ်။ ကမ်းနားပိုင်းတွေမှာ ရှိတဲ့ ရေစင်တွေ အဆောက်အအုံတွေ အကြောင်း ကတော့ မပြောချင်လောက်အောင် ပျက်ဆီးပါတယ်။ ထောက်ပံ့ရေး ယဉ်တန်းတွေ အဖြစ် တရား ၀င် သွားရောက်မယ့် စစ်ယဉ်တန်းတွေ တွေ့နေရပြီး ဘိုကလေး ကိုသွားမယ်လို့ပြောတာကြားပါတယ်။ ဆန်တွေ အဓိက ပါဝင်တယ်လို့ ပြောတာ လဲကြားပါတယ်။ ရေတပ်က စစ်ကားတစီးက ဖြတ်သွားရင်း ကျွန်တော်တို့ ကို လက်ပြနှုတ်ဆက်သွား တဲ့ ရဲဘော်တယောက်ကို တွေ့လိုက်ပါတယ်။ ကားပြင်ဆရာ ကိုတွေ့လို့ ကျွန်တော်တို့ ကားတန်းဆီပြန်လာ ခဲ့ကြရင်း ကွမ်းယာတစ်ယာလောက် ၀ယ်စားမယ်လို့ ကြံလိုက်ရင်း ရန်ကုန်မှာ ကြားခဲ့ ရတဲ့ ကာလ၀မ်းရောဂါ ဆိုတာကြီးကိုသွားသတိရတိုင်း ဘာတခုမှာ စားချင်စိတ်မရှိခဲ့ပါဘူး။ ကားကတော့ ဘယ်လိုမှ နာရီပိုင်းအတွင်း ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အတွက် အဲဒီကားကိုထားခဲ့မှ ဖြစ်တော့မှာပါ။ ရန်ကုန်ကို ပစ္စည်း လှမ်းမှာ၊ ပစ္စည်းရောက်ရင် ပြင်နဲ့တရက်တော့ကြာမှာ ဖြစ်တဲ့ အတွက် ကားနောက်က ကွန်တိန်နာကို သော့ ခတ် ဖို့ အလှူရှင်က စီစဉ်ခဲ့ ပြီး ကျွန်တော်တို့ ဆက်ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ကားတန်းမှာ ပါလာတဲ့ အကူအညီ ပေးရေး ပစ္စည်းတန်ဖိုးက ကာလပေါက်ဈေး သိန်း ၄၀၀ ၀န်းကျင်မက ပါရှိလာတဲ့ အတွက် အလှူ ရှင်တွေက လဲ သူတို့ပစ္စည်းတွေ ကိုသူတို့ လှူလိုသူတွေလက်ထဲ ကိုရောက်အောင်ပေးချင်နေပါတယ်။

မိုးကလဲ ပြန်ရွာလာပါတယ်။ မိုးရေထဲကနေ ပြီး ဖျာပုံကထွက်လာပါတယ်။ ချောင်းလေးတခုကိုဖြတ်သန်း ပြီး တဲ့ နောက် ကိုးအိမ်တန်း တံတားရောက်တဲ့ အထိကားတွေပိတ် ၊ လမ်းကဆိုးနဲ့ ခရီက မတွင်သလို ၊ လမ်း တလျောက်မှာလဲ ၀က်တွေထားတဲ့ တဲလောက်သာ ဆောက်လုပ်နိုင်တဲ့ လေဘေးသင့် ပြည်သူတွေကို မြင်ရေ ရပြီး ကျွန်တော်တို့ ကို တပြုံး ပြုံးနဲ့လက်ပြနှုတ်ဆက်နေတာ ကိုမြင်ရပါတယ်။ မြန်မာလူမျိုး ပီပီ ဒီလောက် ခက် ခဲနေတဲ့ ကြားက အပြုံးတပွင့် ကို လွယ်ကူစွာချွေပြနိုင်တာ အရမ်းကြည်နူးမိပါတယ်။ လမ်းက ဆိုးသထက် ဆိုးလာ ပါတယ်။ ကားတွေလဲ ပိတ်သထပ်ပိတ်နေပါတယ်။ လမ်းက လလေးလေးတယောက်ကို စားလက်စ ထမင်း ( ချဉ်ပေါင်ကြော်နဲ့ ၊ ဘဲဥတဖဲ့ ) သာပါတဲ့ ကိုယ်တာထဲက နေ လမ်းပေးလိုက်ပါတယ်။ ကားက ခုန်သွား တော့ ဇွန်းနဲ့ ဘဲဥက အောက်က ဘွက်ထဲ ကျသွားတာတွေ့လိုက်ပါတယ်။ ဒါပေမယ့် ကလေးငယ်က ဇွန်းကိုလဲ ကောက်၊ လဲဥကိုလဲ ထမင်းဘူးထဲ ပြန်ထည့်လို့ စားလိုက်တာ ကိုယ်တိုင်မြင်လိုက်ရတော့ စိတ်ထဲ မှာတကယ့် ကို မကောင်းဖြစ်သွားရပါတယ်။ မြို့ပြထဲမှာလဲ လှည့်ပျော် နေပြီး ငါတို့ တိုင်းပြည် တော်တော်လေး ခေတ်မှီ သွားနေ ပြီ အောက်မေ့နေတာ လူတန်းစား တွေဒီလောက် ကွာခြားနေပြီး ငါတို့လူမျိုး တွေ အများကြီး ဆင်းရဲနေတာ ကို မသိကျိုးကျွံ ပြုမိနေတဲ့ ကျွန်တော်တို့ရဲ့မိုက်မဲ မှုတွေ ဘယ်လိုမှ ဆပ်လို့မကုန်တဲ့ အကြွေးတခုအဖြစ် သမိုင်းမှာ တင်နေခဲ့မိပြီဆိုတာ သတိထားမိတော့တယ်။

ဆက်ရန် - - - -


Type the rest of your post here.
မနက်ဖန် ကျရင် ကျွန်တော်တို့ ဘိုကလေး သို့သွားရောက်ပြီး သတင်းအ ချက်အလက်များ ဆုစောင်း ပါမယ်။
ဒီကနေ့ တော့ တွံတေးမြို့ကိုရောက်ခဲ့ ပါတယ်။ အသွားကတည်းက လမ်းမှာတောက်လျှောက်အပျက် အစီး တွေ တွေ့ခဲ့ရပါတယ်။ လှိုင်သာယာ ကယ်ဆယ်ရေးစခန်းကတော့တရုတ်က လာတဲ့ယာယီတဲ အပြာတွေနဲ့ ရှိနေပါတယ်။ အထဲတော့ဝင်မကြည့်ခဲ့ဖြစ်ပါဘူး။ လမ်းတလျောက်က ရွာတွေ ပျက်တာတွေ တွေ့ရပေမယ့်
အသေအပျောက်မရှိကြပါဘူး။ ဒါပေမယ့်စားရေးသောက်ရေး ခက်ခဲနေတဲ့ပုံဖြစ်နေပါတယ်။ တောက်လျောက် မှာ ကလေးတွေ လူကြီးတွေရွာတွေထဲက ထွက်လာပြီးကားတွေကို အကူအညီတောင်းကြပါတယ်။ တောင်းတယ် ဆိုသော်လည်း ကားလမ်းဘေးမှာရပ်နေကြပြီး ဆာလောင်မွတ်သိပ်တဲ့ အကြည့်တွေနဲ့ မျှော်လင့်နေတဲ့အရိပ်အရောင်သာပြသကြပါတယ်။ကော့မှုးနဲ့ဘိုကလေးကိုသွားကြတဲ့ကယ်ဆယ်အကူအညီပေး ရေး ကားတန်းတွေက နေပစ်ချ လှူဒါန်းတဲ့ အစားအစာ အချို့ကိုသာသူတို့လက်ခံရရှိပါတယ်။ အခြားသော အရာတွေ သိပ်မရကြပါဘူး။ ဒလနဲ့ကော့မှုးသွားတဲ့ ကားတန်းတွေမှာ တော့ဆန်တွေပါကြပါတယ်။ တကယ်တော့ ဒီကသူတွေလဲ ဒုက္ခသည်တွေပါဘဲ။ တွံတေး အရောက်မြို့ အ၀င်မှာ ရွှေဘုံသာ ကျေးရွာ
ကယ်ဆယ်ရေးစခန်းကိုတွေ့ပါတယ်။ ယာယီတဲတွေနဲ့ပါဘဲ။လမ်းတလျှောက်အိမ်တွေအ တော်ပျက်ဆီး နေတာ တွေ့ပေမယ့် လူတွေကဆက်လက်နေထိုင်နေပါတယ်။ ရွှေဆံတော်ဘုရားနားအ ရောက်မှာလဲ ရွှေဆံတော် ရပ်
ကွက်ကယ်ဆယ်ရေးစခန်းကို ယာယီတဲ ၂၁ လုံးနဲ့ တန်းစီဆောက်ထားပါတယ်။အောက်ခင်း တွေတော့မရှိပါဘူး။ ချက်ပြုတ်စားနေတာ တွေ့ပါတယ်။ ဘုရားပေါ်မှာလဲအပျက်အဆီးများပါတယ်။ ဒေသခံတွေပြောဆိုချက်အရ မြို့ပေါ်ရပ်ကွက်တွေကအကူအညီတွေရနေပေမယ့် တန်းရားလေးကျေးရွာနဲ့ ရန်ကင်း ကျေးရွာတွေ မှာ
ရွာလုံးကျွတ်နီးပါး ပျက်ဆီးနေတာတွေ ရှိပေမယ့်ဘာအကူအညီမှမရောက်ရှိသေးကြောင်းသိရပါတယ်။ သက်ဆိုင်ရာက တော့ရောက်လာသူတွေကိုအထောက်အပံ့တွေပေးနေပေမယ့် သူတို့ဘက်ကလာရောက်မှု မရှိ
နိုင်တာကြောင့်လို့ပြောပါတယ်။ အခုလိုဖြစ်စဉ်များအတွက် လိုအပ်တာတွေကူညီပေးနိုင်အောင် အချက်အလက် များစုဆောင်းဖို့နဲ့ လတ်တလောကျန်းမာရေးစောင့်ရှောက်မှုများ ၊ ရေသန့်ရရှိရေးတွေ အတွက် ဘိုကလေး ကို သွားရောက်ကျမှာဖြစ်ပါတယ်။ သီတဂူဆရာတော် အဖွဲ့နဲ့လိုက်ပါ သွားကြမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ အဖွဲ့ ကဘယ်ကမှာ ထိရောက်တဲ့ ပံ့ပိုးကူညီမှုများမရရှိလဲတတ်နိုင်သလောက် အကူအညီများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လတ်တလော ရန်ကုန်မှာရှိတဲ့ MBS ကဘလောက်ဂါများအဖြစ် ဆောင်ရွက်နေတာ
ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ ဘာညာ၊ ဘလာဂေါက်၊ ကိုကြီးကျော်၊ ပေါက်ကရ၈၀၊ ဖိုးသူတော် တို့ ကနေ ဆောင် ရွက်နေတာဖြစ်ပါတယ်။
အတူတကွပစ္စည်းချ


အနီးကပ်
အခြားလေယဉ်များဖြင့်
ဆင်းသက်လာစဉ်
ပစ္စည်းများချရန်ပြင်ဆင်
ရကုန်ကို အမေရိကန် အစိုးရကနေ လူသားခြင်းစာနာမှုအရ ကူညီတဲ့ အထောက်အပံ့အဖြစ် ပထမဆုံး ရောက်ရှိ လာတဲ့ C-130 အမျိုးအစားလေယဉ်တစီးဟာ ပစိဖိတ်ပိုင်းဆိုင်ရာ အမေရိကန် ဗိုလ်ချူပ်ကြီးတဦး ၊ အမေရိကန် နိုင်ငံရှိ နိုင်ငံတကာအထောက်အပံ့များ ပေးအပ်ရေးမှ အကြီးအကဲ အမျိုးသမီးကြီးတဦးနှင့်အတူ ထောက်ပံ့ရေး ပစ္စည်းများတင်ဆောင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မေလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီမှာ ရောက် ရှိလာခဲ့ပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတွေက လက်ခံရရှိခဲ့ပါတယ်။ နောက်ရက်မှာတော့ အမေရိကန်လေတပ်မှ ထောက်ပံ့ရေး လေယဉ် ၂စီး ဆက်လက်ရောက်ရှိမယ်ဆိုကြောင်းလဲသိရပါတယ်။ အခုလို ထောက်ပံ့ရေး ပစ္စည်းများ ကို မြန်မာနိုင်ငံမှလက်ခံဖို့အတွက် ရက်အတော်ကြာစောင့်ဆိုင်းနေခဲ့ရကြောင်းနှင့် ခွင့်ပြုပါက ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် အမေရိကန်ရေတပ်မှ စစ်သင်္ဘော သုံစီးပါ ၀င်ရောက် နိုင်ဖို့ စောင့်မြန်မာ့ ရေပိုင်နက်အနီးမှာစောင့်ဆိုင်းနေကြောင်း သိရပါတယ်။

ပုံများကို ဖိုးသူတော်နှင့် ကိုရန်တို့ထံမှရယူပါတယ်။

Type the rest of your post here.
C-130 လေယဉ်နှင့် သံရုံးတာဝန်ရှိသူတွေ
ပိုက်လော့တွေနဲ့အုပ်မှုး
အင်ဒိုသံရုံးကနေ ဆိုင်းဘုတ်ကိုင်
ရင်းနှီးစွာဆွေးနွေး
ဘန်ကောက်လေယဉ်ပေါ်က ပစ္စည်းချနေစဉ်

Shelter Box ကလေးယောက်


ရှင်းလင်းပြသနေတာပါ


ဒီလိုသေခြာလုပ်ရတယ်
အတွင်းကပစ္စည်းတချို့
ကျွန်တော်လဲဝိုင်းကူပါတယ်
ဘန်ကောက်အဲယားလိုင်းက နေပစ္စည်းတွေချနေတုန်း ကျွန်တော်သတိထားမိတာ မြန်မာ စစ်ဘက်ရဟတ်ယဉ်တွေ က ၁၅ မိနစ်ကို တစီးကျလောက် တက်ဆင်းပြီး ကယ်ဆယ်ရေး ပစ္စည်းတွေသယ်နေတာတော့ တွေ့ပါတယ်။ ဘန် ကောက်လေယဉ်ကို ဓါတ်ပုံရိုက်ချင်တကြလို့ ကွင်းထဲဆင်းတော့ လုံခြုံရေး ကတ်ပါမှ ၀င်ပါဆိုပြီးပြောပါတယ်။ ဒါနဲ့ ကင်မရာပါလာသူတွေက အဝေးက ရိုက်ကြပါတယ်။ သိပ်မကြာလိုက်ပါဘူး အင်ဒိုလေယဉ်တွေ တနာရီ ငါးမိနစ်လောက်မှာ ဆင်းလာကြပါတယ်။ ကျွန်တော်တို့ လဲ လက်မှတ် သွားထုတ်ရော လေ ဆိပ်လုံခြုံရေး တွေက မပေးပါဘူး၊ သူတို့ ကပြောပါတယ် ဂျာနယ်လစ်တွေ မ၀င်ရဘူးတဲ့၊ ပြောပြီး နိုင်ငံခြား သတင်းထောက်တွေဖြစ်တဲ့ ဦး လှမောင်ရွှေတို့၊ ဒေါက်တာဇော်သန်းတို့ ကျတော့ ပေးပြီး ကျွန်တော်တို့ ကို ပေးမ၀င်ပါဘူး၊ တကယ်တော့ ကျွန်တော် က ဂျာနယ် လစ်မဟုတ်ပါဘူး၊ သံရုံးနဲ့လိုက်လာသူပါ၊ ကျွန်တော် အပါအ၀င် ရန်ကုန်တိုင်း ၊ ပြည်မြန်မာ၊ ၀ီးကလီးအီလဲဗင်း၊ မြန်မာတိုင်း တို့ ကဓါတ်ပုံသတင်းသမားတွေ ကျန်ခဲ့ ပါတယ်။ သံမှုးကိုယ်တိုင်ပြော တာတောင်ပေးမ၀င်ပါဘူး၊ တကယ်ဆို ဒီသတင်း ဟာမြန်မာ ပြည်သူတွေ သိရင် အင်မတန် ၀မ်းသာမယ့် သတင်း ဖြစ်လျက်နဲ့ ဘာကြောင့် ပေးမ၀င်တာ လဲ စဉ်းစားမရအောင်ဖြစ်ရပါတယ်။ ဒါနဲ့ ဒေါက်တာဇော်သန်းနဲ့ သံရုံးက ဦးဇော်မင်းသိန်း တို့ ကကင်မရာတွေ ယူသွားပေးပြီး လိုချင်တာလေးတွေ ရိုက်လာပေးခဲ့ ပါတယ်။ ထူးတော့မထူးပါဘူး ရုပ်ရှင်ထဲမှာ ဘဲ တွေ့ဘူးတဲ့ C-130 လေယဉ်ပေါ်တက်ကြည့် ချင်တာ လေးနဲ့ နေပူတာနဲ့တွက်တော့လဲ သိပ်မဟုတ်လှပါဘူး၊ နောက်တော့ အားလုံး ပြန်လာကြပြီး လေဆိပ် အထူးဧည့်သည်များ အ၀င်အထွက်လုပ်ရာ ခန်းမ အပေါ်မှာ အကူအညီပစ္စည်းများ လွှဲပြောင်းပွဲ ကိုပြုလုပ်ကြပါ တယ်။ အင်ဒိုနီးရှား အစိုးရအနေနဲ့ မြန်မာနိုင်ငံ ကိုလူသားချင်းစာနာထောက်ထားသော အကူအညီပေး ခြင်းဖြစ် ပြီး အခုလို ဖြစ်ရပ်အတွက်စိတ်မကောင်း ကြောင်းနဲ့ အမြန်ဆုံး ထိရောက်စွာ အကူ အညီများပေးပို့ နိုင်ဖို့ မျှော် လင့်တဲ့ အကြောင်း သံရုံးတာဝန်ရှိသူတွေနဲ့ ပစ္စည်းများ ကို လာရောက်ပို့ဆောင်တဲ့ ဒုဝန်ကြီး အဆင့်ရှိ အင်ဒို နီးရှား တာဝန်ရှိသူတွေကပြောကြပါတယ်။ ကျွန်တော်တို့ကတော့ လေယဉ် ၂စီး ကို ဦးဆောင်လာတဲ့ အင်ဒို ဗိုလ် မှုးနဲ့ စကားပြောတာကိုထိုင်ကြည့်နေပါတယ်။ ပိုက်လော့က တော့ ၄ယောက် ဖြစ်ပြီး လေတပ်နံပါတ် ၃၁ နဲ့ ၃၂ ကနေလာရောက်ပို့ဆောင်တာ ဖြစ်ကြောင်းပြောပြပါတယ်။ နောက်ပြီး အဲဒီ ဗိုလ်မှုး က မြန်မာလို မင်္ဂလာပါတို့ ကျေးဇူးတင်ပါတယ်တို့ ကိုသင်ရင်းရယ်မောကြပါတယ်။ စကားပြောပြီးနောက် လွှဲပြောင်းတဲ့ အခန်းအနားလုပ်တော့ မြန်မာဘက်က တာဝန်ရှိသူ တွေက လက်ခံကြပါတယ်။ အားလုံး ပြီးစီးသွား တဲ့ အခါမှာ တော့ ကျွန်တော်တို့နဲ့အတူ အင်ဒို သံရုံးအဖွဲ့တွေရော ပိုက်လော့တွေ ၊ သူတို့နဲ့ပါလာတဲ့ အင်းဒိုလေတပ်က စစ်သား ၂၃ ယောက် တို့ကိုနေ့လည်စာ သွားစားဖို့စီစဉ်ကြပါတယ်။ ခက်တာက ၁နာရီနီးပါးလောက်သာ ကြာသွားတယ် မွတ်ဆလင်ဘာသာဝင်တွေ ဖြစ်တဲ့ အင်ဒိုတွေဟာ စားရမယ့်နေရာ ရွေးရခက်ရတဲ့ ကြားထဲ ဆိုင်တွေ ပိတ်တာနဲ့ နောက်ဆုံး သူတို့ ဘာမှ မစားရလဲ ရွှေတိဂုံ ဘုရားဖူးပြီး ပြန်ကြပါတယ်။ မပြန်ခင် ရန်ကုန်က အင်ဒိုသံရုံးရှေ့မှာ ပုံစံအမျိုးမျိုးနဲ့ အမှတ်တရ ဓါတ်ပုံတွေရိုက်ကြပါတယ်။ အင်းလေ သူတို့လဲ နိုင်ငံ ခြား ရောက်တုံး အမှတ်တရ ရိုက်ချင်မှာပေါ့။
သူတို့ သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေမှာ အစားအသောက် ဆေးဝါးနဲ့ စောင်တွေပါဝင်လာ ပြီး ပထမ အစီးမှာ ၁၂ တန်၊ နောက်တစီးမှာ ၁၀ တန် အားလုံးပေါင်း ၂၂ တန်ပါရှိပြီး အမေရိကန်ဒေါ်လာ ၂ သန်း ခန့် တန်တယ်လို့ သိရပါတယ်။ ပစ္စည်းတွေကို လေယဉ်ပေါ်ကနေ စစ်ကားတွေပေါ်တိုက်ရိုက် တန်းတင်ပြီး အခက် အခဲဖြစ်နေတဲ့ နေရာတွေကို ချက်ခြင်း ပို့ ဆောင်သွားမယ်လို့သိရပါတယ်။ ကျွန်တော်တို့ ကတော့ မြေနီကုန်းက ဒေါ်စောရီမှာ ထမင်းစားရင်း ပြန်ခဲ့ပါတယ်။ ဘယ်လိုဖြစ်ဖြစ် တဖွဲဖွဲ ရောက်ရှိလာတဲ့ ကယ်ဆယ် ရေး ပစ္စည်းတွေကို အချိန်မှီ သွားရောက်ပြီး ထိထိရောက်ရောက် ပေးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့မယ်ဆို အခြေ အနေတွေ တော်တော်တိုးတက်လာနိုင်မယလို့မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အချို့ နေရာတွေက အတော်လေး အလှမ်းဝေးနေပြီး ၀မ်းရောဂါများ စတင်ဖြစ်ပွားနေပြီလို့လဲ ကြားရပါတယ်။ အစိုးရသတင်းစာများ ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိပြီး ပျောက်ဆုံးသူ ၄၀၀၀၀ ကျော်နေတဲ့ နာဂစ် မုန်တိုင်း ဒဏ် ကို လက်တွေ့ ခါးစီးခံနေရသူုတွေ အမြန်ဆုံး အဆင်ပြေဖို့ ထိရောက်တဲ့ စွမ်းဆောင်မှုတွေလိုနေပါတယ်။ အဓိက ကတော့သောက်သုံးရေ ဖြစ်ပါတယ်။ ကျွန်တော်တို့အပြန်မှာ ကမ်ဘောဒီးယား မှလေယဉ်တွေ ဆက်လက် လာဦးမယ်လို့သိရသလို မနက်ကတော့ အီတလီက လာရောက်လှူဒါန်းကြောင်းလဲ သိရပါတယ်။ ညဘက်ကိုလဲ ဖလိုက်ပလန်တင် ထားတဲ့ ၃ခုရှိနေသေးတဲ့ အကြောင်းလေဆိပ်က တာဝန်ရှိသူတဦးက ပြောပါတယ်။ နောက်ဆုံး ၀မ်းသာစရာသတင်းကတော့ အားလုံး အဆင်သင့်ဖြစ်နေတဲ့ အမေရိကန် အစိုးရရဲ့ ကယ်ဆယ်ရေး လေယဉ်ဟာတနင်္ဂလာနေ့မှာ လာရောက်နိုင်ဖို့ အစိုးရမှ ခွင့်ပြုလိုက်တဲ့ အကြောင်းဖြစ်ပါတယ်။

Type the rest of your post here.