အာရုံနောက်ကလိပ်ပြာ

ကြေကွဲတာဘဲ
နေ့ရယ် ညရယ်
မလိုပါဘူးတဲ့
ခံစားချက်ကပြောတယ်။

အမြဲတမ်း ဒူးထောက်ပေးနေရလို့
မတ်တပ်ရပ်ဖို့တောင်
မေ့နေတယ်လို့
နှလုံးသားက ပြောတယ်။

မပြီးသေးဘူးလား
မဆုံးသေးဘူးလားနဲ့
ခဏခဏ မေးမှာဘဲလို့
ဒုက္ခကပြောတယ်။

သူတို့ ကိုဘယ်အချိန်
ဝင်ခွင့်ပေးမလဲလို့
ချမ်းအေးနေတဲ့
သာယာမှုတွေက မေးတယ်။ (မေးတွေဆတ်ဆတ်တုန်လို့ )

ဘ၀ ကတော့ပြောပါတယ်
တယောက်တပေါက်နဲ့
စိတ်ညစ်လိုက်တာတဲ့
ဘာဘဲပြောပြော ဘာဘဲ မေးမေး
ငါကတော့ အေးဆေးဘဲ နေလိုက်တာဘဲ
တခွန်းမှကိုပြန်မပြော ဘူး
တွေဝေမှုတွေနဲ့ ဆွံအနေလို့။




2 comments:

စိုးထက် - Soe Htet ! said...

:) CHELSEA 3 - 2 LIVERPOOL ! :P :D
CHEERS !

ပေါက်ကရ said...

ကြိုက်တယ်ဗျာ ။ ခိုက်တယ် ။ လန်းတယ် ။ ကူးပြီ ။ ဆားချက်လိုက်ပြီဗျို. ။