မထူးဆန်းတဲ့ လူတယောက်အကြောင်း


ဒီနေ့ အင်္ဂါနေ့ ၈ ရက် လေးလပိုင်း လို့ ခေါ်တဲ့ ဧပြီလ၊ မြန်မာ လိုတန်ခူးလပေါ့။ ရာသီခွင်အရ အနောက်တိုင်းက အေးရီးစ်၊ မြန်မာအလို မိဿ ရာသီ။ မီးဓါတ်ကို ကိုယ်စားပြုကာ လူတွေမှာဆို ဦးခေါင်းကို ကိုယ်စားပြုတယ်။ အရှေ့တိုင်းရော အနောက် တိုင်းရော အလိုအရ ထိုရာသီကို အင်္ဂါဂြိုလ် မားစ် ကပိုင်ဆိုင်ပါတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း နောက်ပြန်ရေတွက်ကြည့်ရင် ၂၈ နှစ် တိတိတုန်းက ကျွန်တော့် ကိုကျွန်တော့် အမေက လူ့ လောက ထဲ ရောက်အောင်ပို့ ဆောင်ပေးခဲ့တာ ဒီနေ့ပါဘဲ။ အမေက ကျွန်တော့်ကို ရန်ကုန်မြို့ ပုဇွန်တောင်က ၅၂ လမ်း ဆေး ရုံ မှာ မွေးခဲ့လို့ ပုဇွန်တောင်သားစစ်စစ် ဆိုရင်မမှားပါဘူး၊ အမေကပြောတယ် ကျွန်တော့်ကိုမွေးတဲ့ အချိန်တုံး က အမှတ်တရ တွေပေါ့။ ကျွန်တော်က အဖေ အမေတို့ ရဲ့ ဒုတိယမြောက် သားပေါ့။ ညီအကို သုံးယောက် ထဲက အလတ်ပေါ့လေ။ အကို ရော ညီပါ ဂျင်မခန်နာ လို့ ခေါ်တဲ့ အမျိုးသမီးဆေးရုံကြီးမှာ စမတ်ကျကျ မွေးခဲ့ကြပေမယ့် ကျွန်တော့် ကို မွေးတဲ့ အချိန်မှာ အဖေနဲ့ အမေက ပိုက်ဆံ အဆင်မပြေလို့ နီးစပ်ရာ ၅၂ လမ်းမှာ အဆင်ပြေ သလိုမွေးဖွားခဲ့ပါတယ်။ အမေ့ရဲက ပထမ ဆုံး သောကျွန်တော့ အတွက် ပေးဆပ်မှုတခုပေါ့။ အမေက ကျွန်တော့ ကို ကိုယ်ဝန်ရှိနေတုန်း လွန်ခဲ့တဲ့ ၂၈ နှစ်က ဒီလို နေ့မျိုး မှာ မနက် ၁၀ နာရီလောက် ဗိုက်နာလာခဲ့တယ်တဲ့။ သဘာဝ ကိုမလွန်ဆန်နိုင်တဲ့ အလျောက် မွေးဖွားဖို့ စီစဉ်တဲ့ အခါအ ဖေ ကပြည်သူ့ ဆိုင်လို့ ခေါ်တဲ့ သမ၀ါယမ ဆိုင်မှာ အလုပ်ဆင်းနေချိန်ပေါ့။ အမေက သူတစ်ယောက်ထည့်း ဆိုက်ကား ငှားလို့ ဘာပစ္စည်း ပစ္စရ မှမပါဘဲ ဆေးရုံကို သွားခဲ့ပါတယ်။ နံနက် ၁၁ - ၄၅ မှာတော့ ကျွန်တော့ကို လူ့ လောကထဲ အောင်မြင်ချောမောစွာ ရောက်ရှိအောင်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီ အချိန် အထိ အဖေ ရောက်မလာသေးဘူးတဲ့။ အမေ့ ကို ဆေးရုံက ထမင်းကျွေးတော့ ပိုက်ဆံ ပေးရမယ်ထင်တာနဲ့ အမေက မစားခဲ့ဘူး။ အမှန်က အလကားကျွေးတာပါ။ အဖေ ရောက်လာချိန်ကိုမျှော်လို့ ညနေ၅ နာရီအထိ ပင်ပန်း စွာနဲ့ ရေတခွက်တောင်မသောက်ဘဲမွေးစခလေး ကို ပိုက်ရင်း အမေငိုခဲ့ရတယ်လို့ ပြောပါတယ်။ အဖေက အကို့ ကိုလက်စွဲပြီးရောက်လာ ချိန် ညနေမှသာ အမေက ထမင်းစစား ခဲ့ ရပါတယ်။ အဖေနဲ့ အမေက ကျွန်တော့ကို အရမ်း ချစ်ကြပါတယ်။ အခုထိပါဘဲ။ အကို့ ကိုမွေးချိန်က ရကာစ လင်မယား မို့ ဘာမှ မစုံလင်ခဲ့ပေမယ့် တဦးလေးမို့ အကို့ ကို တတ်နိုင်တဲ့ အဖွားတွေက ပံ့ပိုး မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်အလှည့် ရောက်ချိန်မှာတော့ ယောက္ခမနဲ့ အစေးမကပ်တဲ့ အဖေ့ကို မကြည်တာနဲ့ ပင်ပန်းစွာ ကျွန်တော့ ကိုမွေးဖွားခဲ့ပါတယ်။ ကျွန်တော့် ကိုမွေးပြီး တလ အကြာတည်းကနေ နောက်ထပ် နှစ်ပေါင်း များစွာ ၁၈ နှစ်လောက် အထိပေါ့လေ။ ကျွန်တော့် မိဘတွေက စီးပွားတွေ တောက်လျောက်တက်လာခဲ့ပါတယ်။ ဒါကြောင့်လဲ ကျွန်တော့် ကိုချစ် ကြတာထင်ပါတယ်။ ထားပါလေ။ လောကဆိုတာ တက်လိုက် ကျလိုက်ပါဘဲ ။ လှိုင်း စီးရသလိုပေါ့။ ထင်းတုန်း မြင့် တုန် မြတ်မြင့်တုန်ပေါ့။ အမှန်က တော့ အရာအားလုံး ဘာမှ တည်မြဲတာမှမဟုတ်တာ။ ကြားဖောက်လေး ဖောက်သည် နဲနဲ လောက်ချ ကြည့်လိုက်ဦးမယ်။ ကျွန်တော့် ငယ်ငယ်က ကြိုက်တဲ့ ကောင်မလေး တယောက် ရှိတယ်. အခုတော့ အမေရိကား ကိုမိသားစုလိုက် ပြောင်းသွားကြပါပြီ။ သူ့ ကိုလဲ ကျွန်တော့်လိုဘဲ သူ့အမေက မပြေလည်တော့ ၅၂ လမ်း မှာ မွေးခဲ့တာပေါ့။ သူနဲ့ ကျွန်တော်က ၃ ရက်ဘဲ ကွာတယ်လေ။ တိုက်တိုက် ဆိုင်ဆိုင် ပေါ့။ ဆေးရုံ မွေးဖွား စားရိတ်က နှစ်ယောက်လုံး တယောက်ကို ၃၅ ကျပ်စီဘဲကျခဲ့ပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အခက်အခဲတွေကြားထဲက နေပထမဆုံး ရင်ဆိုင်လို့ ကျွန်တော့်ကို မွေးဖွား ပေးခဲ့တဲ့ အမေ့ကို အရမ်း ကျေးဇူးတင်ပါတယ်။ အခု ချိန်ထိ ကျွန်တော့်ကို စိတ်ကြိုက်ချက်ကျွေးတတ်တဲ့ အမေ၊ စကားပြောတာ ဗြောင်ကျပေ မယ့် ရိုးသားစွာ ကျွန်တော့် ကိုပြုစု လုပ်ကိုင်ကျွေးမွေးခဲ့တဲ့ အမေ။ ငယ်စဉ်ကတည်း ကသူကိုယ်တိုင် စာပြပြီး ပထမ ဆုတွေ ရ အောင်ပျိုးထောင်ပေးခဲ့တဲ့ အမေ၊ ထာဝရ အားဖြင့် ကျွန်တော့်ကို အားပေးနေတဲ့ အမေဖြစ်ပါတယ်။ ကျွန်တော့် စိတ်တွေ ခိုင်မြဲနေအောင်။ စည်းကမ်းရှိအောင်၊ ပညာကို လေ့လာ လိုက်စားလိုစိတ်ရှိအောင်၊ အမြဲမပြတ် တွန်းအားပေးတဲ့ အဖေ။ လူမှုဆက်ဆံရေး ပြေပစ်အောင်၊ စီးပွား ရှာတတ်အောင် စိတ်ဓါတ် ခွန်အားတွေ ပေးခဲ့တဲ့၊ တသက်လုံး လိုအပ်တာ မှန်သမျှ မညည်းမညူ ဖန်တီးပေးတတ်တဲ့ အဖေ။ ကျွန်တော့ အဖေဖြစ်ပါတယ်။

ဒီန့မနက်မှာတော့ ဘုရား အမှုးပြုပြီး အမေ့ကို လက်ဘလာ ဘာပစ္စည်းမှမပါဘဲ ကန်တော့ခဲ့ပါတယ်။ အဲဒါကိုကျေကျေ နပ်နပ်နဲ့ ပီတိ အပြုံးတွေနဲ့ အမေ ဆုတွေပေးခဲ့ပါတယ်။ အမေပေးတဲ့ ဆုတွေ တခုမှမပြည့်လဲ ကျွန်တော်မလိုချင်ပါဘူး အမေ။ ဒါပေမယ့် အဖေနဲ့ အမေ့ကို စုံစုံလင်လင်နဲ့ ပျော်ပျော် ရွှင်ရွှင် မကန်တော့ ခဲ့ရတာ အခုဆို ဆယ်နှစ်ရှိနေပြီနော်။

အဖေရန်ကုန်ရောက်နေပေမယ့် အလုပ်ကိစ္စတွေကြောင့် ကျွန်တော် မစောင့် နိုင်ခဲ့ဘူးလေ။ အဖေကလဲ ဒီနေ့ ပြန်တော့မယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော် တတ်နိုင်တဲ့ လက်တစုံနဲ့ အဖေ့ကိုရောအမေ့ ကိုပါ မပြည့်စုံနိုင်ရင်တောင် ရသလောက် ပံ့ပိုးပေးခဲ့ရတာ ၀မ်းသာမိပါတယ်။ အမေပေးတဲ့ ဆုတွေမပြည့်ခဲ့လဲ နောက်ဘ၀တွေမှာတော့ မိစုံဖစုံ နဲ့ ပျော်ပျော် ရွှင်ရွှင်လေး နေသွားချင်ပါတယ်။ အခုတောင် ကျွန်တော်ချစ်တဲ့ ကျွန်တော့် သမီးလေး ကိုတွေ့ချင်နေ ပါသေးတယ်။ မဖြစ်နိုင်တဲ့ အကြောင်းတစုံတရာတွေကြောင့် ဘ၀ ကိုအဆင်ပြေသလို ဖြတ်သန်း လာကြ တဲ့ အခါ ငွေကြေး တခုဟာ စိတ်ထဲမှာ နာကျင်နေတာတွေကိုကုစားပေးလို့ မရနိုင်မှန်း သိနေတော့ ကျွန်တော့် မွေးနေ့ ကို အောင်မြင်စွာနဲ့ ပျော်ရွှင်အောင် ကိုယ့် ကို ကိုယ် မြူဆွယ် နှစ်သိမ့် လိုက်ပါတယ်။

8 comments:

နိုင်းနိုင်းစနေ said...

ဟေးးးးးးးးးး
ဂေါက်... ဟက်ပီဘတ်ဒေး
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိ ပျော်ရွှင်ပါစေ
အေးချမ်းသော မိသားစုဘ၀တစ်ခု ပိုင်ဆိုင်နိုင်ပါစေ
စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒဟူသမျှ ပြည့်စုံနိုင်ပါစေ
ဘလာဂေါက်နဲ့ ဘလော့ဂါ အမြဲ ဘလော့ဂင်းနိုင်ပါစေး)

စိုးထက် - Soe Htet ! said...

ဟက်ပီးယက်စ် ဘသ်ဒေး ... :)

မောင်မျိုး said...

happy birthday ကိုဂေါက် (၂၈) နှစ်ပြည့်မွေးနေ့ မှသည် နောင်နျစ်ပေါင်းများစွာတိုင် ပျော်ရွှင်ပါစေ သာယာချမ်းမြေ့တဲ့ မိသားစု ဘ၀လေးကိုလည်း အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေဗျား) ............။

Mr.Pooh @ မောင်ပွတ် said...

ကိုဂေါက်ရေ - ခင်ဗျားမွေးနေ့မှာ ဘယ်လိုဆုတောင်းပေးရမလဲ စဉ်းစားရင်း ရက်တောင်ကျော်သွားပေါ့လေ။ ခင်ဗျား အိမ်ထောင်ရှိတာ၊ ကလေးအဖေဖြစ်တာ၊ ယောက္ခမကြောက်ရတာ၊ အရက်နေ့တိုင်းသောက်တာ၊ ပါးစပ်က တချိန်လုံးပေါက်တက်ကရ ပြောတတ်တာ၊ ရုံးမှာ အလုပ်မလုပ်ဘဲ အိပ်နေတာ၊ ကာရာအိုကေ သွားတာ၊ အဲဒါတွေကို သူများသိအောင်မပြောဘဲ ဆုတောင်းပေးချင်တာဗျ။ ကျွန်တော်လည်း ဘယ်လို ဆုတောင်းရမှန်းကို မသိဘူးဖြစ်နေတယ်ဗျာ။ လောလောဆယ်တော့ ကျွန်တော်တို့ လူစုံရင်တောင်းတဲ့ဆုလေးပေါ့ဗျာ - “ ဆော်ကြည်အကြွေးကြေ၊ တော်တော်နဲ့မသေ၊ အလုပ်မလုပ်ဘဲ ချမ်းသာပါစေ” ပေါ့။
........
.................
........................
စတာပါ - ကိုဂေါက်ရေ - မိသားစုနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်မှုတွေ ထပ်မံရရှိနိုင်မယ့် နှစ်သစ်တစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် အလေးအနက်ဆုတောင်းပေးပါတယ်။

မြန်မာပြည်ကိုလွမ်းတယ် said...

မွေးနေ.မှာပျော်ရွှင်ချမ်းမြေ့ပါစေ

ပန်းခရေ said...

ကိုဂေါက်ရေ..
မွေးနေ့ကျော်မှလာဆုတောင်းပေးတာခွင့်လွှတ်ပါ..
“မထူးဆန်းတဲ့ လူတစ်ယောက်အနေနဲ့..
မထူးဆန်းတဲ့ အကြောင်းအရာတွေကို
မထူးဆန်းစွာ ရင်ဆိုင်ရင်း
မထူးဆန်းတဲ့ လုပ်ရပ်တွေ..ဖြစ်ရပ်တွေ..ကံကြမ္မာတွေ
လောကဓံတွေ..ကို
မထူးဆန်းစွာ...ဖြတ်ကျော်နိုင်ပါစေလို့.....”
ဆုတောင်းပေးလိုက်ပါတယ်..။
ပျော်ရွှင်ပါစေ...
အစစအရာရာပျော်ရွှင်မှုအပေါင်းနှင့်ပြည့်စုံပါစေ..

balargout said...

ကိုဂေါက်မွေးနေ့မှာ ခရီးသွားနေလို့ ဆုတောင်းပေးတာနောက်ကျသွားပါတယ်.. anyway, happy birthday bro. =)


ဘာညာ

အက္ခရ said...

April 8 bornတူတယ်ဆိုတဲ့အကြောင်း မနှစ်က ဘာညာ လက်တို့လို့ သိခဲ့တာ။ ဒီနှစ်ကျမှပဲ ဒီကို ရောက်လာမိတယ်။ နှစ်သစ်မှာ ရောပြီး ဆုတောင်းလိုက်မယ်ဗျာ...
H N Y!!!
H B D!!!