ကြေကွဲတာဘဲ
နေ့ရယ် ညရယ်
မလိုပါဘူးတဲ့
ခံစားချက်ကပြောတယ်။

အမြဲတမ်း ဒူးထောက်ပေးနေရလို့
မတ်တပ်ရပ်ဖို့တောင်
မေ့နေတယ်လို့
နှလုံးသားက ပြောတယ်။

မပြီးသေးဘူးလား
မဆုံးသေးဘူးလားနဲ့
ခဏခဏ မေးမှာဘဲလို့
ဒုက္ခကပြောတယ်။

သူတို့ ကိုဘယ်အချိန်
ဝင်ခွင့်ပေးမလဲလို့
ချမ်းအေးနေတဲ့
သာယာမှုတွေက မေးတယ်။ (မေးတွေဆတ်ဆတ်တုန်လို့ )

ဘ၀ ကတော့ပြောပါတယ်
တယောက်တပေါက်နဲ့
စိတ်ညစ်လိုက်တာတဲ့
ဘာဘဲပြောပြော ဘာဘဲ မေးမေး
ငါကတော့ အေးဆေးဘဲ နေလိုက်တာဘဲ
တခွန်းမှကိုပြန်မပြော ဘူး
တွေဝေမှုတွေနဲ့ ဆွံအနေလို့။





Create Fake Magazine Covers with your own picture at MagMyPic.com





ကဲဗျာ ယုံသော်ရှိ မယုံသော်ရှိ အဲဒီ မဂ္ဂဇင်းက ဘလာဂေါက် ထမင်းငတ်နေတုန်း ကရိုက်ထားတဲ့ ပုံကို မျက်နှာဖုံး အဖြစ် နှစ်ကျော့ပြန် အထူး ထုတ်မှာ တွန်ခရု နဲ့တကွ ယှဉ်တွဲဖော်ပြ ထားပါတယ်။ မဖတ်ရသေးတဲ့သူများ ဖတ်ရအောင် တင်ပြပေးလိုက်တာပါ။ ဘလောက်ဂါများ ၀မ်းမြောက် စရာဖြစ်ပါတယ်။ ဒါပေမယ့် မောင်ဂေါက်မသိခင် သို့ ကလိုကူးယူ ဖော်ပြတဲ့ အတွက် နစ်နာကြေး ပေါင် သန်း ၂၀ အလျော်တောင်းဖို့ ကျွန်တော့် ရှေ့ နေကြီး မိုးလှိုင်ညနဲ့ တိုင်ပင်နေပါတယ်။ နောက်ရာသီကျရင် ချလ်ဆီးအသင်း ကိုကျွန်တော် ၀ယ်မယ်လို့ သတင်းထွက်နေတာလဲ မဟုတ် ကြောင်း တဆက်ထဲ ငြင်းထားပါရစေ၊ နောက်ပြီး နန္ဒာလှိုင် မင်္ဂလာဆောင်သွားတာလဲ ကျွန်တော့် ပရောဂ လုံးလုံး မပါဝင်ကြောင်းလဲ ရှင်း လင်း အပ်ပါတယ်။ အဟိ ပြောရတာ အရသာရှိလိုက်တာ။ နောက်တာပါဗျာ - ဘာဘဲ ဖြစ်ဖြစ် အပျော်သဘောနဲ့ ကို့ပုံတွေ ၊ သူငယ်ချင်းပုံတွေ ကို နောက်ပြောင်ပြီး မဂ္ဂဇင်း မျက်နှာဖုံးလုပ်ရင် ရတဲ့ www.magmypic.com ကို ကိုစိုးထက်ဘလောက်ကနေတွေ့လို့ လျောက်လုပ်ထားတာပါ။ စမ်းချင်လဲ စမ်းကြည့်ကြပါ ပျော်စရာ ကောင်းပါတယ်။
အောင်မြင်မှုကို လိုလားတောင့်တ တာမှန်ပေမယ့်၊ အောင်မြင်မှု ဆိုတာ
ကိုသေခြာစွာ သိဖို့ ကလဲ ခဲယဉ်းတဲ့ အလုပ် တခုအဖြစ်မြင်ရတယ်။ သာယာမှုနဲ့
အလှမ်းဝေးနေရပေမယ့် နာနာကျင်ကျင် ခံစားနေရမှ လူဖြစ်ခဲ့ ရ ကျိုးနပ်တယ်တဲ့။
ပြည့်စုံတယ်ဆိုရင်ပြည့် စုံတာပေါ့။ ခံယူချက်တွေ ကို အနားသတ်ကြည့်တော့
ဝေေ၀ ၀ါးဝါး တောင်မမြင်ရတဲ့ မျှော်လင့် ချက်တွေနဲ့ မွေ့လျော်
နေခဲ့မိတာဘဲရှိတယ်။

အပိုင်းအစတွေ ကျဲပြန့်နေတဲ့ထဲက တခုခု ကိုကောက်တွေ့ပြန်လဲ မရေရာတဲ့
လက်တစုံက မြဲမြံစွာ ဆုတ် ကိုင် ထားနိုင်စွမ်းမရှိတော့ ယုံကြည်မှုတွေ
အင်အားနည်းတဲ့ ညမှာ အထိန်တလန့်နဲ့ အိပ်ပျော်ဖို့ မြူဆွယ်လိုက် ရတာ
ခေါက်ရိုးကျိုးတဲ့ အိပ်မက်တွေထဲမှာ ငုတ်တုတ်မေ့သွားတာဘဲ များပါတယ်လေ။
သတိရတဲ့ စိတ်တွေ၊ တိတ်တိတ် ကျိတ်ခံစားရတာတွေ၊ မကြေမခြမ်းဖြစ်မှုတွေ၊
အဆင်မပြေမှုတွေ၊ ပင်ပန်းခြင်းတွေ၊ မွတ်သိပ်ဆာလောင်မှုတွေ ကြားမှာ
အကောင်းမြင် တတ်တဲ့ စိတ်ရဲ့ အင်အားကို ဘယ်လောက်များ ကျားကန် ထားနိုင်မလဲ
လို့ စဉ်းစား ရင်း အခြေမခိုင်ခဲ့တဲ့ ရပ်တည်မှုအတွက်
ကြောက်ဒူးတုန်တယ်လို့မဆိုသာတောင် အိပဲ့အိပဲ့ တွန်း လာခဲ့တဲ့ အတ္တ
လှည်းကြီး လမ်းတ၀က်မှ ထားခဲ့ ရမှာလဲ နှမြောလို့ ရှေ့ဆက်သယ်သွားဖို့
တဆတ်ဆတ်ခါ နေတဲ့ ခြေလှမ်း တွေနဲ့ မောကြီး ပန်းကြီး ၊ အဆုံးကတော့ ငါလဲမသိ
သူလဲမသိ တွန်းနေရင်းနဲ့လဲ၊ လဲနေရင်းလဲ တွန်း ရမှာ ဘဲ၊ ဒါက သဘာဝကိုး။

အားလုံး ကိုပစ်ချခဲ့ရင် ငြိမ်းချမ်းရာ ပန်းတိုင်တခု ကိုရောက်လိမ့်မယ်လို့
ဆိုနေကြလဲ လမ်းမှာတော့ ပစ်ချ ထားခဲ့ ဟန်မရှိဘဲ ဆက်လက်ကြေကွဲ
ခြောက်သွေနေဆဲ။ ငါကလဲ ငါဘဲလေ၊ ပြုံးပြနေတဲ့ နောက်က ကြေကွဲမှု ကို ဘယ်သူ
မြင်ရမှာလဲ၊ မျက်ရည်ကျမှ ငိုကြတာမဟုတ်ပါဘူး၊ ရင်ထဲမှာ ငိုခဲ့မိတာ
ရှိုက်သံတွေ အာခေါင်ထဲ ပဲ့တင် ထပ်နေလို့၊ ပါးစပ်တောင်မဟရဲဘူး။ အမြဲမရှိတာ
ထာဝရဆိုလို့ ထာဝရငါ့မှာ အမြဲမရှိခဲ့ ဘူး၊ စေတနာတွေ ၊ မေတ္တာတွေ၊
အကြင်နာတွေ၊ ငွေကြေးတွေ၊ ခေါင်းပါးတဲ့ ဘ၀ တခုကို အလိုက်သင့်စီးမြော၊
ဘယ်နေ့တော့ သောင်တင်မလဲမသိဘူး၊ ချောင်းကတော့ ကောနေပြီ။

ကြိုးစားတိုင်းဖြစ်တာမဟုတ်ဘူး၊ ဖြစ်ဖို့ ကြိုးစားနေကြတာပါ၊ အရာရာကို
စကားလုံးတွေ နဲ့ ဆော့ ကစား လိမ်ကြ၊ ငါးပါးသီလ တော့ လုံပါတယ်
ငါကလောင်းကစားဘဲလုပ်တာ လို့ဆိုတဲ့ ၀တ်နည်းလွတ် တဲ့ စကား တွေ ကို
အကြိမ်ကြိမ်ကြားတော့ ဆင်ခြေတွေဘဲ ပေးတတ်တဲ့ အကျင့် ကိုသင်ယူဘဲတတ်မြောက်၊
မ၀ယ်ယူဘဲ ရခဲ့တဲ့ သင်ခန်းစာပေါင်း များစွာအတွက် အတွေ့အကြုံတွေ
အချိန်တွေတော့ ထိုးထိုး အပ်နေရတယ်။ အကျိုး အမြတ် ကတော့ ငါ
အသက်ကြီးလာပြီလေ။

ရေးကြတယ် ပြောကြတယ် ခံယူချက်ကတော့အမျိုးမျိုးပါဘဲ၊ ထူးမခြားနား ဇတ်နဲ့
ချိုမိုင်မိုင်က၊ ဂျာအေး ကို သူ့ အမေလဲ ရိုက်တဲ့ ခေတ်က လွန်နေပြီ၊
မုန့်လုံးလဲ စက္ကူမကပ်ပါရစေနဲ့တော့၊ ကဗျာ လွတ် ကစားကွက်မှာ စည်း
ဝါးမလိုဘူး၊ တခုတော့ရှိတယ်၊ အချိုးပြေပြေ ကတတ်ရင် ဂန္တ၀င်ဖြစ်သွားတာဘဲ။

အသစ်ထွက်ရှိလာမည့် တက်လော့ဟုန်း ဇတ်လမ်းရှော်များ

၁။ တက်လော့ဟုန်းနှင့် သူတော်လိမ်
၂။ တက်လော့ဟုန်းနှင့် ဗိုက်ပူတိုလီ
၃။ တက်လော့ဟုန်းနှင့် ဘာညာ ဘာမှ မတိဝူး
၎။ တက်လော့ဟုန်းနှင့် မမမှီမှန်မှန်ပြော
၅။ တက်လော့ဟုန်းနှင့် ဘမျိုးဘိုးတူဘယ်သန်ပေါက်ကရ
၆။ တက်လော့ဟုန်းနှင့် ပုန်နားကျော်ကြီး
၇။ တက်လော့ဟုန်းနှင့် မြကျွန်းသာထဲက ၀က်သုံးကောင်
၈။ တက်လော့ဟုန်းနှင့် မဟာမြိုင် မပင့်ကူ
၉။ တက်လော့ဟုန်းနှင့် ပရော်ဖက်ဆာဒေါက်တာ ဟတ်ချိုး
၁၀။ တက်လော့ဟုန်းနှင့် တောပုန်းဗိုလ်ဝ ဆိုးဇေယျ
၁၁။ တက်လော့ဟုန်းနှင့် ဂျူးမျက်လှည့်ဆရာ ဂလိထိုးမှု

အထက်ပါ စာစဉ်များအား လစဉ်ရေးသားသွားပါမည်။ မကြာခင်ထွက်ပါမည်။ ကဒီးကဒီးထွက်မည်။ မကြာမကြာထွက်မည်။ အခုထွက်မည်၊ နောက်မှထွက်မည်။ သောက်သောက်လဲထွက်မည်။ ခဏခဏ ထွက်မည်။ သောက်ကျိုးနဲ ၀က်ဝက်ကွဲထွက်မည်။ ထွက်ချင်မှလဲထွက်မည်။

မျှော့် - - - - ပါ - -- -။



ညက်လီဆင်း ပေးသော ဟုတ်စိတ်ဆိုသည့် ကြောင်ပြာ ပုံလေး ကိုကြည့်ရှုပြီး နောက် တက်လော့ ဟုန်း နေထိုင်ရာ လန်ဒုံမြို့ အုတ်မြောင်းရပ် ၊ ဘရုတ်သုတ်ခလမ်း အိမ်အမှတ် ၉ သို့ပြန်လာခဲ့ကြလေ သည်။

နောက်တနေ့နံနက်တွင် တက်လော့ ဟုန်းသည် အိပ်ရာမှ အစောကြီးထကာ လေ့ကျင်ခန်း လုပ်သည် ဟု ဆိုကာ အလီများ ချရေးလေသည်။ ၁၈ အလီလောက်အရောက်တွင်ခေါင်း မူးလာပြီဟု ပြောကာ ရေချိုး အ၀တ် အစား လဲဖြင့် ပြင်ဆင်ကြပြီးနောက်၊

ကဲ - ကိုယ့် လူ ၀ယ်လဆင်ပွတ်ရေ ၊ မြေဖြူ ကုန်း ဘက်သွားရအောင်ဟု ပြောလေသည်။ ( ရှေး ယခင်က ထို အရပ်တွင် လုပ်ငန်းသုံး ထုံးများရောင်းသည့်ဆိုင်များ ပြည့်နှက်နေရာ ထိုဆိုင်များရှိရာ မြေကြီး ကုန်းကြီးသည် ထုံး များဖြင့် ဖြူ ဖွေးနေသဖြင့် မြေဖြူ ကုန်းဟု ခေါ်တွင် လေသည် - စာရေးသူ )

ကျွန်ုပ်လဲ တက်လော့ ဟုန်းနှင့် အတူ ထွက်လာရင်း စကား စမြည်ပြောကြလေရာ

နုပ် - နေပါဦးဗျ ၊ ညက်လီဆင်းက မဟာရာဂျာ ဆိုတော့ စော်ဘွားပေါ့ ဟုတ်လား

တက် - အင်း လေ- သူ့ အဖေက အရင်ကလဲ စော်ဘွားဘဲ ဒါပေမယ့် အခုတော့ မဟုတ်တော့ဘူးကြားတယ်။

နိုပ် - ဘာကြောင့်လဲဗျ

တက် - အသက်ကြီးလာလို့ ဘုရင်ခံ က သူ့သားဖြစ်တဲ့ ညက်လီဆင်းကိုလွှဲလိုက်တယ်လေ။

( ဘုရင်ခံ ဆိုသည်မှာ ဘုရင်လုပ်သမျှကို ခံနေရ၍ ဘုရင်ခံဟု ခေါ်ခြင်း ဖြစ်လေသည် - စာရေးသူ )

နိုပ် - အော် - ငယ်ငယ် ရွယ်ရွယ်နဲ့တယ်လဲ ကံကောင်းတာကိုး၊ ဒါနဲ့ ခင်ဗျားက ဒါတွေ ဘယ်လို သိတုန်းဗျ။

တက် - လွယ်ပါတယ်ဗျာ သူ့ အကြောင်း ကိုသေသေချာချာ သိချင်တာနဲ့ နိုင်ငံခြားရေးရုံးက ပြာတာလေး ကို လက်ဖက်ရည်ဖိုးလေး ပေးပြီး စုံစမ်းခိုင်းလိုက်တာပေါ့။

နိုပ် - တယ်လဲ လက်သွယ်တာကိုးဗျ။ ဟတ်ဟတ်

စကားတပြောပြောနှင့် လျောက်လာရင်း ကုလားလက်ဖည့်ရည်ဆိုင်ကို တခုကိုတွေ့လက်သော် မနက် စာစား မည်ဟု အကြံ ရှိနေခိုက် တက်လော့ ဟုန်းက ထို ဆိုင်ထဲ သို့ ၀င်သွားလေသည်။

ပလာတာ၂ ချပ် - လက်ဖက်ရည် ၂ ခွက်နှင့် စမူဆာများ မှာယူစားသောက်နေရင်း ဘေးဘက် ၀ိုင်းတခုမှ စကား သံ သဲ့သဲ့ ကိုကြားရလေသည်။

ဘယ်မှာလဲဗျ ခင်ဗျားဟုတ်စိန်၊ ယူမလာ ဘူးလား၊ ဈေးကောင်းရမယ်ပြောထားရက်နဲ့ ဗျာ ၊ ခက်တာဘဲ

အထက်ပါအတိုင်း ဘေးဝိုင်းမှ တရုတ် တကောင်နှင့် ကုလားတယောက်ပြောဆိုနေသည်ကို ကြားရလေသည်။

ထိုစကားကိုကြားသော တရုတ်သည်

ရုတ် -ပြောထားပါတယ်ဗျာ။ ယူလာမှာပါ၊ သူလဲ အဲဒါကို ထိန်းထားရတာ စားရိတ်ကုန်နေတာပါ။ သေခြာပေါက် ခင်ဗျား ကိုရောင်းမှာပါ။

ကု - ဒါလာမှ ဖြစ်မယ်၊ ကျုပ်က ကလည့်စားခြေချင်နေတာ ကြာပြီ၊ ဒီတခါတော့ ဟိုကောင် လူးနေအောင် ခံရမယ် မှတ်၊ ကျုပ်က မီးရှို့ပစ်မှာ

ရုတ်- ဟတ် ဟတ်- ဒါပေါ့ ခင်ဗျားက ဈေးကောင်းပေးထားတာဘဲ

ထိုအခြင်းအရာများကိုကြားသော တက်လော့ ဟုန်းသည် ဂနာမငြိမ်ဖြစ်လာကာ။ ကျွနိုပ်အား အလုပ်စတင်မြည် ဖြစ်ကြောင်း အချက်ပြုလေသော်- တခါမှ ဘာမှမလုပ်ဘူးသေးသော ကျွန်ုပ်မှာ မည်သို့လုပ်ရမည် မသိသဖြင့် တက်လော့ ဟုန်းအားမေးငေါ့ပြလေရာ မည်သို့ သဘောပေါက်သွားသည်မသိဘဲ၊

ကောင်းလိုက်လေ၊ ခင်ဗျားသိပ်တော်တယ်။ ကျုပ်စလှုပ်ရှားလိုက်မယ်၊ လုံးဝ အမှားမရှိစေနဲ့နော်။

အင် - ဘယ်လိုလုပ်ရမှာလ

ထိတ်ထိတ်ပြာပြာဖြင့် - နှုတ်ခမ်းရှေ့တွင် လက်ညှိုးလေး ထောင်ကဲာ

ရှုး- ဟိုကောင်တွေကြားသွားမယ်- ကဲစပြီ

ပြောပြောဆိုဆို ဖြင့် လက်မြန်ခြေမြန်နိုင်လှသော တက်လော့ ဟုန်း သည် တဖက်ဝိုင်းမှ ကုလားအား စွတ်ရွတ် ကာ ၀င်ရောက်ထိုးကျိတ်လေသည်။ ထိုသို့ထိုးရင်း

ဟေ့ ပွတ် ဟိုဘက်က တရုတ်ကိုမလွတ်စေနဲ့ - ဟုအော်ပြောလေသည်

ကျွန်ုပ်လဲ ကြောင်အမ်းအမ်းဖြင့် မတ်တပ်ထရက်သောတရုတ်ကို ပြေးမည်ဆိုးသဖြင့် ဆွဲမိဆွဲရာ လှမ်းဆွဲလိုက်ရာ တရုတ်၏ နားတဖက်သည် ကျွန်ုပ် လက်အတွင်းပါလာလေသည်။

အားယိုးယိုး - ဘယ်လိုလုပ်တာလဲ

တရုတ် သည် ခေါင်းကြီးစောင်းကာ ကို့ယို့ကားယားဖြင့် ပါလာလေသည်။ ဆိုင်ထဲတွင် ၀ရုန်းသုန်းကား ဖြစ်နေ ခြေပြီ။ တက်လော့ ဟုန်းသည် ကုလားအား ထိုးနေလေရာ လက်ဖက်ရည်ဆိုင်မှ အလုပ်သမားများသည် ၀ိုင်းဝန်း ဆွဲကြရလေသည်။ ကုလားက ရုန်းသည် - တက်လော့ ဟုန်းက ချုပ်သည်။ ကုလား ကအော်သည် - အဘား အဘား - တက်လော့ဟုန်းကပါးစပ်လိုက်ပိတ်သည်၊ ထိုအခါ ကုလားက လက်ကို ကိုက်လေ၏။

အောင်မျက်လေး - နာလိုက်တာ - တက်လော့ဟုန်းက ကြိမ်းဝါးသည်။

တံတောင်နှင့်တွက်၏ - လက်ဖြင့်ကာ၏။ ခြေလက်ခေါင်းခါး စံလင်စွာဖြင့် တက်လော့ ဟုန်းက သတ်ပုတ်လေ သော် ကုလားက ပုတက်တက် နိုင်သော တက်လော့ဟုန်း ၏ဆံပင်ကိုဆွဲထားလေသည်။

ကလေးနှစ်ယောက် သတ်ပုတ်သည့်နှယ် အင်မတန် ကြည့်ကောင်းလေသည်။ ၀ိုင်းဆွဲသူများရောက်လာ ၍ လူစု ကွဲသွားလေသည်။

ဖရိုဖရဲဖြစ်နေသော ဆံပင်ကို လက်ဖြင့် သတ်ရင်းတက်လော့ ဟုန်းသည် ဒေါသဖြစ်နေ လေသည်။ ကျွန်ုပ်က မူတရုတ်အားနားရွက်ဆွဲထားဆွဲုဖြစ်လေသည်။

ဟရေး - ဘာဖြစ်သလဲ ပြောကြပါဦး - ဆိုင်ထဲမှာနော် - ရန်ဖြစ်တယ်- မကောင်းဘူး ဟု ဆိုင်ရှင် ဘာဘူကြီးက ပြောရာ တက်လော့ ဟုန်းက

ငါက အလွတ်စုံထောက်ကွ- ငါ့အလုပ်ကိုငါလုပ်လိုက်တာ -ဒါတရားခံ ဖမ်းနေတာ။

ဘယ်မှာလဲတံရားခံ - ဘာလဲအလွတ်စုံထောက် - မသိဘူး ဟု ဘာဘူကြီးက ငြင်း၏

မင်းမသိရင်ကောင်းကောင်းနေ - ပြောဟိုကောင်မင်း ဟုတ်စိန်ကို ဘယ်မှာ ဖွတ်ထားလဲ ဟု တက်လော့ ဟုန်းသည် တရုတ်အား ငေါက်ငမ်းလေသော်။

ဘာတုန်းဗျာ လွှတ်ပါဦး ဒီမှာနားရင်းတွေပူနေပြီဟုပြောမှ ကျွန်ုပ်လဲ တရုတ် ကိုနားရွက်ဆွဲထားမှန်း သတိရ ကာ လွှတ်လိုက်လေ၏ ။ ထို့နောက် တရုတ်က ဆက်ပြောသည်

ဘယ်မှာ ဖွက်ရမှာလဲ သူ့ဟာသူမလာသေးတာ

လာမလားကွ သူကကြောင်ဘဲ မင်းယူလာရမှာပေါ့၊ မှန်မှန်ပြောပါ မဟုတ်ရင် ဂါတ်တဲ ပို့ရလိမ့်မယ်။

တက်လော့ဟုန်း၏ အပြောကို မကြေမချမ်းကြည့်ရင်း

ဘယ်လိုလူလဲဗျ ၊ ဘာတွေပြောနေတာလဲ ခင်ဗျားပြောတာတခုမှနားမလည်ဘူး၊

ဟတ်ဟတ် -မင်းတို့နားမလည်ရင်နားလည်အောင်ရှင်းပြမယ် -တက်လော့ဟုန်းက ဟန်ပါပါ ပြော လေရာ ဘေးမှ လူများသာမက ထိုးခံရသောကုလား၊ နားရွက်ဆွဲခံရသောတရုတ်နှင့် ကျွန်ုပ်ကိုယ်တိုင်ပါ စိတ်ပါဝင်စား သွားလေ၏။ တက်လော့ဟုန်းသည် ကွမ်းတရာကို ထုတ်စားလိုက်ပြီး တံတွေး ဗြစ်ကနဲထွေးပြီးနောက်

ဟေ့တရုတ် မင်းက မနေ့ တနေ့က ပျောက်သွားတဲ့ မဟာရာဂျာ ညက်လီဆင်းရဲ့ ကြောင် ကလေး ဟုတ်စိန် ကို ပြန်ပေးဆွဲထားတာမဟုတ်လား။ ပြီးတော့ အိန္ဒယမှာ ရန်ညှိုးရှိတဲ့ ဒီကုလားကို ရောင်းစားမှာမဟုတ်လား။

ထိုအခါ တရုတ်နှင့် ကုလားလဲ ကြက်သေသေသွားကာ တက်လော့ဟုန်းအား သေခြာစွာကြည့်လေသည်။

ထို့နောက်

ဘယ့်နှယ်ပြောနေတာလဲဗျာ -ရူးနေတာလား - ဘာတွေပြောနေတာလဲ

ဟတ် ဟတ် - မင်းတို့အခုမှ လာငြင်းမနေနဲ့ ဂါတ်ရောက်မှရှင်း

ငါတို့ ဂါတ်မရောက်ခင်မင်းအရင်ရောက်မှာ - ငါတို့ ကိုအသားလွတ် ထိုးကြိတ်သွားတယ်။

ကဲဗျာ နေကြစမ်းပါဦး - ကဲ ကိုယ့်လူတို့ အရင်ပြော

ကျွန်ုပ်လဲ ၀င်ရောက်ပြောဆိုလေသော်

တရုတ်ကစပြောလေသည်

ရုတ် -ဒီမှာ ကျွန်တော်တို့ အရောင်းအ၀ယ်စကားပြောနေတာပါ

တက် - နို့သိပေသားဘဲ မင်းတို့ အရောင်းအ၀ယ်လုပ်မှာ -ဘယ်မှာလဲ ဟုတ်စိန်ပြော

ရုတ် - လာပြန်ပြီဟုတ်စိန်- အဲဒီကောင် လာမယ်ပြေတာဘဲ - ဘာလဲ ခင်ဗျားတို့ ကပါ ဟုတ်စိန်ကို တွေ့ချင်တာလား

တက်- ဒါပေါ့

ရုတ်- ဟုတ်စိန်က မီးသွေးကုန်သည်လုပ်တယ်

တက်- ကြောင်ကလေးပါ

ရုတ်- တော်ဗျာ နားထောင်ပါဦး - သူက ဟိုဘက်က နာဒရမ်း ယောက်ဖ အာရာဖတ် ကိုမီးသွေးသွင်းနေကျ

နာဒရမ်း လိုချင်သလောက်မီးသွေးကို ရလေ့မရှိဘူး။ ဒါကြောင့်ပွဲစားလုပ်ပေးတာ

တက်- ဒါဆို ဘာလို့ ယူမလားဘူးလားလို့မေးတာလဲ

ရုတ် - သူ့ ဟာသူမေးတာ ဘယ်သိမလဲဗျ

တက် - ကလည့်စားချေမယ်ဆိုတာ ဘာသဘောလဲ

ထိုအခါ ကုလားက ၀င်ပြောလေ၏

ကု - ဒီကောင်က ငါမီးသွေးဝယ်တိုင်း သူဦးအောင်ယူသွားတော့ ငါ့ လက်ဖက်ရည်ဆိုင်မှာ အမြဲ မီးသွေး ဒွတ်ခ ရောက်တယ်- ဒီတခါ ငါအရင်ရရင် သူပြာသွားမယ်။ ဒါကြောင့် ငါခံတုန်းရသလို ခံရအောင် လုပ်တာ ဘာဖြစ်လဲ။

တက် -မီးရှို့ပစ်မယ်ဆိုတာကရော

ကု - မီးသွေးဘဲ မီးမရှို့လို့ ကိုက်စားရမှာလား - အရူးရဲ့

တက်လော့ဟုန်းက မရှော့ချင်သေး

ဒါဆို ဟုတ်စိန်ဘာလို့မလာသေးလဲ

ပြောဆိုနေစဉ် ဘုရားစူးတရုတ်ဟု ဆိုရမည့် အသားမဲမဲ မျက်ပေါက်ကျဉ်ကျဉ်း တရုတ်တကောင် ၀င်လာကာ

ဟုတ်စိန်ဆိုတာ ငါဘဲ ဟု ပြောလေသည်။ ထိုအခါမှ ကျွန်ုပ်တို့နှင့်ထိုးကြိတ်သော တရုတ်နှင့် ကုလားတို့မှာ သက်ပြင်များ ချကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့်

ငါ့ကောင် လာမှဘဲ ဒီမှာ ပြဿနာတက်နေပြီ - မင်းနောက်ကျတာနဲ့ ဘယ်လို လူတွေလဲမသိဘူး ငါတို့ ကို ထိုးတယ် ဟု တရုတ်က ပြောရာ ဟုတ်စိန်ဆိုသူက

ဂါတ်တိုင်မှ ဖြစ်မယ် ဂါတ်တိုင်မယ် ဟု ကျယ်လောင်စွာပြောဆိုလေ၏။ ကျွနုပ်နှင့် တက်လော့ဟုန်းလဲ အကြောင်း သိများနည်းတူ စားထားသမျှပင်မရှင်း တော့ဘဲ အလွတ် ထွက်ပြေးကြလေသည်။ ကျွန်ုပ်တို့ နောက်မှ လူအုပ်ကြီး ကား ရုတ်ရုတ်သဲသဲ ဖြင့် ကျန်နေရစ်တော့လေသည်။

ပြေး ဟေ့ - ပြေးဟ

အတော်အတန်ပြေးလတ်သော် လွတ်လောက်ရောပေါ့ တက်လော့ဟုန်းရယ် ကျွန်ုပ်ဖြင့် မောလှပြီ ဟု ပြောသော အခါတွင်မှ

ပုတက်တက်နှင့် သုတ်သုတ် လေးပြေးနေသော တက်လော့ဟုန်း မှာ ပြုံးဖြီးဖြီးနှင့်

ဟတ် ဟတ် - ဒါဆိုနားကြတာပေါ့ဗျာ ဟုပြောရင်း သစ်ပင်တပင်အောက်သို့ ၀င်ထိုင်ကြလေသည်။ ထို အချိန် တွင် သတင်းစာရောင်းသော ကုလားလေးတယောက်ဖြတ်သွားတာတွေ့သဖြင့် တက်လော့ဟုန်းက သတင်းစာ ၀ယ်ယူလေ၏

ကောင်လေး မုဆိုးမဂေဇက်သတင်းစာတစောင်လောက် ပေးကွယ်

ရော့

ဘယ်လောက်လဲ

ငါးပြား

ဟောဗျာ သတ်ရင်း ပုတ်ရင်း ပိုက်ဆံအိပ်ဘယ်ကျခဲ့တယ်မသိဘူး ပွတ်ရေ လုပ်ပ်ဦးဗျာ

ရော့ဗျာ ဆယ်ပြားဘဲ ရှိတယ်

သတင်းစာ ၀ယ်ပြီးနောက် သတင်းစာ ကိုဖတ်ရှုလေသော် မဟတ္တမဂန်ပြာ ကြီး တယောက် ဖဲရိုက်ပြီး ဆန္ဒပြ နေကြောင်း သတင်း ကို ဖတ်ရလေသည်။ ထိုမဟတ္တမ ဂန်ပြာကြီးသည် အင်မတန်လေး စားစရာကောင်း သော သူဖြစ်လေသည်။ အထူးသဖြင့် ညက်လီဆင်း အင်မတန်လေးစားသော သူဖြစ်လေသည်။

( မှတ်ချက် - နှောင်းလူများ အနေဖြင့် မဟတ္တမ ဂန်ပြာကြီးအား မြင်ဘူးစေရန် ရှာ ဖွေဖော် ပြပေးလိုက် ပါသည် - စာရေးသူ )

ဆက်ရန်



လောကမှာ အသက်ရှင်နေထိုင် ကြရာမှာ မိတ်ဆွေတွေ အပေါင်း အဖော်တွေ ဆိုတာ ကျွန်တော်တို့ တွေ့ဆုံ ရမယ့် အကြောင်းအရာ တခု ဖြစ်ပါတယ်။ ကျွန်တော် ဖြတ်သန်းရာ လမ်းကြောင်းတွေ မှာ အကောင်းရော အဆိုးရော ဒွန် တွဲပြီး ရှင်သန်ခဲ့ ရပါတယ်။ ကျွန်တော် ကံကောင်းတယ်လို့ မပြောသာရင်တောင် ကျွန်တော် ခက်ခဲနေချိန်တွေ ကျွန်တော် အားနည်းနေချိန်တွေမှာ ကျွန်တော့ အပေါ် မသိသလိုနေတတ်ခဲ့တဲ့ မိတ်ဆွေတွေ ရှိခဲ့ သလို အရာရာ ကို သူတို့ ကိုယ်တိုင်ပါဝင် ခံစားနားလည်အား ပေးတတ်တဲ့ သူငယ်ချင်းတွေလဲ တွေ့ခဲ့ ပါတယ်။ ဘယ်လိုပြောပြော ကောင်း ကောင်း ဆိုးဆိုး ကျွန်တော့် ကိုအမြဲတစေ အားပေးတတ်ကြတဲ့ ကျွန်တော့် ဘလောက်ဂါ သူငယ် ချင်းများ ကို အခု လို ကျွန်တော့် မွေးနေ့မှာ တခုတ်တရ မှတ်မှတ် ထင်ထင် ဘဲ ကိတ်မုန့် လေး ပေးလို့ မွေးနေ့ ပွဲ ကို လာရောက် ချီးမြင့် ခဲ့ကြ ပါတယ်။ ကျွန်တော့် ဘ၀ရဲ့ ပထမဆုံး သော မွေးနေ့ ကိတ် ဖြစ်သလို ကျွန်တော် ပထမဆုံး မီးမုတ်ပြီး ဟတ်ပီး ဘတ်ဒေး အော်ခဲ့ ရတဲ့ ကျွန်တော့် မွေးနေ့လေးဘဲ ဖြစ်ပါတယ်။ အားလုံး ကိုကျွန်တော် စုံလင်စွာ ဖိတ်ကြား မကျွေးမမွေးနိုင် ဘဲဖြစ်ခဲ့ တာတောင် အဝေး ကနေ ဆုတောင်း ပေးတဲ့ ချစ်တဲ့ ဘလောက်ဂါ ညီအကိုမောင်နှမများကို လဲ ကျေးဇူုးတင်ပါတယ်။ တကယ်ဘဲအောင် မြင် စိုပြေစွာပြီးဆုံးခဲ့ တဲ့ 28 နှစ်မြောက် မွေး နေ့ အတွက် ဘာညာ၊ ဒီမို ၊ ဖိုးသူတော်၊ မင်းယွန်း တိုလီ၊ ကိုကြီး ကျော်၊ ကိုပိုင် နဲ့ ပင့်ကူ၊ ဆုတောင်းပေးကြတဲ့ အဝေးက မောင်ပွတ် နဲ့ ဘလောက်ဂါ မောင်နှမတွေ အားလုံး ကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း ကျွန်တော် ပြောချင်ပါတယ်။


Type the rest of your post here.

 -

 

အဖြစ်အပျက် ၁

 

လူခေါ်အချက်ပေး ဘဲလ်သံမည်လာသည်။ တယောက်ယောက် လာတာဖြစ်မည်ဟု စိတ်ထဲထင်လိုက်မိသည်။ ဒါဆို တံခါးသွားဖွင့်ပေးမှ ရမည်။ ဘာလို့လဲ ဆိုတော့ အရှေ့ ကသံပန်းတံခါးကို ပိတ်ထားပြီးသား၊ သို့ သော် နောက် လူတယောက်ယောက် လာလျှင် ခေါ်လို့ ရနိုင်အောင် လို့ သစ်သားအတွင်း တံခါးကို လော့မချ ထားခဲ့၊ တစုံတယောက် ကရောက်လာလျှင် သံတံခါး ပိတ်ထားတာ မြင်ပါက သစ်သားတံခါးကိုခေါက်မည်၊ သို့မဟုတ် လော့ကိုလှည့် ကြည့်မည်ဖြစ်သည်။ ဒါက လူတွေရဲ့ ထုံးစံ။ ထိုသို့ တံခါးကို ဖွင့်လိုက်ပါက အသံမည် အောင် တမင် ချိန်ထားခြင်း ဖြစ်သည်။

 

အသံကြားနေရသဖြင့် ရှေ့ ခန်းကိုထွက်လာမိသည်။ သစ်သားတံခါးပိတ်လျက် ။ တယောက်ယောက်များ နောက်နေတာ လား။ ပြန်ဝင်လာမိလိုက်သည်။ လုပ်စရာရှိတာတွေ ဆက်လုပ်နေမိသည်။ မကြာလိုက် ငါးမိနစ် လောက်ဘဲ ရှိမည်ထင်သည်။ ဘဲသံတဖန်ပြန်မည်လာသည်။ ရှေ့ခန်းသို့ နောက်တခေါက် ထွက်လာမိပြန်သည်။

ဘယ်သူမှမရှိ။ ကောင်းပြီ။ ကျွန်တော် တယောက်ထဲမို့ ဘဲလ်ကို off လိုက်သည်။ သံတံခါးလဲ ပြန်ဖွင့်ထား လိုက်သည်။ ထို့နောက် ကျွန်တော်ရေ၀င်ချိုးနေလိုက်သည်။ ပြီးရင် ထမင်းဆင်းစားရဦးမည်။

 

အဖြစ်အပျက် ၂

 

မနက်ကတည်းကုတယောက်ထဲ။ အခန်းထဲမှာ ရှုပ်ပွနေတာတွေရှင်းနေမိသည်။ အ၀တ်တွေလျှော်ရဦးမည်။ စောစော စီးစီးအ လုပ်ပြီးလျှင် စောစော အပြင်ထွက်မည်ဟုစိတ်ကူးကာ ဖုန်စုတ်စက်ဖြင့် ကြမ်းပြင်တွေ ဖုန် စုတ် နေလိုက်သည်။ ပြတင်းတံခါးများအား ဖွင့်လိုက်သည်။ အဲယား ကွန်းကိုပိတ်လိုက်သည်။ မဟုတ်လျှင် ဖုန်နံ့တွေ တခန်းလုံးနံတတ်သည်။

 

ဖုံစုတ်နေရင်း အခန်းတံခါးလဲ ဖွင့်ထားသည်။ ကွန်ပျူတာစားပွဲ အောက်ကဖုန်တွေ ကိုသေသေချာချာ ရှင်းလင်းနေ ခိုက် " ဒုန်း " ဆို အခန်းတံခါး ပိတ်သွားသည်။ လေတိုက်တာ ဖြစ်မည်ဟုဘဲ စိတ်ထဲ တွေးလိုက်ပါသည်။

 

အဖြစ်အပျက် ၃

 

ညဘက်ဆို ဘယ်သူမှလဲ မလာလောက်တော့ဘူးလေ။ တံခါး အားလုံးပိတ်ထားသည်။ အဲယားကွန်းဖွင့် ၊ သီချင်း ကျယ်ကျယ်လေး ဖွင့်ကာ အေးအေးလေးနေနေ မိသည်။ သီချင်းသံကြားထဲတွင် တင်းတောင် တင်းတောင် နှင့် ဘဲလ်သံလိုလို၊ ဓါတ်လှေခါးမှ အသံလိုလို ဒွေးရောယှက်တင် နားဆင်နေမိသည်။ စိတ်ထဲမသင်္ကာတာနှင့် ရှေ့ခန်း သို့ ထွက်ကြည့်မိသည်။ ဘာမှမရှိ ၊ မီးမှိန်မှိန်အောက်တွင် အ၀င်တံခါးပိတ်လျက်။

 

သီချင်းသံနဲနဲတိုးထားလိုက်မိသည်။ ဘလောက်ရေးလိုက်ဦးမည်ဆိုကာ ကွန်ပျုတာ ရှေ့ထိုင်နေလိုက်ပြန်သည်။ ဘာရေးရင်ကောင်းမလဲ စဉ်းစားရင်း တွေေ-နေခိုက် အချက်ပေးဘလ်က မြည်သံကို သေသေချာချာ ကြားလိုက် ရသည်။ ဟော - တယောက်ယောက် လာနေပြီ။

 

အပြင်ထွက်ကြည့်ပြန်သည်။ ပထမ ပုံစံနှင့် ဘာမှမထူး။ ကိစ္စမရှိ၊ မနေ့ ကလဲဒီလို ဖြစ်ပြီးပြီ။ ဘဲလ်က ကြောင်နေ ပုံရသည်။ off ထားခဲ့ကာ အခန်းထဲ ပြန်ဝင်ရင်း အိပ်ယာထဲ ပစ်လှဲ လိုက်မိသည်။ မှိတ်ထားသော မျက်ဝန်း များ ပြူး ကျယ်သွားလောက်အောင် ဖြစ်သွားစေသော အသံတခုကို ကြားလိုက်မိသည်။

 

တင်းတောင် --- --- တင်းတောင် --- ---

 

ကပြာကရာ အပြင်ကိုပြေးထွက်ကြည့်လိုက်သည်။ အချက်ပေး ဘဲလ်ကို လှမ်းအကြည့် ထမြည်ပြန်သဖြင့် ကြက်သိမ်း မွှေးညှင်းများ ထသွားမိသည်။ ရုတ်တရက် ဆတ်ကနဲကထို ပစ္စည်းကို ဖြုတ်ကြည့်လိုက်တော့  ခုဏ ကပင် off ထားသော ခလုတ်သည် on နေကြောင်း တွေ့လိုက်ရတော့၏။

 

  ( ဆက်ရန် )



အခါတော်တော့ စည်စည်ကားကားနဲ့ ပြီးသွား ခဲ့ ပါပြီ။ သင်္ကြန်ဘလောက်အတွက် အမျိုးမျိုး ကြိုးစားပြီး ပုံတွေ ရိုက်ခဲ့ ကြလဲ ကျွန်တော်တို့ မျှော်မှန်းသလောက် မဖြစ်ခဲ့ပါဘူး၊ ဒါပေမယ့် အရပ်ရပ်ကနေ သတင်းတွေ ပုံတွေတင်ပေးတဲ့ ညီအကိုမောင်နှမတွေကြောင့်ရော၊ တကူတက လာရောက် ဖတ်ရှုကြတဲ့ ညီ အကို မောင် နှ မတွေရောကြောင့် အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပါတယ်။ မှနှစ်က လိုဘဲ ၀င်ရောက်ကြည့်ရှုသူတွေ များပြားလှတာ အလွန်ဘဲ ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ရန် ကုန်က ဘလောက်ဂါများမှာလဲ အခက်အခဲတွေ - ဥပမာ - မဏ္ဍပ် လက်မှတ်ဆို တစောင်ကို လေးသောင်းပေးဝယ်ကြရပါတယ် ကားငှားစီးတာနဲ့ မုန့်စား ရမကာလေး သောက်နဲ့ တယောက်တယောက် တနေ့ ကို ၂သောင်းနဲ့ ၂သောင်းခွဲကြားလောက် ကုန်ကြပါတယ်။ ဓါတ်ပုံတွေကိုလဲ ရသလောက်ရိုက်ကြပေမယ့် ကင်မရာ ရေ၀င်တာ တလုံး- ဖုံးဟန်းဆက်တလုံး - လုံးလုံးမှ သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်။ နောက်ဆုံးနေ့မှာလဲ နေရာစုံကပုံတွေရအောင် ရန်ကုန်ရဲ့ အလွန်ပူ နေတဲ့ ရာသီဥတုကို အန်တုကြပြီး ကားငှားလည်ကြပါတယ်။ ပုံတွေလဲ ရခဲ့ပါတယ်။ ဖြစ်ချင်တော့ ကတ်ရီဒါတွေလဲ တခုမှ သုံးမရဖြစ်နေတာနဲ့ ပုံတွေ တက်မလာနိုင်သေးပါဘူး၊ ပစ္စည်း တွေလဲ အင်မတန်အားနည်းကြပါတယ်။ ကျွန်တော်တို့တွေနောက်ဆုံးနေ့ ကားလည်တော့ ကားခရှင်းဖို့တောင် ငွေလိုနေလို့ ချေးငှားပြီး ရှင်းတဲ့ အထိ အမှတ်တရတွေ ဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် အခက်အခဲတွေ ကိုပြုံးရွှင်စွာနဲ့ ဖြတ်သန်းပြီး ညီညီ ညွတ်ညွတ် နဲ့ ၀ိုင်းဖွဲ့ ခဲ့ တဲ့ ရန်ကုန်က ကျွန်တော်တို့ ဘလောက်ဂါ အဖွဲ့ တွေကို လေးစားပါတယ်။ နောင်နှစ်တွေမှာလဲ ဒီလိုဘဲ အောင်မြင်စွာ ပျော်ရွှင်စွာ သင်္ကြန်အတွေ့အကြုံတွေ မျှဝေ နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

ဘလာဂေါက်

တကယ့် ကိုစက်ရပ်သတင်းဘဲ ဗျို့၊ ဘာလို့လဲ ဆိုတော့ ရပ်ထားရလို့။ အင်းယားလမ်း က Gravity မဏ္ဍပ်မှာ ပတ် နေကစားနေပါတယ်။ ကောင်မလေးတွေလန်းတယ်။ လူအရမ်းများပါတယ်။ ပုံတွေ မတင်နိုင်လို့ စက်ရပ်ထားရ လို့ စက်ရပ်သတင်းလို့ ပြောတာပါ။ အကြိုနေ့ ကကတ်ရီဒါပျက်နေလို့ ဖုံးနဲ့ ရိုက်လာပါတယ်။ ကိုကြီးကျော် ကပူတယ် ဆိုပြီး ရေစိမ်သတဲ့၊ ဖုံးလဲ ရေငုတ်သွားလို့ ဘာမှသုံးစားလို့ မရတော့ဘူး၊ ဒီနေ့ တော့ ကတ်ရီဒါရပေမယ့် အလုပ် မဖြစ်ပြန်ဘူးဗျို့၊ မနက်ဖန် တမျိုးကြံမှဘဲ။ ဘာဘဲ ဖြစ်ဖြစ် သတင်းပေးထားမယ်။ လန်းတယ်ဗျို့အရင်နှစ်တွေ ထက် ကောင်မလေးတွေ လန်းပါ့။ :)

Type the rest of your post here.
အဲဒါ စိုင်းစိုင်း လက်မှတ် မဲပေါက်တာဗျာ
ရှော့ အဲဒါရှော့ တဲ့ဗျာ

ပုံကလေးများဝေေ၀ ဆာဆာနဲ့ စတိတ်ရှိုးပုံလေးတွေ တင်ချင်တယ်ဗျာ။ ခက်တာက ကတ်ရီဒါပျောက်နေ ပြန်တယ်။ ဒွတ်ခ၊ အခု အင်းယားလမ်းမှာ ဓွတ်ပုံရိုက်ပြီးရင်တောင် ဘယ်လိုတင်ရမယ် မပြောတတ်သေးဘူး၊ မယုံမရှိနဲ့ ဗျို့၊ ဒီမို ရောက်လာတဲ့ ညက ပထမဆုံးသွားဖြစ်တာ သားစိုးရဲ့ ရောလို့ သမလို့ မွှေတဲ့ည။ ပြီးတော့ ၁၀ ရက်နေ့ က စိုင်းစိုင်း မွေးနေ့ မဲပေါက်တာနဲ့ သွားကြည့်ဖြစ်တယ်။ စိုင်းစိုင်းပွဲမှာတော့ တပုံမှ ရိုက်မလာခဲ့ပေမယ့် သားစိုးပွဲ မှာတော့ တော်တော်လေး ရိုက်ဖြစ်တယ်။ နောက်မှ ဘဲအေးဆေးတင်တော့မယ်ဗျာ။ လောလောဆည်ရှိတာ လေးတွေ မျှလိုက်ဦးမယ်။ သားစိုးပွဲက စိုင်းစိုင်းလောက် လူမများပေမယ့် သူ့ ရဲ့ ဖန်တီးတင် ဆက်သွားပုံလေး ကတော့ ဖြင့် တကယ့် ကိုအားရစရာကောင်းပါတယ်။ ပုရိတ်သတ်ကို လက်မှတ်ဖိုးမက တန်တာလေးတွေနဲ့ တင် ဆက်သွားပါတယ်။ အောင်မြင်ပါစေ သားစိုး ကောင် ရေ၊ သူ့ သီချင်းတွေက ရီရတယ်ဗျ။ ပျော်စရာကောင်းပါတယ်။ စိုင်းစိုင်းက တော့ စင် အပြင် အဆင် ကို ထုံး စံ အတိုင်း ကောင်း အောင်တင်ဆက်သွားသော်လဲ မှိုတက်နေတဲ့ သီချင်း အဟောင်းတွေကို အက်ကြောင်း ထပ် အောင် သီဆိုသွားတာ တော့ မကောင်းပါဘူး၊ အသစ် သုံးပုဒ်လောက်ဘဲ ပါတယ်။ ဒါပေမယ့် စိုင်းစိုင်း သီချင်းများ ကိုမှစ်သက်သော်လဲ သူ့ ရဲ့ ကြိုးစား ဖန်တီးမှုများ ကိုတော့ အားပေးကြေနပ်ပါတယ်။ မွေးနေ့မှနေ နောင် နှစ်များ စွာ ကိုအောင်မြင်မှုတွေ ပိုင် ဆိုင်နိုင်ပါစေ စိုင်းစိုင်းရေ။ တကယ်တော့ ကျွန်တော်က alternative သီချင်း အေးအေး လေတွေကိုနှစ်သက်တဲ့သူ တယောက်ပါ။

Type the rest of your post here.

 

 

ပြောစရာ စကားလုံး ဆန်းဆန်းလေးတွေ

မရှိခဲ့ဘူး ဆိုရင်တောင်

မင်းလေး ရှိခဲ့တဲ့ ညကတော့

အပြည့်စုံဆုံးသော

စာသားတွေနဲ့

 ပြည့်နှက်နေခဲ့ပါတယ်။

 

ညစ်ညူးမှုတွေမြူဆိုင်းနေတဲ့

 ညိုမှောင်ရီမှိုင်းချိန်

မင်းလေး မျက်နှာကို မြင်လိုက်တယ် ဆိုရင်ဘဲ

ကို့ စိတ်ထဲမှာ

 လင်းလက်လက် ကြယ်တပွင့် ရှိနေတဲ့

ကောင်းကင်တခုကို ပိုင်ဆိုင်လိုက်မိတယ်။

 

ပြာလဲ့နေတဲ့ အချိန်ဘဲ ဖြစ်ဖြစ်

အုံ့ဆိုင်းနေတဲ့ အချိန်ဘဲ ဖြစ်ဖြစ် 

ကြည်လင်နေတဲ့ အချိန်ဘဲဖြစ်ဖြစ်

မဲမှောင်နေတဲ့ အချိနဲဘဲ ဖြစ်ဖြစ်

ကောင်းကင်ဟာ ကောင်းကင်ပါဘဲ။

 

ကို့ရင်ထဲက အချစ်တွေကတော့

မင်းလေးရှိတယ် ဆိုယုံနဲ့

မျှော်လင့်ချက် တ၀က်

 ယုံစားမှု တ၀က်နဲ့

ချစ်နေ ခဲ့တာ မင်းလေးကိုပေါ့။

 

ခဏခဏ မွေးဖွားခဲ့ကြောင်း ကြေငြာမိတဲ့

ရက်တွေထဲက ဒီတရက်ကတော့

မင်းလေး အနမ်းနဲ့ လုံလောက်တဲ့ ခွန်အားတွေ

အသစ်ပြန်မွေးဖွားခဲ့တယ်၊

မင်းမျက်ရည်မကျနဲ့ အချစ်ရယ်

ရင်ခွင်ကိုပိုင်ဆိုး

ချစ်ခြင်းဘဲ တိုးစေချင်တယ်

သံယောဇဉ် အချိုးတွေ အမျိုးမျိုးမပြောင်းချင်ဘူး

ဒုတိယ ဆုံးရဲ့ နောက်ဆုံးတခေါက်အနေနဲ့

ဆန္ဒပြုလိုက်တယ် အချစ်ရယ်။

မင်းယုံကြည်ထားလိုက်ပါတော့နော်။

ကို့ ကိုထာဝရ ချစ်နေပါ။

 

 

 


ဒီနေ့ အင်္ဂါနေ့ ၈ ရက် လေးလပိုင်း လို့ ခေါ်တဲ့ ဧပြီလ၊ မြန်မာ လိုတန်ခူးလပေါ့။ ရာသီခွင်အရ အနောက်တိုင်းက အေးရီးစ်၊ မြန်မာအလို မိဿ ရာသီ။ မီးဓါတ်ကို ကိုယ်စားပြုကာ လူတွေမှာဆို ဦးခေါင်းကို ကိုယ်စားပြုတယ်။ အရှေ့တိုင်းရော အနောက် တိုင်းရော အလိုအရ ထိုရာသီကို အင်္ဂါဂြိုလ် မားစ် ကပိုင်ဆိုင်ပါတယ်တဲ့။

လွန်ခဲ့တဲ့ နှစ်ပေါင်း နောက်ပြန်ရေတွက်ကြည့်ရင် ၂၈ နှစ် တိတိတုန်းက ကျွန်တော့် ကိုကျွန်တော့် အမေက လူ့ လောက ထဲ ရောက်အောင်ပို့ ဆောင်ပေးခဲ့တာ ဒီနေ့ပါဘဲ။ အမေက ကျွန်တော့်ကို ရန်ကုန်မြို့ ပုဇွန်တောင်က ၅၂ လမ်း ဆေး ရုံ မှာ မွေးခဲ့လို့ ပုဇွန်တောင်သားစစ်စစ် ဆိုရင်မမှားပါဘူး၊ အမေကပြောတယ် ကျွန်တော့်ကိုမွေးတဲ့ အချိန်တုံး က အမှတ်တရ တွေပေါ့။ ကျွန်တော်က အဖေ အမေတို့ ရဲ့ ဒုတိယမြောက် သားပေါ့။ ညီအကို သုံးယောက် ထဲက အလတ်ပေါ့လေ။ အကို ရော ညီပါ ဂျင်မခန်နာ လို့ ခေါ်တဲ့ အမျိုးသမီးဆေးရုံကြီးမှာ စမတ်ကျကျ မွေးခဲ့ကြပေမယ့် ကျွန်တော့် ကို မွေးတဲ့ အချိန်မှာ အဖေနဲ့ အမေက ပိုက်ဆံ အဆင်မပြေလို့ နီးစပ်ရာ ၅၂ လမ်းမှာ အဆင်ပြေ သလိုမွေးဖွားခဲ့ပါတယ်။ အမေ့ရဲက ပထမ ဆုံး သောကျွန်တော့ အတွက် ပေးဆပ်မှုတခုပေါ့။ အမေက ကျွန်တော့ ကို ကိုယ်ဝန်ရှိနေတုန်း လွန်ခဲ့တဲ့ ၂၈ နှစ်က ဒီလို နေ့မျိုး မှာ မနက် ၁၀ နာရီလောက် ဗိုက်နာလာခဲ့တယ်တဲ့။ သဘာဝ ကိုမလွန်ဆန်နိုင်တဲ့ အလျောက် မွေးဖွားဖို့ စီစဉ်တဲ့ အခါအ ဖေ ကပြည်သူ့ ဆိုင်လို့ ခေါ်တဲ့ သမ၀ါယမ ဆိုင်မှာ အလုပ်ဆင်းနေချိန်ပေါ့။ အမေက သူတစ်ယောက်ထည့်း ဆိုက်ကား ငှားလို့ ဘာပစ္စည်း ပစ္စရ မှမပါဘဲ ဆေးရုံကို သွားခဲ့ပါတယ်။ နံနက် ၁၁ - ၄၅ မှာတော့ ကျွန်တော့ကို လူ့ လောကထဲ အောင်မြင်ချောမောစွာ ရောက်ရှိအောင်ပို့ဆောင်ပေးခဲ့ပါတယ်။ အဲဒီ အချိန် အထိ အဖေ ရောက်မလာသေးဘူးတဲ့။ အမေ့ ကို ဆေးရုံက ထမင်းကျွေးတော့ ပိုက်ဆံ ပေးရမယ်ထင်တာနဲ့ အမေက မစားခဲ့ဘူး။ အမှန်က အလကားကျွေးတာပါ။ အဖေ ရောက်လာချိန်ကိုမျှော်လို့ ညနေ၅ နာရီအထိ ပင်ပန်း စွာနဲ့ ရေတခွက်တောင်မသောက်ဘဲမွေးစခလေး ကို ပိုက်ရင်း အမေငိုခဲ့ရတယ်လို့ ပြောပါတယ်။ အဖေက အကို့ ကိုလက်စွဲပြီးရောက်လာ ချိန် ညနေမှသာ အမေက ထမင်းစစား ခဲ့ ရပါတယ်။ အဖေနဲ့ အမေက ကျွန်တော့ကို အရမ်း ချစ်ကြပါတယ်။ အခုထိပါဘဲ။ အကို့ ကိုမွေးချိန်က ရကာစ လင်မယား မို့ ဘာမှ မစုံလင်ခဲ့ပေမယ့် တဦးလေးမို့ အကို့ ကို တတ်နိုင်တဲ့ အဖွားတွေက ပံ့ပိုး မွေးဖွားခဲ့ပါတယ်။ ကျွန်တော့်အလှည့် ရောက်ချိန်မှာတော့ ယောက္ခမနဲ့ အစေးမကပ်တဲ့ အဖေ့ကို မကြည်တာနဲ့ ပင်ပန်းစွာ ကျွန်တော့ ကိုမွေးဖွားခဲ့ပါတယ်။ ကျွန်တော့် ကိုမွေးပြီး တလ အကြာတည်းကနေ နောက်ထပ် နှစ်ပေါင်း များစွာ ၁၈ နှစ်လောက် အထိပေါ့လေ။ ကျွန်တော့် မိဘတွေက စီးပွားတွေ တောက်လျောက်တက်လာခဲ့ပါတယ်။ ဒါကြောင့်လဲ ကျွန်တော့် ကိုချစ် ကြတာထင်ပါတယ်။ ထားပါလေ။ လောကဆိုတာ တက်လိုက် ကျလိုက်ပါဘဲ ။ လှိုင်း စီးရသလိုပေါ့။ ထင်းတုန်း မြင့် တုန် မြတ်မြင့်တုန်ပေါ့။ အမှန်က တော့ အရာအားလုံး ဘာမှ တည်မြဲတာမှမဟုတ်တာ။ ကြားဖောက်လေး ဖောက်သည် နဲနဲ လောက်ချ ကြည့်လိုက်ဦးမယ်။ ကျွန်တော့် ငယ်ငယ်က ကြိုက်တဲ့ ကောင်မလေး တယောက် ရှိတယ်. အခုတော့ အမေရိကား ကိုမိသားစုလိုက် ပြောင်းသွားကြပါပြီ။ သူ့ ကိုလဲ ကျွန်တော့်လိုဘဲ သူ့အမေက မပြေလည်တော့ ၅၂ လမ်း မှာ မွေးခဲ့တာပေါ့။ သူနဲ့ ကျွန်တော်က ၃ ရက်ဘဲ ကွာတယ်လေ။ တိုက်တိုက် ဆိုင်ဆိုင် ပေါ့။ ဆေးရုံ မွေးဖွား စားရိတ်က နှစ်ယောက်လုံး တယောက်ကို ၃၅ ကျပ်စီဘဲကျခဲ့ပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် အခက်အခဲတွေကြားထဲက နေပထမဆုံး ရင်ဆိုင်လို့ ကျွန်တော့်ကို မွေးဖွား ပေးခဲ့တဲ့ အမေ့ကို အရမ်း ကျေးဇူးတင်ပါတယ်။ အခု ချိန်ထိ ကျွန်တော့်ကို စိတ်ကြိုက်ချက်ကျွေးတတ်တဲ့ အမေ၊ စကားပြောတာ ဗြောင်ကျပေ မယ့် ရိုးသားစွာ ကျွန်တော့် ကိုပြုစု လုပ်ကိုင်ကျွေးမွေးခဲ့တဲ့ အမေ။ ငယ်စဉ်ကတည်း ကသူကိုယ်တိုင် စာပြပြီး ပထမ ဆုတွေ ရ အောင်ပျိုးထောင်ပေးခဲ့တဲ့ အမေ၊ ထာဝရ အားဖြင့် ကျွန်တော့်ကို အားပေးနေတဲ့ အမေဖြစ်ပါတယ်။ ကျွန်တော့် စိတ်တွေ ခိုင်မြဲနေအောင်။ စည်းကမ်းရှိအောင်၊ ပညာကို လေ့လာ လိုက်စားလိုစိတ်ရှိအောင်၊ အမြဲမပြတ် တွန်းအားပေးတဲ့ အဖေ။ လူမှုဆက်ဆံရေး ပြေပစ်အောင်၊ စီးပွား ရှာတတ်အောင် စိတ်ဓါတ် ခွန်အားတွေ ပေးခဲ့တဲ့၊ တသက်လုံး လိုအပ်တာ မှန်သမျှ မညည်းမညူ ဖန်တီးပေးတတ်တဲ့ အဖေ။ ကျွန်တော့ အဖေဖြစ်ပါတယ်။

ဒီန့မနက်မှာတော့ ဘုရား အမှုးပြုပြီး အမေ့ကို လက်ဘလာ ဘာပစ္စည်းမှမပါဘဲ ကန်တော့ခဲ့ပါတယ်။ အဲဒါကိုကျေကျေ နပ်နပ်နဲ့ ပီတိ အပြုံးတွေနဲ့ အမေ ဆုတွေပေးခဲ့ပါတယ်။ အမေပေးတဲ့ ဆုတွေ တခုမှမပြည့်လဲ ကျွန်တော်မလိုချင်ပါဘူး အမေ။ ဒါပေမယ့် အဖေနဲ့ အမေ့ကို စုံစုံလင်လင်နဲ့ ပျော်ပျော် ရွှင်ရွှင် မကန်တော့ ခဲ့ရတာ အခုဆို ဆယ်နှစ်ရှိနေပြီနော်။

အဖေရန်ကုန်ရောက်နေပေမယ့် အလုပ်ကိစ္စတွေကြောင့် ကျွန်တော် မစောင့် နိုင်ခဲ့ဘူးလေ။ အဖေကလဲ ဒီနေ့ ပြန်တော့မယ်။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော် တတ်နိုင်တဲ့ လက်တစုံနဲ့ အဖေ့ကိုရောအမေ့ ကိုပါ မပြည့်စုံနိုင်ရင်တောင် ရသလောက် ပံ့ပိုးပေးခဲ့ရတာ ၀မ်းသာမိပါတယ်။ အမေပေးတဲ့ ဆုတွေမပြည့်ခဲ့လဲ နောက်ဘ၀တွေမှာတော့ မိစုံဖစုံ နဲ့ ပျော်ပျော် ရွှင်ရွှင်လေး နေသွားချင်ပါတယ်။ အခုတောင် ကျွန်တော်ချစ်တဲ့ ကျွန်တော့် သမီးလေး ကိုတွေ့ချင်နေ ပါသေးတယ်။ မဖြစ်နိုင်တဲ့ အကြောင်းတစုံတရာတွေကြောင့် ဘ၀ ကိုအဆင်ပြေသလို ဖြတ်သန်း လာကြ တဲ့ အခါ ငွေကြေး တခုဟာ စိတ်ထဲမှာ နာကျင်နေတာတွေကိုကုစားပေးလို့ မရနိုင်မှန်း သိနေတော့ ကျွန်တော့် မွေးနေ့ ကို အောင်မြင်စွာနဲ့ ပျော်ရွှင်အောင် ကိုယ့် ကို ကိုယ် မြူဆွယ် နှစ်သိမ့် လိုက်ပါတယ်။



 

သင်္ကြန် - အတာကူးတဲ့ တန်ခူး သင်္ကြန်၊ မြန်မာ တို့ရဲ့ နှစ်သစ် သို့ ကူးေ ပြာင်းတဲ့ သင်္ကြန်၊ နှစ်ဟောင်းက အညစ်  အကြေး တွေကို အတာရေနဲ့ ဆေးကြောပစ်ခဲ့မယ့် သင်္ကြန်၊ ပူပင်မှုတွေကို အေးချမ်းသွားစေမယ့် မင်္ဂလာ နိမိတ်ဆောင် တဲ့ သင်္ကြန်၊ သြော် - တနှစ်တောင် ကူးပြန်တော့မယ်။ ကျွန်တော်တို့   တွေက    တော့   ရုန်းကန် လှုပ်ရှား  နေကြ ဆဲဘဲလေ။   အမိ ၀မ်းတွင်းမှာထဲက ရုန်း ကန်လိုက်ခဲ့တာ သေမယ့် နေထိတိုင်အောင် ဘဲလေ။ ဒါဟာ ဘ၀တခုပေါ့၊ ဒီလို သင်္ကြန် ချိန်လေး ရောက်လာ ချိန်တွေဆို ကျွန်တော် အသက်တနှစ်ကြီးလာ ပြီ၊ လူ့လော  ကထဲ ရောက်လာခဲ့တာ နှစ်ပေါင်း ဘယ်လောက် ရှိခဲ့ ပြီ၊ သင်္ကြန် ကို ဘယ်နှစ်ကြိမ်ကျော်ဖြတ်လာ ခဲ့ပြီဆို တာ ရေတွက်နေခဲ့ မိတယ်။ မြန်မာ့ ရိုးရာ ပွဲတော်တွေထဲမှာ သင်္ကြန်ပွဲ ကို အနှစ်ချိုက်ဆုံး အဖြစ် ကျွန်တော် ပျော်ရွှင်ခဲ့တယ်။ ကျွန်တော့် မွေးနေ့နဲ့ နီးစပ်တဲ့ ဒီတန်ခူး လလေး ဟာ ကျွန်တော့် ကိုလူ့လောကထဲ ရောက် အောင် မွေးဖွားခဲ့တဲ့ လလဲဖြစ်တယ်။ အမေ့ဝမ်းက နေထွက်လာခဲ့တာ အခု ဆို ၂၈ နှစ်ရှိခဲ့ပြီ။ အမေပြောတာ ကြားဖူးတယ်၊ ကျွန်တော့် ကိုမွေးပြီး ဆေးရုံက ဆင်းတော့ သင်္ကြန်အကြတ်နေ့လို့ပြောတယ်။
သင်္ကြန်  ကို မွေးစက တည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ကျွန်တော် ၊ သင်္ကြန် ကို ချစ်တာမဆန်းလောက်ပါဘူး။ ဒီလို သင်္ကြန်လ အတွင်းမှာ မွေးနေ့ဆို အမေ့ ကို ကန်တော့တယ်။ သူငယ်ချင်းတွေကို မုန့်လိုက်ကျွေးခဲ့ ဘူးတယ်။ ဒီလို သင်္ကြန်လ အတွင်းမှာ မွေးနေ့ဆို အမေ့ကိုမကေန်တော့ဖြစ်ဘူး၊ သူငယ်ချင်းတွေကိုလဲ ဘာမှ မကျွေးခဲ့ဘူး။ အဲဒီလို ဘဲ သင်္ကြန်ကာလ အတွင်းမှာကျွန်တော် ပျော်ခဲ့တယ်၊ သင်္ကြန် ကာလအတွင်းမှာ ကျွန်တော်ဆွေးခဲ့ ဘူးတယ်။     အဖော် အပေါင်းတွေနဲ့ နေခဲ့တယ်၊ အထီးကျန်နေခဲ့တယ်။ ကြည်နူးခဲ့တယ်၊ ကြေကွဲခဲ့တယ်၊ အမှတ်တရ   တွေရှိခဲ့သလို မေ့ပစ်လိုက်တဲ့ အရာတွေလဲ အများကြီးဘဲ၊ ကျွန်တော် ရေမပတ်ခဲ့တဲ့ သင်္ကြန်တွေတောင် လက်ချိုးရေလို့ ရတဲ့ အနေ အထားရောက်လာအောင် ကိုကျွန်တော်သင်္ကြန်မှာ တည်ငြိမ် တတ်လာခဲ့ပေမယ့်၊ မဏ္ဍပ်အောက်မှာ လူမှန်းမသိအောင် မူးနေတတ်တဲ့ အကျင့်ဆိုး ကလေး လဲ ရှိခဲ့တယ်။ ရန်ဖြစ် တတ်တဲ့ သင်္ကြန် မှာ  ရန်မဖြစ်အောင်နေခဲ့တယ်၊ ရန်ဖြစ်အောင်လဲ နေခဲ့ ရတယ်။ ဖြစ်ချင်တာ တွေ အတွက် မျှော်လင့်ရင်း နှစ်သစ်ကို ကျွန်တော်တို့ ကြိုခဲ့တယ်။ အခုလဲ ကြိုကြမယ်။ ပျော်ကြမယ်၊ နောင်လဲ ဒီအချိန် ရောက် ရင် ဒီလို ဘဲ ခံစားမိနေ ဦးမှာဘဲ၊ သင်္ကြန်သီချင်သံလေး တွေ ကြားယောင်ရင်း စိတ်ညစ်စရာတွေ အပြည့်ကို ခဏ လေး ချခဲ့ ရင်း ဒီသင်္ကြန်ကို လွတ်လွတ် လပ်လပ် ပျော်ကြည့် လိုက်ချင်သေးတယ် ။