ခဏလေးပါ

မနက်စောစောလို့ ပြောပေမယ့် နွေဝင်နေပြီဆိုတော့ ၇ နာရီလောက်မှာပင်
နေအတော်မြင့်နေပြီဖြစ်သည်။ ကျွန်တော်လဲ ခပ်စောစော နိုးနိုးနေတာ နဲ့
ဒီရက်ပိုင်း ရုံးကို စောစော ရောက်နေတတ်တာ တပတ်လောက် ရှိတော့မည်။ ရုံးနား
ရောက် ရင် ကျွန်တော် မနက်စာ ဟိုဟို ဒီဒီ လျောက်စားမည်။ ပြီးရင် ရိက္ခာလေး
ဝယ်ပြီး အပေါ်တက်၊ အင်တာနက် သုံး ကာ အလုပ် လေး လုပ်တော့မည်။
ထိုကဲ့ သို့ သော တောင်တောင် အီအီ ရည်ရွယ်ချက်များဖြင့် ကျွန်တော် ရုံးကို
စောစော ရောက်ဖြစ်ပါသည်။ တနေ့ ကဖြစ် မည် ထင်သည်။ ကျွန်တော် အိမ်ကနေ
လာလျှင် ရွှေဧည့် သည် ဆိုသော ဘက်စ် ကားကို စီးပါသည်။ မိနစ် ၂၀ အတွင်း ရုံး
ရောက်ပါသည်။ တခါတရံ ၁၅ မိနစ်လောက်နှင့်လဲ ရောက်တတ်သည်။ တကယ်တော့
မကြာဘူးဟု ပြောလို့ရပါသည်။ ကျွန်တော် လက်ရှိနေသော နေရာနှင့် ရွှေဧည့် သည်
ကား ဂိတ်ဆုံးသည် ၃ မှတ်တိုင်သာ ခြားသဖြင့် ကျွန်တော် ကားပေါ်တတ်လျှင် နေရာ
ကောင်းကောင်း ရွေးထိုင် နိုင်ရန် အတွက် အခွင့် အရေး ကောင်းလေသည်။
ဒါကြောင့် ကျွန်တော် နေ့တိုင်းနေရာ ရသည်ဟုပြောချင်ပါသည်။ ထိုကားသည်
များသော အားဖြင့် မတ်တပ်ရပ် ခရီး သည်များ ကို တင်ဆောင်ခြင်းမရှိပါပေ။
ကျွန်တော်စကား ပြတ် သွားပါသည်။ ပြန်ပြောပါမည်။ တနေ့ ကဖြစ်မည်ထင်ပါသည်။
ကျွန်တော် ထုံးစံ အတိုင်း ရုံး ကို သွားတော့ ကားပေါ်မှာ နေရာ ကောင်း
ကောင်း ရပါသည်။ ကျွန်တော် တက်လာပြီး နောက် တမှတ် တိုင်တွင် မိန်းကလေး
ခပ် ချော ချော လေး တယောက် တက်လာပါသည်။ အသက် အနည်းငယ် ငယ်ပုံရပြီး လက်ထဲ
တွင် စီးပွားရေး တက္ကသိုလ် မှ ထုတ် ဝေသော စာ အုပ် ကို ကိုင်ထား ကာ
ကျွန်တော့်  ဘေးမှာ ၀င်ထိုင် ပါသည်။ အမှန် အတိုင်း ပြော ရရင် မိန်း ကလေး
ခပ် ချော ချော မို့ ကျွန်တော်သတိ ထား မိတာ ဖြစ်ကောင်း ဖြစ်မည် ထင်ပါသည်။
နောက် တမှတ်တိုင် တွင် လဲ ထို စာ အုပ်မျိုး ကိုင် ဆောင် ထားသော မိန်းကလေး
လှတ ပတ လေးများ ဆက်လက် တက်လာ ပါသည်။ သူတို့ နောက်တွင် အဒေါ် ကြီး တယောက်လဲ
တက်လိုက် လာပါသည်။ လူ အနည်း ငယ် များ သွားသောကြောင့် ထိုင် ခုံနေရာများ
ကမဆန့် တော့ ပေ။ မိန်းကလေး ၂ ယောက်နှင့် အဒေါ်ကြီးမှာ ထိုင် ခုံနေရာ မရဘဲ
မတ်တပ် ရပ် ကာ
လိုက်ပါ လာကြသည်။ ထိုအဒေါ်ကြီး လက်ထဲ တွင် ချိုင့် တလုံးနှင့် လက်ဆွဲ အိတ်
တလုံး ပါ လာသည်။ အဒေါ် ကြီး သည်လက်တဖက်တွင် ပစ္စည်းများ ကို ၄င်း
မနိုင်မနင်း ကိုင် စွဲလျက် တခြား တဖက် ကလဲ လက် ကိုင် တန်း ကို
သူ၏ မမှီသော အရပ်ဖြင့် တွယ်ထား ရနေသည်။ ထို မြင် ကွင်းကို ကျွန်တော်
ကြည့်နေစဉ်ပင် ကျွန်တော့် ဘေးမှ မိန်း ကလေး က အဒေါ်ကြီး လက်ထဲမှ
ပစ္စည်းများ ကို ကိုင်တွယ်ပေး ပါမည့် အကြောင်း ပြောသော အခါ ထို အဒေါ်ကြီး
ကကျေး ဇူး တင်ဟန်ဖြင့် ပေးထားလိုက်ပါသည်။ ကျွန်တော် ၏ ပထမဆုံး တွေဝေခြင်း
ဖြစ်ပါသည်။ တကယ် ဆို ကျွန်တော်လဲ ထိုသို့ ကိုင်ပေး ထားလိုက် ဖို့
ကောင်းပါသည်။ ကား က အမြန် မောင်းသော အခါ မတ်တပ်ရပ် ခရီးသည်များမှာ အနည်း
ငယ် အခက်အခဲ ရှိနေစဉ် ကျွန်တော့် နေရာအား အဒေါ်ကြီးအား ပေးရန်
စဉ်းစားမိနေသည်။ သို့ သော် တကယ်တမ်း ကျွန်တော် ထိုင်ရာက မထသေးပါ။
ကျွန်တော့ ဘေးမှမိန်းကလေး သည် အဒေါ်ကြီးအား နေရာပေး နေလေသည်။ ထို အခါ
အဒေါ်ကြီး က မြေနီကုန်း ဆင်းတော့မှာမို့ မထိုင် လိုတော့ကြောင်း ပြောပါသည်။
ကျွန်တော် သည် စဉ်းစားနေတာ နှင့် သာ အချိန်ကုန်သွားပါသည်။ ကျွန်တော့်
ဘေးက မိန်းကလေး သည် သိပ်စဉ်းစား ပုံမပေါ် ၊ လုပ်သင့် သည်ကို မြန်ဆန် စွာ
ဆုံး ဖြတ် လုပ် ကိုင်သွား ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် သွက်
လက်စွာ သွား လာနိုင်သော လူငယ် များ ဖြစ်ပါသည်။ မိနစ် ၂၀ လောက်သာ ထိုင်
ရမည့် ဒီနေရာ ကို ကျွန်တော် ဘာကြောင့် တွယ်ဖက် ထား ခဲ့လဲ ကျွန်တော်
မသိလိုက်ပါ။ ကျွန်တော် သိလိုက် သည် က ကျွန်တော် သည်
လူတယောက်ဖြစ်သောကြောင့် ဖြစ်မည်။ လူသည် အတ္တ ကြီးသလို မိုက်မဲတတ်သည်။
မိန်းကလေး သည် ဘာကြောင့် ကူညီပြီး ကိုင်တွယ်ပေးထား ခဲ့ လဲ၊ နေရာ
ဘာကြောင့် ပေး လိုက်ဖို့ ကြိုး စားခဲ့ သလဲ ကျွန်တော်မသိပါ။ ကျွန်တော်
သိတာ သူမ သည် လူတယောက်ဖြစ်နေေ သာကြောင့် ဖြစ်သည်။ လူသည် ယဉ်ကျေးသည်၊ သနား
ညှာတာ တတ်သည်။ မျှဝေခံစားတတ်ပါသည်။ တကယ်ဆို တန်းဖိုးအားဖြင့် ဘာမှ မယ်မယ်
ရရ မရှိ၊ အချိန်အားဖြင့်လဲ တိုတောင်းလွန်းကာ ကျွန်တော်ထိုင်နေလျှင်
ကျွန်တော့် အတွက်သာ ဖြစ်ပြီး မည်သူ့ ကိုမျှ အကျိုး ပြုမှု မရှိပါ။
ကျွန်တော် သာ ကျွန်တော် လိုရာ မရောက်မှီထိုင် ရန် လိုအပ်နေသော
သူတယောက်အား နေရာ ဖယ်ပေးနိုင်ခဲ့လျှင်မျှ ဝေ ခံစား ခြင်းဖြစ်ပြီး၂ ဖက်
အဆင်ပြေသွား နိုင်ပါသည်။ ကျွန်တော် သည်မတ်တပ်ရပ်နိုင် ပါလျက်နှင့် ဆက်လက်
ထိုင်နေခြင်းသည်က မှား နေသလား၊ နေရာမဖယ်ပေး ခြင်းသည် မျှတမှု ရှိရဲ့လား၊
ကျွန်တော်တို့တန်းတူသည် ၃၀၀ ပေးစီးတာ ခြင်းတူတူ ထိုင်တဲ့သူက ထိုင်
ထတဲ့သူကထ နှင့် သာတူညီမျှ မရှိပါ က ဘယ်သူ့တွင် တာဝန်ရှိပါသနည်း။
အားလုံးသည် လိုရာပန်းတိုင်ကို သွားရန် တခရီးထဲ စီးနေကြသူတွေသာ ဖြစ်ပါသည်။
ကျွန်တော် လို ရာမရောက်မခြင်း ထိုင်နေခြင်းသည် မှန်ကန်မှု အပြည့် အဝ
ရှိမည်လား ဟု သံသယ ၀င်နေ ဆဲဖြစ်ပါသည်။ အဲဒီနေ့ ကကားပေါ်က ဆင်းတော့
ကျွန်တော့ခြေလှမ်းမှား မှာ သွက် လက်နေပါသည်။ ကျွန်တော် ထိုင်သင့်လျှင်
ထိုင်နေပါမည်။ ထပေးသင့် က ထပေးတော့မည်ဟု ဆုံး ဖြတ် လိုက်ပါသည်။ သို့
သော်ကား တွေ ဝေ နေဆဲဖြစ်ပါသည်။

တကယ်တော့ အရာအားလုံးသည် ခဏလေးသာ ဖြစ်ပါသည်။ ထို အကြောင်းများ ကိုလဲ ခဏသာ
ကျွန်တော် စဉ်းစားမိခြင်း ဖြစ် ပါသည်။ သို့သော် မေ့ထား၍ ကားမရသော အရာများ
ဖြစ်ပါသည်။

5 comments:

မင်းကျန်စစ်။ said...

အနစ်နာခံတတ်တဲ့ စိတ်လေးနဲ့ လူတွေ လှုပ်ရှားသွားလာနေရတဲ့ ဘဝကို ခံစားသွားတယ်ဗျာ။ တခြား ဗဟုသုတတွေလဲ ဖတ်သွားပါတယ်

စိုးထက် - Soe Htet ! said...

ကောင်း၏ ... ခဏ လေးများ ... ခံစားသွားပါတယ် ...
တစ်ကယ်တော့ ဘ၀ဆိုတာကိုက ခဏလေးပါ ...

စိုးထက် - Soe Htet ! said...

Banner က လိပ်စာ လွဲနေတယ်ဗျ ... ကိုခ ကို ပြန်ပြင်ဖို့ သတိထောက် လိုက်ပါဦး ... zawzaw.myanmarbloggers.org ဖြစ်ရမှာ " s " လိုနေတယ် ...
ဒါနဲ့ စကားမစပ် ဒီနေ့ ချယ်လ်ဆီးပွဲ ရှိတယ် :P

စိုးထက် - Soe Htet ! said...

:)

Prizewai said...

ဟုတ်ပ။ ဒီအတွေးမျိုးတွေးဖူးတယ်။ တခါတလေ ကားပေါ်မှာ သူများကိုနေရာပေးချင်ပေမယ့် ထပေးရကောင်းမလား စဉ်းစားနေတုန်း။ ကိုယ်ပင်ပန်းနေတာပဲတွေးမိပြီး၊ ချည်တုံချတုံ ဖြစ်နေတာအမြဲပါပဲ။