ဒီမယ် ၀ယ်လဆင်ပွတ် ဒီငနဲ ညကများသွားတယ် ထင်တယ် ဟု အလိုက်မသိစွာ အတင်းပြောလေသည်။
ထိုင်ပါ ဦးတို့ ထိုင်ကြပါ
ကျွန်ုပ်တို့အား လာရောက်ခေါ်ဆောင်သော လူငယ်မှ သူ့ အသက်မှ အားမနာ ကျွန်ုပ်တို့အား ဦးတပ်ခေါ်ကာ လောက၀တ်ပြုပြီးနောက်။ ညက်လီဆင်းလဲ လှုပ်ရှားနိုင်လာလေပြီ။ ပြီးသည့် အခါတွင်
ကိုယ့်လူတို့ ရောက်လာမှကိုး နာမည်ကြီး စုံထောက်များတယ် လဲဟန်ရှိသဗျို့ ဟောဟိုက ခေါင်းမှာ အုန်းလက်ကြီး ဆောင်းထားတဲ့ ဂျပုက တက်လော့ဟုန်းမှတ်တယ်။ ဒါနဲ့ ဒီဘက်က စုတ် ချွန်း ချွန်းနဲ့ ငနဲက ဘယ်သူလဲဗျ ဟု ယဉ်ကျေးစွာ နှုတ်ဆက်လေ သူကား မဟာရာဂျာ ညက်လီဆင်းဖြစ်ပေတော့သည်။
ဟုတ်ပါ့ဗျာ – ဟုတ်ပ ။ ကဲ တဆိတ်လောက် မဟာရာဂျာ့ ဟုတ်စိန်ပျောက်ပုံလေး ပြောပါဦး
တက်လော့ဟုန်းက ပြောရာ
ညက်လီဆင်းသည် ၀မ်းမသွားနိုင်၍ မအီမလည် ဖြစ်နေသော လူမမာရုပ်နှင့် ဘာမပြောညာမပြော ရှေ့ရှိဘီယာ ခွက်အား စွတ်မော့လေ၏။ ထို့နောက် သောက်ပါဦးလား ဘော်ဒါတို့ဟု ပြော သောအခါ မိုးရေချိုးချင်သော ကြောင့် ဂဂျီဂဂျောင် ကျနေသော ခလေးအား အခွင့်ပေးလိုက်သကဲ့သို့သောမျက်နှာထားဖြင့် ကျွန်ုပ်တို့ နှစ်ယောက်သည် လာရောက်ချပေးသော ဘီယာများ အား စကားမေးမရမှီပင် တကြိုက်ထဲ သောက်ချလိုက်လေတာ့သည်
ညက်လီဆင်း ကတယ်လဲ သဘောကောင်းသကိုး ဒါကြောင့် ရည်းစား တွေဝိုင်းနေတာနေမှာ ဟုတက်လော့ဟုန်းကပြောရာ
တယောက်ထဲရှိပါတယ်ဗျာ
အော် တယ်လဲချမ်းသာ တာကိုး
အကြွေးတွေဝိုင်းနေတယ်
ဒါကြောင့် အသက်ကြီးတာတောင် အရွယ်တင်နေတာ
ဘယ့်နှယ် အခုမှ အသက် သုံးဆယ် မပြည့်သေးဘူးဗျ
တက်လော့ဟုန်းနှင့် ညက်လီဆင်းတို့ တယောက်တပေါက်ပြော ဆိုနေရာ ကျွန်ုပ်လဲ မနေနိုင်သဖြင့်
ဟုတ်စိန်တောင် ပိုင်မှတော့ တယ်လဲ ကြွယ်ဝလို့ပေါ့
တော်ကြပါတော့ကွယ်တို့ ၊ တခုမှလဲ မမှန်ဘူး တလွဲချည်းဘဲ
ညက်လီဆင်းလဲ စိတ်ပျက်လက်ပျက်ညည်းပြီးနောက်
ဟုတ်စိန်ဆိုတာ ကြောင်ပေါက်လေးဗျ
အိုမဟုတ်တာ စိန်ပြာကြီးပါ ၊ တက်လော့ဟုန်းက ပြာပြာသလဲ ၀င်ပြောသည်။
မဟုတ်တာ ကြောင်ပါဆို
စိန်ပါဗျ
ကြောင်ဗျ
စိန်
ကြောင်
ကြောင်
စိန်
စိန်ပြာ
ကြောင်ပြာပါ
ဟောဗျာ ရူးများနေသလား
ပေါများနေတာ
ဟား – ဆရာတို့တော်သင့်ပြီထင်တယ် ကောင်းကောင်းပြောမှပေါ့ဗျာ -ဘယ့်နှယ်
ကျွန်ုပ်ဝင်ဟန့် တော့မှ နှစ်ယောက်သား ရပ်သွာပြီး ညက်လီဆင်းက ဟုတ်စိန်ဆိုတာ ကျွန်တော့် ရည်းစား လက်ဆောင်ပေးထားတဲ့ ကြောင်ပြာလေး တကောင်ပါ။ ဘယ်လိုလုပ် ပျောက်သွားတယ် မသိပါဘူး၊ တနေ့က ညက အိပ်တော့ ပူတာနဲ့ ပြတင်းပေါက် ဖွင့်ထားမိတာ၊ သူထွက်သွားတာထင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ရှာတွေ့မှ ဖြစ်မယ်။ မဟုတ်ရင် ဘုံဘေ ပြန်ရောက်လို့ ဟုတ်စိန်မပါလာရင် ရည်းစားက ဘုံဘိုင်ခေါင်းနဲ့ ထုလိမ့်မယ် – ဟရေး စိတ်ပျက်ပါတယ်
ပြောပြောဆိုဆိုနှင့် ဘီယာများ သောက်ပြန်လေသည်.
ဒီလောက်လဲ ဖြစ်မနေပါနဲ့ သိပ်သောက်မနေနဲ့ ပြန်ရမှာပါ စိတ


Posted in 







