ဘလောက် လမ်းညွှန် စာအုပ်လေး

ကျွန်တော့် လွန်ခဲ့တဲ့ အပတ်က စာအုပ်လေး တအုပ်ကို မထိုက်က ယူလာပေးလို့ဖတ်ကြည့်မိတယ်။ အချိန်သေချာ မပေး နိုင်တာနဲ့ သူ့ရဲ့ မာတိကာ စဉ်လေး ကိုဖတ်ပြီးတော့ အသုံးဝင်တဲ့ စာ အုပ်လေး တအုပ်ဆို တာ သတိထားမိပါတယ်။ ဒါကြောင့် ကျန်တဲ့ သူများ အချိန်မှီ ဖတ်ရှုချင်လဲ ဖတ်လို့ ရအောင် ညွှန်းလိုက်ပါတယ်။

ဒီစာအုပ်မှာ ဘလောက်ရဲ့ အကြောင်း ၊ အသုံးပြု ပုံ၊ ဖန်တီးမှုနှင့် လိုက်နာရန် အချက်အလက်များ၊ တခြားသော သိမှတ်ဖွယ်ရာ၊ ဘလောက်နှင့် နိုင်ငံရေး၊ စီပွားရေး ၊ လူမှုရေး စတဲ့ အကြောင်းလေးတွေကို ဖတ် ရမှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်က ထုတ်ဝေတဲ့ ဒီစာအုပ်ကို Jonathan Yang ဆိုသူက ရေးသား ခဲ့တာ ဖြစ်ပါတယ်။ အနည်းငယ် နောက်ကျမှ ရောက်လာ တာဖြစ်ပေမယ့် အခုချိန်ထိ အွန်လိုင်းမှာ လဲဝယ်ယူနိုင်သလို၊ လက်တွေလဲ အသုံး ပြု နိုင်တဲ့ အကြောင်းတွေ ပါဝင်တာကြောင့် ဖတ်ဖြစ်ရင် သင့်တော်မယ် ထင်ပါတယ်။

ဒီစာအုပ်ပါ အကြောင်း အရာတွေကို ကျွန်တော်တို့ သေချာ စွာဖတ်ရှု လေ့လာ စမ်းသပ်ရင်း မြန်မာလို ပြန် ဆို ထုတ်ဝေဖို့ စီစဉ်ထားကြောင်းပါ။ မြန်မာ လိုဘာသာပြန်ဖို့ အတွက် ကျွန်တော်ရယ်၊ မထိုက်(ဘာညာဘာညာ) ရယ်။ ပင့်ကူရယ်က ဆောင်ရွက်သွားချင်ပါတယ်။ ကူညီ ပြန်ဆိုချင်သူများ ကိုလဲ ဖိတ်ခေါ်ချင်ပါတယ်။ အဓိက ကတော့ ဒီလို စာအုပ်မျိုးတွေ မြန်မာ စာဖတ်ပုရိတ်သတ်နှင့် နောက်ထပ် ပေါ်ထွက်လာမယ့်မြန်မာ ဘလောက် သမားများ အတွက် ရေတပေါက်၊ မျှ တန်ဖိုးရှိခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့ အမြန်ဆုံးအကောင် အထည် ဖော်သင့်တဲ့ အလုပ်တခု လို့ ကျွန်တော်ထင်ပါတယ်။

အောက်မှာတော့ ဒီစာအုပ်ရဲ့ ပထမ စာမျက်နှာက စာသား တချို့ ကိုဖော်ပြပေးလိုက်ပါတယ်။


What’s a blog?

A blog, or weblog is a special kind of website. The main page of each blog consist of entries, or posts, arranged in a reverse chronological order – that is, with the most recent post at the top. Typically, each entry is a short chunk of text, often with links to other websites, though photos are often included, and posts can also contain audio or video.

Typically, a blog will also include the ability for readers to leave comments – making the whole affair much more interactive than a traditional website – as well as a list of the author’s favorite
Blogs, known as a blogroll.

The verb to blog simply refers to the act ( or art) of posting entries to a blog, while the blogosphere is the term that has come to be used to descried the entire phenomenon of blogging – all the blogs, all the links between the blogs, and all the topics being written about in blogs.

ဘလောက်ဆိုတာဘာလဲ ?

Blog ဒါမှမဟုတ် weblog ဆိုတာ website တမျိုးပေါ့။ ဘလောက်တွေရဲ့ စာမျက်နှာတွေဟာ သူ့ရဲ့ နောက်ဆုံး ရေးသားချက်တွေ၊ ကြောင်းအရာတွေကို chronological နည်းံနှင့် စီပြထား တာကြောင့် နောက်ဆုံးတင်တဲ့ အကြောင်း အရာ (post) တွေဟာ ထိပ်မှာရှိနေတတ်တယ်။ အဲဒီ post လို့ ခေါ်တဲ့ အကြောင်းအရာ ဖော်ပြချက်လေး တွေဟာ တကယ်တော့ စာသားအနည်းငယ် ကနေ ၊ တခြားသော web တွေ ကိုတဆင့် ညွှန်းဆို ခြင်းများ၊ ဓါတ်ပုံများ လဲပါဝင်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီ post တွေ မှာ ရုပ်ရှင်ဗီဒီယိုများ၊ ဒါမှမဟုတ် အသံ ဖိုင်များလဲ ပါဝင်နိုင်ကြပါတယ်။

အဲဒီ blogတွေကို ဖတ်ရှုသူများ အနေနဲ့သူတို့ ထင်မြင်ချက်များကိုလဲ အလွယ်တကူ ချရေး သွားနိုင်ခဲ့တဲ့ comments ဆိုတဲ့ လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။ အဲဒါ ဟာ သာမန် website တွေမှာ မရလေ့ ရှိတဲ့ blog ရဲ့ လုပ်ဆောင် ချက်လေး ဖြစ်ပါတယ်။ ဒါ့မပြင် blog ပိုင်ရှင် အနေနဲ့ သူသဘောကျ ညွှန်းဆိုလိုတဲ့ တခြား သော blog သို့မဟုတ် website တွေကို ပြန်လည် ညွှန်းဆို ချင်တာတွေကို blogroll လို့ ဆိုတဲ့ လုပ်ဆောင်ချက် လေးနဲ့ ဖန်တီးထားနိုင်ပါသေးတယ်။

Blog တခုရဲ့ အသက်ဟာ အဲဒီဘလောက်မှာ ပါဝင်တဲ့ အချက်အလက်နဲ့ သူ့ရဲ့ ဖန်တီးချက် အနုပညာ ဆန် မှုတွေကို post တွေနဲ့ ဖော်ပြခြင်းသာဖြစ်ပါတယ်။ဒီလို ရေးသား ဖော်ပြခြင်းကို ပြုလုပ်သူများ ရဲ့ လုပ်ဆောင်မှုများ၊
Blog အားများ အားလုံး၊ blogများတခုကိုတခုချိတ်ဆက်ခြင်းများ၊ ဘယ်လို အကြောင်း အရာခေ

You can leave a response, or trackback from your own site.

5 Responses to “ဘလောက် လမ်းညွှန် စာအုပ်လေး”

  1. My Wonderful Moral Thoughts says:

    Pls come and visit me at http://mywonderfulthoughtsmoral.blogspot.com/ C u there.

  2. ကျော်ကျော် says:

    အစ်ကိုတို့ အစီအစဉ် အရမ်းကောင်းပါတယ်။ ကျွန်တော်ကအခုမှစလေ့လာမှာပါ။
    အင်္ဂလိပ်စာလည်း သိပ်မကောင်းဘူး။ ဒါနဲ့ တစ်ခုလောက်မေးပါစေ…
    ကျွန်တော် website မှာ http://www.blogger.com ၀င်တာ ၀င်လို့ မရပါဘူး။
    asscess denied ဖြစ်ဖြစ်နေပါတယ်။http:// မှာ s ထည့်လို့ လည်း
    မရပါဘူး။အဲဒါ တစ်ချက်လောက်ကူညီပေးပါခင်ဗျာ။ကျေးဇူးတင် ပါတယ်။

  3. admin says:

    ww2.blogger.com ကို တိုက်ရိုက်သွားဖွင့်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် တော့ proxy တခုခုနဲ့ အသုံးပြုပြီး ဖွင့်နိုင်ပါတယ်။ အခြားသော လေ့လာသင့်တာတွေကိုအ ချိန်ရ ရင် မေးပို့ပေး လိုက်ပါမယ်။ ကျေးဇူးတင်ပါတယ်။

  4. အဲ့ဒိစာအုပ်တွေ့တာကြာပြီ။
    ပိုက်ဆံမရှိလို့မ၀ယ်တား)

  5. minmin says:

    ဝေါဒ်ပရက်ရေးနည်းရှိရင်ညွှန်ပြပေးပါဉီး

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice