မနက်စောစောလို့ ပြောပေမယ့် နွေဝင်နေပြီဆိုတော့ ၇ နာရီလောက်မှာပင်
နေအတော်မြင့်နေပြီဖြစ်သည်။ ကျွန်တော်လဲ ခပ်စောစော နိုးနိုးနေတာ နဲ့
ဒီရက်ပိုင်း ရုံးကို စောစော ရောက်နေတတ်တာ တပတ်လောက် ရှိတော့မည်။ ရုံးနား
ရောက် ရင် ကျွန်တော် မနက်စာ ဟိုဟို ဒီဒီ လျောက်စားမည်။ ပြီးရင် ရိက္ခာလေး
ဝယ်ပြီး အပေါ်တက်၊ အင်တာနက် သုံး ကာ အလုပ် လေး လုပ်တော့မည်။
ထိုကဲ့ သို့ သော တောင်တောင် အီအီ ရည်ရွယ်ချက်များဖြင့် ကျွန်တော် ရုံးကို
စောစော ရောက်ဖြစ်ပါသည်။ တနေ့ ကဖြစ် မည် ထင်သည်။ ကျွန်တော် အိမ်ကနေ
လာလျှင် ရွှေဧည့် သည် ဆိုသော ဘက်စ် ကားကို စီးပါသည်။ မိနစ် ၂၀ အတွင်း ရုံး
ရောက်ပါသည်။ တခါတရံ ၁၅ မိနစ်လောက်နှင့်လဲ ရောက်တတ်သည်။ တကယ်တော့
မကြာဘူးဟု ပြောလို့ရပါသည်။ ကျွန်တော် လက်ရှိနေသော နေရာနှင့် ရွှေဧည့် သည်
ကား ဂိတ်ဆုံးသည် ၃ မှတ်တိုင်သာ ခြားသဖြင့် ကျွန်တော် ကားပေါ်တတ်လျှင် နေရာ
ကောင်းကောင်း ရွေးထိုင် နိုင်ရန် အတွက် အခွင့် အရေး ကောင်းလေသည်။
ဒါကြောင့် ကျွန်တော် နေ့တိုင်းနေရာ ရသည်ဟုပြောချင်ပါသည်။ ထိုကားသည်
များသော အားဖြင့် မတ်တပ်ရပ် ခရီး သည်များ ကို တင်ဆောင်ခြင်းမရှိပါပေ။
ကျွန်တော်စကား ပြတ် သွားပါသည်။ ပြန်ပြောပါမည်။ တနေ့ ကဖြစ်မည်ထင်ပါသည်။
ကျွန်တော် ထုံးစံ အတိုင်း ရုံး ကို သွားတော့ ကားပေါ်မှာ နေရာ ကောင်း
ကောင်း ရပါသည်။ ကျွန်တော် တက်လာပြီး နောက် တမှတ် တိုင်တွင် မိန်းကလေး
ခပ် ချော ချော လေး တယောက် တက်လာပါသည်။ အသက် အနည်းငယ် ငယ်ပုံရပြီး လက်ထဲ
တွင် စီးပွားရေး တက္ကသိုလ် မှ ထုတ် ဝေသော စာ အုပ် ကို ကိုင်ထား ကာ
ကျွန်တော့်  ဘေးမှာ ၀င်ထိုင် ပါသည်။ အမှန် အတိုင်း ပြော ရရင် မိန်း ကလေး
ခပ် ချော ချော မို့ ကျွန်တော်သတိ ထား မိတာ ဖြစ်ကောင်း ဖြစ်မည် ထင်ပါသည်။
နောက် တမှတ်တိုင် တွင် လဲ ထို စာ အုပ်မျိုး ကိုင် ဆောင် ထားသော မိန်းကလေး
လှတ ပတ လေးများ ဆက်လက် တက်လာ ပါသည်။ သူတို့ နောက်တွင် အဒေါ် ကြီး တယောက်လဲ
တက်လိုက် လာပါသည်။ လူ အနည်း ငယ် များ သွားသောကြောင့် ထိုင် ခုံနေရာများ
ကမဆန့် တော့ ပေ။ မိန်းကလေး ၂ ယောက်နှင့် အဒေါ်ကြီးမှာ ထိုင် ခုံနေရာ မရဘဲ
မတ်တပ် ရပ် ကာ
လိုက်ပါ လာကြသည်။ ထိုအဒေါ်ကြီး လက်ထဲ တွင် ချိုင့် တလုံးနှင့် လက်ဆွဲ အိတ်
တလုံး ပါ လာသည်။ အဒေါ် ကြီး သည်လက်တဖက်တွင် ပစ္စည်းများ ကို ၄င်း
မနိုင်မနင်း ကိုင် စွဲလျက် တခြား တဖက် ကလဲ လက် ကိုင် တန်း ကို
သူ၏ မမှီသော အရပ်ဖြင့် တွယ်ထား ရနေသည်။ ထို မြင် ကွင်းကို ကျွန်တော်
ကြည့်နေစဉ်ပင် ကျွန်တော့် ဘေးမှ မိန်း ကလေး က အဒေါ်ကြီး လက်ထဲမှ
ပစ္စည်းများ ကို ကိုင်တွယ်ပေး ပါမည့် အကြောင်း ပြောသော အခါ ထို အဒေါ်ကြီး
ကကျေး ဇူး တင်ဟန်ဖြင့် ပေးထားလိုက်ပါသည်။ ကျွန်တော် ၏ ပထမဆုံး တွေဝေခြင်း
ဖြစ်ပါသည်။ တကယ် ဆို ကျွန်တော်လဲ ထိုသို့ ကိုင်ပေး ထားလိုက် ဖို့
ကောင်းပါသည်။ ကား က အမြန် မောင်းသော အခါ မတ်တပ်ရပ် ခရီးသည်များမှာ အနည်း
ငယ် အခက်အခဲ ရှိနေစဉ် ကျွန်တော့် နေရာအား အဒေါ်ကြီးအား ပေးရန်
စဉ်းစားမိနေသည်။ သို့ သော် တကယ်တမ်း ကျွန်တော် ထိုင်ရာက မထသေးပါ။
ကျွန်တော့ ဘေးမှမိန်းကလေး သည် အဒေါ်ကြီးအား နေရာပေး နေလေသည်။ ထို အခါ
အဒေါ်ကြီး က မြေနီကုန်း ဆင်းတော့မှာမို့ မထိုင် လိုတော့ကြောင်း ပြောပါသည်။
ကျွန်တော် သည် စဉ်းစားနေတာ နှင့် သာ အချိန်ကုန်သွားပါသည်။ ကျွန်တော့်
ဘေးက မိန်းကလေး သည် သိပ်စဉ်းစား ပုံမပေါ် ၊ လုပ်သင့် သည်ကို မြန်ဆန် စွာ
ဆုံး ဖြတ် လုပ် ကိုင်သွား ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် သွက်
လက်စွာ သွား လာနိုင်သော လူငယ် များ ဖြစ်ပါသည်။ မိနစ် ၂၀ လောက်သာ ထိုင်
ရမည့် ဒီနေရာ ကို ကျွန်တော် ဘာကြောင့် တွယ်ဖက် ထား ခဲ့လဲ ကျွန်တော်
မသိလိုက်ပါ။ ကျွန်တော် သိလိုက် သည် က ကျွန်တော် သည်
လူတယောက်ဖြစ်သောကြောင့် ဖြစ်မည်။ လူသည် အတ္တ ကြီးသလို မိုက်မဲတတ်သည်။
မိန်းကလေး သည် ဘာကြောင့် ကူညီပြီး ကိုင်တွယ်ပေးထား ခဲ့ လဲ၊ နေရာ
ဘာကြောင့် ပေး လိုက်ဖို့ ကြိုး စားခဲ့ သလဲ ကျွန်တော်မသိပါ။ ကျွန်တော်
သိတာ သူမ သည် လူတယောက်ဖြစ်နေေ သာကြောင့် ဖြစ်သည်။ လူသည် ယဉ်ကျေးသည်၊ သနား
ညှာတာ တတ်သည်။ မျှဝေခံစားတတ်ပါသည်။ တကယ်ဆို တန်းဖိုးအားဖြင့် ဘာမှ မယ်မယ်
ရရ မရှိ၊ အချိန်အားဖြင့်လဲ တိုတောင်းလွန်းကာ ကျွန်တော်ထိုင်နေလျှင်
ကျွန်တော့် အတွက်သာ ဖြစ်ပြီး မည်သူ့ ကိုမျှ အကျိုး ပြုမှု မရှိပါ။
ကျွန်တော် သာ ကျွန်တော် လိုရာ မရောက်မှီထိုင် ရန် လိုအပ်နေသော
သူတယောက်အား နေရာ ဖယ်ပေးနိုင်ခဲ့လျှင်မျှ ဝေ ခံစား ခြင်းဖြစ်ပြီး၂ ဖက်
အဆင်ပြေသွား နိုင်ပါသည်။ ကျွန်တော် သည်မတ်တပ်ရပ်နိုင် ပါလျက်နှင့် ဆက်လက်
ထိုင်နေခြင်းသည်က မှား နေသလား၊ နေရာမဖယ်ပေး ခြင်းသည် မျှတမှု ရှိရဲ့လား၊
ကျွန်တော်တို့တန်းတူသည် ၃၀၀ ပေးစီးတာ ခြင်းတူတူ ထိုင်တဲ့သူက ထိုင်
ထတဲ့သူကထ နှင့် သာတူညီမျှ မရှိပါ က ဘယ်သူ့တွင် တာဝန်ရှိပါသနည်း။
အားလုံးသည် လိုရာပန်းတိုင်ကို သွားရန် တခရီးထဲ စီးနေကြသူတွေသာ ဖြစ်ပါသည်။
ကျွန်တော် လို ရာမရောက်မခြင်း ထိုင်နေခြင်းသည် မှန်ကန်မှု အပြည့် အဝ
ရှိမည်လား ဟု သံသယ ၀င်နေ ဆဲဖြစ်ပါသည်။ အဲဒီနေ့ ကကားပေါ်က ဆင်းတော့
ကျွန်တော့ခြေလှမ်းမှား မှာ သွက် လက်နေပါသည်။ ကျွန်တော် ထိုင်သင့်လျှင်
ထိုင်နေပါမည်။ ထပေးသင့် က ထပေးတော့မည်ဟု ဆုံး ဖြတ် လိုက်ပါသည်။ သို့
သော်ကား တွေ ဝေ နေဆဲဖြစ်ပါသည်။

တကယ်တော့ အရာအားလုံးသည် ခဏလေးသာ ဖြစ်ပါသည်။ ထို အကြောင်းများ ကိုလဲ ခဏသာ
ကျွန်တော် စဉ်းစားမိခြင်း ဖြစ် ပါသည်။ သို့သော် မေ့ထား၍ ကားမရသော အရာများ
ဖြစ်ပါသည်။

ကော်နက်ရှင်မကောင်းရင်တော့ ပစ်မှာဘဲ (ကွန်ပျုတာကိုပြောတာ)
နေပူထဲမှာလူတွေလူတွေ
အ၀င်ပေါ့နော်
အိုင်စီတီချွေးထုတ်ပြခန်း
လတ်ပ်တော့တွေပေါမှပေါ
ရန်ကုန်မှာ တော့ နွေရာသီ နည်းပညာ ဆိုင်ရာ ပြပွဲနဲ့ ဈေးရောင်းပွဲကို စည်စည်ကားကားလေး လုပ်နေပါတယ်။ ပြခန်းတွေလဲ ကောင်းကြပါတယ်၊ ရောင်းရပါတယ်။ ပူတာကတော့ တော်တော်ပူတယ်။ digital ပစ္စည်းတွေ ဈေး ကျ လာတာကောင်းပါတယ်။ ဒါပေမယ့် သူတို့ ကိုသတ်နေတာ အဓိက ဖြစ်နေတာ မီးပျက်နေတာဘဲ။ ဘယ်လောက် ကောင်းတဲ့ digital ပစ္စည်းဘဲ ဖြစ်ဖြစ်လျှက် စစ် မရှိရင် သေတာဘဲ ၊ ဘာမှ သုံးမရတော့ဘူး။ဆိုင်ခန်းတွေလဲ ဈေး မြောက်နေလဲ နေပူနေလဲ အပြိုင်ကြဲနေ ဆဲဗျို့။

မောင်မျိုးလေးက adsl လိုချင်တာနဲ့ သွားဝယ်တာဗျာ။ myanmar info teach လဲရောက်၊ ၈ မိုင်ရောက်၊ လမ်းမတော်မ၀တရောက်- အခုပြပွဲရောက်နဲ့ ဖတ်ဖတ်ရယ်မောသွားတယ်။ adsl တော့ ပြပွဲတွင်း သိန်း ၂၀ နဲ့ ၀ယ်လိုက်တယ်။ နောက်မှ ၀ယ်နည်းလေး အသေးစိတ်ပြောပြဦးမယ်။



မနေ့က ညနေ ၆ နာရီ ၅၀ လောက်မှာ ရုံးကပြန်တယ်။
ရွှေဧည့်သည်စီးတော့ အိမ်နားကို ၇ နာရီ ၃၀ မှာရောက်တယ်။
လမ်းထိပ်မှာ ဘီယာသောက်နေတယ်။
ကာရာအိုကေသွားတယ်။
မနက် ၆ နာရီ ၁၅ အိမ်ပြန်ရောက်တယ်။
အမေဆူနေတယ်။
ရေချိုးတယ်။
ပြင်ပြင်ဆင်ဆင်လုပ်လိုက်တယ်။
ရွှေဧည့်သည် ပေါ်က ပျင်းစရာ ကောင်းတဲ့ သီချင်း vcd ကိုကြည့်တယ်။
၇ နာရီ ၃၀ မှာမြေနီကုန်းရောက်တယ်။
တင်တင်အေးမှာ မုန့်ဟင်းခါးစားတယ်။
ဟော - အခုရုံးပြန်ရောက်နေတယ်။
လောလောဆည် နှာစေးနေတယ်။
အလုပ်လေးလုပ်လိုက်ဦးမယ်။
ကော်နက်ရှင်ကောင်းတုံး။
တော်ကြာနေခေါင်း ကိုက်မလားမသိ - - -။

Type the rest of your post here.
ထို့နောက် ကျွန်ုပ်နှင့် တက်လော့ ဟုန်းလဲ မဟာရာဂျာ ညက်လီဆင်း တည်းခိုရာ ပွဲစားကြီးမယား ဟိုတယ်သို့ သွားရောက်ကြလေသည်။ ဟိုတယ်အရောက်တွင် အ၀င်မှနေ၍ ကုလား အစေခံ လေးများ လာရောက် ဆီးကြိုကြလေ၏။ ကျွန်ုပ်တို့အား သုံးထပ်သို့ ခေါ်လာခဲ့ပြီးနောက် အခန်းကျယ် ကြီးတခုသို့ ရောက်ရှိကြလေသော် အဆောင်အယောင် ပြိုးပြိုးပျက်ပျက် များဖြင့် တန်ဆာ ဆင်ထားသော ညက်လီဆင်း ၏ ဧည့်ခန်းသို့ ရောက်လတ်သည်နှင့် ကုလားရေမွှေးများ မွှန်ထူအောင် မွှေးကြိုင်နေအောင် စွတ်ထားသည့် ကုလားမလေးများသည် အသီးသီးထိုင်နေကြပြီး ထိုသူများ အလည်တွင် ညက်လီဆင်း ဖြစ်ဟန်တူသော အရက်ကိုးမောင်း မူနေသည့် လူရွယ်တယောက် တဝေါဝေါနှင့် ထိုးအန်နေသည်ကို တွေ့ရလေသည်။ ထို အခိုက် တက်လော့ဟုန်းက ကျွန်ုပ်အား
ဒီမယ် ၀ယ်လဆင်ပွတ် ဒီငနဲ ညကများသွားတယ် ထင်တယ် ဟု အလိုက်မသိစွာ အတင်းပြောလေသည်။
ထိုင်ပါ ဦးတို့ ထိုင်ကြပါ
ကျွန်ုပ်တို့အား လာရောက်ခေါ်ဆောင်သော လူငယ်မှ သူ့ အသက်မှ အားမနာ ကျွန်ုပ်တို့အား ဦးတပ်ခေါ်ကာ လောက၀တ်ပြုပြီးနောက်။ ညက်လီဆင်းလဲ လှုပ်ရှားနိုင်လာလေပြီ။ ပြီးသည့် အခါတွင်
ကိုယ့်လူတို့ ရောက်လာမှကိုး နာမည်ကြီး စုံထောက်များတယ် လဲဟန်ရှိသဗျို့ ဟောဟိုက ခေါင်းမှာ အုန်းလက်ကြီး ဆောင်းထားတဲ့ ဂျပုက တက်လော့ဟုန်းမှတ်တယ်။ ဒါနဲ့ ဒီဘက်က စုတ် ချွန်း ချွန်းနဲ့ ငနဲက ဘယ်သူလဲဗျ ဟု ယဉ်ကျေးစွာ နှုတ်ဆက်လေ သူကား မဟာရာဂျာ ညက်လီဆင်းဖြစ်ပေတော့သည်။
ဟုတ်ပါ့ဗျာ - ဟုတ်ပ ။ ကဲ တဆိတ်လောက် မဟာရာဂျာ့ ဟုတ်စိန်ပျောက်ပုံလေး ပြောပါဦး
တက်လော့ဟုန်းက ပြောရာ


ညက်လီဆင်းသည် ၀မ်းမသွားနိုင်၍ မအီမလည် ဖြစ်နေသော လူမမာရုပ်နှင့် ဘာမပြောညာမပြော ရှေ့ရှိဘီယာ ခွက်အား စွတ်မော့လေ၏။ ထို့နောက် သောက်ပါဦးလား ဘော်ဒါတို့ဟု ပြော သောအခါ မိုးရေချိုးချင်သော ကြောင့် ဂဂျီဂဂျောင် ကျနေသော ခလေးအား အခွင့်ပေးလိုက်သကဲ့သို့သောမျက်နှာထားဖြင့် ကျွန်ုပ်တို့ နှစ်ယောက်သည် လာရောက်ချပေးသော ဘီယာများ အား စကားမေးမရမှီပင် တကြိုက်ထဲ သောက်ချလိုက်လေတာ့သည်
ညက်လီဆင်း ကတယ်လဲ သဘောကောင်းသကိုး ဒါကြောင့် ရည်းစား တွေဝိုင်းနေတာနေမှာ ဟုတက်လော့ဟုန်းကပြောရာ
တယောက်ထဲရှိပါတယ်ဗျာ
အော် တယ်လဲချမ်းသာ တာကိုး
အကြွေးတွေဝိုင်းနေတယ်
ဒါကြောင့် အသက်ကြီးတာတောင် အရွယ်တင်နေတာ
ဘယ့်နှယ် အခုမှ အသက် သုံးဆယ် မပြည့်သေးဘူးဗျ
တက်လော့ဟုန်းနှင့် ညက်လီဆင်းတို့ တယောက်တပေါက်ပြော ဆိုနေရာ ကျွန်ုပ်လဲ မနေနိုင်သဖြင့်
ဟုတ်စိန်တောင် ပိုင်မှတော့ တယ်လဲ ကြွယ်ဝလို့ပေါ့
တော်ကြပါတော့ကွယ်တို့ ၊ တခုမှလဲ မမှန်ဘူး တလွဲချည်းဘဲ
ညက်လီဆင်းလဲ စိတ်ပျက်လက်ပျက်ညည်းပြီးနောက်
ဟုတ်စိန်ဆိုတာ ကြောင်ပေါက်လေးဗျ
အိုမဟုတ်တာ စိန်ပြာကြီးပါ ၊ တက်လော့ဟုန်းက ပြာပြာသလဲ ၀င်ပြောသည်။
မဟုတ်တာ ကြောင်ပါဆို
စိန်ပါဗျ
ကြောင်ဗျ
စိန်
ကြောင်
ကြောင်
စိန်
စိန်ပြာ
ကြောင်ပြာပါ
ဟောဗျာ ရူးများနေသလား
ပေါများနေတာ
ဟား - ဆရာတို့တော်သင့်ပြီထင်တယ် ကောင်းကောင်းပြောမှပေါ့ဗျာ -ဘယ့်နှယ်
ကျွန်ုပ်ဝင်ဟန့် တော့မှ နှစ်ယောက်သား ရပ်သွာပြီး ညက်လီဆင်းက ဟုတ်စိန်ဆိုတာ ကျွန်တော့် ရည်းစား လက်ဆောင်ပေးထားတဲ့ ကြောင်ပြာလေး တကောင်ပါ။ ဘယ်လိုလုပ် ပျောက်သွားတယ် မသိပါဘူး၊ တနေ့က ညက အိပ်တော့ ပူတာနဲ့ ပြတင်းပေါက် ဖွင့်ထားမိတာ၊ သူထွက်သွားတာထင်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ရှာတွေ့မှ ဖြစ်မယ်။ မဟုတ်ရင် ဘုံဘေ ပြန်ရောက်လို့ ဟုတ်စိန်မပါလာရင် ရည်းစားက ဘုံဘိုင်ခေါင်းနဲ့ ထုလိမ့်မယ် - ဟရေး စိတ်ပျက်ပါတယ်
ပြောပြောဆိုဆိုနှင့် ဘီယာများ သောက်ပြန်လေသည်.
ဒီလောက်လဲ ဖြစ်မနေပါနဲ့ သိပ်သောက်မနေနဲ့ ပြန်ရမှာပါ စိတ်မပူပါနဲ့
အော်- ကျွန်တော်က ခေါင်းစဉ်တပ်လိုက်တာပါ။ ဟုတ်စိန်ပျောက်လို့ ချည်းသောက်နေတာ မဟုတ်ဘူး သက်သက်သောက်ချင်လို့ ကို့ ခေါင်းစဉ်တပ်တာ ဟတ် ဟတ်
ကောင်းပါပြီဗျာ - ဒါနဲ့ ဟုတ်စိန်ပုံလေးများမရနိုင်ဘူးလား
ရနိုင်ပါတယ် - ဟေ့ ရန်ကဘူးပေးလိုက်စမ်းကွယ် ဟုတ်စိန်ရဲ့ပုံ
ထိုအခါ ရန်ကဘူးသည် ဓါတ်ပုံလေး တခုအား ကျွန်ုပ်တို့ ရှေ့သို့ လာချပေးလတ်သော အခါ တက်လော့ ဟုန်းသည် ကပြာကရာ ယူကြည့်လေသည်။ ပုံ ထဲတွင် ကြောင်ဝတုတ်လေး တကောင်ထိုင်နေသည်ကို ရိုက်ကူးထား သည်ကိုတွေ့ရလေ၏။
တက်လော့ဟုန်းသည် ပုံအား မိုးပေါ်သို့ထောင်ကာ အောက်ကနေကြည့်၏။ အောက်သို့ချကာ အပေါ်မှ မိုးကြည့်၏။ အနီးကြည့်၏ ။ အဝေးလဲ ကြည့်၏။ ကျေနပ်လောက်အောင် ကြည့်ရှုပြီး နောက် အောက် ပါ အတိုင်း ပြောလေသည်။
ဒါ ဓါတ်ပုံဖြစ်ရမယ်
ဟောဗျာ ဓါတ်ပုံမဟုတ်လို့ ဘာဖြစ်ရမတုန်းဗျ
ကျွန်ုပ်လဲ စိတ်ပေါက်ပေါက်နှင့် ပြေပြစ်လေရာ
ဒီမယ် ကို့လူ - အရာတိုင်းကို အမှန် ထင်လို့မရပေးဘူးဗျ၊ အမှုတခုကို လိုက်တဲ့နေရာမှာ အားလုံးကို ထောင့်စေ့ အောင်စဉ်းစားရတယ်။ ချက်ချင်း ကောက်ချက်ဆွဲလို့ မရဘူးလေ။
ထိုသို့ တက်လော့ဟုန်းကပြောသောအခါ ကျွနိုပ်လဲ တက်လော့ဟုန်း၏ စေ့စပ်သေချာမှုအား အသိအမှတ်ပြုရ လေတော့သည်။

ကဲ - - လာပါပြီဗျာ
2008 ရဲ့ မင်္ဂလာရှိတဲ့ မြန်မာနှစ်ကူးသင်္ကြန်ပွဲကို မှတ်တမ်းတင် မယ့်
ကျွန်တော်တို့ရဲ့ မြန်မာသင်္ကြန် ဘလောက် ကိုဖွင့်လှစ်ပါတော့မယ်။
နိုင်ငံတကာက မြန်မာမိတ်ဆွေများ လဲကြည့်ရှုခံစား နိုင်သလို သင်္ကြန်
အကြောင်း - သင်္ကြန် အငွေ့ အသက်တွေ ပါဝင်တဲ့ ကဗျာတွေ စာတွေ ပုံတွေကို
လဲမိမိတို့ ကိုယ်တိုင် တင် နိုင်အောင် စီစဉ်ပေးထားပါတယ်။ ရန်ကုန် ၊မန်း ၊
စင်္ကာပူ၊ မလေးရှား၊ ထိုင်း ၊ အမေရိကန် တို့က ပူးပေါင်း တင် ဆက်သူများ
များစွာ ပါရှိတဲ့ ကျွန်တော်တို့ရဲ့ ဘလောက်လေးကို မကြာခင်မှာ အသွင်သစ်နဲ့
တင်ဆက်သွား ပါမယ်။ မနှစ်က အတိုင်းစုံစုံလင်လင်လေး ဖြစ်အောင်
အတက်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပူးပေါင်းတင် ဆက်ချင်ကြတဲ့
အရပ်ရပ် က ညီအကိုမောင်နှမများ အနေနဲ့ မိမိတို့ရဲ့ သင်္ကြန် အကြို ခံစား
ချက်များ၊ မိမိနေထိုင်ရာ ၀န်းကျင်မှာရှိတဲ့ သင်္ကြန် အဖြစ်အပျက်များကို
ytaung.thingyan@blogger.com ကနေ တဆင့်လွယ်တကူ မေးပို့တင်နိုင်ပါတယ်။

လိပ်စာကတော့ www.mmthingyan.com ဖြစ်ပါတယ်။ ၂၆ ရက် မတ်လလောက်မှာ
စတင်သွားမှာဖြစ်ပါတယ်။
မင်္ဂလာနှစ်သစ်ဖြစ် ကာ မြန်မာပြည်သူအပေါင်း ပျော်ရွှင်ချမ်းမြေ့ပြီး လိုရာ
ဆန္ဒပြည့်ဝ ကြပါစေ လို့ ကျွန်တော်တို့ mmthingyan
အဖွဲ့တောင်းဆုပြုလိုက်ပါတယ်။

ကိုပို့ တင်ချင်ပါသော်လဲကွယ်၊ မဖြစ်နိုင်တာ ကိုနားလည်။ အခုတလော အင်ကြာနက် ကော်နက်သေ နေတတ်တာကြောင့် အားတဲ့ ခဏတဖြုတ်မှာတောင် ပို့လေးတင်ချင်ပေမယ့် မတင်နိုင်ပါဘူးဗျာ။ ဘလောက် လမ်းညွှန်စာ အုပ် ပို့မှာ လင့်လေးတွေနဲ့ စာအုပ်ပုံ ထည့်မလို့တောင် ဘလောက်ထဲ ၀င်မရ ပြုမရ ဖြစ်နေ တယ်ဗျို့။
ကျွန်တော် ဆက်ပြီး တက်လော့ဟုန်း ၊ ထူးထူးဆန်းဆန်း များ၊ ကဗျာနဲ့ တခြား အတွေ့ အကြုံတွေ ကိုဆက်ရေး သွားမှာပါ။ တခုခုနဲ့တော့ ကော်နက်ရှင်ရနေသ၍ တင်သွားမှာပါ။ သတင်းတခု အနေနဲ့ သင်္ကြန်ကျရင် နေ့စဉ် အဖြစ် အပျက် ကြောင်းအရာ တွေကို ပုံတွေနဲ့ ဝေေ၀ဆာဆာလေး တင်ဆက်သွားဖို့စီစဉ်နေ ကြောင်း ပြောချင်ပါတယ်။
မကြာခင်မှာဘဲ အဲဒီဘလောက် (သို့) ၀က်ဆိုဒ် လင့် ကိုကြေငြာပေးသွားပါမယ်။

ကော်နက်ရှင်ကြီးရယ် နေပါဦး - ရေးလို့ ကောင်းနေတုန်း - အဲလိုဆိုရမလိုဖြစ်နေပြီဗျာ။ မြန်မာပြည်သားများ ကော်နက် ရှင်ကောင်းကောင်း ရပါစေလို့ဆုတောင်းပေးကြပါဦး


ကျွန်တော့် လွန်ခဲ့တဲ့ အပတ်က စာအုပ်လေး တအုပ်ကို မထိုက်က ယူလာပေးလို့ဖတ်ကြည့်မိတယ်။ အချိန်သေချာ မပေး နိုင်တာနဲ့ သူ့ရဲ့ မာတိကာ စဉ်လေး ကိုဖတ်ပြီးတော့ အသုံးဝင်တဲ့ စာ အုပ်လေး တအုပ်ဆို တာ သတိထားမိပါတယ်။ ဒါကြောင့် ကျန်တဲ့ သူများ အချိန်မှီ ဖတ်ရှုချင်လဲ ဖတ်လို့ ရအောင် ညွှန်းလိုက်ပါတယ်။

ဒီစာအုပ်မှာ ဘလောက်ရဲ့ အကြောင်း ၊ အသုံးပြု ပုံ၊ ဖန်တီးမှုနှင့် လိုက်နာရန် အချက်အလက်များ၊ တခြားသော သိမှတ်ဖွယ်ရာ၊ ဘလောက်နှင့် နိုင်ငံရေး၊ စီပွားရေး ၊ လူမှုရေး စတဲ့ အကြောင်းလေးတွေကို ဖတ် ရမှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်က ထုတ်ဝေတဲ့ ဒီစာအုပ်ကို Jonathan Yang ဆိုသူက ရေးသား ခဲ့တာ ဖြစ်ပါတယ်။ အနည်းငယ် နောက်ကျမှ ရောက်လာ တာဖြစ်ပေမယ့် အခုချိန်ထိ အွန်လိုင်းမှာ လဲဝယ်ယူနိုင်သလို၊ လက်တွေလဲ အသုံး ပြု နိုင်တဲ့ အကြောင်းတွေ ပါဝင်တာကြောင့် ဖတ်ဖြစ်ရင် သင့်တော်မယ် ထင်ပါတယ်။

ဒီစာအုပ်ပါ အကြောင်း အရာတွေကို ကျွန်တော်တို့ သေချာ စွာဖတ်ရှု လေ့လာ စမ်းသပ်ရင်း မြန်မာလို ပြန် ဆို ထုတ်ဝေဖို့ စီစဉ်ထားကြောင်းပါ။ မြန်မာ လိုဘာသာပြန်ဖို့ အတွက် ကျွန်တော်ရယ်၊ မထိုက်(ဘာညာဘာညာ) ရယ်။ ပင့်ကူရယ်က ဆောင်ရွက်သွားချင်ပါတယ်။ ကူညီ ပြန်ဆိုချင်သူများ ကိုလဲ ဖိတ်ခေါ်ချင်ပါတယ်။ အဓိက ကတော့ ဒီလို စာအုပ်မျိုးတွေ မြန်မာ စာဖတ်ပုရိတ်သတ်နှင့် နောက်ထပ် ပေါ်ထွက်လာမယ့်မြန်မာ ဘလောက် သမားများ အတွက် ရေတပေါက်၊ မျှ တန်ဖိုးရှိခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့ အမြန်ဆုံးအကောင် အထည် ဖော်သင့်တဲ့ အလုပ်တခု လို့ ကျွန်တော်ထင်ပါတယ်။

အောက်မှာတော့ ဒီစာအုပ်ရဲ့ ပထမ စာမျက်နှာက စာသား တချို့ ကိုဖော်ပြပေးလိုက်ပါတယ်။


What’s a blog?

A blog, or weblog is a special kind of website. The main page of each blog consist of entries, or posts, arranged in a reverse chronological order – that is, with the most recent post at the top. Typically, each entry is a short chunk of text, often with links to other websites, though photos are often included, and posts can also contain audio or video.

Typically, a blog will also include the ability for readers to leave comments – making the whole affair much more interactive than a traditional website – as well as a list of the author’s favorite
Blogs, known as a blogroll.

The verb to blog simply refers to the act ( or art) of posting entries to a blog, while the blogosphere is the term that has come to be used to descried the entire phenomenon of blogging – all the blogs, all the links between the blogs, and all the topics being written about in blogs.

ဘလောက်ဆိုတာဘာလဲ ?

Blog ဒါမှမဟုတ် weblog ဆိုတာ website တမျိုးပေါ့။ ဘလောက်တွေရဲ့ စာမျက်နှာတွေဟာ သူ့ရဲ့ နောက်ဆုံး ရေးသားချက်တွေ၊ ကြောင်းအရာတွေကို chronological နည်းံနှင့် စီပြထား တာကြောင့် နောက်ဆုံးတင်တဲ့ အကြောင်း အရာ (post) တွေဟာ ထိပ်မှာရှိနေတတ်တယ်။ အဲဒီ post လို့ ခေါ်တဲ့ အကြောင်းအရာ ဖော်ပြချက်လေး တွေဟာ တကယ်တော့ စာသားအနည်းငယ် ကနေ ၊ တခြားသော web တွေ ကိုတဆင့် ညွှန်းဆို ခြင်းများ၊ ဓါတ်ပုံများ လဲပါဝင်နိုင်ပါတယ်။ ဒါ့အပြင် အဲဒီ post တွေ မှာ ရုပ်ရှင်ဗီဒီယိုများ၊ ဒါမှမဟုတ် အသံ ဖိုင်များလဲ ပါဝင်နိုင်ကြပါတယ်။

အဲဒီ blogတွေကို ဖတ်ရှုသူများ အနေနဲ့သူတို့ ထင်မြင်ချက်များကိုလဲ အလွယ်တကူ ချရေး သွားနိုင်ခဲ့တဲ့ comments ဆိုတဲ့ လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။ အဲဒါ ဟာ သာမန် website တွေမှာ မရလေ့ ရှိတဲ့ blog ရဲ့ လုပ်ဆောင် ချက်လေး ဖြစ်ပါတယ်။ ဒါ့မပြင် blog ပိုင်ရှင် အနေနဲ့ သူသဘောကျ ညွှန်းဆိုလိုတဲ့ တခြား သော blog သို့မဟုတ် website တွေကို ပြန်လည် ညွှန်းဆို ချင်တာတွေကို blogroll လို့ ဆိုတဲ့ လုပ်ဆောင်ချက် လေးနဲ့ ဖန်တီးထားနိုင်ပါသေးတယ်။

Blog တခုရဲ့ အသက်ဟာ အဲဒီဘလောက်မှာ ပါဝင်တဲ့ အချက်အလက်နဲ့ သူ့ရဲ့ ဖန်တီးချက် အနုပညာ ဆန် မှုတွေကို post တွေနဲ့ ဖော်ပြခြင်းသာဖြစ်ပါတယ်။ဒီလို ရေးသား ဖော်ပြခြင်းကို ပြုလုပ်သူများ ရဲ့ လုပ်ဆောင်မှုများ၊
Blog အားများ အားလုံး၊ blogများတခုကိုတခုချိတ်ဆက်ခြင်းများ၊ ဘယ်လို အကြောင်း အရာခေါင်း စဉ်ဖြင့် ဖြစ်စေ ရေးသားမှုကို blogging လို့ ခေါ်ဆိုပြီး ထိုကနေတဆင့် blogosphere ဆိုတဲ့ စကား လုံး ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

မှတ်ချက် - ဆီလျှော်အောင် ပြန်ဆိုထား ခြင်းသာ ဖြစ်ပါသည်။

ရီဝေမှိုင်း ပျနေတဲ့ အတွေးတွေ ကြားက လူးလွန့်
ညင်သာမှု ကင်းတဲ့ အပြုံးတုတွေနဲ့ မွေ့လျှော်
လေးသည် တော်တဦးရဲ့ ပစ်ချက် ချော်တွေ
ပစ်မှတ်နဲ့ လဲ ချော်နေဆဲဘဲ။ ။

မော်ဒန် ကဗျာလို့ စိတ်ထင်တဲ့
စိတ်အချဉ် ခပ်ပေါက်ပေါက်တွေ ကိုရေးချ
ညည အိမ်မရတဲ့ နာရီတွေကို
စားသုံးလို့ ကောင်းနေဆဲဘဲ။ ။

လဖက်ရည်ဆိုင် ထိုင်မှ
ခေတ်မှီသွားတဲ့ သတင်းတပုဒ်ကြောင့်
အလုပ်တွေ များများ သွားတတ်တဲ့
ခံစားမှုမဲ့ အရှုပ်တွေ များနေဆဲဘဲ။ ။

ကျင်တင်ထုံအစေတဲ့ ညနေခင်းတွေကို
အေးစက်စက် ဖန်ခွက်ထဲ ထည့်မြို
လမ်းပေါ်က ကောင်မလေးတွေနဲ့
နေညိုညို ညနေများလဲ သွားနေဆဲဘဲ။ ။

အာရုံမရတဲ့ စူးစိုက်မှုနဲ့
အားထုတ် ချေဖြတ်ထားတဲ့
မျှော်လင့်ချက် တခုပြီးတခု ထုတ်ကြည့်
ပြန်သိမ်း လိုက်တဲ့ခေါက်ရိုးတွေလဲ ကြေမွနေဆဲဘဲ။ ။

- - - - -
x x x - - - -ဆဲဘဲ။ ။

Type the rest of your post here.
အရှိန်ကောင်း နေတုန်းမှာ ပြဿနာက စတော့တာဘဲ ဗျို။ ကလပ်ထဲမှာ လူကောင် ထွားထွားမိန်းမရှာ ကြီးတ ယောက်က ၀န်ထန်းလုပ်နေတာ ရောက်ကတည်းက သတိထားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရန်ကုန်က မိတ်ကပ်အောင်အောင် ကြီးနဲ့ တော်တော် တူတယ်။ ဒါကြောင့်ပါ။ နောက်ပြီးတော့ ရောက်လာတဲ့ သူတွေကို ဘီယာ လိုက်ချပေးတာလဲ သူပါ။ ဘီယာ တောင် သောက်လို့ မကုန် သေးဘူး သူက ဘီယာဖိုး လာတောင်း ပါ တယ်။ တောင်းတာ ကလဲ နည်းနည်း နောနောလား ဘတ် ၃၀၀၀ တောင်းပါတယ်။ ဘာလို့အဲလောက် တောင်း ရတာလဲ မေးနေချိန်မှာဘဲ ကောင်မလေး တချို့ ကထသွားပါတယ်။ သူကလဲ အီးလို ကောင်းကောင်း မပြော တတ်ချင် ဟန်ဆောင်နေပါတယ် ။ ကျွန်တော်တို့ ပြောတာ နားမလည်ဘူးပေါ့ဗျာ။ ကတ်ပြား တချက်လက်က ကိုင်လာပြီး ဈေး နှုန်းတွေ လာပြပါတယ်။ ဘီယာ တလုံးကို ၃၀၀ တောင်းထားတာ တွေ့ပါတယ်။ ထားပါဦး ကျွန် တော်တို့ က ၆ယောက်လေလို့ ဘာလို့ ၃၀၀၀ ကျရတာလဲ၊ နောက်ပြီး ဒီလောက်အများ ကြီးလဲမပေး နိုင်ကြောင်း ပြောရပါတယ်။ သူက ကောင်မလေးတွေ သောက်ထားတဲ့ ဟာ ကိုပါထည့်ပေါင်း ထားတယ် ပြောတော့ စကားတွေ အကြီးအကျယ်များတော့တာပေါ့။ ကျွန်တော်တို့ ကလဲ လုံးဝမပေး နိုင်ကြောင်း ပြော ပါတယ်။ သူကလဲမလျှော့ပါဘူး။ အဲ- နောက်တော့ သူနဲ့ အတူ မိန်းမတယောက် ထပ်ပါလာပြီး လာပြောပြန် ပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ ကလိပ်ခဲတည်းလဲ ဖြစ်နေတာပေါ့၊ စင်ပေါ်မှာလဲ စတန့် မျိုးစုံကို ပြကြပါတယ်။ စွမ်းရည် ပြပြီးတဲ့ အမျိုးသမီးတွေက တခုပြပြီးတိုင်း အောက်ဆင်းလာပြီး အလှူလိုက်ခံပါတယ်။ ပထမတော့ ကျွန်တော်တို့ က၂၀- ၃၀ ထည့်ပါတယ်။ သုံးယောက် သုံးခါရှိနေ ပါပြီ။ အဲလိုဟာဘဲ ကြည့်ရမှာလား ပြဿနာ ရှင်းရမလား ကျွန်တော်တို့ ဗျာများ နေတာပေါ့။ ခဏလောက်နေတော့ သူတို့ ဆိုင်က လူမိုက်ရောက်လာ ပါတယ်။ ပိုက်ဆံ အတင်းတောင်းပါတယ်။ ကျွန်တော်တို့ ကလည်း ရှင်းပြပါတယ်။ မပေးနိုင်ပါဘူးလို့ ၊ အောက်က ဘီယာ ၁၀၀ နဲ့ရောင်းတယ် ဆိုလို့ လာတာလို့ပြောတော့ သူက ဒီလို စတန့်တွေ အောက်မှာ ကြည့်လို့ ရလားတဲ့၊ နောက် ပြီး မင်းတို့ ကနိုင်ငံခြား သား၊ ပိုက်ဆံ သုံးနိုင်ပါတယ်တဲ့၊ ဒီက အမျိုးသမီးတွေကို ပေးတဲ့ အနေနဲ့ရော ၀င်ကြေး အဖြစ်နဲ့ သဘောပါ အခုတော့ တယောက်ကို ၃၀၀ ပေးဖို့ ပြောပါတယ်။ မြန်မာ ပီပီ ရသလောက်စစ်တော့ ၂၀၀ နဲ့တည့်သွားလို့ ၁၂၀၀ ပေးလိုက်ရပါတယ်။ နောက် ပိုင်းသောက်တဲ့ဘီယာ ကိုတော့ ၁၀၀ နဲ့ ရောင်းမယ်ပြောပါတယ်။ တော်သေးတာပေါ့ မဟုတ်ရင် ဂေါက်ဂေါက် တယောက် ဘန်ကောက်မှာ ခေါင်းကွဲနေရင် ကြားမကောင်း ဖြစ်ရော့မယ်လေ။ ကိစ္စလဲ ရှင်းသွားရောဗျာ လာပြန်ရော စတန့် အလှူခံ။ သူကျတော့ တမျိုးဗျ ၁၂ ပေလောက်ရှည်တဲ့ ပန်းကုံးကို ထုတ် ပြတာဗျ။ ( အဲလောက်ဆို နားလည်ပေးနိုင်မယ်ထင်ပါတယ်) သူလဲ ပြပြီးရော ဆင်းပြီး အလှူလာခံပြန်ရော၊ သူ့ ကိုခုဏကလဲ တခါပေးထားတော့ ကျွန်တော်က မပေးနိုင်ဘူး ခေါင်းခါတဲ့ အခါ ကျွန်တော့် ကိ fuck out ဆိုပြီး ဆဲသွား သဗျ။ ကျွန်တော့်နားထိုင်တဲ့ ကောင်မလေးကလဲ ပြန်လာပြီး တဂျီဂျီ လုပ်နေပါတယ်။ စောင့်မှာလား ပြန်မှာ လားနားလာညည်းပါတယ်။ ကျွန်တော်လဲ စိတ် မပျော်ဘဲ နဲနဲ ညစ်နေတာပေါ့။ ညစ်နေတုန်း သူပြန်ထ သွားပါတယ်။ နောက်မှာတော့ ပုလင်းဖောက်တဲ့ စတန့်လာတယ်ဗျာ။ ယုံချင်ယုံမယုံချင်နေ၊ ကောင်မလေး ကချောသား၊ နဲနဲ တောင့်တယ်။ ဆော်ဒါ ပုလင်း ၃ လုံးနဲ့ အတူတက်လာပြီးက ပါတယ်။ ကနေရင်းကနေ ပုလင်းတလုံးကို ဆောင့်ပစ်လိုက် ပြီး၊ အင်း - - ဘယ်လိုပြော ရမလဲ ၊ ဖောက်တယ်ပေါ့နော်- ဖောက်လိုက်ရော ဖောင်း ဆိုတဲ့ အသံနဲ့ အတူ ကျွန်တော့် နား ဘေးနား ကနေ ၀ီးကနဲ ဖြတ်သွားတဲ့ အသံကြားလိုက် ပြီး နောက်က နံရံ ကို ပုလင်း အဖုံးလာမှန်တာ တွေ့ရတယ်ဗျို့၊ ကံကောင်းသွားပြန်ပါတယ်။ ဆော်ဒါပုလင်း အဖုံးမှန်ပြန်ရင် တော့ - ဟင်း ဟင်း ပြောစရာ တော့ဖြစ်တော့မယ်။ ဒါနဲ့ နောက်တလုံး လဲ ကျွန်တော်တို့ ဘက်ကိုချိန်တော့ ဘယ်ရခလဲ မနဲ ခေါင်းငုံ့ ပြီး ရှောင်တော့တာဘဲ ဗျို့ ၊ ကြည့်ရသမျှတဲ့ မှာ အဲဒါသဘောကျ ဆုံးဘဲ၊ တကယ် အားစိုက်ကတဲ့ အလုပ်ဆိုတာ မျက်ဝါးထင်ထင် မြင်ခဲ့ပါတယ်။ သုံး လုံး ဖောက်ပြီးတော့ သူလဲ တော်တော်လေး နွမ်းသွားတာ တွေတယ်။ သူအလှူ လာခံရင် ၁၀၀ လောက်ပေးမလို့ပါ။ သူမဆင်းလာ ခင်မှာတော့ကျွန်တော်တို့ နောက် တဆိုင် ကိုပြောင်းဖို့ ဆုံးဖြတ်ပြီး ထပြန်ကြပါတယ်။ မပေးလိုက်ရပါဘူး။ အောက်ရောက်တော့ ကလပ်တွေထဲ သွားရင်ကောင်းမလား၊ ဟိုဘက်ဘဲ ဆက်သွားမလားပေါ့။ နောက်တော့ ကျွန်တော် မူးနေလို့ လေ၊ ဘာဖြစ်သွားတယ် မသိတော့ဘူး၊ ဟော်တယ်ပြန်တယ်လို့ မှတ်လိုက်နော်။ နောက်မှ ပြောပြတာပေါ့။ အခုဆိုရင်တောင် ကိုယ့် ဂုဏ်ကိုဖော် မသူတော်ဖြစ်နေပြီဗျ။
ကျွန်တော် ဘန်ကောက်ကို ရောက်တဲ့ပထမ ညကရောက်တာ ညဈေးပါ။ နောက်ရက်မှာတော့ ကျွန်တော်တို့ နာမည်ကြီး ပတ်ပုန်းလမ်းကို ရောက်လာ ခဲ့ပါတယ်။ တကယ်တော့ မရောက် ဘူးလို့ သွားတာပေါ့နော်။ တခြား ဟိုဟို ဒီဒီတွေမထင်လိုက်နဲ့ဦးဗျို့(ဟဲ - ကြိုကန်ထားတာ) ပတ်ပုန်းက ၁လမ်း ၂လမ်း စတဲ့ လမ်းပေါင်း ၅ လမ်းလောက်ရှိတယ်ပြောတယ်ဗျ။ကျွန်တော် လဲ တိတိကျကျတော့ မသိဘူး၊ တိကျတာကတော့ ကျွန်တော်ရောက်တဲ့ လမ်းက ပထမဆုံး လမ်းပဲ။ လမ်းလည်မှာ ဈေးဆိုင်တွေ ခင်းထားတာ ရန်ကုန်က ယုဇန ပလာဇာ အထူးဈေး ပွဲတော်ကျနေတာဘဲ။ လမ်းမကြီးတန်းမှာလဲ ရောင်းချတဲ့ ပစ္စည်းတွေက အစုံဘဲ နာရီဆို Rolex ပတ်မလားရတယ် နာမည်ကြီးတံဆိပ်တွေ အစုံဘဲ။ ဘန်ကောက်က ပြန်လာပြီး နာရီကောင်း ကောင်းပတ်ထား တာတွေ့ရင် အထင်မကြီးနဲ့နော်၊ အဲဒါလမ်းဘေးက ၀ယ်ထားတဲ့ အတုတွေ၊
(တော်ကြာ အစစ်ပတ်ဖို့ ၀ယ်လာ သူကတော့ ကျွန်တော့ ကိုရန်ရှာဦးမယ် ဟတ် ဟတ်။) ဒါနဲ့ ဟိုကြည့် ဒီကြည့်နဲ့ ကျွန်တော်တို့ ဘီယာ ဆိုင်တဆိုင်ဝင်ကြတယ်၊ ၀င်ကြေးမပေး ရဘူး။
ဝင်ကြေးပေးရတဲ့ တခြားကလပ်တွေလဲ ရှိပါတယ် ပေးရလဲ ဘတ်100 ပါဘဲ။ ကျွန်တော် တို့ ၀င်သွားတယ် ဆိုရင်ဘဲ မြင်လိုက်တဲ့ မြင်ကွင်းက သွားရည်ယိုစရာဘဲ ။ အော် ဘီယာ တွေ ရောင်းတာ ပြောတာပါ။ ရေဆာလှပြီမဟုတ်လား။ ဘီယာ တလုံး 100 နဲ့ ရောင်းပါတယ်။ အပြင်မှာ သောက်ရင် 40 ဘဲတန်ပါတယ်။ ထုံးစံအတိုင်း ဒီလိုနေရာတွေက ဈေးကြီး ပါတယ်။
ကလပ်ရဲ့ အလည်မှာ ဘားပုံစံလုပ်ထားတဲ့ အဲဒီဆိုင်မှာ ဘီကနီ ၀တ်ကောင်မလေး တွေ စားပွဲ ထိုးပါတယ်။ ဘားအနောက်က စတိတ်စင်ပေါ်မှာတော့ ခါးမှာနံပတ်လေးတွေ ချိတ်ထားတဲ့ ဘီကနီဝတ် ကောင်မလေးချောချောလေးတွေက လမ်းလျောက်သူလျောက်။ ဘီယာ အရက် ငှဲ့ပေးသူက ငှဲ့၊ ကတဲ့သူက ကနဲ့ အရမ်းကြည့်ကောင်းတယ် ။ နိုင်ငံခြားဇတ် လမ်းတွေထဲ မှာ ဘဲ မြင်ဘူးတဲ့ ဒီမြင်ကွင်းကို လက်တွေ့ မြင်ရတော့ စိတ်ထဲတမျိုး လှုပ်ရှားတယ်လေ။ ကောင်မလေး တွေထဲက ကိုယ်သဘောကျတဲ့ ကောင်မလေးများရှိရင် သူ့နံပတ်သာ ပြောလိုက် ကိုယ့်ဘေးမှာ ခေါ်ထိုင်ခိုင်းလို့လဲရပါတယ်။ သူကလေးက ဘီယာ ငှဲ့ပေးမယ်၊ စား ကောင်းသောက်ဖွယ်နဲ့ ပြုစုမယ်၊ အဲ အားမရလို့ ရှိရင် လိုက်ပြုစုခိုင်းလို့လဲရတယ်။ ဘတ် 1000 သာပေးလိုက် ရေရောမီးရော စုံသွားမယ်။ ဘာမှတ်လဲ။
နောက်တော့ ကျွန်တော်တို့ ဘယ်ရောက်သွားလဲ ဆိုတော့ ဒီထက်မြင့်တဲ့ ကလပ်တွေကို ဆက်သွားကြပါတယ်။ မြင့်တယ်ဆိုတာ ပထမထိုင်တာ မြေညီထပ်၊ နောက်တော့ ပထမ ထပ် မို့ပြောတာ - ထင်လို့လားလို့။ ဟဲ ဟဲ တကယ်ပြောတာ ပထမထပ်ဗျ။ အဲဒီနေရာတွေက သူ တို့နိုင်ငံ သားတွေကို ပေးမ၀င်ဘူးနော် ၊ နိုင်ငံခြား သား ကိုယ်မှ ပေးဝင်ပါတယ်။
စစချင်း ကျွန်တော် တို့ဝင်တဲ့ ကလပ်မှာ ကျွန်တော့ကို ယိုးဒယား ထင်ပြီး ပေးမ၀င် ပါဘူး၊ အဲ ဒီအထဲ ကျွန်တော်နဲ့ ပါတဲ့ သူတယောက်က သူ့ကိုယ်သူ ကမ်ဘောဒီးယား ဆိုပြီး ဖြီးရာက မဟုတ် မှန်း သိတော့ ပိုဆိုးတော့တာပေါ့။ လုံးဝ ၀င်လို့မရတော့ပါဘူး။ ဒါနဲ့ နောက်ဆက် လျောက်တော့ အခြား ဆိုင်တခုထပ်တွေ့ ပါတယ်။ အဲဒီ ရောက်တော့ အောက်က မိန်း မဆွယ် က ကျွန်တော် တို့ကို ဘီယာ ၁လုံး ၁၀၀ နဲ့ မယ်ပြောတာ နဲ့ တက်လိုက်ကြပါတယ်။
အပေါ် ရောက်ရော ဗျာ = = = = =
အရင် ရောက်ထားတဲ့ ကလပ်နဲ့ ပြောင်းပြန်ဗျာ- - အားလုံး နိကတ် ကြီးဘဲ ( မိန်းကလေး များ ဗဟုသုတ ရလိုက ဆက်ဖတ်ပါ - မဟုတ်ရင် တော်တော့)



အဲဒီကလပ်ထဲ မှာ အားလုံးလို လို ကနိကတ် ၀တ်ထားတဲ့ ၀န်ထမ်းတွေ ရှိပါတယ်။ ဆိုလိုတာ အများအားဖြင့် ကောင်မလေး တော်တော်များများက မိမွေးတိုင်း ဖမွေးတိုင်းလို့ ပြောတာပါ။
ရောက်လာတဲ့ ကျွန်တော့ တို့နားကို အသီးသီးသော ကောင်မလေးတွေ လာထိုင်ပါတယ်။ ကောင်မလေးတွေမလာခင်မှာ ကျွန်တော်တို့ဆီ ကိုဘီယာ တပုလင်းဆီရောက်လာပါတယ်။
ရောက်လာတဲ့ ကောင်မလေးတွေ လက်ထဲမှာလဲ အအေးခွက်လေးတခွက်စီပါလာပါတယ် ၊ဒါ ပေမယ့် ကျွန်တော်တို့ သတိမထားမိခဲ့ ပါဘူး။ တခြား သူတွေကို ဘာတွေပြောတယ် မသိပါ ဘူး၊ ကျွန်တော့နား ထိုင်တဲ့ကောင်မလေးကတော့ ထိုင်းလို ကျွန်တော့် ကိုနှုတ် ဆက်ပါတယ်။ ကျွန်တော်က ထိုင်းတယောက် မဟုတ်မှန်း သိတော့မှ အင်္ဂလိပ်လို ပြောပါတယ်။ သူပြောတဲ့ အင်္ဂလိပ် စကားဟာ အနည်းငယ် အဆင့်မြင့်တယ် လို့ဆိုရပါမယ်။ အင်မတန် မှလဲယဉ် ကျေး တဲ့အတွက် ကျွန်တော့မှာ ဒီလိုအလုပ်တွေကို ဘာကြောင့် လုပ်နေရလဲလို့တောင် စဉ်းစား မိ ပါ သေးတယ်။ စကားတွေ ပြောရင်း ကျွန်တော်က မြန်မာ တယောက်ဖြစ်ကြောင်း ပြောတဲ့ အခါ သူက ကျွန်တော်တို့ဟာ လူမျိုးတူတွေဖြစ်ကြောင်းပြောပြီး သူ့အနေနဲ့ တွေ့ရတာ ၀မ်းသာတဲ့ အကြောင်း၊ ကျွန်တော်လို မြန်မာ လူငယ်တယောက်ကို တွေ့ရဖို့ရာမလွယ် တဲ အကြောင်းတွေပြောပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော်လဲ ရေလိုက် ငါးလိုက် ပြောမိနေပါတယ်။ နောက်တော့ ကျွန်တော် ကသူ့ကိုစိတ်ဝင်စားရဲ့ လားတဲ့ ၊ သူနဲ့ အတူ ဒီည နေမလား၊ သူ့ အနေနဲ့ ကျွန်တော့ကို ကြင်နာစွာ ပြုစုချင်ပါတယ်တဲ့။ ကျွန်တော်လဲ ဘာပြော ရမှန်း မသိတော့ပါဘူး။ ကျွန်တော်က ဘယ်လောက် ပေးရမှာလဲ ပြောတဲ့အခါ ဘတ် 1000 ပေးရမယ်လို့ပြောပါတယ်။ ကျွန်တော် ကများတယ်လို့ ပြောတော့ သူက ဘယ်ဟိုတယ် မှာ တည်းလဲမေးပါတယ် ၊ ကျွန်တော်က တည်းတဲ့ ဟိုတယ်နာမည် ပြောတဲ့ အခါ သူက ကျွန်တော့ ကို သူဌေး လို့စွတ်စွဲပါတယ်။ ကျွန်တော်က မဟုတ်ကြောင်းငြင်းတဲ့ အခါ
ကျွန်တော့ အနေ နဲ့ ကလပ်ပိတ် တဲ့အထိ သောက်ရင်း စောင့် နိုင်မလားလို့မေးပါတယ်. ကျွန်တော်က ဖြစ်နိုင်ရင် စောင့်မယ်လို့ ပြောတော့၊ ပြန်ရင် သူ့ကို စောင့် ခေါ်သွားနိုင်ကြောင်းနဲ့ ကျွန်တော်သာ ဆန္ဒ ရှိ ရင် သူဒီနေ့ည ဖို့ ဖြည့်ဆည်း ပေးနိုင်တဲ့ အကြောင်း ပြောပါတယ်။ အဲဒီလို အလွမ်းသင့် နေတုန်းပြဿနာက စပါတော့တယ်။