ညကကြည်တဲ့ ဇာတ်ကား





ညကတော့ ထုံးစံ အတိုင်း မိုးချုပ်တော့မလို့ ပါ။ ဒါပေမယ့် မနေ့ကကန် ဘောင်မှာ သူငယ်ချင်းများ တူတူ ပျော်ပျော်ပါးပါး စားသောက် သီချင်းဆိုကြ၊ ဒါတ်ပုံရိုက်ကြနဲ့ ဆိုရတာ အားမရကြလို့ M3 ရောက်သွား ပြီး နွှဲလိုက်ကြသေးသဗျာ၊ ပြီးတော့ ထမင်းကြော်စား ပြီး လမ်းခွဲတဲ့ အချိန်ထိ အမာခံလူတွေနဲ့ မတွေ့တာနဲ့ ကျွန်တော်လဲ လက်ဖက်ရည်ဆိုင် မှာသီချင်း အကြောင်း ပြောရင်း ခဏထိုင်လို့ အိမ်ကို စောစော ပြန်ဖြစ်သွားပါတယ်။( အခုတလော ဒါမျိုးတွေရေးနေရတာ ဖတ်တဲ့ သူရိုးမှာစိုးလို့ မဖွတော့တာနော်)

ဒါနဲ့ အိမ်ရောက်တော့ တယောက်ထဲ ခပ်ပျင်းပျင်း ရှိနေတာနဲ့ ဟိုရက်ပိုင်းက ၀ယ်ထားတဲ့ ဂျက်လီပါတဲ့ The Warlords ဆိုတဲ့ ကားကို ကြည့်မိပါတယ်။ ပထမ ရက်က တ၀က်လောက်ကြည့် ပြီး ပေမယ့် အခုအစအဆုံး ပြန်ကြည့် ဖြစ်ပါတယ်၊ ကြည့်ကောင်းတဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်း ကတော့ တိုက်ရည်ခိုက်ရည် ကောင်းပြီး သူ့ရဲ့စိတ်ကို ခန့်မှန်းရ ခက်တဲ့ စစ်သူကြီး တစ်ယောက် တိုက်ပွဲတခုမှာ သူ့ရဲ့ လူတွေ အကုန်သေကုန်တာက နေစထားပါတယ်။ တရုတ်ပြည်ကြီးရဲ့ နောက်ဆုံးမင်းဆက်မတိုင် မီသူ့မယ်တော် ခေတ်ကိုနောက် ခံထား ရိုက်ကူးထား တဲ့ ဒီဇာတ်ကား ဟာ လူ့သဘာဝနဲ့ စစ်ရဲ့ ကောင်းပုံဆိုးပုံ ကိုပုံဖော်ရိုက်ကူးထား ပြီး၊ ခေါင်းဆောင်ကောင်း ပီသမှု၊ နောက်လိုက်ကောင်းပီသမှု၊ ထိုအရာနဲ့ ပြောင်းပြန် တကိုကောင်း ဆန်လို မှုတွေ၊ တွေဝေ မိုက်မဲမှုတွေ၊ လူမှုရေး အရှုပ် အထွေး၊ သံသယ၊ စတဲ့ အကြောင်းအရာတွေ အပြင် ညီအကို အရင်းမဟုတ်ပေမယ့် ညီနောင် အရင်းတမျှ သံယောဇဉ် သစ္စာ ထားရှိမှုတွေ၊ အနစ်နာ ခံလို မှုတွေ၊ စည်းကမ်းနဲ့ မေတ္တာ ကြားက အရှုပ်အထွေးတွေ ကိုပေါ်လွင်အောင် ပြသထားပါတယ်။ ဘာလဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့ အချိန်လေးတခုမှာ အပျင်းပြေ ကြည့်မယ်ဆိုရင်တောင် ကြည့်ကောင်းတဲ့ ဇာတ်ကားမို့ ညွှန်းလိုက်တာပါ။ ဇာတ်လမ်း ကို အစအဆုံးမပြောတာ က တချို့ကမကြိုက်ကြလို့ ပါ။ သူ့ရဲ့ဇာတ်လမ်း အကြောင်း အပြည့် အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်။ ကြော် ငြာကတော့ ဒီမှာ ကြည့်ပါ။
ဇာတ်လမ်းထဲက စကားတခု တော့ လက်ဆောင်ပေးလိုက် ချင်ပါတယ်

" တူတူ မွေးခဲ့ကြတာ မဟုတ်ပေမယ့် တူတူ သေဖို့တော့ ကျွန်တော်တို့ သစ္စာပြုပါတယ် "

စိတ်ကြည်နူးမှု တခုတော့ ရကြပါစေ

Comments

ဒီရုပ်ရှင်ကို ကျွန်တော်ရယ်၊ ကိုနေဘုန်းလတ်၊ ကိုဇင်ကိုလတ်၊ ကိုညီတို့ စုံတွဲနဲ့ အတူကြည့်ဖြစ်ကြတယ်။ ကျွန်တော် စင်ကာပူမှာ ပထမဆုံး ရုပ်ရှင်ကြည့်ဖူးတာ ဆိုလည်းမှန်ပါတယ်။ တိုက်ဆိုင်လာတာလေးတွေရှိလာတော့ မလွတ်လပ်နိုင်တော့တဲ့ သူကိုသတိရမိတယ်ဗျာ။ ရက် ၂၀ ကျော်နေပြီလေ။

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact