ဒီနေ့မှာသာ အကောင်းဆုံးလုပ်ချင်တာ


 

 ကျွန်တော်တို့ တွေ ဖြတ်သန်းရင် ဆိုင်ခဲ့တဲ့ နေ့ရက်တို့သည် တိုတောင်းလွန်းတယ် လို့လဲ မဆိုသာ၊ ရှည် လျားလွန်းတယ်လို့လဲ မထင်ရအောင် ပြောင်းလဲ မြန်ဆန်စွာ လည်ပတ်နေဆဲပါ။ ကျွန်တော် တို့ ဖြတ်သန်း ချင်လို့ ဖြတ်သန်းနေရ တာလား၊ မဖြတ်သန်းချင်ဘဲ ဖြတ်သန်းနေသလား ကိုတိုင် မသိကြတာတော့ တကယ်ပါဘဲ။ အဲဒါကို သဘာဝ လို့ထင်ရင် ဒါဟာ ဘ၀ ပါဘဲ လို့တော့ ဆိုကြရလိမ့်မယ်။ ကိုယ့် ကိုကိုယ် ပြန်ရှုမြင်တဲ့ အခါ ကျွန်တော်တို့ ဟာ လက်ရှိအချိန်လေးမှာ တည်မှီနေကြတဲ့ သတ္တ၀ါတွေ ဆိုတာ သွားတွေ့တယ်၊ အားလုံး အားလုံးသော လူသား တို့ ဟာ ကျွန်တော် ထင်မိ မြင်မိတာ လေးကို သိကြမှာပါဘဲ၊ဒါပေမယ့် သတိမထားမိ တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ တကယ်တော့ ကိုယ်တင် မက ကို့ ပတ် ၀န်းကျင် ၊ ကို့ ကမ္ဘာ ကြီးဟာ ပစ္စုပန် ဆိုတဲ့ လက်ရှိ အချိန်မှာသာ လည် ပတ် နေတာဘဲလေ။ စင်္ကြာဝဋ္ဌာ နဲ့ နှိုင်းရင် မြူမှုန်လောက် သာရှိပါတယ် ဆိုတဲ့ လူတွေမှာ ဒီစင်္ကြာ ၀ဋ္ဌာ ကြီး အကြောင်း နားလည်တဲ့ အသိဥာဏ် ရှိနေတာ ဖန်ဆင်းရှင် ရှိလို့ တော့ ဟုတ်မယ်မထင် ပါဘူး ။ အမှန်က လူတိုင်း သိနိုင်တာ ကလွဲလို့ လူတိုင်းမသိနိုင် တဲ့ အခြေ အနေတွေရှိနေသေးတာဘဲလေ။ တကယ်စင်စစ်က ဘာမှ မရှိတဲ့ လောကကြီးလို့ ထင်ပါတယ်။ လူမှုပတ် ၀န်းကျင်မှာတော့ လူက လူကို လူလို မြင်နေရင် အကောင်းဆုံးပါဘဲ။ လူ အခြင်းခြင်း က လူလို့ မမြင်နိုင်တဲ့ပြဿနာ တွေ ၀င်လာ မှာပါဘဲ။ ပညတ်တွေပေါ်မှာ ပျော်မွေ့နေတဲ့ လူတန်းစား တွေ အတွက်တော့အရာရာ ဟာ အစစ်ဖြစ်ချင်ဟန်ဆောင်လို့ ရတာဘဲလေ။ ဘယ်လောက်ချမ်းသာ ချမ်းသာ သူအိပ်တော့လဲ ကျော တခင်းစာ ဘဲဆိုတာ ဆင်ခြင်ရင် ဒန်းလော့ မွေ့ယာတွေ မီးရှို့ ပစ်ကြလိမ့်မယ်ထင်တယ်။ ကျွန်တော် ရေးလာ ခဲ့တဲ့ ပထမစာ ကြောင်းကို ကျွန်တော် ပြန်သွားလို့ ရနိုင်ပါတယ် ၊ နည်းပညာ တခု ကြောင့်ပေါ့လေ၊ အဲဒါဟာ တကယ်စေ့စေ့ ပေါက်ပေါက် တွေးရင် အစစ် မဟုတ်ဘူးနော်။ အစစ်လို့ေ ပြာနေရတာ အတုတွေ ရှိနေလို့ပေါ့နော်။ အတုလို့ ပြောရတာ အစစ်ရှိလို့ ပြောရတာပါ။ တကယ့် အစစ်က ဘာမှ မရှိတာ။ ရှုတ် ကုန်ပြီနဲ့ တူတယ်။ အဲလို ရှုပ်နေတာ ကိုက အစစ်ဘဲ။ ကျွန်တော်ရေးနေတာ ဘာကို ပြောချင်တာလဲ စဉ်းစားနေတာဘဲ၊ စဉ်းစားတော့ ပညတ် ကို မလိုချင်လဲ ယူရတာဘဲအကောင်းဆုံးကတော့ အခုလုပ်နေတာကို အကောင်းဆုံးလုပ်ကြည့်ချင်တာ၊ ကျွန်တော် အခု ကောင်းတာ လုပ်ရင် ကျွန်တော့ အနာဂါတ်လို့ ခေါ်တဲ့ မနက်ဖန်နဲ့ မိနစ်တိုင်းအတွက် ယုံကြည်မှုရှိ စွာ ကောင်းနေလိမ့်မယ်။ ပြီးခဲ့တဲ့ အမှတ် ရစရာ အတုတွေရဲ့ အတိတ် အတွက်လဲ လှပတဲ့ သမိုင်း အဖြစ် ထင် ကျန်နေလိမ့်မယ်။ ကျွန်တော် အခုချက်ချင်းဘဲ အကောင်းဆုံးလုပ်လိုက်ချင်ပါတယ်။ တခု ရှိတာ ကျွန်တော့် အကောင်းဆုံးက ကွာလတီမမှီတာတောင် သုံးလို့ ရတဲ့ လက်ဆောင် ထုပ်တခု ဖြစ်နေမှာပါ။ ကျွန်တော့် ကြမ်းပြင် ဟာ အောက်က သူအတွက် မျက်နှာ ကျက်လေ၊ ကျွန်တော့် ကောင်းကင် ကတော့ အပေါ်က ကောင်ရဲ့ ခြေနင်းဘဲ။
လောက ကန်ထရိုက်တိုက်မှာ နေနေ တာခြင်း အတူတူ လူနေမိန် မကျသေးတော့ မြေညီထပ်ကနေ ပျော်မွေ့ နေ တုန်းပေါ့။ ။ ။ ။

0 comments: