ကျွန်တော့် စကားများ (၁)

လူရိုင်းတွေ စားပစ်တဲ့ ပမာဏက
လူယဉ်ကျေးတွေ သတ်ပစ်တဲ့စစ်ပွဲနဲ့ စာရင်
ဘာမှ မပြောပလောက်ပါဘူး။

အခွင့်အရေးဆိုတာ စောင့်နေရမှာမဟုတ်ဘူး၊
ကိုယ်တိုင်ဖန်တီး ယူရမှာ။

ယုံကြည်ချက်ကို မျှော်လင့်လိုက်ပါ၊
ဘယ်တော့မှ ဆုတောင်းမနေနဲ့။


စိတ်ကူးတွေကြောင့် ဆန်းကြယ်မှုတွေ ဖြစ်လာနိုင်သလို
စိတ်ကူးတွေကြောင့် အန္ဒရာယ်တွေ ကျရောက်လာ နိုင်တယ်။

တရားမျှတ မှုဆိုတာ အားနည်းတဲ့သူက ကျေနပ်မှုကြောင့်ဘဲ ဖြစ်တာ။

အနိုင်ရသူ တဦး အတွက် ဘာမှအကြောင်းပြချက် မလိုဘူး။

အမှန်တရား ထွန်းကား လာတယ်ဆို အမှားတရား အရင် ထွန်းကားခဲ့ရမယ်၊
အမှန်တရား တခု ဖြစ်ဖို့ ပထမဆုံး က အမှားတခု ကျူးလွန်ခြင်းဘဲ။

လူတွေ ကကိုယ့်အ ကြောင်းကို ကောင်းကောင်းမသိဘဲ သေသွားရတာဘဲ။

ကမ္ဘာကြီး ကတော့ပြားနေပြီတဲ့၊ ကျွန်တော်တို့ ပြားမသွားဖို့ အရေးကြီးပါတယ်။

သူများကို တိုးတက်စေချင်ရင် ကိုယ့် ကို ကိုယ် တိုးတက်အောင် အရင်လုပ်ပါ။

မဖြစ်သေးတာ ကိုတွေးတောပါ၊ ဖြစ်ပြီးသားကိုဆင်ချင်ပါ၊ မရေရာတာ တခုမှခေါင်းထဲ မထဲ့ပါနဲ့။

ကြီးပွားချင်ရင် လူမှုရေးတွေ လျှော့ပါ။

ကမ္ဘာ ကြီးမှာ ဘယ်တုန်းက မှ အမှန်မရှိခဲ့ဘူး၊ အမြဲ ပြောင်းလဲနေမှ သဘာဝဖြစ်တာ။

ကြိုးစားတိုင်း အောင်မြင်ဖို့ ဆိုတာ ကြိုးစားခွင့် ရှိမှ ဖြစ်တာ၊ အဲဒီကြိုးစား ခွင့် ကိုဘယ်သူမှ မပေးဘူး၊ ကိုယ့်ဟာ ကိုယ် သတ်မှတ်။

အဆင်မပြေတိုင်း ဘယ်သူ့ ကိုမှ မပြစ်မတင်နဲ့၊ ကိုယ့်ထက်ဆိုးတဲ့ သူတွေ အများကြီးလို့ ဆင်ခြင်လိုက်။

ပိုက်ဆံ ချမ်းသာတော့ စိတ်မချမ်းသာနိုင်ဘူး၊
ပိုက်ဆံမွဲတော့ စိတ်ဆင်းရဲတယ်။

စိတ်ကူးကောင်းတိုင်း အဆင်မပြေနိုင်ဘူး၊ တကယ်ထလုပ်ပြန်လဲ လိုအပ်ချက်တွေ ရှိတယ်၊ နောက်ဆုံးမှာတော့ အတွေ့အကြုံ ရသွားရော။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice