အိမ်ဘေးမှာရေကန်လေးရှိတယ်

အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော့ ငယ်ငယ်က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေ ကန်လေးလို့ ပြောတာ အမှန်တော့ အုတ်ကန်သေးသေးလေး တခုပေါ့။ ကျွန်တော်ငယ်ငယ် ကအဲဒီရေကန် လေးနားမှာ ဆော့ ကစားခဲ့တယ်။ အိုးပုတ်တွေနဲ့ ကစားတဲ့ အခါ၊ သဲတွေမြေကြီးတွေ နဲ့ ဆော့ကစား ပြီးတဲ့ အခါ၊ ခွေးချေးတတ် နင်းမိတတ်တဲ့ အခါ၊ ကျွန်တော်တို့ အဲဒီရေ ကန်လေးကို သုံးခဲ့ကြယ်။ သင်္ကြန်ကျတဲ့ အခါမှာလဲ ရေကန်လေး ကကျွန်တော့ အတွက် ရေတွေအများကြီး ပေးဆော့ခဲ့တယ်။ မိုးရေချိုးတဲ့ အခါမှာလဲ ရေကန်လေးထဲက ရေတွေနဲ့ ရေကစားတတ် သေးတယ်။
နွေဘက်မှာ ရေမရတဲ့ ရက်တွေမှာ ၊ မီးမလာလို့ ရေတင်လို့မရတဲ့ အခါတွေမှာ ရေကန်လေး ကကျွန်တော့်သန့်ရှင်းမှု အတွက် ကူညီခဲ့တယ်။ သူ့ ကိုကျေးဇူးတင်စွာနဲ့ ကျွန်တော်တို့ မိသား စု က သူ့ကိုအ၀တ်အထည်ကောင်းကောင်းပေးဝတ်၊ အရပ်ကလေးရှည်လာအောင် လုပ်လို့ သူ့ရင်ဘတ်မှာတောင် ကျွန်တော့် အမည်ပါတဲ့ ကျွန်တော်တို့ မိသားစု အမည်လေး ရေးထိုး ခဲ့တာ ကျွန်တော်မှတ်မိသေးခဲ့တယ်။ ကျွန်တော်ငယ်ငယ်တုန်းကပေါ့ကွယ်။

အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော် လူငယ်ဘ၀က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေကန်လေးလို့ ပြောတာ အမှန်က ကျွန်တော့ထက် အသက်ကြီးတဲ့ အုတ်ကန်လေး တခုပေါ့။ ငယ်ငယ်ကတည်း က သူငယ်ချင်းတယောက်လို၊ ငယ်ငယ်ကတည်းက မိတ်ဆွေတယောက်လို သူနေလာခဲ့တာ ၊ သူ့ ကိုကျွန်တော်တို့ အသစ်ဖြစ်အောင် ပြုပြင်ပေးလိုက် ပြီးနောက် သူလဲ ကျွန်တော်တို့နဲ့ အတူ သစ်လွင်ကြီး ပြင်းလာခဲ့လိုက်တာ ကျွန်တော်က လူ့သဘာဝမှာဆိုရင်တော့ အရွယ်ရောက်လာ ပြီပေါ့၊ ဒါပေမယ့် သူကတော့ တဖြေးဖြေး ဟောင်းနွမ်းကြီးရင့် လာတယ်လို့ ကျွန်တော် ထင်မိတယ်၊ ဒါပေမယ့် သူ့ရင်ထဲက ရေလေးတွေက တော့ ကြည်လင်နေဆဲ လတ်ဆတ်နေဆဲပါဘဲ။ ကျွန်တော် ကဆော့ကစားတဲ့ အရွယ်လွန် လာလိုက်တော့ ရေကန်လေးကို ကျွန်တော်တို့ နဲ့ ကစားဖော် အဖြစ်မသတ် မှတ်တော့ဘူး၊ ဒါပေမယ့် ကျွန်တော် ၀မ်းနည်းလာတဲ့ အခါ၊ ကျွန်တော် အသဲကွဲ လာတဲ့ အခါ၊ ကျွန်တော့ စိတ်ညစ်တဲ့ အခါ၊ အိမ်ထဲက မွန်းကျပ်မှုတွေ ကိုမခံစား ချင်တဲ့ အခါ၊ ရှင်းရှင်းပြောရင် ကျွန်တော် ပြင်းရိတဲ့ ညနေခင်းတွေမှာ ရေကန်လေးရဲ့ ဘောင်ပေါ်ထိုင်နေတတ်တယ်။ ကျွန်တော့ ချစ်သူကို လဲရေကန်လေး ဘေးမှာ ထိုင်မျှော်နေခဲ့ဘူးတယ်၊ ကျွန်တော် အရက် အမူးလွန်သွားတဲ့ အခါ ရေကန်လေးထဲ ခေါင်းနှစ် ပြီး ပြေလျှော့ စေခဲ့တယ်၊ ကျွန်တော့ ပေါက်ကွဲသံစဉ်တွေကိုလဲ သူကဘဲ မငြီးမညူနား ဆင်ပေးခဲ့ ဘူးတယ်။ သူငယ်ချင်း တွေနဲ့ ဂစ်တာ ထိုင်တီးတော့လဲ သူ့ဘောင်လေးမှာထိုင် ပြီး အသဲကွဲသီချင်းတွေ အော်ဆိုခဲ့တော့ ပတ် ၀န်းကျင်ကနား မခံသာနိုင်တာတောင် သူကတော့ တည်တည်ငြိမ်ငြိမ် နားထောင်ပေး ခဲ့သလို၊ ကျွန်တော် ဘယ်အချိန်မဆို လာတိုင်းလာတိုင်း အေးမြတဲ့ အထိအတွေ့နဲ့ဘဲ သူကြိုဆိုနေခဲ့တယ်၊ ကျွန်တော် လူပျိုတုန်းကပေါ့ကွယ်။

အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော် အိမ်ထောင်ကျသွားတော့ စွန့်ခွာသွားခဲ့တဲ့ အမေ့ အိမ်ဘေးမှာ ရေကန်လေးတခု ရှိတယ်။ သူ့ ကိုရေကန်လေးလို့သာပြောတာ အမှန်က ကျွန်တော့ ထက်ရင့်ကျက်တဲ့ အုတ်ကန် လေးတခုပေါ့။ ကျွန်တော် နဲ့တူတူ ကစားခဲ့၊ ကျွန်တော်နဲ့ တုတူလွမ်းခဲ့၊ ကျွန်တော်နဲ့တူတူ ဆိုးခဲ့တဲ့ သူငယ်ချင်း တယောက်လို့ သတ်မှတ်လို့ ရတဲ့ သတ်ရှိသူငယ်ချင်းတွေ ပြီးရင် တည်ငြိမ် တဲ့ မိတ်ဆွေ တယောက်ပေါ့၊ အခုချိန်ထိ မင်းသူငယ်ချင်းတွေထဲ ရည်းစားမရှိတဲ့သူ ပြပါဆို ကျွန်တော် ကသူ့ ကိုလက်ညှိုး ညွှန်ရမှာဘဲ။ ကျွန်တော် ကစားတဲ့ အခါမှာလဲ သူမလိုက်ခဲ့ နိုင်ဘူး၊ ကျွန်တော် ရည်းစားထားတဲ့ အရွယ်မှာလဲ သူမလိုက်ပါနိုင်ခဲ့ဘူး၊ ကျွန်တော် အိမ်ထောင်ကျတော့လဲ သူလိုက်လို့မရခဲ့ဘူးလေ။ ဒါပေမယ်

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice