လူရိုင်းတွေ စားပစ်တဲ့ ပမာဏက
လူယဉ်ကျေးတွေ သတ်ပစ်တဲ့စစ်ပွဲနဲ့ စာရင်
ဘာမှ မပြောပလောက်ပါဘူး။

အခွင့်အရေးဆိုတာ စောင့်နေရမှာမဟုတ်ဘူး၊
ကိုယ်တိုင်ဖန်တီး ယူရမှာ။

ယုံကြည်ချက်ကို မျှော်လင့်လိုက်ပါ၊
ဘယ်တော့မှ ဆုတောင်းမနေနဲ့။

စိတ်ကူးတွေကြောင့် ဆန်းကြယ်မှုတွေ ဖြစ်လာနိုင်သလို
စိတ်ကူးတွေကြောင့် အန္ဒရာယ်တွေ ကျရောက်လာ နိုင်တယ်။

တရားမျှတ မှုဆိုတာ အားနည်းတဲ့သူက ကျေနပ်မှုကြောင့်ဘဲ ဖြစ်တာ။

အနိုင်ရသူ တဦး အတွက် ဘာမှအကြောင်းပြချက် မလိုဘူး။

အမှန်တရား ထွန်းကား လာတယ်ဆို အမှားတရား အရင် ထွန်းကားခဲ့ရမယ်၊
အမှန်တရား တခု ဖြစ်ဖို့ ပထမဆုံး က အမှားတခု ကျူးလွန်ခြင်းဘဲ။

လူတွေ ကကိုယ့်အ ကြောင်းကို ကောင်းကောင်းမသိဘဲ သေသွားရတာဘဲ။

ကမ္ဘာကြီး ကတော့ပြားနေပြီတဲ့၊ ကျွန်တော်တို့ ပြားမသွားဖို့ အရေးကြီးပါတယ်။

သူများကို တိုးတက်စေချင်ရင် ကိုယ့် ကို ကိုယ် တိုးတက်အောင် အရင်လုပ်ပါ။

မဖြစ်သေးတာ ကိုတွေးတောပါ၊ ဖြစ်ပြီးသားကိုဆင်ချင်ပါ၊ မရေရာတာ တခုမှခေါင်းထဲ မထဲ့ပါနဲ့။

ကြီးပွားချင်ရင် လူမှုရေးတွေ လျှော့ပါ။

ကမ္ဘာ ကြီးမှာ ဘယ်တုန်းက မှ အမှန်မရှိခဲ့ဘူး၊ အမြဲ ပြောင်းလဲနေမှ သဘာဝဖြစ်တာ။

ကြိုးစားတိုင်း အောင်မြင်ဖို့ ဆိုတာ ကြိုးစားခွင့် ရှိမှ ဖြစ်တာ၊ အဲဒီကြိုးစား ခွင့် ကိုဘယ်သူမှ မပေးဘူး၊ ကိုယ့်ဟာ ကိုယ် သတ်မှတ်။

အဆင်မပြေတိုင်း ဘယ်သူ့ ကိုမှ မပြစ်မတင်နဲ့၊ ကိုယ့်ထက်ဆိုးတဲ့ သူတွေ အများကြီးလို့ ဆင်ခြင်လိုက်။

ပိုက်ဆံ ချမ်းသာတော့ စိတ်မချမ်းသာနိုင်ဘူး၊
ပိုက်ဆံမွဲတော့ စိတ်ဆင်းရဲတယ်။

စိတ်ကူးကောင်းတိုင်း အဆင်မပြေနိုင်ဘူး၊ တကယ်ထလုပ်ပြန်လဲ လိုအပ်ချက်တွေ ရှိတယ်၊ နောက်ဆုံးမှာတော့ အတွေ့အကြုံ ရသွားရော။

ဒီတခါ ကြည့်တဲ့ ကားကတော့ 88 minutes ဆိုတဲ့ကားပါဘဲ၊ Al pacnio ခေါင်း ဆောင်ပါဝင်ထားတဲ့ အက်ရှင် ဇာတ် ကားတ ကားဖြစ်ပါတယ်။ အခုဇာတ်ကားမှာ Al pacnio ကမှုခင်း စိတ်ပညာ ဆိုင်ရာ ပညာရှင် Dr, Jack Gramm အဖြစ် သ ရုပ် ဆောင် ထားပါတယ်။ ပါမောက္ခတဦးလဲ ဖြစ်တဲ့ဒေါက်တာ ဂရမ် ဟာ မှုခင်းဆိုင်ရာ စိတ်ပညာ လောက မှာ ထင်ရှား ကြော် ကြား ပါတယ်။ သူဟာ အိမ်ထောင် မရှိတဲ့ လူပျို ကြီး တယောက် ဖြစ်ပြီး ညစဉ် သောက်စား ပျော်ပါးနေလေ့ ရှိကာ ဘ၀ကို ပျော် ပျော် ပါး ပါး ဖြတ်သန်းချင် သူပါ။ သူ့ပညာရပ်နဲ့ ပတ်သက်လို့ အင်မတန် ယုံကြည်မှု ရှိပြီး ခေါင်း မာ တဲ့ စရိုက်လဲ ရှိသူပါ။ တခါမှာ တော့ သူကိုင်ခဲ့တဲ့ အ မှုဖြစ်တဲ့ လူသတ်မှု ကတရားခံ Foster ကို တရားရုံးက သေ ဒဏ်ချ မှတ် ခဲ့ပြီး၊ သေဒဏ် စီရင်တော့မယ့် တရက် အလိုမှာ လူသတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။


အဲဒီလူသတ် မှုက အခုတရားခံ Foster လူသတ်ခဲ့တဲ့ ပုံစံအတိုင်း တပုံစံတည်း တူညီနေတာတွေ့ရပါ တော့ တယ်။ အများ အမြင်မှာရော ၊ မှုခင်း ဆိုင်ရာ မှာပါ သက်သေခံပစ္စည်း၊ မျက်မြင် သက်သေ ၊ စတဲ့ မစုံလင်မှု တွေ ကြားထဲက Foster မှာ အပြစ် ရှိကြောင်း သက်သေ ပြနိုင်ခဲ့တဲ့ ဒေါက်တာ ဂရမ်ကို လူတွေက တမင် ဖန်တီးလီ ဆည်ကာ Foster အပေါ် ပြစ်မှု စီရင် တယ်လို့ယူဆနေချိန် မှာ အခုလို ပုံစံတူ လူသတ်မှုမျိုး ဖြစ်ပေါ်လာတာ ဟာ Foster ဟာ တရားခံ အစစ် ဖြစ်မဖြစ် အငြင်း ပွားစရာ ဖြစ်လာပါတော့တယ်။ တကယ်တော့ ဒီလူ သတ်မှုမှာ ဒေါက် တာ ဂရမ်ဟာ စိတ်ပညာ အခြေခံ ၊ နေထိုင် မှု ၊ အကျင့်ဗီဇ တွေကို ယုတ္တိဗေဒ သဘောနဲ့ ရှင်းလင်း ပြသ နိုင်ခဲ့ တာ ကြောင့် Foster ဟာ သေဒဏ် စီရင် ခံရတာ ဖြစ်ပါတယ်။ ဒီလူသတ် မှုကြောင့် Foster ဟာ နောက် ရက်မှာ သေဒဏ် စီရင် ခံရမယ့် အ ရေး က ခေတ္တ ဆိုင်းငံ့ ခွင့် ရသွားပါတယ်။ အဲဒီလူသတ်မှု ကြောင့် ဒေါက်တာ ဂရမ် လဲ ဖိအားတွေ အများကြီး ရှိလာခဲ့ပါတယ်။ ဆိုင်းငံ့ စီရင် ခွင့် ကျပြီး မကြာခင် မှာ ကျောင်းကို စာသင်ဖို့ ရာ ထွက်လာတဲ့ ဒေါက်တာ ဂရမ် ဆီကို ထူးဆန်းတဲ့ ဖုံးတခု ၀င်လာ ပါတော့တယ်။
ဒေါက်တာ ဂရမ့် ကို အသက်ရှင်ဖို့ ရာ နောက်ထပ် ၁နာရီနဲ့ ၂၈ မိနစ်သာ ပေးပါ တော့မယ်တဲ့။

လုပ်ဖော်ကိုင်ဖတ်တွေကို အကျဉ်း အကြပ် ကြားက နေ ယုံကြည်မှု ကို တည်ဆောက်ပြီး မမြင် ရတဲ့ ၊ သူ့ ကို သတ် တော့ မယ့်ရာဇ ၀တ်သား ကို ဘယ်လို အခက်အခဲ တွေကြားက ရင် ဆိုင် ဖော်ထုတ် သွား တယ် ဆိုတာ ရင် တ မမ နဲ့ ကြည့်ရမယ့် ဇာတ်ကား တခု ဖြစ်ပါတယ်။ တချိန်လုံး ထင် တလုံးနဲ့ ပုရိတ်သတ် ကို ဆွဲ ဆောင် သွား နိုင်တဲ့ ကားတကား ဖြစ်တာ ကြောင့် အက်ရှင်ဇာတ်ကား ကြိုက်တဲ့ သူတွေ လက် မ လွတ်သင့်တဲ့ ကား ဖြစ်ပါတယ်။

ဒါရိုက်တာ Jon Avent က ဒေါ်လာ သန်း ၃၀ အကုန်အကျ ခံ ရိုက်ကူး ထားပြီး Al Pacino, Benjamin McKenzie, Alcia witt တို့ပါ ၀င်သရုပ်ဆောင် ထားပြီး ပြသချိန် ၁၁၀ မိနစ် ကြာကာ ၂၀၀၇ ခုနှစ် ကရိုက်ကူး ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ၀က် ဆိုဒ်က တော့ ၂၀၀၈ မှာရုံတင်မယ်ပြော ထား ပါတယ်။ ဘယ်လို လဲ တော့မသိပါဘူး၊ ဈေးကွက်ထဲ မှာ ၀ယ် သူကြည့် ရူ နိုင်ပါ တယ်လို့ ။

အခုဇာတ်ကားထဲက အကြိုက်ဆုံး စကားကတော့

" လိမ်တယ်လို့ ထင်တာလား - အမှန်တရားအတွက် ၊ တရားမျှတ မှု အတွက်မင်း ငါ့နေရာမှာ ဆိုဘာလုပ်မလဲ"




မနေ့ကလဲ ထုံးစံ အတိုင်းဘဲ ၊ ဘယ်မှ မသွားဖြစ်တာနဲ့ movie 5 ကြည့်ရင်း အခုကြည့်တဲ့ Stage Beuty ကားလာတာနဲ့ ကြည့် ဖြစ်ခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ကားဟောင်းတခု ဖြစ်ပေမယ့်။ ကြည့်ကောင်းတဲ့ ဒရမ်မာ ဇာတ်ကားလေး ဖြစ်ပါတယ်။ Claire Denes နဲ့ Billy Crudup တို့ ခေါင်းဆောင် ပါဝင်ထားတဲ့ ဒီဇာတ် လမ်းလေးဟာ ရှေးခောတ် အင်္ဂလန် ၁၈ ရာစု တုန်းက ဖြစ်ခဲ့တဲ့ အကြောင်းလေး တွေကို နောက် ခံ ထား ရိုက်ကူး ထားတာ ဖြစ်ပါတယ်။

ပြဇာတ်တွေ မှာ မင်းသမီးများ ပါဝင် ကပြခွင့်မရတဲ့ အမိန့် ကြောင့် ရှိတ်စပီးယား ပြဇာတ်တွေမှာ မင်းသမီး နေ ရာ ကို ယောက်ျားများက ပါဝင်ကပြ ကြပါတယ်။ အဲလိုတင်ဆက်တဲ့ ယောကျား မင်းသမီး တွေဟာ နေထိုင်ပြေ ဆိုမှုတွေ ကို မိန်းကလေး တယောက်နဲ့ တူအောင် အတော် ကျင့်ယူထားခဲ့ရတာပါ။ ဒီအထဲက အင်မတန် နာမည်ကြီးတဲ့ အော်သဲလို ပြဇာတ်မှာ သရုပ်ဆောင်ရတဲ့ ယောကျား မင်းသမီးတဦးနဲ့ သူရဲ့ ၀တ်လဲ တော် ကောင်မလေး ၊ အပြောင်းအလဲ ကိုလိုလားတဲ့ ဘုရင်ကြီး၊ အင်မတန် သရုပ်ဆောင် တဦး ဖြစ် ချင်ခဲ့တဲ့ ၀တ်လဲ တော် ကောင်မလေး ကြောင့် အင်င်္ဂလန် မှာ မင်းသမီးများ ပြန်လည် ကပြ ခွင့်ရရှိသွားတဲ့ အခါ ယောကျား မင်းသီး တဦးအနေ နှဲု သူ့ရဲ့ အောင်မြင်မှု၊ ကျော်ကြားမှု ။ ပုရိတ်သတ်တွေကို ရုတ်တရက် စွန့် လွှတ်လိုက်ရ တော့မယ့် အခါ၊ သံယောဇဉ်နဲ့ ၀ါသနာ၊ အောင်မြင်မှုနဲ့ ပေးဆပ်မှု များ၊ စတဲ့ စိတ်ဝင်စားဖွယ် ကောင်းတဲ့ အ ကြောင်း တွေ အပြင်၊ ပြဇတ်လော က တခုလုံး အပြောင်းအလွဲ လေး ဖြစ်သွားအောင် ဖန်တီး ဖို့ ဆုံးဖြတ် လိုက်တဲ့ သူတို့နှစ်ယောက် ကိုဘုရင်ကြီးနဲ့ ပြည်သူတွေ ဘယ်လိုတုန့် ပြန်လိုက်တယ် ဆိုတဲ့ လောက အလှည့် အပြောင်းလေးတွေ ကို မပျင်း မရိ ဖြစ်အောင် ခံစားရမှာပါ။
ဒီဇာတ်ကား ထဲက အကြိုက်ဆုံး စကားတခွန်း ကို လက်ဆောင် ပြန်ပေးလိုက်ပါတယ်
" ဇာတ်ကောင် ကိုသရုပ်ဆောင် ကလွှမ်းမိုးရမှာ - ဇာတ်ကောင် ကသရုပ်ဆောင် ကိုလွှမ်းမိုးလို့ မရဘူး "

ပျော်ရွှင်ခံစား ကြည့်ပါ။



 ငါက အာဒမ်ပေါ့
 နံရိုးတွေ တချောင်းပြီး တချောင်း
 ထုတ်ပြီးပေး ခဲ့ဘူးတယ်
 ပန်းသီးတွေ စားလိုက်ရတာလဲ
 မနဲတော့ ပါဘူးကွယ်။ ။ ။


 ငါက ရိုမီယိုပေါ့
 အဆိပ်တွေ တခွက်ပြီး တခွက်
 သောက်ရ ခဲ့ဘူးတယ်
 သေခဲ့ရတာ လဲ
 မနဲတော့ ပါဘူးကွယ်။ ။ ။

 ငါက ကန္ဒရာ တကောင်ပေါ့
 အချစ်နဲ့ တည ပြီးတည
 ခွဲရ ခဲ့ဘူးတယ်
 ငိုခဲ့ တဲ့ ည ခုနှစ်ရာလဲ
 မနဲတော့ ပါဘူးကွယ်။ ။ ။

 ငါက ဆီဆာပေါ့
 ကလီယိုပါထရာတွေ တယောက်ပြီး တယောက်
 လာပြီး လှည့်စားသွား ခဲ့ဘူးတယ်
 အသဲကွဲ ရှုံးနှိမ့်ရတာလဲ
 မနဲတော့ ပါဘူးကွယ်။ ။ ။

 ငါက ငါဘဲပေါ့
 စိတ်ကူးတွေ တခုပြီး တခု
 ယဉ်ခဲ့ လာရဘူးတယ်
 ဘာမှ ဖြစ်မလာတလဲ
 မနဲတော့ ပါဘူးကွယ်။ ။ ။




ညကတော့ ထုံးစံ အတိုင်း မိုးချုပ်တော့မလို့ ပါ။ ဒါပေမယ့် မနေ့ကကန် ဘောင်မှာ သူငယ်ချင်းများ တူတူ ပျော်ပျော်ပါးပါး စားသောက် သီချင်းဆိုကြ၊ ဒါတ်ပုံရိုက်ကြနဲ့ ဆိုရတာ အားမရကြလို့ M3 ရောက်သွား ပြီး နွှဲလိုက်ကြသေးသဗျာ၊ ပြီးတော့ ထမင်းကြော်စား ပြီး လမ်းခွဲတဲ့ အချိန်ထိ အမာခံလူတွေနဲ့ မတွေ့တာနဲ့ ကျွန်တော်လဲ လက်ဖက်ရည်ဆိုင် မှာသီချင်း အကြောင်း ပြောရင်း ခဏထိုင်လို့ အိမ်ကို စောစော ပြန်ဖြစ်သွားပါတယ်။( အခုတလော ဒါမျိုးတွေရေးနေရတာ ဖတ်တဲ့ သူရိုးမှာစိုးလို့ မဖွတော့တာနော်)

ဒါနဲ့ အိမ်ရောက်တော့ တယောက်ထဲ ခပ်ပျင်းပျင်း ရှိနေတာနဲ့ ဟိုရက်ပိုင်းက ၀ယ်ထားတဲ့ ဂျက်လီပါတဲ့ The Warlords ဆိုတဲ့ ကားကို ကြည့်မိပါတယ်။ ပထမ ရက်က တ၀က်လောက်ကြည့် ပြီး ပေမယ့် အခုအစအဆုံး ပြန်ကြည့် ဖြစ်ပါတယ်၊ ကြည့်ကောင်းတဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်း ကတော့ တိုက်ရည်ခိုက်ရည် ကောင်းပြီး သူ့ရဲ့စိတ်ကို ခန့်မှန်းရ ခက်တဲ့ စစ်သူကြီး တစ်ယောက် တိုက်ပွဲတခုမှာ သူ့ရဲ့ လူတွေ အကုန်သေကုန်တာက နေစထားပါတယ်။ တရုတ်ပြည်ကြီးရဲ့ နောက်ဆုံးမင်းဆက်မတိုင် မီသူ့မယ်တော် ခေတ်ကိုနောက် ခံထား ရိုက်ကူးထား တဲ့ ဒီဇာတ်ကား ဟာ လူ့သဘာဝနဲ့ စစ်ရဲ့ ကောင်းပုံဆိုးပုံ ကိုပုံဖော်ရိုက်ကူးထား ပြီး၊ ခေါင်းဆောင်ကောင်း ပီသမှု၊ နောက်လိုက်ကောင်းပီသမှု၊ ထိုအရာနဲ့ ပြောင်းပြန် တကိုကောင်း ဆန်လို မှုတွေ၊ တွေဝေ မိုက်မဲမှုတွေ၊ လူမှုရေး အရှုပ် အထွေး၊ သံသယ၊ စတဲ့ အကြောင်းအရာတွေ အပြင် ညီအကို အရင်းမဟုတ်ပေမယ့် ညီနောင် အရင်းတမျှ သံယောဇဉ် သစ္စာ ထားရှိမှုတွေ၊ အနစ်နာ ခံလို မှုတွေ၊ စည်းကမ်းနဲ့ မေတ္တာ ကြားက အရှုပ်အထွေးတွေ ကိုပေါ်လွင်အောင် ပြသထားပါတယ်။ ဘာလဲဖြစ်ဖြစ် တန်ဖိုးရှိတဲ့ အချိန်လေးတခုမှာ အပျင်းပြေ ကြည့်မယ်ဆိုရင်တောင် ကြည့်ကောင်းတဲ့ ဇာတ်ကားမို့ ညွှန်းလိုက်တာပါ။ ဇာတ်လမ်း ကို အစအဆုံးမပြောတာ က တချို့ကမကြိုက်ကြလို့ ပါ။ သူ့ရဲ့ဇာတ်လမ်း အကြောင်း အပြည့် အစုံကို ဒီမှာ ကြည့်နိုင်ပါတယ်။ ကြော် ငြာကတော့ ဒီမှာ ကြည့်ပါ။
ဇာတ်လမ်းထဲက စကားတခု တော့ လက်ဆောင်ပေးလိုက် ချင်ပါတယ်

" တူတူ မွေးခဲ့ကြတာ မဟုတ်ပေမယ့် တူတူ သေဖို့တော့ ကျွန်တော်တို့ သစ္စာပြုပါတယ် "

စိတ်ကြည်နူးမှု တခုတော့ ရကြပါစေ

အနှီဘလာဂေါက်ဟုခေါ်လေသော ကျွန်တော်သည် တကယ်တော့ အလုပ်ရယ်လို့ မယ်မယ် ရရ မရှိဘဲ ၀န်ဆောင် မှု အပေါင်း တွင် အင်တာနက် သင်တန်းနည်း ပြလုပ်နေ သော ငနဲ တကောင်သာ ဖြစ်တော့ လေသည်။

သို့သော် ထို ဘလာဂေါက်တယောက်သည် သင်တန်းရှိ လျက် မအား ချင်ဟန်ဆောင်သော ဆရာ၊ သင်တန်းမပြ ချင်သဖြင့် ရှောင် ဖယ်ဖယ်လုပ်တတ် သော ဆရာတဦးသာ ဖြစ်ပေ၏။ သို့ ကလို ကြိုးစား သော ဘလာဂေါက်သည် အရင် နှစ် ဒီလို အချိန် တွင် ဘိုင်ကျ ဘကြိုင်နေ သော သူတဦး သာ မက မော်ဒယ် အဟောင်း ကြီးလော ၊ မော် ဒယ် အသစ်လော ဖြစ်နေ ချိန် ဖြစ်လေ ၏။

မည်သို့ပင် ဆိုစေ အနှီဘလာ ဂေါက်သည် ပြီးခဲ့ သည့်နှစ် ၅ လပိုင်းမှ စကာ အင် မတန် ကံဇာ တာပွင့် လန်းကာ သူကြွယ်လော ဟု ဆိုရအောင် ၀င်ငွေကောင်းလာ လေ၏။ ဖြစ်ချင်တော့ သူကြွယ် ဖွတ်ကြားလော။ ဒီနှစ် အတွင်း ဘလာ ဂေါက် ၏ အသုံးစားရိတ် မှာ မြန်မာ ငွေတွက်လျှင် နိုင်ငံခြား သွားတာ အပါ အ၀င် မြန်မာ ကျပ်ငွေ ၄ ဒဿမ ၈ သန်းကျော် ရှိလေ၏။ ယုံချင်ယုံ မယုံချင်နေ ဘလာ ဂေါက်မှာ တလလျှင် ၀င်ငွေ ၂သိန်း ပတ်ချာ လည်ကာ အကျွေး များ စွာ တင်သော သူ ဖြစ်နေ ကာ မူ ၊ အ မှန် ပင် ကျပ် သန်းချီ သုံး ဆွဲနိုင် လေ၏။


ဘယ်သူပြော တုန်း မြန်မာတွေ ဆင်းရဲနေ တယ်လို့။ အလကား ပြောနေတာ မြန်မာတွေ ချမ်းသာ မမှ ကျိကျိတက် ၊စင်္ကကာ ပူ မှာ ဟန်းဖုံး ကိုင် နိုင်တဲ့ သူတွေ စာ ရင်း ကောက် ကြည့် ။ ဒီကောင်တွေ ၀င်ငွေ သိပ်ကောင်းနေတာ တွေ့ ရ လိမ့်မည် ဖြစ်လေသည်။

ရန်ကုန်မှာ တလ ၀င်ငွေ ၁၅၀၀၀၀ လောက် ၀င်တဲ့ သူဟာ ၊ စင်ကာပူမှာ တလ ၀င်ငွေ (မြန်မာ လို) ၁၅ သိန်းလောက် ၀င်တဲ့ သူထက် သုံးရဲတယ်၊ စားရဲတယ်။ ခင်ဗျား တို့ သိနိုင်မလား ၊ ဟား ဟား၊ ကျွန်တော် နောက်တယ် မထင်နဲ့ နော်။

တကယ်ပြောနေတာဗျ။ ဘလာဂေါက်ကို အိမ်က မဒမ်ဂေါက် က ရက်စက်လှ ချေလား ဟု အမြဲပြော လေ့ ရှိပါသည်။ ထိုသို့ ပြောလို့ ၂ မျိုး မထင်ကြပါနဲ့ နော်၊ သောက်တာ စားတာ တရက်ပြီး တရက် ဆက်နေတာ ကိုညည်း တွားကာ ပြော နေခြင်း ဖြစ်ပါသည်။ မဒမ် ဂေါက်က ဘလာဂေါက်ထက် အာရကေ လန်း၍သာ ဘလာဂေါက် တယောက် အခု လိုပျော် ပျော်ကြီးနေ နိုင်နေခြင်း ဖြစ်လေသည်။ ဘလာဂေါက်သည် တာဝန် ဆိုသော အရာအား လက်မောင်း ပေါ်တွင် ပတ်ထား တာလောက် မြင်ဘူးသည့် သူသာ ဖြစ်သည့် အလျောက် ၊ အိမ်ထောင့် တာဝန်များ ကိုလက်နှင့်သာ ဆပ်လေ၏။ မဒမ် ဂေါက် အားပေး ငွေသည် တလလျှင် ၁ သိန်းထက် မပိုချေ။ အချို့ သောလများတွင် ဆို သာပြီးနဲ တာသာ ဖြစ်ကောင်း ဖြစ် မည်။ ပိုသွား သည်ဟု မရှိ။ ထို့ ကြောင့်လဲ မဒမ်ဂေါက် ကထမင်းခူးပေးစရာမလို ကို့ လက်နှင့် ကိုခူးစားသည်။ အ၀တ်လျှော်ပေးစရာ မလို ကို့လက်နှင့်သာ ကိုလျှော်သည်။ မီးပူတိုက်ပေးစရာ မလို ကို့လက်နှင့်သာ ကိုတိုက်သည်။ တာဝန်များအား လပ်ဖြင့်ပေးဆပ်သူပါလေ။

ဘာလာဂေါက်၏ အပိုဝင်ငွေများ ကတော့ ပွဲစားလုပ်သည်။ ဟိုဟာ ပွဲစား ဒီဟာ ပွဲစား၊ ၀က်ဆိုဒ်လုပ်မလား၊ ကွန်ပျူ တာ အိမ်လိုက် ပြင်ပေးရမလား၊ အင်တာနက်ချိတ်မလား၊ ကွန်ပျုတာ အသစ်ဝယ်မလား အဟောင်းရောင်းမလား၊ အားလုံး လုပ်ပါသည်။ ထို့ ကြောင့်ဝင်ငွေ လေး ပိုပိုသာသာ ရရှိနေခြင်း သာဖြစ်လေ၏။ ထိုသို့ အလုပ်များ အင်မတန် ရှုပ်သော ဘလာဂေါက်သည် ဆက်သွယ်ရေးအတွက် လမ်းဘေးဖုံးများ အသုံးပြုကာ၊ သွားလာရေးအတွက် အစိုးရ အစီအစဉ် ဖြစ်သော လိုင်းကား များကို တွင်ကျယ်စွာ အသုံးပြုလေ၏။

ဟင်းဖုံး -ဟုတ်လား၊ ဘလာဂေါက်မှာ ဟင်းဖုံးမကိုင်နိုင်ပါ။ လက်လေးလို့ ဟတ် ဟတ်၊ အဲလိုမထင်ပါနဲ့ လို့၊ ဟင်းဖုံး လဲ မရှိ ထမင်းဖုံးလဲ မရှိပါ။ မဒမ်ဂေါက် ပေးသော ဟင်းဖုံးလဲ မကိုင်ချင်ပါ၊ ကြာ ကြာ ကိုင်ရင် မဒမ်ဂေါက် ကအင်းမတန် နား ဆူသည်။ ပြန်လာမလား၊ မလာဘူးလား၊ နောက်ကျမယ်ဆို ဟိုဟာဝယ်ခဲ့ ဒီဟာ ၀ယ်ခဲ့။ သို့ ကလိုအမှာတော်တွေ ပါးတတ် လေတော့ မကိုင်တာ စိတ်ပိုချမ်းသာ သလိုရှိလေတာ ကြောင့် ဟင်းဖုံး မကိုင်ပါ။ သေနတ်တလက် အားအသံ မထွက်အောင် ဆိုင်လင်ဆာ တပ်သုံးလို့ ရနိုင်ပေမယ့် မိန်းမများ ကိုမူ ဆိုင်လင်ဆာ မတတ်နိုင်ပေ။

ပြီးသည့် အခါ ဘလာဂေါက်နှင့် ရောင်းရင်းများသည် စတိုင်ကျ စမတ်ထွက်အောင် ၀တ်ကြသေးသည်။ ( ဟတ် ဟတ် ကို့ ကို ကိုပြောရတာ အရသာရှိလိုက်တာ) လူပျိုဘလောက်ဂါများ ၏ အားကျ မနာလိုစရာ အကြည့်များ အားဘလာဂေါက် နှင့် ကိုမျက်စေ့ ဦးစီးသော အိမ်ထောင်ရှင် ဘလောက်ဂါများ မှာ အကြိမ်ကြိမ် ခံရလေသည်။ သို့ ပေမယ့် မတုန်လှုပ်ကြပေ။ ထို အိမ်ထောင်ရှင်ဘလောက်ဂါ များကလဲ ထုံးစံအတိုင်း ဘလာဂေါက်နှင့် တချိုးထဲ။ ကာရာအိုကေသွားလဲ ဒင်းတို့၊ ဘီယာ ဆိုင်လဲ သူတို့၊ အညောင်းမိတော့လဲ ဒီလူတွေဘဲဟု လူပျို ဘလောက်သမားများ ကကွယ်ရာမှာ ပြောကြလေ၏။ ထိုသို့ ဒီနှယ် သွားလာစားသောက်နေသော အိမ်ထောင်ရှင် ဘလောက်ဂါ များအပါအ၀င် လူငယ်တော်တော် များများ သည် အလုပ် အကိုင် မယ်မယ် ရရ မရှိပါဘဲ စားသောက်သွားလာ နေနိုင်ခြင်းမှာ တိုင်းပြည် ချမ်းသာ လို့ ဖြစ်လေသည်။ နိုင်ငံ ခြား မှာ အလုပ်လုပ် နေရရှာသော သူများအား များစွာ အားနာမိလေသည်။ သူတို့ ဒီလို မသွားနိုင်ပါချေ။ တကယ် တမ်း သန်းကြွယ် သူဌေး ကလေးများ သဖွယ် ဖွတ်ကြားလူငယ်များ သည် မိမိတို့ တတ်ကျွမ်းထား သောရှိရာ ပညာများ နှင့် အလုပ် အကိုင် ကောင်းကောင်း များ လုပ်နိုင်ကြမည်၊ အတည်တကျ လုပ်ငန်းများ လုပ်ကိုင် ကြမည်ဆိုလျှင် သန်းကြွယ် သူဌေး ကြီးများ ဖြစ်လာ နိုင်ပါသည်။ ဘလာဂေါက် အပါ အ၀င် ဂျာအေး ကိုသူ့အမေရိုက်နှင့် လမ်းစ ပျောက်နေသော အလုပ် ကလေး ထော့နဲ့ ထော့နဲ့ လုပ်နေသော သူများ သည်အလုပ် အကိုင် အခွင့်အလမ်းများ ဒါ့ ထက် ပိုမို ကောင်း မွန်လာ လျှင် မကြာ ခင်ပင် နိုင်ငံ ကြီးပါ ဆထက်တပိုး ချမ်းသာ ကြီးပွားလာကာ လူမွဲတွေက မနှေးခေတ်မှီ သူဌေး ဖြစ်တော့ မည် ဖြစ်ပါ ကြောင်း။

ကိုစိုးဇေယျ၊ စိုးဇီယျ၊ ကောလင်းစိုးကြီး၊ သတင်းထောက်ကြီး၊ သတ်ပုံမှားတဲ့ ဘလောက် စသဖြင့် ကျွန်တော်တို့ ထင် သလိုခေါ်ဆို နေသော ကျွန်တော်တို့ ရောင်းရင်းကြီး ၊ သဘောကောင်းတဲ့သူ၊ သဘောရိုးကာ စကားပြောရင် ဒဲ့ဒိုး ပြောကာ ဟန်မဆောင်တတ်လို့ လူမုန်းများတဲ့ သူ၊ စိတ်ရင်းကောင်းပြီး သူတပါးကိုကူညီတတ်တဲ့သူ၊ သူ့ရဲ့ အခု အချိန်မှာ ကျရောက်လာတဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ တိုင် အောင် ပျော်ရွှင်အောင်မြင်မှုများ ပိုင် ဆိုင်ကာ သူနှစ်သက်ခုံမင်တဲ့ အနုပညာ လုပ်ငန်းများ ကိုလုပ်ကိုင်ရင်း ဖြတ်သန်းနိုင်ပါ စေကြောင်း ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ် ကိုစိုးဇေယျရေ။
မှတ်ချက် - ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှာမွေးတဲ့ ကိုစိုးဇေယျကို မသိသူများ က အသက် ၃၀ ကျော်နေ ပြီလားလို့ မေးနေကြောင်းပါ - ဟတ် ဟတ်။

Type the rest of your post here.
အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော့ ငယ်ငယ်က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေ ကန်လေးလို့ ပြောတာ အမှန်တော့ အုတ်ကန်သေးသေးလေး တခုပေါ့။ ကျွန်တော်ငယ်ငယ် ကအဲဒီရေကန် လေးနားမှာ ဆော့ ကစားခဲ့တယ်။ အိုးပုတ်တွေနဲ့ ကစားတဲ့ အခါ၊ သဲတွေမြေကြီးတွေ နဲ့ ဆော့ကစား ပြီးတဲ့ အခါ၊ ခွေးချေးတတ် နင်းမိတတ်တဲ့ အခါ၊ ကျွန်တော်တို့ အဲဒီရေ ကန်လေးကို သုံးခဲ့ကြယ်။ သင်္ကြန်ကျတဲ့ အခါမှာလဲ ရေကန်လေး ကကျွန်တော့ အတွက် ရေတွေအများကြီး ပေးဆော့ခဲ့တယ်။ မိုးရေချိုးတဲ့ အခါမှာလဲ ရေကန်လေးထဲက ရေတွေနဲ့ ရေကစားတတ် သေးတယ်။
နွေဘက်မှာ ရေမရတဲ့ ရက်တွေမှာ ၊ မီးမလာလို့ ရေတင်လို့မရတဲ့ အခါတွေမှာ ရေကန်လေး ကကျွန်တော့်သန့်ရှင်းမှု အတွက် ကူညီခဲ့တယ်။ သူ့ ကိုကျေးဇူးတင်စွာနဲ့ ကျွန်တော်တို့ မိသား စု က သူ့ကိုအ၀တ်အထည်ကောင်းကောင်းပေးဝတ်၊ အရပ်ကလေးရှည်လာအောင် လုပ်လို့ သူ့ရင်ဘတ်မှာတောင် ကျွန်တော့် အမည်ပါတဲ့ ကျွန်တော်တို့ မိသားစု အမည်လေး ရေးထိုး ခဲ့တာ ကျွန်တော်မှတ်မိသေးခဲ့တယ်။ ကျွန်တော်ငယ်ငယ်တုန်းကပေါ့ကွယ်။

အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော် လူငယ်ဘ၀က နေတဲ့ အိမ်ဘေးမှာ ရေကန်လေးတခုရှိတယ်။ သူ့ ကိုရေကန်လေးလို့ ပြောတာ အမှန်က ကျွန်တော့ထက် အသက်ကြီးတဲ့ အုတ်ကန်လေး တခုပေါ့။ ငယ်ငယ်ကတည်း က သူငယ်ချင်းတယောက်လို၊ ငယ်ငယ်ကတည်းက မိတ်ဆွေတယောက်လို သူနေလာခဲ့တာ ၊ သူ့ ကိုကျွန်တော်တို့ အသစ်ဖြစ်အောင် ပြုပြင်ပေးလိုက် ပြီးနောက် သူလဲ ကျွန်တော်တို့နဲ့ အတူ သစ်လွင်ကြီး ပြင်းလာခဲ့လိုက်တာ ကျွန်တော်က လူ့သဘာဝမှာဆိုရင်တော့ အရွယ်ရောက်လာ ပြီပေါ့၊ ဒါပေမယ့် သူကတော့ တဖြေးဖြေး ဟောင်းနွမ်းကြီးရင့် လာတယ်လို့ ကျွန်တော် ထင်မိတယ်၊ ဒါပေမယ့် သူ့ရင်ထဲက ရေလေးတွေက တော့ ကြည်လင်နေဆဲ လတ်ဆတ်နေဆဲပါဘဲ။ ကျွန်တော် ကဆော့ကစားတဲ့ အရွယ်လွန် လာလိုက်တော့ ရေကန်လေးကို ကျွန်တော်တို့ နဲ့ ကစားဖော် အဖြစ်မသတ် မှတ်တော့ဘူး၊ ဒါပေမယ့် ကျွန်တော် ၀မ်းနည်းလာတဲ့ အခါ၊ ကျွန်တော် အသဲကွဲ လာတဲ့ အခါ၊ ကျွန်တော့ စိတ်ညစ်တဲ့ အခါ၊ အိမ်ထဲက မွန်းကျပ်မှုတွေ ကိုမခံစား ချင်တဲ့ အခါ၊ ရှင်းရှင်းပြောရင် ကျွန်တော် ပြင်းရိတဲ့ ညနေခင်းတွေမှာ ရေကန်လေးရဲ့ ဘောင်ပေါ်ထိုင်နေတတ်တယ်။ ကျွန်တော့ ချစ်သူကို လဲရေကန်လေး ဘေးမှာ ထိုင်မျှော်နေခဲ့ဘူးတယ်၊ ကျွန်တော် အရက် အမူးလွန်သွားတဲ့ အခါ ရေကန်လေးထဲ ခေါင်းနှစ် ပြီး ပြေလျှော့ စေခဲ့တယ်၊ ကျွန်တော့ ပေါက်ကွဲသံစဉ်တွေကိုလဲ သူကဘဲ မငြီးမညူနား ဆင်ပေးခဲ့ ဘူးတယ်။ သူငယ်ချင်း တွေနဲ့ ဂစ်တာ ထိုင်တီးတော့လဲ သူ့ဘောင်လေးမှာထိုင် ပြီး အသဲကွဲသီချင်းတွေ အော်ဆိုခဲ့တော့ ပတ် ၀န်းကျင်ကနား မခံသာနိုင်တာတောင် သူကတော့ တည်တည်ငြိမ်ငြိမ် နားထောင်ပေး ခဲ့သလို၊ ကျွန်တော် ဘယ်အချိန်မဆို လာတိုင်းလာတိုင်း အေးမြတဲ့ အထိအတွေ့နဲ့ဘဲ သူကြိုဆိုနေခဲ့တယ်၊ ကျွန်တော် လူပျိုတုန်းကပေါ့ကွယ်။

အိမ်ဘေးမှာရေကန်လေးရှိတယ်

ကျွန်တော် အိမ်ထောင်ကျသွားတော့ စွန့်ခွာသွားခဲ့တဲ့ အမေ့ အိမ်ဘေးမှာ ရေကန်လေးတခု ရှိတယ်။ သူ့ ကိုရေကန်လေးလို့သာပြောတာ အမှန်က ကျွန်တော့ ထက်ရင့်ကျက်တဲ့ အုတ်ကန် လေးတခုပေါ့။ ကျွန်တော် နဲ့တူတူ ကစားခဲ့၊ ကျွန်တော်နဲ့ တုတူလွမ်းခဲ့၊ ကျွန်တော်နဲ့တူတူ ဆိုးခဲ့တဲ့ သူငယ်ချင်း တယောက်လို့ သတ်မှတ်လို့ ရတဲ့ သတ်ရှိသူငယ်ချင်းတွေ ပြီးရင် တည်ငြိမ် တဲ့ မိတ်ဆွေ တယောက်ပေါ့၊ အခုချိန်ထိ မင်းသူငယ်ချင်းတွေထဲ ရည်းစားမရှိတဲ့သူ ပြပါဆို ကျွန်တော် ကသူ့ ကိုလက်ညှိုး ညွှန်ရမှာဘဲ။ ကျွန်တော် ကစားတဲ့ အခါမှာလဲ သူမလိုက်ခဲ့ နိုင်ဘူး၊ ကျွန်တော် ရည်းစားထားတဲ့ အရွယ်မှာလဲ သူမလိုက်ပါနိုင်ခဲ့ဘူး၊ ကျွန်တော် အိမ်ထောင်ကျတော့လဲ သူလိုက်လို့မရခဲ့ဘူးလေ။ ဒါပေမယ့်လို့ကျွန်တော် ပျော်တဲ့ အခါ မှာ၊ ကျွန်တော် စိတ်ညစ်တဲ့ အခါမှာ သူ့အနား ကိုကျွန်တော် ဆန္ဒရှိတဲ့ အခါမှာ လာချင်မှ လာတတ် တဲ့ ကျွန်တော့်ကို ဘာမှ ပြန်မပြောဘဲ ကျွန်တော်ပြောသမျှ နားထောင်တတ် ခဲ့တယ်။ အခုတော့ ကျွန်တော့် ရေကန်လေးကို ကျွန်တော် မေ့လျော့နေခဲ့ ပြီလေ၊ ကျွန်တော် လမ်းကြုံလို့ ၀င်ကြည့်တဲ့ အခါ ကျွန်တော့် ကိုသူပေးလိုက်တဲ့ လက်ဆောင်၊ သူပြောလိုက်တဲ့ စကား တခွန်းရှိတယ်။ " လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ မမေ့နဲ့ " တဲ့။ ကျွန်တော် အသက်တွေကြီးလာသလို သူလဲ အိုမင်းလာခဲ့ပြီလေ၊ ဟောင်းနွမ်းလာခဲ့ ပြီ၊ ရေငြိတွေ အထပ် ထပ်နဲ့ ဇရာ ရဲ့ ရုပ်သွင်တွေ ရှိနေတတ်တဲ့ ရေကန်လေးနား ကျွန်တော် ရောက်သွားခဲ့တယ်။ ကျွန်တော် သူ့ ရင်ထဲကို ငုံ့ ကြည့်လိုက်တယ်၊ ကျွန်တော် တွေ့တာ အေးမျှ သန့် စင်နေတဲ့ သူ့ စိတ် ဓါတ် တခုပါဘဲ။ ကျွန်တော့် တို့ရဲ့ မေ့လျော့ ခြင်း မှာမွေ့လျော်နေတဲ့ ရေကန်လေးမှာ ကျွန်တော့် လိုဘဲ သူ့ ကိုချစ်တဲ့ သူငယ်ချင်း ဇာတ်လမ်းတပုဒ် ရှိနေ ဦးမှာပါ - - -

အိမ်လေးမှာရေကန်လေးရှိတယ်

- - - - - - - - - - - - - - - - - - - - - - - - - - - - - --

 

 ကျွန်တော်တို့ တွေ ဖြတ်သန်းရင် ဆိုင်ခဲ့တဲ့ နေ့ရက်တို့သည် တိုတောင်းလွန်းတယ် လို့လဲ မဆိုသာ၊ ရှည် လျားလွန်းတယ်လို့လဲ မထင်ရအောင် ပြောင်းလဲ မြန်ဆန်စွာ လည်ပတ်နေဆဲပါ။ ကျွန်တော် တို့ ဖြတ်သန်း ချင်လို့ ဖြတ်သန်းနေရ တာလား၊ မဖြတ်သန်းချင်ဘဲ ဖြတ်သန်းနေသလား ကိုတိုင် မသိကြတာတော့ တကယ်ပါဘဲ။ အဲဒါကို သဘာဝ လို့ထင်ရင် ဒါဟာ ဘ၀ ပါဘဲ လို့တော့ ဆိုကြရလိမ့်မယ်။ ကိုယ့် ကိုကိုယ် ပြန်ရှုမြင်တဲ့ အခါ ကျွန်တော်တို့ ဟာ လက်ရှိအချိန်လေးမှာ တည်မှီနေကြတဲ့ သတ္တ၀ါတွေ ဆိုတာ သွားတွေ့တယ်၊ အားလုံး အားလုံးသော လူသား တို့ ဟာ ကျွန်တော် ထင်မိ မြင်မိတာ လေးကို သိကြမှာပါဘဲ၊ဒါပေမယ့် သတိမထားမိ တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ တကယ်တော့ ကိုယ်တင် မက ကို့ ပတ် ၀န်းကျင် ၊ ကို့ ကမ္ဘာ ကြီးဟာ ပစ္စုပန် ဆိုတဲ့ လက်ရှိ အချိန်မှာသာ လည် ပတ် နေတာဘဲလေ။ စင်္ကြာဝဋ္ဌာ နဲ့ နှိုင်းရင် မြူမှုန်လောက် သာရှိပါတယ် ဆိုတဲ့ လူတွေမှာ ဒီစင်္ကြာ ၀ဋ္ဌာ ကြီး အကြောင်း နားလည်တဲ့ အသိဥာဏ် ရှိနေတာ ဖန်ဆင်းရှင် ရှိလို့ တော့ ဟုတ်မယ်မထင် ပါဘူး ။ အမှန်က လူတိုင်း သိနိုင်တာ ကလွဲလို့ လူတိုင်းမသိနိုင် တဲ့ အခြေ အနေတွေရှိနေသေးတာဘဲလေ။ တကယ်စင်စစ်က ဘာမှ မရှိတဲ့ လောကကြီးလို့ ထင်ပါတယ်။ လူမှုပတ် ၀န်းကျင်မှာတော့ လူက လူကို လူလို မြင်နေရင် အကောင်းဆုံးပါဘဲ။ လူ အခြင်းခြင်း က လူလို့ မမြင်နိုင်တဲ့ပြဿနာ တွေ ၀င်လာ မှာပါဘဲ။ ပညတ်တွေပေါ်မှာ ပျော်မွေ့နေတဲ့ လူတန်းစား တွေ အတွက်တော့အရာရာ ဟာ အစစ်ဖြစ်ချင်ဟန်ဆောင်လို့ ရတာဘဲလေ။ ဘယ်လောက်ချမ်းသာ ချမ်းသာ သူအိပ်တော့လဲ ကျော တခင်းစာ ဘဲဆိုတာ ဆင်ခြင်ရင် ဒန်းလော့ မွေ့ယာတွေ မီးရှို့ ပစ်ကြလိမ့်မယ်ထင်တယ်။ ကျွန်တော် ရေးလာ ခဲ့တဲ့ ပထမစာ ကြောင်းကို ကျွန်တော် ပြန်သွားလို့ ရနိုင်ပါတယ် ၊ နည်းပညာ တခု ကြောင့်ပေါ့လေ၊ အဲဒါဟာ တကယ်စေ့စေ့ ပေါက်ပေါက် တွေးရင် အစစ် မဟုတ်ဘူးနော်။ အစစ်လို့ေ ပြာနေရတာ အတုတွေ ရှိနေလို့ပေါ့နော်။ အတုလို့ ပြောရတာ အစစ်ရှိလို့ ပြောရတာပါ။ တကယ့် အစစ်က ဘာမှ မရှိတာ။ ရှုတ် ကုန်ပြီနဲ့ တူတယ်။ အဲလို ရှုပ်နေတာ ကိုက အစစ်ဘဲ။ ကျွန်တော်ရေးနေတာ ဘာကို ပြောချင်တာလဲ စဉ်းစားနေတာဘဲ၊ စဉ်းစားတော့ ပညတ် ကို မလိုချင်လဲ ယူရတာဘဲအကောင်းဆုံးကတော့ အခုလုပ်နေတာကို အကောင်းဆုံးလုပ်ကြည့်ချင်တာ၊ ကျွန်တော် အခု ကောင်းတာ လုပ်ရင် ကျွန်တော့ အနာဂါတ်လို့ ခေါ်တဲ့ မနက်ဖန်နဲ့ မိနစ်တိုင်းအတွက် ယုံကြည်မှုရှိ စွာ ကောင်းနေလိမ့်မယ်။ ပြီးခဲ့တဲ့ အမှတ် ရစရာ အတုတွေရဲ့ အတိတ် အတွက်လဲ လှပတဲ့ သမိုင်း အဖြစ် ထင် ကျန်နေလိမ့်မယ်။ ကျွန်တော် အခုချက်ချင်းဘဲ အကောင်းဆုံးလုပ်လိုက်ချင်ပါတယ်။ တခု ရှိတာ ကျွန်တော့် အကောင်းဆုံးက ကွာလတီမမှီတာတောင် သုံးလို့ ရတဲ့ လက်ဆောင် ထုပ်တခု ဖြစ်နေမှာပါ။ ကျွန်တော့် ကြမ်းပြင် ဟာ အောက်က သူအတွက် မျက်နှာ ကျက်လေ၊ ကျွန်တော့် ကောင်းကင် ကတော့ အပေါ်က ကောင်ရဲ့ ခြေနင်းဘဲ။
လောက ကန်ထရိုက်တိုက်မှာ နေနေ တာခြင်း အတူတူ လူနေမိန် မကျသေးတော့ မြေညီထပ်ကနေ ပျော်မွေ့ နေ တုန်းပေါ့။ ။ ။ ။
Photobucket



ကျွန်တော်တို့ အခုတလော ဘာမှ မဖြစ်သလိုသာ နေ နေကြတာပါ။ ဘာဖြစ်နေလဲဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကိုပြောဖို့ အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖွသလို ဖြစ်မှာစိုးလို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပြောဖို့ လိုမယ်ထင်လို့ ပြောပါရစေ။

ပထမဆုံး ပြောချင်တာကတော့ ပြည်တွင်း ဘလော့ဂါတွေပါ။ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ်ရေးကြသလဲဆိုတာ တစ်ယောက်နဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်ကတော့နိုင်ငံရေးတို့၊ ကျွန်မကတော့ လူမှုရေးတို့၊ ကျုပ်တို့ကနည်းပညာအကြောင်းတို့၊ ငါကတော့ကိုယ်ရေးကိုယ်တာတို့ ကြိုက်သလိုသာပြောပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ရေးချင်တာကို ကိုယ်ရေးတာပါ။ ဘယ်သူရဲ့ လွှမ်းမိုးမှု၊ လောင်းရိပ်ကိုမှ မခံချင်လို့ လွတ်လပ်တဲ့ ဘလော့ဂ်ကို ရေးနေကြတာပါ။
ဘလော့ဂ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော်လည်း ကျွန်တော်ရေးချင်တာကို ရေးတာပါ။ ပြည်တွင်းဘလော့ဂါတွေမှာ နိုင်ငံရေးရယ်လို့ ပီပီပြင်ပြင် ရေးနေတဲ့သူ ကျွန်တော်လည်း မတွေ့မိပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ အပြင်မှာတော့ ပြောချင်ပြောကြမှာပေါ့။ ဒါကတော့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ပြောနေကြတာပဲဆိုတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ငါတို့ ဘလော့ဂါတွေကို ဒီလို လုပ်လိုက်ရင် ဒီလို လုပ်ကြမယ်ဆိုတာ ဘယ်သူတွေဆီက ဘယ်လို လာတဲ့ စကားလဲဆိုတာ မေးခွန်း အများကြီး ထုတ်ဖို့ရှိပါတယ်။ အခု ပြည်ပမီဒီယာတွေမှာ ဘလော့ဂါတွေက ပြောသလိုလိုနဲ့ တက်နေတဲ့ သတင်းတွေကို ပြောစရာရှိပါတယ်။ ကိုနေဘုန်းလတ်ကို ဘလော့ဂ်လုပ်လို့ အဖမ်းခံရသလို ပြောနေကြပါတယ်။ ဘာလို့ နိုင်ငံရေးနဲ့ဘလော့ဂ်ကို အတင်းရောထွေးအောင် လုပ်နေရတာလဲ။

ပြည်ပ မီဒီယာတွေကို အမှန်အတိုင်းပြောရရင် ကျွန်တော် အပါအ၀င် လူအတော်များများက မရမက ၀င်ဖတ်ကြပြီး သတင်းတွေ ဖတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် မိုးလုံးပြည့်မုသာဝါဒီဆိုတာကို မနေ့တနေ့က အထိ ဟာသလို သဘောထားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် ဘယ်မီဒီယာကို အပြည့်အ၀ ယုံကြည်ပါသလဲဆိုရင် ဘယ်မီဒီယာကိုမှ မယုံကြည်ပါဘူး။ ယုံကြည်လောက်စရာ၊ စိတ်ချလောက်စရာ မီဒီယာကို ဘယ်မှာမှ မတွေ့နိုင်ပါဘူး။ ကျွန်တော်ဆိုလိုတာက ပြည်တွင်း ပြည်ပ အားလုံးကို ဆိုလိုတာပါ။ ဘယ်သူ ဘယ်ဝါ ပြောစရာ မလိုလောက်အောင်ကို အားလုံးလိုလိုဟာ ၀ါဒမှိုင်းတွေ တိုက်နေကြတာပါ။ လောလောဆယ် သတင်း မီဒီယာနဲ့ မပတ်သတ်ပဲ အရင်တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဘူးတဲ့သူတွေက အစ သတင်းတစ်ခုကို သတင်းအတိုင်းမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ့်ကို ထောက်ပံ့သူတွေရဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူဖြစ်အောင် ရေးနေကြတာ အထင်အရှားပါ။

ကိုနေဘုန်းလတ်ဟာ ဘာအကြောင်းနဲ့ အထိန်းသိမ်းခံထားရတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးခင်မှာ ဘလော့ဂ်ကြောင့်လို့ ဘာကြောင့် စွပ်စွဲနေကြတာလဲ။ ပြည်တွင်းက ဘလော့ဂါတွေကို အနေအစားကျပ်အောင် လုပ်နေကြတာလား။ ပြည်တွင်းဘလော့ဂါတွေ အသစ်အသစ် ထွက်မလာရဲအောင် လုပ်နေကြတာလား။ ရှိပြီးသား ဘလော့ဂါတွေ ဆက်မလုပ်ရဲအောင် လုပ်နေတာလား။ အကြောင်းအရာတွေကို ရောထွေးသွားအောင် မလုပ်ကြပါနဲ့။ ခင်ဗျားတို့လို ဟိုအဝေးကနေ ဘေးတီးနေတဲ့သူတွေကြောင့် ဘာအကြောင်းမှ ထူးပြီး ကောင်းလာစရာမရှိဘူး။ အကျိုးယုတ်ဖို့ပဲ ရှိတယ်။

တစ်ယောက်တစ်ပေါက် ၀ိုင်းပြောလို့ အထဲကလူ ပိုဆိုးသွားရင် ၊ အပြင်ကလူတွေ ထပ်ပြီး ဒုက္ခများသွားရင် ခင်ဗျားတို့ ပယောဂ ကင်းတယ်လို့ မထင်နဲ့။ အဲဒီလောက်မှ မစဉ်းစားတတ်ရင် ဒီအလုပ်တွေကို ဆက်မလုပ်နဲ့။ ကိုယ်လုပ်တဲ့ အလုပ်က တစ်ဘက်သားကို စေတနာနဲ့ ကောင်းစေချင်တာလား။ အပြစ်လွတ်လား။ ကိုယ်နာမည်ကြီးဖို့ပဲလား။ သေချာစဉ်းစား။

လက်ရှိအခြေအနေမှာ ပြည်တွင်းက အချို့ဘလော့ဂါတွေ ဘယ်သူတွေရဲ့ မှိုင်းမိနေသလဲ။

လက်ရှိအခြေအနေမှာ ပြည်ပက အချို့သောမီဒီယာတွေ ဘယ်လမ်းကြောင်းကို မောင်းသွင်းနေသလဲ။

လက်ရှိအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဒါမှမဟုတ် ဘာမလုပ်သင့်ဘူးလဲ

ပြည်ပမီဒီယာတွေကတော့ အော်နေဦးမှာပဲ။ ဟုတ်တယ်မို့လား။ ခင်ဗျားတို့လည်း ဖတ်ရင်းသေချာ စဉ်းစား။ ခင်ဗျားတို့ ထမင်းတစ်လုပ်စားရဖို့အရေး ဘလော့ဂ်တွေ၊ ဘလော့ဂါတွေကို လာပြီး အသုံးမချနဲ့။ လက်ရှိတွေကလည်း ဘလော့ဂ်ကို အသုံးချ၊ အတိုက်အခံတွေကလည်း ဘလော့ဂ်ကို အသုံးချနဲ့ ဘလော့ဂ်တွေလည်း စစ်မြေပြင်လုံးလုံးဖြစ်နေပြီ။ နောက်ဆုံးတော့ ဘယ်သူမှ အယုံအကြည်ခံရလိမ့်မယ် မထင်နဲ့။ ဘယ်ဘက်ကိုမှ လေးစားစရာ မမြင်တော့ဘူး။

လက်ရှိအချိန်မှာ ဘယ်သူ ကောင်းသလဲ၊ မကောင်းဘူးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ကို ရှင်းပြီးသားပါ။ ဘယ်သူတွေ ဘယ်လောက်ထိ အောက်တန်းကျ မိုက်ရိုင်းတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။ အဲဒါကို ခင်ဗျားတို့ ကျုပ်တို့က ပါးပါးနပ်နပ်မရှိပဲ ကလေးအတွေးတွေနဲ့ လုပ်တဲ့သူကလုပ်၊ ငါတို့အတွက် ခွင်ဝင်ပဟဲ့ဆိုပြီး ဖွတဲ့သူက ဖွ လုပ်နေလို့ကတော့ ခင်ဗျားတို့ ကျုပ်တို့ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာလို့ ထင်တာတွေနဲ့ အဝေးကြီး ဝေးနေဦးမှာပဲ။

ကြိုပြောထားရရင် ကျွန်တော့်ကို ဘယ်သူ့ဘက်က ဘယ်ဝါ့ဘက်က လာမပြောနဲ့။ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ကျွန်တော်သည် ကျွန်တော် မှန်တယ်ထင်တဲ့ဘက်ကနေမှာပဲ။ ဘယ်သူ့ လောင်းရိပ်အောက်မှာမှ နေမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ အမှန်ဆုံး၊ အကောင်းဆုံးလို့ လက်ခံထားတဲ့သူ မဟုတ်ဘူး။

ကိုမျက်လုံး ဘလောက်မှကူးယူဖော်ပြပါသည်



ကျွန်တော်ပြောချင်တာ ဖြစ်တဲ့ အတွက် ကျွန်တော့ အာဘော် လို့ ပြောချင်လဲ ရသလို၊ ကျွန်တော်နဲ့ အတွေးအမြင်တူတဲ့ သူတွေရဲ့ သဘောထား ဖြစ်တယ်ဆိုလဲ ကျွန်တော် မငြင်းပါဘူး။ ကျွန်တော် တို့ အင်တာနက် ကိုစသုံးလာ ခဲ့ကြတာ အခုဆို အတော်လေး အချိန်ကြာလာခဲ့ပါပြီ။ ကျွန်တော်အပါအ၀င် အင်တာနက် ပေါ်မှာ ဘလောက်လို့အမည်ရတဲ့ ကိုပိုင် ၀က်ဆိုဒ် တပိုင်း ဖြစ်တဲ့ စာမျက်နှာလေးတွေမှာ သန်ရာ သန်ရာ ၊ ကို့အမြင် တွေ အတွေးအခေါ်တွေ၊ စိတ်ကူးတွေ ၊ ကျွန်တော်တို့ အိမ်မက်လေးတွေ ဖြန့်လာ ခဲ့ ကြတာလဲ အခုဆို ကျွန်တော်တောင် တနှစ်ကျော် လောက်ကြာလာ ခဲ့ပါပြီ။ ကျွန့် တော့ အရင် ရေးသားခဲ့ကြတဲ့ သူတွေ၊ အဲလို အားလုံးသော ဘလောက် ရေးသားသူတွေ၊ အထူးသဖြင့် မြန်မာ လိုရေးသားလို့ ရတဲ့ အခါ မြိုင်မြိုင်ဆိုင်ဆိုင် ရေးသား နိုင်အောင် အခြင်းခြင်း ပညာတွေ ဝေငှ ၊ နည်းပညာတွေ ဖြေချ လို့ မြန်မာ ဘလောက်ဂါ တွေရယ်လို့ ပေါ်ပေါက် အမည်တပ် လို့ရလာခဲ့တာလဲ အချိန်လေး အတော်ကြာ ဖြတ် သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အင်တာ နက်ရဲ့ ပါဝါတခု ဖြစ်တဲ့ အခမယ့် ရယူနိုင်တဲ့နည်းပညာ တွေနဲ့ ၀န်ဆောင်မှုတွေ ကို အသုံးပြု ခဲ့ကြပြီး ကိုပိုင် ဘလောက်လေးတွေ ရေးနိုင်ခဲ့ကြပါတယ်။ ကျွန်တော် လေနဲနဲ ရှည်သွားပုံရတယ်ဗျာ။ ဆိုလိုချင်တာ ဒီလိုလေးပါ။ ကျွန်တော်တို့ ကိုယ့်ဘလောက်ကို ရေးကြရာမှာ ကို့အမြင်တွေ ကို အဓိက ရေးကြပါတယ်။ ပါစင်နယ် ဆန်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ ဘလောက်တွေကို ခေါင်းစဉ် အမျိုးမျိုး တတ်လို့ ရပါတယ်။ ကျွန်တော်တခါလဲ ဒီပုံစံလေးရေးခဲ့ဘူးပါတယ်။ ကျွန်တော်လုပ်တဲ့ ၊ ကျွန်တော် ရေးတဲ့ ပေါ်ကို မူတည်ပြီး ဒီဘလောက်ရဲ့ အမည်နဲ့ အနှစ်သာ ရ ဟာ ကွဲ ပြား သွားမှာပါဘဲ။ ဒါပေမယ့် အားလုံးသော ဘလောက်ဂါတွေ (အများစုလို့ထင်ပါသည်)
ရည်ရွယ်ရင်းတစ်ခု ရှိတယ်ဗျ။ အဲဒါ ကိုသိပြီးတဲ့ အကြောင်းအရာတွေ ကို ဝေငှ ပေး ချင်တယ်။ ဝေငှတဲ့နေရာမှာ အမျိုးမျိုး ရှိမှာပါ။ အဲဒီထဲက အတူညီဆုံးတစ်ခု ဟာ အင်တာနက်သုံးနေတဲ့ သူတွေတင်မက မသုံးရသေးတဲ့ သူတွေကိုပါ အသိပညာ ဝေငှ ပေးချင်ကြတယ်။ အတတ်ပညာတွေ ဝေငှချင်ကြတယ်။ ဒါကြောင့်လဲ ဘလောက်သက် နုနယ် နေ ကြသေးတဲ့ အချိန်ကတည်းက နေယနေ့ အထိ ကျွန်တော်တို့ နိုင်ငံတကာ က မြန်မာ ဘလောက်ဂါတွေရဲ့ရသမျိုးစုံပါတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေဖို့ စုစည်း ခဲ့ကြတာ ယနေ့အချိန်အထိပါ။ ကျွန်တော်တို့အခက် အခဲတွေ ကြားထဲက ကြိုးစားနေကြဆဲ ပါ။ နောက်ပိုင်း ရန်ကုန် နဲ့ မန်း မှာပါ အမှတ်တရ ဟော ပြောပွဲတွေ လုပ်နိုင်လာ ခဲ့ အောင် စုစည်းပေးနိုင်ခဲ့ကြပါတယ်။ မန်းကလဲ မန်း အလျောက် အောင်မြင်ပါတယ်။ ရန်ကုန် ကလဲ ရန်ကုန်အလျောက် အောင်မြင်ကြပါတယ်။ အဲဒီ အချိန်ကစလို့ ကျွန်တော်တို့ အနေနဲ့ အွန်လိုင်းပေါ်တယ် တခုဖန်တီးကြပြီး ဘလောက်ဖတ်သူရော ရေးသူတွေပါ အကျိုးရှိစေမယ့် အစဉ်အစဉ်တွေ ပါတဲ့ဆိုဒ် တခုတည်ထောင်ဖို့ လေ့ လာ ကြိုးစားလာခဲ့ပြန်ပါတယ်။ နောက်ဆုံး အနေနဲ့ လာမည့် နွေက စလို့ ကျွန်တော်တို့ တွေ စုစည်းနိုင်တဲ့ အားတွေနဲ့ ပြည်တွင်း ပညာရေး တိုးတက်စေမယ့် တဖက်တလမ်း ဖြစ်တဲ့ ကွန်ပျုတာ အခြေခံ သင်တန်းတွေလို၊ ရုံးသုံးကွန်ပျုတာ လက်တွေ့ အသုံးချ သင်တန်းတွေလို အကျိုးရှိစေမယ့် သင်တန်းများ ကို အခမယ့် သင်ကြားပေး ကြဖို့ ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့မှန်ကန်တဲ့ ပရဟိတ လုပ်ငန်းနဲ့ နည်းပညာ ပြန့်ပွားရေး အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့ လက်တွေ့ဖော် ဆောင် နိုင် အောင်ကျွန်တော်တို့ ကြိုးစားကြဖို့ သဘော တူညီစွာနဲ့ လက်ခံခဲ့ကြပါတယ်။ အဲဒီလို လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပြည်တွင်း မှာလုပ်ဆောင်ကြမယ့် သူတွေ အတွက် များစွာသော ငွေအား၊ လူအား စတဲ့ အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့မည်သည့် ဘလောက်ရေးသားသော ဆန္ဒရှိတဲ့ ဘလောက်ဂါများမဆို ပါဝင် ဆောင်ရွက် နိုင်စေဖို့ စီစဉ်ကြပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ မှာ ဘာ အရောင်မှ မဆိုး အဖြူရောင် သက်သက်လှုပ်ရှားခဲ့ကြတာပါ။ ပါဝင်သူတွေအနေနဲ့ မည်သည့် အကြောင်း အရာများ ကိုရေးသားနေသူ မဆို ပါဝင်နိုင်ပါတယ်။ သူ့ရဲ့ရေးသား မှု တိုင်းအပေါ် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ကာယကံရှင်သာလျှင် ခံစား တာဝန်ယူ နိုင်ရမည်ဆိုတဲ့ မူအရ ကျွန်တော်တို့ အားလုံးသော ဘလောက်ဂါများ အား ဖိတ်ခေါ် ခဲ့ ကြတာဖြစ်ပါတယ်။ အထက်ပါရေးသား ချက်များ ကတော့  ကျွန်တော့် ကိုယ်တိုင် ပါဝင်လာ ခဲ့တဲ့ ကျွန်တော့် မြန်မာ ဘလောက်ဂါဘာလဲ    ဖြစ်ပါတယ်။ ဘလောက်ဂါဘယ်လဲ ဆိုတဲ့မေးခွန်း ကတော့ တယောက်ခြင်းရဲ့ သဘောထားနဲ့သာ ဆိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ အားလုံးသိမ်းကြုံးသဘော တူတယ်ဆိုတာ အိပ်မက် အရမ်းဆန်ပါ လိမ့်မယ်။ ကျွန်တော်တို့ ဟာ ကို့ အမြင် ၊ ကို့ အတွေး ၊ ကို့ပညာ တွေ ကို လွတ် လွတ် လပ်လပ်ဖြန့်ဝေနေတဲ့ သူတွေပါ။ ကျွန်တော်တို့ ဟာ သူတပါး အသုံးချခံတဲ့ သူတွေ မဖြစ်စေရပါဘူး၊ အဝေးကနေ ဘာတွေပြောပြော ကို့ အိမ်ထဲက အကြောင်း ကိုသိ ရသလို ကို့အိမ်ရဲ့ ကျေးဇူးကိုကျွန်တော်တို့ ဘယ်တော့မှ မေ့လို့ မရကြပါဘူး၊ မခေါ်ချင် နေလို့ ရပါတယ်၊ မတော်ချင်လို့ မရတဲ့ မြန်မာ စကားပုံကို နားလည်ကြမှာ ပါ။
ကျွန်တော်တို့ တဦးချင်း ယုံကြည်ရာ လျှောက်လှမ်း လို့ ရပါတယ်။ ကိုယုံကြည်တဲ့ လမ်း ကို ကိုလျှောက်ကြတာ အကောင်းဆုံးပါလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အသိပညာ ဖြန့်ဝေတဲ့၊ နည်းပညာ တွေ တန်းတူတတ်စေချင်တဲ့၊ ပညာရေးမှာ မနိမ့်ပါး ရအောင် ကျွန်တော်တို့သွားမှာပါ။ ကျွန်တော်တို့ လျှောက်တဲ့ လမ်းဟာ ကြမ်းနေမယ် ဆိုရင်တောင် သာသာ ယာယာ လျှောက် လှမ်း နိုင်မယ်လို့မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော့် ကို ကျွန်တော်ပြန်မေးပါတယ်။ ဘလောက်ဂါဘယ်လဲလို့  - - -
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော် " ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

မော်ဒန် ၀တ္ထုတွေနဲ့ ယဉ်ပါးနေတဲ့ စိတ်ရိုင်းသတ္တ၀ါတကောင်အား အတ္တဟု ခေါ်ခဲ့ရင်သူစား သုံးနေတဲ့ ကဗျာ တွေဟာ
သတ် သတ်လွတ်ဆန်မယ်လို့ ထင်မိသေးလား။ ယောက်ယက်ခတ်နေတဲ့ အတွေးတွေနဲ့ ပန်းချီကားတွေ ပေါ် အမဲလိုက်၊ သူငယ်နှပ်စား ထင်မြင်ချက်ကလေးနဲ့ မီး မြှိုက်၊ ကိုယ့် ကို ကို လောင်တိုက်သွင်း နေတာ အဲ ဒီ ဘောင်တွေထဲက ဘဲဖြစ်မှာပါလေ။ ကာလာတီဗွီဖြစ်ဖို့ အဖြူအမဲက စတေးခဲ့ရတယ်၊ ဒါပေမယ့် သူတို့ ကိုတိုင် က ကာလာတွေ မဟုတ်ခဲ့လို့လား။ ဘောင်မပါတဲ့ ပန်းကန် တချပ်လောက်ပေးပါလား လေများများမပါတဲ့ စကားတခွန်း လောက် ချကျွေးကြည့် ချင်လို့ပါ။ မော်ဒန် ၀ထ္တုထဲ မော်ဒယ် မလေး ကို သွင်းရင်း အတင်း မော်ဒန် ဖြစ်ချင်တဲ့ မော်ဒန် စာ ရေး ဆရာ တယောက်မှာ မော်ဒန် ဆန်တဲ့ ကွန်ပျူတာ ကောင်းကောင်း ရှိဖို့ လိုမယ် ထင်သွားလား၊ မော်ဒန် ဆန်ဆန် တွေး မှ ရမယ်ဆို သင်တို့ဘောင်ခတ်ထားတဲ့ မော်ဒန် စည်းကမ်းချက်များ အား လက်ကမ်း စာစောင်မှာ ရေးချ ပေး ကြပါ ၊ ညနေ ကျရင် မူကြိုမှာသွားဝေ ပေးပါ့မယ်။ အဲ- စပွန်ဆာ ပါမှ ပွဲစည်တတ်တဲ့ ရိုးသား မှုတွေကို ချက်လက်မှတ် တစောင် စီထုတ်ပေးကြည့် ပါ၊ ပွဲစည်သွားမယ့် အရက်ဝိုင်းတ၀ိုင်းတော့ ကျန်မှာပေါ့။ မထင်တာတွေ ကိုထင်အောင် လုပ်တ တ်တာ စုတ်ချက်တခုထဲနဲ့ အများကြီးပြောပြလို့ ရပါတယ်၊ အရင်က လက်ရာ တွေ ဟောင်းသွားတယ်တဲ့၊ အခုလက်ရာတွေ ကသစ်လာမှာလား၊ ဂန္တ၀င် သီချင်း တပုဒ်ကိုဟစ်ဟော့လုပ်ဆိုမှ မော်ဒန် ဖြစ်ကြေးလား။ ပုရိတ် သတ် ကို ပေးချင်တာလား ပြန်လိုချင်တာလား၊ ပွဲဆူမဲ့ အတွေးချော် စာသားတွေ ညှစ်ထုတ် ၊ အလုပ်မလုပ်ဘဲတကုတ် ကုတ်လုပ်နေတာ စာရေးဆရာ တယောက် အလုပ်ကြီးဘဲ ထင်မထားသင့် ပါဘူး။ ရစေချင် လို့ ရော့ - အင့် ဆိုပြီး ဆောင့်ဆောင့်အောင့် အောင့်ပေးတတ်တဲ့ အပေးလွန်ဆရာ ကြီးတွေ အတွက်တော့ ကျွန်တော် တို့က လိုရာ ဆွဲယူတဲ့ ပုရိတ်သတ် ဖြစ်နေမှာဘဲ။ အစတွေ ဆွဲထုတ်ပြ ပြနေတတ် တဲ့ မော်ဒန် သတင်းသမား လေး တယောက်ကြောင့် ပုရိတ်သတ် လက်ထဲက တော့ အာရကေ တွေ ထွက်ထွက်သွားလိုက်တာ အပေးအယူကို မျှလို့။ အင်း - - သတ်ပြင်းတွေသာချရတယ်- ဘာတွေ ခေးရော့ဖြစ်နေတယ် မသိဘူး ၊ ဒီစကားလုံးကိုက အရမ်း မော်ဒန်ဖြစ်နေ တယ်။ ခက်တော့ တာဘဲ - - - -
ဒီနေ့တော့ ကျွန်တော် တင်လိုက်တဲ့ ပို့က ၃၀၀ မြောက်ပို့ ပါဘဲ။ ကျွန်တော် နဲနဲရေးလိုက် ပြန်ဖြတ်လိုက် လုပ်နေတာ ၁နာရီ ၁၉မိနစ် ကြာပါ ပြီ။ ဘာမှ ရေရေရာရာ မရေးချင်ဘူး။ လုံးဝကို စိတ်မပါပါဘူး။ ကျွန်တော် ရေးချချင်တဲ့ အတိုင်းရေးချလိုက်ရင် လဲ - အင်းလေ၊ စိတ်ကိုက တခြား ရောက်နေတာ ကို။ ကျွန်တော် ရေးသမျှ လာလာ ချောင်းဖတ်တဲ့ ကျွန်တော့ မိတ်ဆွေများ ကိုအားလဲ နာပါတယ်။ ကျွန်တော် အရင်လိုဘဲ ပို့တွေ မြိုင်မြိုင်ကြီးရေး လိုက်ချင်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ကျွန်တော် မရေးနိုင် ၊ ဘယ် ဘလောက်မှလဲ သွားမဖတ်နိုင်အောင်ဖြစ်နေပါတယ်ဗျာ။ ကျွန်တော် ရေးချင်နေတာ တရားဆိုတဲ့ အကြောင်းပါ။ အချက် အလက်တွေ စု နေသေး တာမို့ မကြာခင်တင်ဖြစ်မယ် ထင်ပါတယ် ။ တကယ် တော့ တရားဆိုတာ မတရားတာရှိမှ ပေါ်လာတဲ့ အရာပါ။ ဒါဆို ဘာကမတရားတာလဲ၊ အမှန်က တရားဆိုတာလဲ မရှိဘူး မတရားဆိုတာလဲ မရှိပါဘူး၊ အရာနှစ်ခုကို ချင့်ချိန် သုံးသပ်လိုက်တဲ့ အခါမှာ အခြေအနေနဲ့ လက်ခံနိုင်မှု အနေအထား ပေါ်မူတည်ပြီး အဖြေ ထွက်လာတဲ့ အခါ တရားနဲ့ မတရားဆိုတာပေါ်လာတာပါ။ ဥပမာ ဆရာစံကို အင်္ဂလိပ် အစိုးရက ဓမြသူပုန် လို့ခေါ်ပါတယ်။ သူ့ဘက်ကကြည့်ရင် တရားပါတယ်။ ဥပဒေ စိုးမိုးမှုကို စိန်ခေါ်လာကာ သူတို့ အကျိုးစီးပွားကို ထိခိုက်နိုင်လို့ပါ။ မြန်မာ ပြည်သူတွေဘက်က ကြည့်ရင် ဒါဟာ မတရားပါဘူး၊ ဘာကြောင့်လဲ ဆိုတာ အားလုံးသိမှာပါ။ သူက မျိုးချစ်တော်လှန်ရေး ခေါင်းဆောင် ဖြစ်နေ တဲ့ အတွက် ဒီအကြောင်းကို မတရားဘူးလို့ ပြောရမှာပါ။ ဒါကြောင့် ဘယ်မှာလဲ တရားအစစ်၊ ဘယ်မှာလဲ မတရားဘူးဆိုတာ။ တကယ်တော့ ဘာမှ မရှိတဲ့ အရာကို လက်ခံမှုအတိုင်းအတာ ပေါ်မူတည်ပြီး ဖြစ်လာတာပါ။ အရာအားလုံးပါဘဲ။ အစစ်မဟုတ်ပါဘူး၊ ဒါကြောင့် ဘုရားသခင် ကြွေအံကစားခဲ့သလား ဆိုတဲ့ အယူအဆတေါ ပေါ်လာတာဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် ကျွန်တော့် အတွေးတွေထဲ ခေးရော့ ၀င်နေတယ်ဗျာ။

Type the rest of your post here.