ပွတ်အတွက်ဆုတောင်း

မောင်ပွတ်ရေ၊ ရေးတာတရက် နောက်ကျသွားတာ ခွင့်လွှတ်ပါကွာ။ မင်းရဲ့ ဒီကနေ့ မွေးနေ့မှာ မင်းဆန္ဒရှိ တဲ့ တွေ့ချင်တဲ့ သူတွေနဲ့ တွေ့နေကာပျော်ရွှင်နိုင်ပါစေ။ မင်းချစ်တဲ့ မိသားစု၊ မင်းချစ်တဲ့ မင်းခြူ ကလေး၊ မင်းချစ်တဲ့ သူငယ်ချင်းတွေ နဲ့အတူ မင်းရဲ့ ပျော်ရွှင်အောင်မြင်မှုတွေ ထပ်တူထပ်မျှ ဖြစ်ပါစေကွာ။ စတွေ့ကတည်းက ဒီနေ့ အချိန်အထိ ညီအကို တွေလို စိတ်ထား ဖြူစင်စွာနဲ့ အရာရာ စိတ်ဓါတ်၊ အင်းအား တွေ ပေးတတ်တဲ့ ပွတ်ကလေး၊ ၀ါသနာတူ ရာဘာလောက်တိုင်း ကိုလက်တွေ့ဖြစ်လာအောင် ကြိုးပန်းခဲ့တဲ့ ပွတ်ကလေး၊ အေးချမ်း သံလွင်ရယ်လို့ သံလွင်ညီအကိုတွေထဲ စီးမြောနေတဲ့ ပွတ်ကလေး၊ အခု မွေးနေ့ကနေ နောင် နှစ်တွေမှာ မင်းအဓိပ္မါယ် ရှိရှိ ပျော် ရွှင် အောင်မြင်စွာ ဖြတ်သန်း နိုင်ပါစေကြောင်း ဆုတောင်းပေးနေပါတယ် ကွာ။
PhotoPox.com - Images For Your Page!
Cool Image Comments


Type the rest of your post here.

1 comments:

Mr.Pooh @ မောင်ပွတ် said...

ကိုဂေါက်ရေ - ယစ်ရွှေရည် ခွက်တိုင်ဆုတောင်းခဲ့ဘူးတဲ့ နေ့ရက်တွေကို တကယ်ပဲ သတိရမိတယ်။ တစ်ယောက်တည်း ဖြတ်သန်းဖို့ ကြောက်လန့်ခဲ့တဲ့ မွေးနေ့ဟာ ခင်ဗျားတို့ကြောင့်ပဲ ပျော်ရွှင်အသက်ဝင်ခဲ့ပါပြီ။ အားလုံးအတွက် အားလုံးကို ကျေးဇူးပါ။