စပိတ်တစ်ကို ပြန်တွေ့ခြင်း

ပိတ်တစ် လေးတချပ်၊ ကျွန်တော် ပြန်တွေ့ခဲ့တယ်။ လမ်းကြုံလို့ မဟုတ်ဘူးနော်၊ လူမရှိလို့ မရောက်တာကြာခဲ့တဲ့ မျှော်လင့်ခြင်းကွင်းပြင်ထဲကပါ။ ကျွန်တော် စပိတ်တစ်ကို ကောက်ကိုင်ကြည့်တော့ သူကပြောတယ် " အားလုံးပျော်ခဲ့ကြတယ် " တဲ့ ။ ဟုတ်ပါတယ် ကျွန်တော်တို့ ပျော်ခဲ့ကြပါတယ်။ မေ့လျော့ခြင်းနဲ့ ခြားထား ခဲ့တဲ့ အတိတ်ကို ပြန်လှည့် ကြည့်တာ့ ဖြူစင်တဲ့ အပြုံးနဲ့ ပျော်ရွှင်တဲ့ ရယ်သံတွေကို ကျွန်တော် ပြန်ကြား မြင်ယောင် ခံစားမိတယ်။ တွေ့ဆုံကြုံကွဲ ဘုံထဲကလူတွေ ဆိုတော့ မမြဲခြင်းတရားက အသိပေးတယ်။ မောမသွားကြပါနဲ့ဦးကွယ်တဲ့ဗျာ။ တကယ်ဆို ကျွန်တော်တို့ မမြင်နိုင်တဲ့ ညတွေ အများကြီးရှိ နေခဲ့တာ ၊ ဖြတ်ကနဲဖြတ် ကနဲ မှားလိုက်ကြတဲ့ အထင်တွေ ၊ မောဟတွေ၊ အတ္တတွေရေးချယ်ကြ ၊ အငြှိုးအတေး မီးစတွေ ကတောက်လောင် ညတွေ ဘယ်လောက် မှောင်မှောင် မနက်ဖြန်ရောက်အောင် စောင့်ကြည့်စမ်းပါ။ အားလုံးမျှော်လင့်နေတဲ့ အလင်းရောင် ရောက်လာဦးမှာပါဘဲလေ။ အရင်လို အဖြစ်အပျက် တွေထဲက ပျော်ရွှင်မှုတွေ နှိုက်ယူ၊ ပြန်လည်ဖန်တီး ၊ ကျွန်တော်တို့ ခရီးတွေ ဆက်ချင်တယ်။ အားလုံးရပ်တန့် မနေကြပါနဲ့။ အသစ်တွေ ကိုကြိုဆို အဟောင်း တွေ ကိုလေးစား အမှားတွေဘဲ ပြင်ဆင်လိုက်ကြစေချင်တယ်။ ဘာကို တွေဝေနေကြဦးမှာလဲ။ အခုဆိုဆို နောက်မှ ဟစ်ဟစ် သံစဉ်သစ် သီချင်းတပုဒ် ဖြစ်ဖို့ဘဲ လိုတာ။ ကျွန်တော်တို့ ဂန္တ၀င်တေးသွားအတွက်လေ။ သံစုံ အော်ဟစ်မယ်ဆို ညီအောင်တော့ညှိ ဖို့လဲ အရေးကြီးတယ်။ စပိတ်တစ် ကပေးတဲ့ ပြယုဒ်ကို အမေ့ပါနဲ့။ အိမ်မက်ထဲ ဖမ်းခေါ် ခင်မင်မှု သံယောဇဉ်တွေ ကို ယစ်ပလ္တင်ထက် ပေါ်ဆွဲဖြဲ ချင်သူတွေ ဖြဲနေကြလဲ ကျွန်တော် သံယောဇဉ် ထားတတ်ပါတယ်။ အပိုင်း အစတွေကို အမြဲတမ်းဖမ်းကောက် ကျွန်တော်တို့ နောက်မှာ နားလည်မှု အားနည်းနေသေးတာ။ အမှန်ဖြစ်ဖို့ အမှားတခုလိုတယ်။ အမှားဖြစ်ဖို့ အမှန်တခုရှိရမယ်လေ။ ဘာဘာညာညာတွေ နဲ့စကားပြော ကိုကြီးကျော် လို နတ် သံနှောတဲ့ ညလေးတခုမှာ  ကျွန်တော်တို့ မျက်လုံး တွေ ဖွင့်ထား အိုအေစစ်နား တ၀ိုက်မှာ ရှိနေတဲ့ ကဗျာဆရာ တယောက်အတွက်တော့ သိချင်ဝယ်ဖတ် ၂ကျပ်လို့ဘဲ ပြောချင်ပါတယ်။ နေတွေ လတွေ ကိုဖုံးမထားပါနဲ့ မိုးတွေ လှိုင်လှိုင်ထတဲ့ နေ့မှာ စည်းအပြင်မရောက်ဖို့လိုပါတယ်။ ကျွန်တော်နဲ့ငြင်းပါလို့ ပြောပြောနေတဲ့ လူတယောက်အတွက် ဒေါင်းက ပြတာ ဆန်းမယ် မထင်ပါဘူးလေ။ ပန်ဒိုရာ ဆိုတဲ့ မျှော်လင့်ခြင်း သေတ္တာကို စနေနေ့ ဖွင့်ကြည့် အပိုင်းအစတွေ ထွက်လာနိုင်မယ်လို့မျှော်လင့်လို့ရတယ်။ အဲဒီနေ့အတွက်တော့ ကျွန်တော် တော့ ဂေါက်မနေတော့ဘူးဗျာ။
 
မပန်  ရဲ့    ပျောက်ဆုံးသွားတဲ့ စပိတ်တစ်ဖဲ တစ်ချပ် ကို ပြန်လည်ခံစားပါသည်။

3 comments:

Yan said...

ကိုကိုဂေါက်ရေ. ဆီဗုံးမထားသေးဘူးလားဗျာ. တွေ့တဲ့နေရာမှာ ၀င်အော်ခဲ့ပြီ. စာတွေဖတ်မရဘူးဖြစ်နေတယ်. လုပ်ပါဦး. ဘလော့ဂ်တိုင်းမ်ယူသွားတယ်. ဂွတ်ဂျော့ဘ် ဘရားသား. :)

mm thinker said...

ရောက်တာတယ်။ ဘလော့ဂ်တိုင်းလည်း မသွားတယ်။

သင်ကာ
http://mmthinker.iblogger.org/

pandora said...

အခုမှ မှတ်ချက်ရေးမိတယ်။
ပြန်ညွှန်းထားတာ ကျေးဇူးပဲ မောင်ဂေါက်။