ကျွန်တော့်ရဲ့ဘလောက်ကို zawzaw.com ကိုပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။ အဲဒီကိုအရင်လိုဘဲ လာရောက် အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
လာမည့်လအတွင်းပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များပြသရောင်းချပွဲတွင် ပါဝင်ပြသလိုသူများ ဆက်သွယ်နိုင်ပါသည်။

အောက်ပါအချက်အလက်များ ကိုလိုက်နာနိုင်လျှင်ပါဝင်ပြသနိုင်ပါသည်။ ၀င်ရောက်ပြသလိုသူများအနေဖြင့်

၁- မိမိ၏ စာမျက်နှာသည် မြန်မာပြည်တွင်းအလွယ်တကူကြည့်ရှုနိုင်သော စာမျက်နှာဖြစ်ရပါမည်။

၂- နိုင်ငံရေးမကင်းရှင်းသော အရေးအသားနှင့် အပြုမူများမပါဝင်ရပါ။

၃- မိမိ၏ စာမျက်နှာကို ပြပွဲတွင်ပြသရန် အပြင်အဆင်ကိုမိမိဘာသာတာဝန်ယူရပါမည်။ ( ဥပမာ - ဗွီနိုင်း နှင့် - အလှအပအပြင်အဆင်- သွားလာမှု)

၎- ရွေးချယ်ခံရသူသည် ၀င်ကြေးအဖြစ် အခမယ့် ဖြစ်ပါသည်။ ( လူဦးရေ ကန့်သတ်ထားသည် )

၅- ပုရိတ်သတ်အကြိုက်ဆုံး စာမျက်နှာကို ပြပွဲအပြီးတွင် ရွေးချယ်ကာ ဆုချီးမြင့်သွားမည်ဖြစ်ပါသည်။

၂၀ - နိုဝင်ဘာ ၂၀၀၈ နောက်ဆုံးထားပြီး အောက်ပါ အီးမေးကို ဆက်သွယ်နိုင်ပါသည်။

zzml33@gmail.com
မကောင်းတာတော့
မကောင်းဘူးသူငယ်ချင်းရယ်

ကြားရကြားရနားဝ မချမ်းသာ
ငါလဲလေ လောကီသားမို့

ဖြစ်ပျက်တာတွေ
ပြောင်းလဲတာတွေ

တရားသဘောသာမှတ်
ပျက်ပြီးရင် ဖြစ်တာပါဘဲ

ဝဋ်ရှိလို့ဆို ကုန်အောင်ခံ
အကြွေးထားမနေနဲ့

မျှော်လင့်ချက်က တေးတပုဒ်
မင်း အသံကုန်ဟစ်လို့ လွှတ်ချလိုက်

လွတ်လပ်မှု တေးသွားတွေဆီကို - - - - ။



Two for the money ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ D.J. Caruso ရိုက်ကူးလိုက်တဲ့ ဇာတ်လမ်း အသစ် တခု ဖြစ်တဲ့ အခု ဒီ ဇာတ် လမ်းကို တင်ပြလိုက်ပါတယ်။ Eagle Eye ဆိုတဲ့ အခု ဇာတ်လမ်း ကို စက်တင်ဘာ ၂၆ မှာ အမေရိကားမှာ ရုံတင် ပြသခဲသလို အောက်တိုဘာ ၁၇ ရက်မှာတော့ အင်္ဂလန်မှာ ပြသခဲ့ပါတယ်။ ပြသချိန် ၁၁၈ မိနစ်ကြာတဲ ဒီကားမှာ အမေရိကန် မင်းသား Shia LaBeouf နဲ့ မင်းသမီး Michelle Monaghan တို့ ပါဝင် သရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာ ကောင်းလှတဲ့ ဒီဇာတ်လမ်းကို ထုတ် လုပ်သူတွေထဲမှာ နာမည်ကျော် ဒါရိုက်တာ Steven Spielberg လဲ ပါဝင်ပါတယ်။ ဒီဇာတ်လမ်းက ရုံတင်တာမကြာသေး ပေးမယ့် ၀င်ငွေကောင်းတဲ့ဇာတ်ကားတကား အဖြစ်ရပ်တည်ခဲ့ပါတယ်။ အခုချိန်အထိ ၀င်ငွေ ဒေါ်လာ သန်း ၁၆၀ ကျော်ရရှိ ထားပြီး တယ်လို့သိရပါတယ်။

အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုံးထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။

ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ရင်သပ်ရှုမော ဖွယ် တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းပါတယ်။

Type the rest of your post here.


စာရေးဆရာ အီရန်ဖလန်းမင်းရဲ့ ဇာတ်လိုက်ကျော် James Bond ရဲ့ ဗြိတိသျှ လျှို့ဝှက်စုံထောက် ဇာတ်လမ်း တွေရဲ့ နောက်ဆုံး ထုတ် ရုပ်ရှင်ဖြစ်တဲ့ Quantum of Solace ကတော့ဖြင့် ဥရောပရဲ့ ဂျာမနီ နိုင်ငံတော်ကြီးမှ ပြသအသုံးတော်ခံနေပြီဖြစ်ပါတယ်။ အမေရိကန်မှာ Nov 14 မှာ ပြသမှာဖြစ်ပေမယ့် အခု ၆ ရက်နေ့ကစလို့ ပြသနေပြီဖြစ်တဲ့ အဲဒီရုပ်ရှင်ကားက စပြတဲ့နေ့မှာဘဲ ပုရိတ် သတ်တွေနဲ့ James Bond တို့ထုံးစံအတိုင်း အောင်ပွဲခံလျှက်ရှိနေပါတယ်။ နမူနာ တွေကို ကြည့်ရှုခွင့်ရပေမယ့် အဓိက ဇာတ် လမ်းကို မြန်မာပြည်သူတွေအနေနဲ့ ဒီဇင်ဘာမှာ ကြည့်ရှုခွင့်ရလိမ့်မယ်လို့ မင်္ဂလာ ကုမ္ပဏီက ပြောပါတယ်။ ဒီတော့ က ရှေု့ ပြေးအနေနဲ့ အခုဘဲ အဲဒီဇာတ်လမ်း Quantum of Solace ကို ကြည့်လိုက်ပါလို့ တိုက်တွန်းပါတယ်။ ဒါရိုက်တာ Marc Forster က ရိုက်ကူးခဲ့ပြီး ဘွန်းမင်းသားသစ် Daniel Craig ရဲ့ ဒုတိယမြောက် ဇာတ်လမ်းဖြစ်ပါတယ်။ မင်းသမီးအဖြစ် Olga Kurylenko က သရုပ်ဆောင်ထားတဲ့ အရင် သရုပ်ဆောင်ဟောင်းတွေပါဝင်တဲ့ ဒီဇာတ်လမ်းက ဘွန်းကားတွေရဲ့ မူအတိုင်း စွဲဆောင်မှုရှိမယ် လို့ မျှော်လင့်ပါတယ်။ ပြသချိန် ၁၀၆ မိနစ်ကြာရှိမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ အမေရိကန်နဲ့ အင်္ဂလန်မှာ တခါတည်း ရုံတင်ပြသ သွားမှာဖြစ်ပါတယ်။
Type the rest of your post here.

There was a little lake, beside of my home

There was a little lake, beside of my home at when my live of so younger. I said the lake is not really, she was a little of small block well. I were playing near this well when I child. When I play with little cup and pots, when I play with ground and sand, when I feet the dog shit, I were used for cleaning up water from this little well. When the season of water festival, she pass to use her water for me and my friend. When I shower with raining, I and my company play with water from this little well. Not worked water supply from our pump in the summer time, not worked power supply, my family used the water from the little well. Than she is very lovely, my parent wore to her for clean and shine paint supply. And than we wrote the family named and sign on her wall it is not appear in my memories.

When I was the little young.

There was a little lake, beside of my home

There was a little lake, beside of my home at when my live of young. I said the lake is not really,

She was a little of small block well and older than me. I was live with like a friend; I was live with like a buddy with her when I was so young. After the update to her. we grower with together. I'm an enough of young in human life but she was older with slowly grand I though.

But the clean and fresh the water was in her heart. Beyond the childhood, I don't recognize it play friend of her. So, when I sad, confuses, broke my heart, I was upset and I can't feel the stress at home concern, lets talk to point I mean I was lazing time, I sit on the side of little well.

I sit on the side for waited to my girlfriend. When I heavy drink, I was very sick on my head, I was dive to the little well of my head for fresh. She was listened of my explosive song will never complained. Me and my friends playing song with noise in the night. Every surroundings live isn't accept this noise but her won't say anything to me and my friend. She welcome to me with the feel of cool and fresh whenever I come to her.

When the young and single man of me.

There was a little lake, beside of my home

There was a little lake, beside of my mother's home, I leaved when I'm married, I said the lake is not really, She was a little of small block well and stable impressive than me. He who was played with me, he who was missing to someone with me, he who was naughty with me. This is my buddy and then I was recognizing the one of my friend to her. Someone ask to me who am without the girlfriend and boyfriend in your friend? I'll point to her. She is not to come with to me away for play, I have to see the love but she can't. And then I was married, she still this place and can't moved her. She was still listening happier, upset, and when I want to go to her in appear in my mind.

Now, I'm forgetting the little well. She give a present to me, when the time of my pick up to lane, it is the word. "Everything will be not forever, you don't forget it ". I'm growing mature now and she was too. I right at little well its older and lying with weeds like a face, I were looking to down in her heart. I had seen the one soul of cool and clean fresh. I though the many stories of friend with this little well, now she live with forgetting of me - - - -

There was a little lake, beside of my home

Red one side,
the black other side
I wore this slipped.

Red one cup,
the black one cup
I drank this cups.

Red one time,
the black one times
I though in my mind.

Red on half,
the black on half
me wore these clothes.

Red of piece,
the black of piece
I feel it up this step.

Red one time,
the black one time
I beating my heart in mind.

Think with red,
the write with black
I composed little poem.

Every though with my sweet heart,
Beating dream have is my love.

ဒါက တော့ကြက်ကင်
ဒါကတော့တပွဲစာအစုံ
ငါးနဲ့ ချိစ်ပြား ခပ်ဆိမ့်ဆိမ့်လေး
ထမင်းဆုပ်ပါ- စားလို့ကောင်းတယ် ၂ လုံးဆို ၀ရော
ဆူရှီလုပ်တဲ့ ငါးကိုကင်ထားတာ
ထမင်းကြော်နဲ့ငါးကင်


ဘာညာကပြောတယ်။ ဘာစားစား သူ့ ကိုပြောပါတဲ့။ အခုတလောက ဘိုင်ပြတ်နေလို့ အစားကောင်းကောင်းမစားနိုင်ဘူး။ အရင်စားထားတာတွေကို မစားရ၀ခမန်းပြောလိုက်တာပါ။ ကဲ ဂျပန်စာဘဲဗျို့။

Type the rest of your post here.

ဘလာဂေါက် ဘိုင်ပျက်နေသည်။ ယိုးဒယားမှ ၀ယ်လာသော 501 levi's super black ကိုရောင်းလိုပါသည်။ ၀တ်ဖူးသူတိုင်း အစစ်အမှန်ဆိုတာသိနိုင်သည်။ ၀ယ်ရင်းဈေး ဘတ် ၂၉၅၀ ကျသည်။ ရန်ကုန်မှာ တစ်သိန်းကျော် ရောင်းပါသည်။ ယခု ချက် ချင်း မြန်မာငွေ ရှစ်သောင်း ပေးလျှင် ရောင်းမည်။ တံဆိပ်မဖြုတ်ရသေးပါ။ ခါးဆိုဒ် ၃၁ လက်မ ၊ အရှည် ၃၂ လက်မ ရှိသည်။ အရောင်ကျွတ်လျှင်ငွေပြန်အမ်းမည်ဆိုသော သက်သေခံပါသည်။ ၀ယ်သည့် ဘောင်ချာ။ တံဆိပ် ပါရောင်းဈေး တထပ်တည်း ပါသည်။ ဘောင်ချာပါ ထည့်ရောင်းမည်။ အမြန်ဆက်သွယ်ပါ။ သင် ၂၀ ရာနှုန်း လျော့ဈေးရနေခြင်း ဖြစ်သည်။
ဝယ်ယူမည့်သူအား မုန့်ကျွေးဦးမည်။ ဘိုင့် ဘိုင်။

Type the rest of your post here.

အခုတလော ညဘက်ညဘက်ကို အဖေ ၀ယ်ဝယ်လာတဲ့ တရားခွေတွေ ဖွင့်ပြီး နာယူနေမိတယ်။ အဲဒီထဲက ပထမဆုံး နာမိတဲ့ တရားကတော့ဆရာတော် ဥူးသုမင်္ဂလရဲ့ " တူသောအကျိုး " ဆိုတဲ့ တရားပါ။

အဲဒီတရားတော် အကျဉ်းချုန်းလေးကို ကိုယ်လက်ခံမိတဲ့ အပိုင်းလေးနဲ့ ပြန်ပြီး မျှဝေပေးတဲ့ သဘောပါ။ အချို့ တော်တော် များများတော့ အခုပြောတဲ့ အခွေကို ကြည့်ပြီးလောက်ပြီထင်ပါတယ်။ ကိုယ်တွေကဘဲ မိုက်လုံး ကြီး နေတာနဲ့ ဘုရားတရားဝေးနေလို့သာ အခုမှ သိတာပါ။ ဥူးသုမင်္ဂလ ဆိုတဲ့ ဆရာတော်ရဲ့ တရားတွေ ရန်ကုန် မှာ တော်တော်လေး နာမည်ကြီးလာတာကြာပါပြီ။ ကဲ အခုအကြောင်းလေးပြန်ဆက်လိုက်ရအောင်ဗျာ။

 

ဆရာတော်က အားလုံးနားလည်မယ့် စကားလုံးတွေနဲ့ အဓိကကျတဲ့ အကြောင်းလေးတွေကို နားထောင်ကောင်း အောင်ပြောဆိုဟောပြသွားတာဖြစ်ပါတယ်။ တူသောအကျိုးဆိုတဲ့ တရားမှာ မှတ်သားမိတဲ့ စကားတော်တွေ ထဲမှာ သူများအကျိုး ပျက်စီးရာကို မပြော မလုပ် မကြံ ဖို့ဆိုတဲ့ စကားကိုလဲ ကိုနဲ့ပတ်သက်တဲ့ ကိုယ့်အကြောင်း တွေ ပြန်တွေးတိုင်း ငါတော့ သူများတကာရဲ့ အကျိုးကိုပျက်ပြားအောင် ဘာပြောမိပြန်တယ်။ သူ့မကောင်း ကြောင်း ကိုဘယ်လိုပြောမိတယ်။ သူနစ်နာအောင် ငါဘယ်လို လုပ်ခဲ့မိတယ် စသဖြင့်ပေါ့။ ပြန်တွေးမိတယ်။ တကယ်တော့ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေထဲမှာ ကျွန်တော်တို့တွေ အနေနဲ့ တူသောအကျိုးကို ပြန်ခံစားနေရတယ် ဆိုတာတွေကိုမမေ့လျော့စေဖို့ ဆုံးမထားတာလဲ ဖြစ်ပါတယ်။ အကျိုးပေးတဲ့ နေရာမှာ ရှေးဘ၀ ကပါတဲ့ အကျိုး၊ အဲဒီမှာ ကုသိုလ်ရော အကုသိုလ်ပါ ၂ မျိုးလုံးပါတယ်။ နောက်တခုက အခုဘ၀မှာ ကိုလုပ်ခဲ့တဲ့ အကျိုး ၊ ဒီမှာလဲ  ကုသိုလ် အကုသိုလ် ပါတယ်။ ဒီတော့ အကျိုးပေးခြင်းမတူကြတာတွေက အတိတ် ဘ၀မှာရော လက်ရှိဘ၀ရဲ့လုပ်ကိုင်နေထိုင်မှုတွေမှာပါ ရိုက်ခတ်နေတယ်ဆိုတာတွေကို ကျွန်တော် တို့ခံစားမိ အောင် သတိပေးထားတယ်။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ သံသရာအထိပေးဆပ်သွားရမယ့် အရာတွေပါ။ ဆရာတော်က ပြောပါတယ်၊ အချို့ဆိုဆင်းရဲလွန်းလို့သေလိုက်ပါတော့လားလို့တောင့်တမိတယ်၊ ဒါပေမယ့်မသေဘူး၊ အဲဒါ ကိုပြန်ပေးဆပ်ရမယ့် အကျိုးအပြစ်တွေကို အခုလက်ရှိအချိန်မှာ ကုန်အောင်ပြန်ပေးနေရတာ။ နောက်တခုက တော့ ငါ့မှာတော့ သူများအကျိုး၊ အားလုံးအကျိုး ကောင်းအောင် ဆောင်ရွက်ပေးလိုက်ရတာ၊ မကောင်းတာဆိုလို့ လဲ ဘာမှမလုပ် ဘဲ ငါ့ကျမှ ဒါမျိုး ဒုက္ခတွေ ဖြစ်ရသလား ခံစားရသလားဆိုပြီး ဖြစ်တတ်ကြတယ်။ အဲဒီလို ဖြစ်နေ ရင်လဲ စိတ်မညစ်နဲ့တဲ့ ဒါဟာ အရင်ဘ၀က ကုသိုလ်နည်းလို့ ခံစားနေရပေမယ့် အခုလုပ်နေတာဟာ နောင် အတွက်ဖြစ်နေတယ်ဆိုတာ ကိုမမေ့လျော့ရဘူး၊ သဒ္ဓါ မပျက်ရဘူးဆိုတဲ့ အကြောင်းလေးတွေလဲ ကျွန်တော် ပြန် မှတ်မိတယ်။

ကျွန်တော်တို့ ဒီနေ့တော့အဆင်ပြေလိုက်နောက်နေ့တော့အဆင်မပြေဖြစ်လိုက် ဖြစ်နေကြရတာတွေကလဲ ဒီလိုဘဲ အကျိုးပေးနေတာတွေဘဲ၊ အတိတ်ကကြောင့် အခုလက်ရှိလုပ်လိုက်တဲ့ အဖြစ်ကြောင့် အကျိုးပေးတွေ တက်လိုက်ကျလိုက်။ ကျွန်တော်တို့မှာ မဲနေတဲ့စိတ်၊ ဖြုနေတဲ့စိတ်၊ အဖြုအမည်းရောနေတဲ့စိတ်၊ ဘာမှမရှိတဲ့စိတ် ဆိုတဲ့လေးမျိုးမှာ အများအနေနဲ့ အဖြူအမည်းရောနေတဲ့စိတ်တွေနဲ့သာ အများစုဖြတ်သန်းနေရတဲ့အခါမှာ တက်လိုက်ကျလိုက် ဒီလိုသွားနေတယ် တဲ့။

အဲဒီမှာ ရှင်သီဝလိ မထေရ်မြတ်အကြောင်းလဲ ရှင်းလင်းပြသသွားပါတယ်။ ရှင်သီဝလိကိုယ်တော်ကြီးဟာ လာဒ် လာဘ ပေါများရွှင်လမ်းတဲ့ အတွက် ဘုရားရှင်လက်ထက်မှာ ဧတဒဒ် ရတဲ့အထိ တန်ခိုးနာမ ကျော်ဇော်ခဲ့ ပါတယ်။ ဒီလို ဖြစ်စေဖို့အတွက် အတိတ်ကံမှာ ပါခဲ့တဲ့ ကုသိုလ်အဟုန်ဟာ နောက်ဆုံးဘ၀အထိ လိုက်ပြီး အကျိုး ပေးခဲ့တယ်။ ဒီလိုဘဲ အရင်ဖြစ်ခဲ့တဲ့ အကုသိုလ်ကံဟာလဲ နောက်ဆုံးဘ၀ အထိလိုက်ပြီးအကျိုးပေးခဲ့တယ် ဆိုတာ ကိုဟောပြခဲ့ပါတယ် ( အဲဒီအကြောင်းကိုတော့နားထောင်ကောင်းအောင် ကျွန်တော်ပြန်ရေးပါ့မယ်)

ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ကိုယ်လုပ်လိုက်တဲ့ ကံဟာ ကောင်းကောင်းဆိုးဆိုး ကိုယ့်အတွက်ပါဘဲ။ လူဆိုတာ ကိုယ့် ကို ကိုယ် သာကိုးကွယ်ရာဖြစ်တယ်လို့ ဘုရားဟော ရှိထားပါတယ်။ ဒါကြောင့် မကောင်းမှုတွေ ဘယ်လိုလုပ်လုပ် ကောင်းမှုတွေဘယ်လိုလုပ်လုပ် အချိန်တန် တဲ့အကျိုးပေးမှုတခုဟာ မလွဲမသွေရောက်ရှိ လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းသွားလာ လှုပ်ရှားနေတဲ့အခါမှာ တခါတလေ ကိုယ်လုပ်လိုက်တဲ့ အလုပ်တခုဟာ တဘ၀ စာလဲဖြစ်သွားတတ်သလို သံသရာထိလဲ လိုက်ပါသွားမယ်ဆိုတာ မမေ့မလျော့တဲ့စိတ်ကလေးနဲ့ သွားကြရင်ကောင်းမယ်ဆိုတဲ့ သဘောကို ကျွန်တော်ခံစားမိတယ်။

အခုဒီစာကို ရေးတာ ဘယ်သူ့ကိုမှ ဘယ်လိုသဘောနဲ့မှ ဆရာလုပ်တဲ့သဘောမရှိပါဘူး။ ကျွန်တော် နားလည် ခံစားမတဲ့ အကြောင်းအရာကို ကျွန်တော့်ရင်ထဲကအတိုင်းချပြရေးသားမိတာပါ။ တူသောအကျိုးကို ကျွန်တော် ကောင်းကောင်းနားလည်ပေမယ့် တခါတရံကျရင် လောကကြီးကပုံသေမရှိပါဘူး။ အခုဘ၀အတွက်အကောင်းဆုံး ကြိုးစားတဲ့အခါတိုင်း နောင်သံသရာကို ( ယုံကြည်ရင် ) အတတ်နိုင်ဆုံးအကောင်းဆုံးပေးဆပ်ရမှာပါဘဲ။ မယုံကြည်ရင်လဲ ဒီဘ၀မှာ အကောင်းဆုံးနေထိုင်သွားချင်ရင် အခုပြောတဲ့ အကြောင်းလေးတွေကို နားလည်အောင် ကြိုးစားရမှာဖြစ်တယ်လို ယူဆပါတယ်။

ကုသိုလ်လုပ်ရင်းအကုသိုလ်ဖြစ်သွားတတ်တဲ့ အရာတွေကိုလဲ အဓိကအားဖြင့် သတိ လေးနဲ့ဆင်ခြင်ကြရမှာပါ။ ကိုယ့်ပစ္စည်းနဲ့ကို အကုသိုလ်များတတ်တဲ့ လောကကြီးမှာ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်ဖို့ပါ။

နေတတ်အောင်နေရမှာပါ။ သူများအကျိုးပျက်ဆီးမယ့်အလုပ်တွေကို ရှောင်လို့ရသလောက်ရှောင်မယ်။ မပြောဖြစ် အောင်ကြိုးစားမယ်။ မကြံဖြစ်အောင် တွေးတောမယ်။ အဖြူစင်ဆုံးစိတ်ကိုထားကြည့်မယ်။

တူသော အကျိုးပေးဆိုတာ နောင်သံသရာထိ မစောင့်ဘူး အခုလက်ရှိဘ၀မှာကို ပြန်ပြီးခံစားတတ်ရတယ်။ အဲဒါကို ယုံကြည်တယ်။ ကျွန်တော်မကောင်းလုပ်ခဲ့သမျှ ဒီဘ၀ မှာ အပြီးခံဖို့စောင့်နေမယ်။ နောင်အတွက် အခု လက်ရှိအချိန်မှာ ပြန်ပြီးတည့်မတ်မယ်။ အဲဒီအကျိုးကလဲဒီဘ၀မှာ ခံစားရဦးမယ်လို့ ယုံကြည်နေတယ်. . .။

တခါတလေကျတော့ ကိုယ်ဘာတွေ လုပ်နေတယ်ဆိုတာ သတိထားမိတယ်။ ဒါပေမယ့် ကိုယ်ဘာတွေ လုပ်တယ်ဆို တာ တော့အသိတရားမရှိသေးဘူး။ ပုံမှန်မဟုတ်တဲ့ ပုံသေနည်းတမျှ ဘ၀တခုကို ပင်နီယံ အပတ်တွေ မရေတွက် တက်အောင် ရှုပ်ထွေး လည်ပတ်။ နေ့ ညကို လေးငါးပိုင်းလောက် ချိန်ပြီးပိုင်း အပြိုင်းအရိုင်း လုပ်တာတွေက ဘယ်သူ့ အတွက်လဲလေ။ တရားဆိုတာ မတရားတာတွေ့ရင်ရတတ်တဲ့ အခါဘဲရှိတယ်။ ငြိမ်းချမ်းမှုနဲ့ ဘ၀ကိုနှစ်မြုတ်ချင်လို့ ဖွေရှာ သူကရှာ တယ့်ငြိမ်းအေးခြင်းက ကိုယ်ကျောမှာ ကပ်နေတာ စိတ်နဲ့ဖွေရှာမှ ရမယ်ထင်တယ်။ မကောင်းမှု့ကို သာမွေ့လျှော် တတ်ရင် ကောင်းမှုဆိုတာကို သိထားမှရတယ်။
မကောင်းမှုရှောင်ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား တဲ့။ အဲဒါလေးဘဲ ပြန်ရေရွက်မိတယ်။ အပြန်ပြန်အလှန်လှန်
စိတ်ကိုဖြေလျော့ - အင်း - - - - - - လူဖြစ်နေတတ်ပြီ။
Based on the legendary, hard-hitting interactive video game, Max Payne tells the story of a maverick cop determined to track down those responsible for the brutal murder of his family and partner.

Hell-bent on revenge, his obsessive investigation takes him on a nightmare journey into a dark underworld. As the mystery deepens, Max (Mark Wahlberg) is forced to battle enemies beyond the natural world and face an unthinkable betrayal.

theaters in oct 17 - 2008


မနက်ဖန်မှာ ရုံတင်တော့မယ့် ဇာတ်ကားအသစ်တခုကို တင်ဆက်လိုက်ပါတယ်။ ကျွန်တော်တော့ မကြည့်ရသေး ပါ ဘူး။ မယ်ဂစ်ဆင် အရင်က ရိုက်ဖူးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကြောရိုးတော့တူပေမယ့် ဇာတ်လမ်းတူမှာမဟုတ် သလို နာမည်ကြီး အက်ရှင် ဂိမ်းတခုပါ။ သူရဲ့ ၀က်ဆိုဒ်ကို လင့်ပေးထားပါတယ် သွားပြီးလေ့လာနိုင်အောင်ပေါ့။ နီး စပ်ရာ သူတွေက ကြည့်ပြီး ကောင်းမကောင်း ပြန်ပြောပေးကြပါဦး။ ကျွန်တော်ကတော့ ဒီလိုကားမျိုးနှစ်သက် တဲ့ အတွက် ကောင်းမယ်လို့ထင်ပါတယ်။ မူရင်း ဇာတ်လမ်း အကျဉ်း ကိုလဲ အင်္ဂလိပ်လို ဖော်ပြပေးထားပါတယ်။

Type the rest of your post here.
ကျွန်တော် မနေ့က အိမ်မှာ ဘုရားအနေကဇာတင်၊ ညနေကျတော့ လမ်းထဲက ကလေးတွေ ကိုနို့ထမင်းကျွေး၊ အဖေနဲ့အမေ၊ အဖိုးအဖွား၊ ဦးလေး အဒေါ်တွေ လိုက်ကန်တော့နဲ့ အွန်လိုင်းတောင်မတက်ဖြစ်တော့ဘူး။ ဒါပေမယ့် ကျွန်တော် တနေ့က ၁၃ ရက်နေ့ကပေါ့။ တနေ့ခင်း လုံး ရုံးမှာ တယောက်ထဲ စိတ်တွေရှုပ်ယှက်ခက်နေတယ်။ ဒါနဲ့ဘဲ ဒီလိုဖြစ်နေတာတွေက ဘာကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတခု ကိုသွား စဉ်းစားမိပြန်တယ်။ အဲဒီလိုနဲ့ ကီးဘုတ်ပေါ်မှာ  မင်းကြောင့်  ဆိုတဲ့ စကားလုံးကို ဇော်ဂျီဖောင့်သုံးပြီး google search နဲ့ ရှာလိုက်တဲ့အခါမှာ အချက် အလက်တွေ လေးထောင်ကျော်လောက်တက်လာတာတွေ့တယ်။ အင်းလေ- ဒါဆို ငါ့ကြောင့် ဆိုပြီး တခါပြန်ရိုက်လိုက်တော့ အချက် အလက် ၅ရာကျော်ဘဲ တက်လာတယ်။
အဲဒီရလဒ်ကို ကြည့် ပြီးတဲ့ အခါမှာ ကျွန်တော် နောက်ထပ်အတွေးတခု ၀င်လာတယ်။ မင်းကြောင့် ဆိုပြီး ပြောဆို လွှဲချတာ တွေက လူတွေ တော်တော် များများ သုံးနေလေ့ ရှိတဲ့ အလေ့အထ ဆိုတာ မြင်မိတယ်။ ငါ့ကြောင့် လို့တခါတရံမှာ ကိုယ့်ကိုကိုယ် ၀န်ခံ မိလိုက်တဲ့ အကြောင်း တွေကလဲ ရှိနေတာဘဲ။ နောက်ဆုံးတော့ ငါလဲ ငါ့ဘ၀မှာ မင်းကြောင့် ဆိုပြီး သူများကို ပြောဆိုလွှဲချတာတွေ များနေမှာဘဲလေ လို့ဆင်ခြင် မိတယ်။ ဒီလိုဘဲ ငါ့ကြောင့်လို့ ကိုယ်ကဘဲ လက်ခံခဲ့ ဦးမှာဘဲလို့ပေါ့။ အဲဒီလိုနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေကို ကျွန်တော် နောက်ဆုံး

ငါ့ကြောင့် ဖြစ်နေတာပါလို့ဘဲ စိတ်ကိုဒုံးဒုံး ချလိုက်မိတယ်။

အဲဒီနေ့ရဲ့ရုံးပေါ်က ဆင်းလာတဲ့ ခြေလှမ်းအချို့ကတော့ ပေါ့ပါးသယောင်နဲ့ လေးကန်နေတယ်။ တယောက်ထည်းဘဲ၊ ဘယ်သူမှလဲ ကျွန်တော် မတွေ့ခဲ့သေးဘူး။ ထိုင်နေကြနေရာလေး ရဲ့ထောင့်မှာ ငါ့ကြောင့်လား မင်းကြောင့်လား ဆိုတဲ့ အဖြေတခုကို မိတ်ဆွေ အချို့နဲ့ ဆွေးနွေးဖို့ရာ စိတ်စောနေခဲ့မိတယ်။ ။ ။ ။

အခုတလော စင်္ကာပူနဲ့ ပတ်သက်တဲ့ သတင်းအချက်လက်တွေဖြစ်တဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ ဖော်ဝေါ့မေးတွေ ဖတ်နေရတာ အတော်လေး စိတ်စိတ် က လေး ဖြစ်လာတော့ တခုကိုသွား ပြီး သတိထားမိတယ်။ ဖတ်မိသမျှ သိသမျှ ကြားရသမျှ သတင်းတွေထဲမှာ စင်္ကာပူရဲ့ ကောင်းမွန်တိုးတက်နေတဲ့ စီးပွား ရေး တွေ ၊ ဘာမှ သယံဇာတ မထွက်ဘဲ ရေနံ ထွက်ပစ္စည်းတွေ ထိပ်တန်း ထုတ် လုပ်နိုင်တာတွေ၊ ခန်းနားတဲ့ အဆောက်အအုံတွေ ထဲမှာ ဘယ်လို သဘာဝ ပတ်ဝန်း ကျင်နဲ့ ကိုက်ညီတဲ့အရာတွေ တီထွင်ဖန်တီးတယ်ဆိုတာတွေ၊ စတဲ့တိုးတက်မှုတွေကို လဲတွေ့ရပါတယ်။ ထို့ အတူ စင်္ကာပူရဲ့ ရှုပ်ထွေးတဲ့ မြို့ပြထဲက ဆက်သွယ်ရေး ကောင်းမွန်မှုနဲ့ အတူ စိတ်ဖိစီးနေတဲ့ အလုပ်သွားနေသူတွေ၊ လှုပ်ရှားသွားလာနေမှုတွေက စက်ရုပ်ဆန်နေတာတွေ၊ လူမှုရေးတွေ ခေါင်း ပါးတတ်ပြီးတကိုယ်ကောင်းစိတ် များပြားလာတာတွေ လို မကောင်းတဲ့သတင်းတွေ လဲကြားရပါတယ်။ အဲဒီမှာ သွားတွေ့တာကတော့ တံငါနားနီးတငါ မုဆိုးနားနီးမုဆိုး ဆိုသလို ကိုယ့် အနီးအနား ပတ်ဝန်းကျင်ရဲ့ နေထိုင်မှုပုံစံတွေ စရိုက်တွေက အဲဒီကိုရောက်လာတဲ့ လူသစ်တွေအတွက် အမြဲထိတွေ့ပြောင်းလဲပေးရတဲ့ စိန်ခေါ်မှုတခုဖြစ်ပါတယ်။ ဒါကိုဘယ်လိုနည်းနဲ့မှ ရှောင် လွဲလို့မရပါဘူး။

 

စင်္ကာပူလူမျိုးရယ်လို့ ဖြစ်လာတာက သူတို့တွေရဲ့ခံယူချက်ကြောင့်၊ နောက်ပြီးတော့ဒီနိုင်ငံအပေါ်သူတို့ မျှော်လင့်ထားတဲ့ ပိုမိုကောင်းမွန်တဲ့ ဘ၀တွေကို ဖန်တီးပေးနိုင်လိမ့်မယ်။ နေ့စဉ်မှာဘဲ လုံခြုံအေးချမ်းတဲ့ အသိုက်အမြုံတခုနဲ့ နေထိုင်နေနိုင်ရမယ်ဆိုတဲ့ သဘောတွေ ရင်ထဲမှာ ရှိနေကြမယ်။ အမေရိကားကို ကြည့်တဲ့အခါတွေ့မြင်နိုင်ပါတယ်။ လူဖြူကလဲ ငါကမေရိကန်၊ လူမည်းကလဲ ငါအမေရိကန်ကွ၊ လူဝါကလဲ ငါလဲ အမေရိကန်ပါဆိုတဲ့ စိတ်တွေဝင်လာအောင် အမေရိကန်နိုင်ငံက ထိတ်ထိတ်ကျဲ ရပ်တည်လာခဲ့တယ်။ အမေရိကန် နိုင်ငံသား၊ အမေရိကန် တစ်ယောက်ဖြစ်လာတဲ့အခါ အနည်းဆုံးတော့ အပြင်ပန်း မှာ မျက်နှာပန်းလှလာတယ်လို့မြင်ကြည့်လို့ရတယ်။ ဘာမှအရှုံးမရှိဘူးလေ၊ အမေရိကန် စိတ်ဓါတ်ကို တကယ်ယူလိုက် မယ်ဆိုရင်တော့ အဲဒီနောက်မှာ ဖြစ်လာတဲ့ စည်းကမ်းရှိမှုတွေ တာဝန်ရှိမှုတွေကိုလဲ လက်ခံပေးနိုင်ရမှာဖြစ်ပါတယ်။ စင်္ကာပူ တွေအဖြစ်ခံယူထားတဲ့ စင်္ကာပူးရီးရန်းတွေကိုယ်စီမှာ ထင်ရှားတဲ့ ရည်မှန်းချက်ပန်းတိုင်တွေရှိတယ်။ ယုံကြည်မှုတွေရှိကြတယ်။ အလုပ်ကိုကြိုးစား လုပ်ကြတယ်။ စည်းကမ်းတွေကို လိုက်နာဖို့ရာဝန်လေးလေ့မရှိတာ ကိုတွေ့ရလိမ့်မယ်။ အဲဒါတွေကကောင်း တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါမျိုးတွေကို စင်္ကာပူကိုရောက်ရှိလာတဲ့ အခြားလူမျိုးတွေက အတုယူစံထားသင့်ပါတယ်။ အပေါ်ယံအနေအထားဖြစ်တဲ့ ၀တ်ဆင်နေထိုင်မှုလေးကိုတောင် ကျွန်တော် တို့အတုယူပြီးနေတတ်နေကြတာ ကိုအဲဒီကိုရောက်နေတဲ့သူတွေသိကြမှာပါ။ အနည်းဆုံး သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ယုံကြည်မှုအပြည့်ရှိနေတတ်တဲ့ ပုံစံမျိုးလေးပေါ့။ နောက်တခု ဆိုးတာက စင်္ကာပူတွေမှာတွေ့တတ်တဲ့ အ လေ့ အထလို့ လူသိများတဲ့ အခြားသော သူတို့ထက်နိမ့်ကျနေတဲ့ နိုင်ငံတွေက လူတွေကို နှိမ့်ချ ဆက်ဆံချင်တာ။ မလိုအပ်ဘဲ ကိုယ့်ထက်အားနည်း သူ တွေအပေါ် အမြင်မကြည်လင်တတ်တာ။ တကိုယ်တော်ကောင်းစားရေးအတွက် ရှေးရှုလုပ်ဆောင်တတ်တာတွေ၊ အနောက်နိုင်ငံတွေအပေါ် အထင်ကြီး လွန်းနေရာ ပေးလွန်းတာတွေက တော့ အတုမခိုးသင့်တဲ့အချက်တွေထဲမှာ ပါဝင်နေပါတယ်။ ကိုယ်ဟာ အမေရိကန်တယောက်ဖြစ်လာခဲ့ရင်တောင် ကိုယ့် ရပ် ကိုယ့်ရွာ သာယာကောင်းစားရေးအတွက် လုပ်ဆောင်ပေးဖို့ ကြိုးစားတဲ့ တရုတ် လူမျိုးတွေကိုကြည့်တဲ့အခါ စင်္ကာပူမှာ ရောက်နေတဲ့ သူတွေအဖို့ ကတော့ ကိုယ်က စင်္ကာပူမှာ နေထိုင်နေလို့ ကိုယ်ကလဲ ရုပ်နံ နှစ်မျိုးခွဲမရအောင်တူနေတဲ့ စင်္ကာပူးရီးရန်းတယောက် ဖြစ်အောင် နေထိုင်ပြောဆို လုပ်ကိုင်နေ လို့ရပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ကောင်းတဲ့ အချက်တွေကို ယူတတ်တဲ့ မြန်မာလူမျိုးမှန်ရင်တော့ ဘယ်တော့မှ အတုခိုးမှာမဟုတ်ပါဘူး။ မြန်မာ တွေဟာ အိန္ဒိယကနေ ပြီး ဗုဒ္ဓဘာသာကို သယ်ဆောင် ကိုးကွယ်ခဲ့ရလို့ မြန်မာ့ယဉ်ကျေးမှုတွေမှာ အိန္ဒိယ ဟန်တွေ အချို့ကိုလွှမ်းမိုးမှုအနည်းငယ်ပါဝင်တာ တွေ့နိုင်ပါ တယ်။ ဒါပေမယ့် မြန်မာ တွေက အတုယူယုံသာ ယူတာပါ။ ကိုယ့်မြေကိုယ့်ရေနဲ့ကိုက်ညီတဲ့ ယဉ်ကျေးမှု၊ ကိုယ်နဲ့ကိုက်ညီတဲ့ ဘာသာရေး ယုံကြည်မှုမျိုး ကိုသာ လက်ခံ ယူခဲ့ပြီး အနုပညာလက်ရာတွေကအစ ကိုယ်တိုင် တီထွင်ပြီး အသစ်ဖြစ်အောင် ပြုလုပ်ခဲ့ကြတာကို သမိုင်းက သက်သေခံပါလိမ့်မယ်။ အခုလိုပါဘဲ စင်္ကာ ပူရောက် မြန်မာများအဖို့ ကိုယ်နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းဆုံးတွေ ကိုသာ လက်ခံယုံကြည်ကြမယ်လို့ထင်ပါတယ်။ အချို့သော ကြားသိရ တဲ့ စကားတွေအရ မြန်မာအချို့က စင်္ကာပူးရီးရန်းစိတ်ကို ရာနှုန်းပြည့်ဝင်သွားတဲ့အခါ ရှိရင်းစွဲ စင်္ကာပူလူမျိုးထက်စိုးတဲ့ အနေအထားကို ရောက်ကုန်တယ်လို့ ပြောကြပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့တွေက အရာရာကို အတုခိုးသင့်တဲ့ အရာတွေမှာ အတုယူရမှာ ဓမ္မတာ ပါဘဲ။ ဒါပေမယ့် အတုတော့မ ခိုးရပါဘူး။ ခိုးတယ်ဆိုတာ ဘယ်လိုမှ ကောင်းတဲ့အရာမဟုတ်တဲ့အထဲ အကျင့်စရိုက်တခုကို ခိုးယူတာဟာ ဒေါင်းယောင်ဆောင်သော ကျီးဘဲဖြစ်နေမယ်ဆိုတာ တော့အများက သိနေမှာဖြစ်ပါတယ်။

ကျွန်တော့်ဆီကို ကိုရန်နိုင်ဆိုတဲ့ ကိုရီးယားက မိတ်ဆွေဘလောက်ဂါတယောက်က ဖော်ဝေါ့လုပ်လိုက်တဲ့ သီတင်းကျွတ်လက်ဆောင်လေး ကို ပြန်လည်မျှဝေ ပေးလိုက်တာဖြစ်ပါတယ်။ မိစုံဖစုံ ကိုကာလကြာမြင့်စွာ ဂါရ၀ မပြုဖြစ်တဲ့ ကျွန်တော့်ရဲ့ ဒီနှစ်သီတင်းကျွတ်မှာ အခုတော့ အမေ အဖေစုံစုံလင်လင် နဲ့ပြန်ပြီးစုံတွေ့တဲ့နေ့လေးဖြစ်လို့ ဒီပို့နဲ့ဘဲ မိဘ ဖိုးဘွား အကိုအမ များနဲ့ ကျွန်တော့်ထက်အသက်ကြီးသူတွေကို ဂါရ၀ ပြုလိုက် ပါတယ်။

မူရင်းရေသူကတော့ အောက်ပါအတိုင်းရေးထားတဲ့ ကိုနန္ဒဖြစ်ပါတယ်။ ပုံလေး ၁၃ ပုံပါပေမယ့် အဆင်မပြေလို့မတင်ဖြစ်တော့ပါဘူး။ ကျေနပ် ပျော်ရွှင်နိုင်ကြပါစေ။
  သူငယ်ချင်းများ အားလုံးအတွက်..
 
            konanda.feb.6.1982@gmail.com 's present                               

                                သီတင်းကျွတ် လပြည့်  ( အဘိဓမ္မာ အခါတော်နေ့ )


             ...ဆီမီးရယ်ထိန်   ၊ အိုင်မင်းရေကြည်က .. ၊
             ...ကြာငါးမည် ငုံအာစွင့်တယ်..  ၊  ဖူးပွင့်ချိန်ခါ ..   ။
             ...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ ..  ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
             ...ပြာမှိန်လျက် မြူချေဆိုင်း .. ။
             ...ဂါရဝေ  ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
             ...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ............ ။

                       သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea  Lotus ) ဖြစ်ပါသည် ။
                       သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း  ပညာရှိများ ဖွင့်ဆိုကြပါသည် ။မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
 
                      ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့ တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။
                     သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည် ။
                    ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ  ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ ပတ္တမြားစောင်းတန်း  များဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ် ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
                       ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။
                      ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
                      ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော ၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု  ဆုတောင်းဆန္ဒပြုလိုက်ပါသည်..။
 

                                                                                                                            

 

တခေတ်တခါက လန်ဒုံမြို့ကြီးပေါ်တွင်သာမကဘဲ ကမ္ဘာတလွှား အထိတ်တလန့် အံ့သြခဲ့ရသော လိမ်လည်မှုကြီးတခုဖြစ်ပွားခဲ့လေသည်။ ထိုလိမ်ညာမှုကြီးကို ကျွနိုပ်၏ မိတ် ဆွေကြီး စုံထောက်ကျော် တက်လော့ဟုန်းမှ ဖော်ထုတ်နိုင်ခဲ့လေရာ သောက်ကျိုးနဲ ၀က်ဝက်ကွဲ ချိန်းမွန်းခံခဲ့ရဘူးသည်။

ဝယ်လဆင်ပွတ်

 

အထက်ပါရေးသားထားသော အကြောင်းအရာများပါသည့် မှတ်တမ်းကြီးကို ကျွန်တော်ဖတ်ရှုရသောအခါ နာမည်ကြီး ထိုလူလိမ်၏ အကြောင်းကို အံ့သြောကုန်နိုင်ဖွယ်တွေ့ရလေသည်။ ထိုအကြောင်းများကို မူရင်းအတိုင်း ပြန်လည်ရေးသားရသည်ရှိသော် ပြည်သူ့ဆိုင်တွင် ဆန် ၊ ဆီ ထုတ်ရသော စာအုပ်မျိုး ၅ အုပ်ခွဲခန့် ဖြစ်သွားကာ စာဖတ်သူများ အနေဖြင့် ရိုးအီပျင်း ရိ သွား နိုင်သောကြောင့် ၀တ္ထုသဖွယ်ဆောင်းပါးပုံတမျိုး ယခုခေတ် အနေအထားဖြင့် ပြန်လည်ရေးသား လိုက်ရပါသည်။

စာရေးသူ

 

သူ့နာမည်ကား သူတော်လိမ်၊ အမည်ရင်းမှာ အာရကန်လူမျိုးဖြစ်သော ကြောင့် သူတော် ဖြစ်သော်လည်း အင်မတန် လိမ်လည်တတ်သောကြောင့် အပေါင်းအသင်း မိတ်ဆွေများက သူတော်လိမ် ဟုခေါ်လေသည်။ လန်ဒုံမြို့ ခါးလောက ( ခါးပိုက်နိုက်) ၊ ခိုးဆိုးလုယက်လောကသားများသည် ထိုခေတ်အခါက သူတော်လိမ်ဆိုသော နာမည်ကြားလျှင် အင်မတန် ရွံ့ကြလေသည်။ အကြောင်း မူကား အနှီတို့၏ ခိုးရာပါပစ္စည်းများကို ထုခွဲပေးမည်ဆိုကာ မကြာခဏ တပတ်တင်မက သုံးလေးပတ်လောက်ရိုက်ကာ လိမ်လည်သွားတတ်သောကြောင့် ဖြစ်လေသည်။ သူခိုးလက်မှ သ၀ှက် လု ဆိုသောစကားအတိုင်း သူတော်လိမ်မှာ သ၀ှက်ကြီးတယောက်ဆိုလျှင်လည်း မမှားပေ။ သူတော်လိမ်၏ သုံးနေကြလက်သုံးစကားတခွန်းသည် ယနေ့အထိတိုင်တွင်ကျယ်စွာ အသုံး ပြုနေ ကြဆဲကို တွေ့ရှိနိုင်ပေသည်။ ထိုစကားမှာကား " နားကားသွားမယ် " ဟူ၍ဖြစ်လေသည်။ သူတော်လိမ်သည် ဘယ်တော့မှအလကား ဖြစ်မည့်အလုပ်ကိုလုပ်လေ့မရှိ အနည်းဆုံးတော့ အခမဲ့ ဟု ဆိုသည့်တိုင် မန်းမန်းတီးရသည့် အလုပ်တခုခုကိုသာ ချိန်တွယ်လုပ်ကိုင်လေ့ရှိလေသည်။ အမှီးကျက်အမှီးစား၊ ခေါင်းကျက်ခေါင်းစား၊ ဘာမှမကျက်လျှင် အစိမ်းစားသည်။ ငါးမရရေချိုး ပြန်သော လူစားမဟုတ် ရေချိုးယုံတင်သာမက အ၀တ်ပါလျှော်လို့ရလျှင်လျှော်သွားတတ်သည်။

သူတော်လိမ်သည် လျှို့ဝှက်စွာနေထိုင် သွားလာတတ်သည်။ သူသည် ရုပ်ပြောင်းရုပ်လွှဲ အင် မတန်တော်သည်။ သူ၏ ပုံမှန် စတိုင်မှာ မိုးကာဝတ်လျှင်ဝတ် ဒါမှမဟုတ်သေခြာသည်က ၁၂ ရာသီ ခေါက်ထီးကြီးတလက်ကို ကိုင်စွဲထားလျက်ရှိသည်။ ရူးနှန်းပြီး ကိုင်ထားခြင်းကားမဟုတ်၊ ထီးဖွင့်ပြီးနောက် အကြွေးရှင်သောလည်းကောင်း၊ သူလိမ်ထားသော သူတို့နှင့် ဆုံလျှင်သော်လည်းကောင်း မတွေ့ရန် အတွက်ကာကွယ်ဖို့ဖြစ်လေသည်။ သည်လောက်ဆို သူတော်လိမ်အကြောင်း အနည်းငယ်တီးခေါက်မိလောက်ပြီထင်ပါသည်။

သူတော်လိမ်သည် အနည်းငယ် ပဲမကြပ်သော အလုပ်မျိုးကို စိတ်မ၀င်စား ၊ အချီကြီး လိမ်ရန် အမြဲကြံနေတတ်သည်။ ထို့အလျောက် အကြီးအကျယ်လိမ်ရန် ကြံရွယ်ခဲ့ဘူးသည်။ လည်တာက လဲ လည်ချင်သည်၊ လည်တော့လည်တယ်တပတ်မပြည့် ဆိုသည့် အတိုင်း နောက်ဆုံးတော့ သူလိမ်တာတွေ ဘူးပေါ်သလိုပေါ်သွား ခဲ့ရသည်၊ သူတော်လိမ်အနေဖြင့် ကံဆိုးသည်က မလည်ရှုပ် ခြင်း တူသည် တက်လော့ ဟုန်းကိုပါ လိမ်ရန်ကြိုးစားခဲ့ ခြင်းဖြစ်လေသည်။

 

သူသည်တော်သည် သို့သော်လိမ်သည်၊ ဒါကြောင့် သူတော်လိမ်လာပြီ။

 

လန်ဒုံမြို့ကြီးတွင် သတင်းစာတွေရောင်းကောင်းနေသည်။ လူတယောက်သည် လန်ဒုံရေလက်ကြားကိုဖြတ်ကာ ပြင်ဟောင်းပြည်ရှိ ပဲမြစ် မြို့တော်ပေါ်သို့ ချယ်ဂါလီပျံကြီးစီးကာ ပျံသန်းပြမည် ဆိုသောကြောင့်ဖြစ်လေသည်။ ပျံသန်းပြမည့်သူမှာ မစ္စတာသော့တူ ဆိုသူဖြစ်ပြီး ထိုလူစွန့်စားမှာ မြောက်အမေကြီးကားတိုက်ရှိ အင်းလေး အိုင်တွင် ငါးပတ် ဖူးသည့် အတွေ့ အကြုံရှိကြောင်း၊ ထိုသို့စွန့်စားသွားလာရခြင်းကို နှစ်သက်ကြောင်းနှင့် နောက်ဆုံး အာဖရိကမှ တောတွင်းလူရိုင်းတို့၏ စားလက်စ ထမင်းပန်းကန်ကို လုပြီး အသက်လု ထွက်ပြေး ခဲ့ရကြောင်း နှင့် ယခုကဲ့သို့ လန်ဒုံမှ ပဲမြစ်ကို ရေလက်ကြားပေါ်မှ တယောက်ထဲ ပျံသန်းရန် ဆန္ဒရှိကြောင်း သတင်းများက ဖော်ပြထားကြလေသည်။

တဦးတည်းပျံသန်းမှာ ဖြစ်တဲ့အတွက် မည်သည့်အတွက်ကြောင့် အဖော်မပါတကိုယ်တီး ပျံသန်းရကြောင်းကို အင်တာဗျုးသောအခါ စားရိတ်ကုန်မှာကြောက်လို့ဟု မုဆိုးမဂေဇတ် သီတင်း စာတွင် လည်းရေးသားထားလေသည်။ မိမိ စီးနင်းမည့် ချယ်ဂါလီကြီး အတွက် ဖိုးအင်း ကုမ္ပဏီကို အမှာစာပို့ပြီး စတင်တည်ဆောက်နေကြောင်း၊ ယခုစွန့်စားသွားလာ ရန် အတွက် အဓိက လိုအပ်ချက်မှာ ပြည်သူများအားပေးဂရုပြုရန်နှင့် အသုံးပြုမည့် ချယ်ဂါလီကြီးအတွက် ဆီဖိုးများ လိုအပ်လျက်ရှိကြောင်းလဲ ဖော်ပြထားလေသည်။

 

တက်လော့ဟုန်းမှာ ထိုသတင်းစာကိုဖတ်ရှုကြည့် ပြီးနောက် အင်မတန် စိတ်ဝင်စားလျက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် တက်လော့ဟုန်းသည် လည်းစွန့်စားသွားလာ ရခြင်းကို နှစ် သက်လေသည်။ တက်လော့ဟုန်းစွန့်စားသွားလာ ခြင်းများကား အင်မတန် စိတ်လှုပ်ရှားစရာကောင်းသည်။ ဘီယာကလေးမူးပြီဆို သရဲဖမ်းမည်ဟုဆိုကာ လန်ဒုံတ၀ိုက် က သချိင်္ုင်းတွေ ကို ညကြီးမင်းကြီး လျောက်သွားတတ်သည်။ သူရဲတော့မတွေ့ သင်္ချုင်းမှ မြွေပါးကင်းပါးကြောင့် ကိုယ်တိုင်သရဲဖြစ်သွားမှာကိုတော့ မနက်ဖက်အမူးပြေလျှင် ကြောက်တတ်သေးသည်။ သို့သော် ထိုကြောက်စိတ်သည် သူ၏ စွန့်စား သွားလာမှုကိုတော့ မနှိမ်နင်းနိုင်ပေ။

 

တက် - ဒီမယ်ကိုယ့်လူ ပွတ် - ချယ်ဂါလီပျံကြီးဆိုတာ ဘယ်လိုတုန်းဗျ၊ ကျုပ်တို့စီးနေတဲ့ ချယ်ဂါလီကို ပျံခိုင်းထားတာလား

ပွတ် - ဘယ်နှယ့် မစ္စတာတက်ရယ် ချယ်ဂါလီကို အတောင်ပံတပ်ထားတာ၊ အောက်မှာအင်ဂျင်ပါတယ်တဲ့

တက် - နို့ ဘယ်လိုသိရတာလဲခင်ဗျားက

ပွတ် - သိပြီလားဗျာ၊ ကျုပ်မိတ်ဆွေတယောက်က ဖိုးအင်းမှာ အင်ဂျင်နီယာလုပ်တယ်လေ၊ သူပြောတော့ အဲဒီ သော့တူဆိုတဲ့သူက ဒီဇိုင်းကိုယ်တိုင်ဆွဲပြီး လာအပ်တာတဲ့၊ အင်ဂျင်နီယာတွေ တွက်ကြည့်တာ၊ ပျံဖို့မပြောနဲ့ ရှေ့တကိုက်လောက်တိုးဖို့တောင် မဖြစ်နိုင်ဘူးဆိုဘဲ၊ အဲဒါကို သော့တူဆိုတဲ့သူက လုပ်မှာသာလုပ်ပါ သူ့မှာအကြံရှိပါတယ်ဆိုပြီး အပ်တာတဲ့ဗျ။

တက် - လား -လား - တယ်လဲတော်တဲ့သော့တူပေဘဲ ၊ နည်းပညာများအံ့မခန်းပါကလား၊ အင်း ချယ်ဂါလီကြီးတောင် မိုးပျံမှာ တော့မှာ ကလား -

ဟု တက်လော့ဟုန်းသည် မျက်လုံးကလေး ပေကလပ်ပေကလပ်ဖြင့် ပြောနေလေသည်။

ပွတ် - နည်းပညာတိုးတက်တယ်မပြောနဲ့ တလောကတောင် ဂဏန်းပေါင်းစက်ဆိုတာတွေကို ကုန်တိုက်တွေမှာ ရောင်းနေတာ တွေ့ရတယ်။

တက် - ဟုတ်လား ၊ တခါပေါင်းရင် ဂဏန်းဘယ်နှစ်ကောင် ပေါင်းလို့ရလဲ၊ ကျုပ်က ဂဏန်းပြုတ်တို့ ဂဏန်းဟင်းတို့ ကောင်းကောင်း ကြိုက်တယ် တလုံးလောက်ဝယ်ရအောင်

ပွတ် - အို -- ဘယ့်နှယ့် ဟင်းချက်စားတဲ့ ဂဏန်းပြောရမှာလဲ ၊ သင်္ချာတွေ ဘာတွေတွက်ချက်လို့ရတဲ့ စက်ကိုပြောတာ

တက်- အော - ရှင်းရှင်းပြောမှပေါ့ ကျုပ်က သိမှမသိဘဲ

ပွတ် - မသိရင်မေး မစင်စားတဲ့ - အဲလေ မစင်ရင်ဆေးတဲ့ဗျ၊ ဒါနဲ့မေ့နေလိုက်တာ ကျုပ်တို့ ဘိုလူကြီးက မှာထားတဲ့ မီးသွေးတွေ ဒီနေ့ သွားယူရမယ်

တက် - အဲ - ဟုတ်တယ်ဟုတ်ယ်၊ ခင်ဗျားမိဘတွေကလဲ တကတည်း မီးသွေးဘဲ ဘယ်ကဟာဖြစ်ဖြစ်သုံးတာမဟုတ်ဘူး၊ အခုသက်သက်သွားယူရဦးမယ်။

 

ထိုသို့ပြောဆိုကြလျက် မီးသွေးများသွားယူရန်အတွက် ကျွနိုပ်နှင့် တက်လော့ဟုန်းတို့သည် ငါးဒိုင်များ၊ မီးသွေးဒိုင်များရှိရာ ထင်းပုံဆိပ်သို့ထွက်လာကြလေသည်။ ဓါတ်ရထား စီးရင်း လမ်းဘေးဘက်ဘီဘင်သို့ တက်လော့ဟုန်းသည် ကွမ်းတတွေးများ ထွေးချလျက်ရှိရာ ကျွနိုပ်က တားရသေးသည်။ ထို့နောက် ပုဇွန်ဒိုင်အရပ်သို့ရောက်ကြလေသည် (ပုဇွန်ဒိုင် အရပ်ဟု ခေါ်တွင်ရခြင်းမှာ ရှေးအခါက ပုဇွန်ရောင်းဝယ်ဖောက်ကားသော ဖာပုံ- ဘိုလူကြီးတို့မှ ပုဇွန်ဒိုင်အများအပြား ရှိခြင်းကြောင့်ဖြစ်လေသည် --- စာရေးသူ)

 

ဓါတ်ရထားပေါ်မှ ဆင်းလေသော် လူတယောက်သည် ကျွနိုပ်တို့ထံသို့ လျှောက်လာလေသည်ကိုတွေ့မြင်ရလေ၏၊ ကျွနိုပ်လဲ အမှုမဲ့အမှတ်မဲနေနေခိုက် ထိုလူသည်လက်မှ ထီးကောက် ကြီး ဖြင့်တက်လော့ဟုန်းအားတို့လျက် -

 

လူ - ဟေ့လူကြီး ဘယ်ပျောက်နေတာလဲ ဟတ်ဟတ်

တက် - အော် သူတော်လိမ်ကိုး ၊ ခင်ဗျားလဲ ပျောက်နေလိုက်တာ ၊ ကျုပ်ဖြင့်ထောင်ကျသွားပြီမှတ်တာ

လူ - ဖွဟဲ့ -လွဲပါစေ - ဘယ်လိုထောင်ကျရမလဲဗျ၊ ဘာတွေပြောနေတာလဲဗျ -ဟတ်ဟတ် -  ကျုပ်က အခုဒီနားက မိတ်ဆွေတယောက်ဆီလာတာ ခင်ဗျားကရော

တက် - ကျုပ်မိတ်ဆွေ ၀ယ်လဆင်ပွတ်ရဲ့မှာထားတဲ့ မီးသွေးတွေ လာယူတာဗျ

လူ- အော - ဟုတ်လား လုပ်ပါလုပ်ပါ၊ တရက်လောက်စုံကြဦးမယ်လေ မစ္စတာတက် - သရဲဖမ်းကြသေးတာပေါ့ ဟတ်ဟတ်

တက်- ကောင်းပြီဗျာ -

ထို့နောက် ထိုသူတော်လိမ်ဆိုသောသူသည် ထီးဂေါက်ကြီး ရမ်းလျက် ဆေးလိပ်ကလေး လက်ကြားညှပ်ကာ ထွက်သွားလေသည်။

သူ့ကိုကြည့်ရသည်မှာ ပုတက်တက်နှင့် နာမည်ကျော် ဟာသမင်းသား ချာလီချက်ပလင် နှုတ်ခမ်းမွှေးရိတ်ပြီး လာတွေ့သည်နှင့် တူနေသေးတော့သည်။

ပွတ် -စပ်စုတယ်မထင်နဲ့ဗျာ - အဲဒီလူနဲ့ ဘယ်လိုသိတာတုန်း ၊ အင်မတန်ရင်းနှီးခဲ့ကြတဲ့ ပုံဘဲ

တက် - ဆိုးဖော်ဆိုးဖက်တွေထဲက တယောက်ပေါ့ဗျာ

ပွတ် - အင်း - ဒါကြောင့် ခင်ဗျား သူရဲဖမ်းတာကအစသိနေတာကိုး

တက် - ဟဲဟဲ ခင်ဗျားရော ဒီတခေါက်လိုက်မယ်မဟုတ်လား ရင်ခုန်တဲ့ ကစားနည်းလေးလေ

ပွတ် - တော်ပါဗျာ - မလိုက်ပါရစေနဲ့

 

စကားတပြောပြောနှင့် ဘိုလူကြီးမှမီးသွေးများ ယူရန်အတွက် ကမ်းနားသို့ရောက်လာခဲ့ကြလေသည်။ ထို့နောက် ရွေးချယ်စရာရှိသော မီးသွေးများအား လှည်းဖြင့်တင်လျက် ပုဇွန်ဒိုင် ဘူတာမှတဆင် မိဘများရှိရာ ဒဂုံမြောက်သို့ မီးသွေးများပို့ရန်စီစဉ်ရလေသည်။ ထိုသို့စီစဉ်ပြီးနောက် မိဘများအား ကြေးနန်းလှမ်းရိုက်ရန် ဘူတာရုံပိုင်ရုံးခန်းသို့ သွားအခိုက် အစောက တွေ့ခဲ့သော သူတော်လိမ်ဆိုသူသည် ဘူတာစင်္ကြန်တွင် ဆေးလိပ်တဖွားဖွားဖြင့် ခေါက်တုန့်ခေါက်ပြန်လျောက်နေသည်ကို ပြန်လည်တွေ့ရှိရသေ၏။ ထိုအခါတက်လော့ဟုန်းက ထိုသူအား လှမ်းခေါ်နှုတ်ဆက်လေသော် အနီးသို့ရောက်လာလေသည်။

တက် - ဘယ်လိုလဲ မပြန်သေးဘူးလား

လူ - ပြန်မလို့ ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတာလေ - နေညိုပြီမဟုတ်လား

တက် - ဟုတ်ပေသားဘဲ မေ့နေလိုက်တာ - ဘယ်ပြန်မှာလဲ -

 လူ -လှည်းတန်းလန်း လေ

တက် - ဒါဖြင့် စောပါသေးတယ် မပြန်နဲ့ဦး ကျုပ်တို့ အတူုတူချတာပေါ့ဗျာ - အာရကေလန်းရဲ့လားဗျ

လူ - ဟဲ ဟဲ နားကားနေတာဗျ ခုတလော

တက် - ရပါတယ်ဗျာ - ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက ကျူပ်နဲ့ အခုလုပ်ငန်းတူတူလုပ်တဲ့ ၀ယ်လဆင်ပွတ်တဲ့ - ကဲ -ဒါကတော့ ကိုသူတော်တဲ့ဗျ

ဟု မိတ်ဆက်ပေးလေသည်။ ကျွနိုပ်လဲ ကြေးနန်းရိုက်ပြီးနောက် ဘူတာနားရှိ ဆိုင်တခုတွင် သုံးယောက်သား ဘိုင်ပွတ်ရင်း ဘီအီးများ သောက်ကာ ရှေးဟောင်းနှောင်းဖြစ်များကို ပြောခဲ့ ကြလေသည်။

 

( ဆက်ရန် )

 


ဘ၀ကြီးကဆိုးတယ်
ဘ၀ကြီးကကောင်းတယ်

ဘ၀ကချိုမြိန်တယ်
ဘ၀ဟာ ခါးသက်တယ်

ဘ၀ကတည်ငြိမ်တယ်
ဘ၀ဟာ အပြောင်းအလဲမြန်တယ်

ဘ၀ကိုသာယာစွာဟစ်ကြွေးမယ်
ဘ၀ကို ငြင်သာစွာနှုတ်ဆိတ်နေမယ်

ဘ၀ကပျင်းရိဖို့ကောင်းတယ်
ဘ၀ဆိုတာ ပျော်ရွှင်စရာပါဘဲ

ဘ၀ဟာ အဓိပ္ပါယ်ရှိတယ်
ဘ၀ဟာ ဘာမှအဓိပ္ပါယ်မရှိဘူး

ဘ၀ဟာသာယာတယ်
ဘ၀ဟာ ကြမ်းတယ်တယ်

ဘ၀ဆိုတာတန်ဖိုးရှိတယ်
ဘ၀ကအလကားပါဘဲ

ဘ၀ ဟာ  +
ဘ၀ ဟာ  -


မနေ့ကတော့ ထုံးစံအတိုင်း ညနေဘက်မှာ ၀က်မှီးဆိုင်ရောက်ခဲ့တယ်။ ကိုမျက်စေ့ က ဆားဗစ်လေးတခု အောင်လာတာန့ ရှိတဲ့ ပါးပါးလေးကို ထုတ် ပြီးပြုစုတာပါ။ ကိုသူတော်ကိုတော့ အတင်းအဓ္ဓမခေါ်တယ် လို့မထင်နဲ့နော်- သူလဲ ငွေယားကလေးရှိရင် ရောက်အောင်တော့ လာလိုက် တာဘဲ။ ဒါနဲ့ ကျွန်တော်တို့ စကားဝိုင်းမှာ ပြောခဲ့တဲ့ စကားတွေထဲက တူသောသူငယ်ချင်းများ ဆိုတာလေးကို ပြန်ပြီး ချရေး ဖြစ်လိုက်တာပါ။

အရက်နဲ့တူသော သူငယ်ချင်း

သူက အရက်နဲ့တူတယ်။ ကိုသောက်ချင်မှ ဖြစ်တာ၊ သောက်ရင်လဲ သောက်သလောက်မူးတယ်။ သိပ်များသွားရင်မကောင်းဘူး။ သစ္စာတော့ရှိ တယ်၊ မူးကိုမူးစေရမယ့် ရသတခုကိုပေးတယ်။ ဒါပေမယ့် ပိုက်ဆံကုန်တယ်။ ရောဂါရတယ်။ ဒီလိုသူငယ်ချင်းတွေရှိတယ်။ အာရကေလန်းတဲ့ သူတွေကို ပြောတာ ၊သူတို့နဲ့ပေါင်းရင် ပျော်ရတယ်။ ကိုလဲ ပိုက်ဆံကုန်တယ်။ ဒီအတိုင်း သာသွားနေရင်တော့ မဖြစ်ချေဘူး

အမြည်းနဲ့တူသော သူငယ်ချင်း

သူကလဲ ကိုကြိုက်လို့မှာထားတာဘဲ၊ စားလို့လဲ ကုန်ရော သူ့ကိုသတိမရတော့ ပြန်ဘူး။ စားပြီး နားမလည်ပေါ့။ နောက်ပြီး ပုံမှန်မရှိဘူး၊ အမြည်း လို့ပြောတဲ့အတွက် အမြဲ အပြောင်းအလဲ ရှိနေတာဘဲ၊ အဲဒီလို သူငယ်ချင်းတွေရှိတယ်။ ကိုယ့်ဟာကိုလာစား၊ ဒါမှမဟုတ်ကိုက သူ့ဟာစား၊ ကုန်တော့ မသိချင် ဟန်ဆောင်နေကြရော။

ရေခဲနဲ့တူသော သူငယ်ချင်း

သူမရှိရင် အရက်ဝိုင်းက အဆိုပြေချင်ပြန်ဘူး။ ဒီလိုဘဲ သူက ဘာလုပ်လုပ် အကုန်ရောလို့ဖြစ်တယ်။ ဟိုဟာ အတွက် ဒီဟာ အတွက် သူက က ဖြစ်တယ်။ ရောသာရောတာ အေးအေးဆေးဆေးဘဲ၊ အေးရောအေးကြောင်း သူငယ်ချင်းတွေပေါ့။ ဘာလာလာဒေါင်းတယ်။ ဒါပေမယ့် ရေခဲ ဆိုတဲ့ အတိုင်း ခပ်မာမာခပ်အေးအေးဘဲ။

နောက်ထပ်တူတာတွေ စဉ်းစားလို့မရသေးဘူးဗျာ။ တူတာလေးတွေကို တူသော သူငယ်ချင်းများအဖြစ် ဆက်ပြီး တင်ကြည့်ဦးမယ်။

ဘလာပါတယ်ဆိုတာ ကျွန်တော် ဘလာဂေါက်ပါတယ်ဆိုတာပြောတာပါ။ တကယ်က ဗလာမပါကံစမ်းမဲ ဖြစ် ပါတယ်။ ပြောရရင် အချို့က ပရိုမိုးရှင်းလုပ်တယ်ထင်မယ်။ တကယ်က ကျွန်တော့် ဘလောက်ကို အင်တာ နက်အသုံးပြုခတွေ မနဲပေးပြီး လာရောက်အချိန်ကုန်ခံ ပြီး ဖတ်လေ့ရှိတဲ့ ကျွန်တော့် ဘလောက်ဖတ် မိတ် ဆွေတွေနဲ့ဆုံချင်လို့ပါ။ တကယ်ပါ။ လူအများကြီးကို ကျွေးမွေး ဧည့်ခံလိုပါသော်လည်း အခက်အခဲ ရှိ တာ ကြောင့် အခုဒီလိုစီစဉ်ဖြစ်ပါတယ်။

 

၁။ ကျွန်တော် ဒီဘလောက်မှာ ပထမဆုံးတင်တဲ့ ပို့စ် နာမည်

၂။ ကျွန်တော် မှာ အင်္ဂလိပ်လို တင်ထားပြီး မရေးဖြစ် တဲ့ ဘ လောက်တခုရဲ့ အမည်

၃။ တက်လော့ဟုန်းကို ဘလောက်မှာ စတင်တဲ့နေ့နဲ့ ပြီးတဲ့နေ့

 

အဲဒီသုံးခုရဲ့ အဖြေကို ဒီပို့စ်ရဲ့ကောမန့်မှာ ရေးပေးပြီး မေးလ်လိပ်စာလေး ပေးခဲ့ပါ။ အဖြေမှန်တဲ့သူတွေ ထဲက ယောက်ကျားလေးတယောက်- မိန်းကလေးတယောက်ကို ရွေးချယ်ပြီး အမှတ်တရ စပို့ရှပ်တထည်စီ နဲ့ သူတို့နဲ့ကျွန်တော်က Excel  tower ၁၀ ထပ်မှာ ညစာတူတူ အမှတ်တရစားကြပါမယ်။

 

သတ်မှတ်ရက်ကတော့ ၁၀-အောက်တိုဘာ - ၂၀၀၈ ကနေ ၂၀ - အောက်တိုဘာ ၂၀၀၈ အတွင်း ဖြေဆိုပေး ကြရမှာဖြစ်ပါတယ်။ အဖြေတွေကိုတော့ ၂၆ - အောက်တိုဘာ ၂၀၀၈ မှာကြော်ငြာပေးပြီး- မဲပေါက်တဲ့ သူတွေကို ၃၁ - အောက်တိုဘာ ၂၀၀၈ မှာ ဘလောက်ပေါ်ကနေတဆင့်သော်လည်းကောင်း- မေးမှ တဆင့် သော်လည်းကောင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆုံတွေ့မှုကိုတော့ ၁၀ -နိုဝင်ုဘာ - ၂၀၀၈ မှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

အဖြေမှန်တဲ့သူများထဲကနေ မဲလိပ်များကို ယောက်ကျားလေးအတွက် ကိုမျက်စေ့ကနေမဲရွေးချယ်ပေးမှာ ဖြစ်ပြီး မိန်းကလေးအတွက် ဘိုဝ (စိုးဇေယျ) ကြီးက မဲနှိုက်ပေးမှာပါ။ ဒိုင်အနေနဲ့ ကိုဖိုးသူတော် ဆိုတဲ့ သူတော်စင်ကိုတိုင် ဆောင်ရွက်ပါ့မယ်။

အဲနော်- မေ့နေလိုက်တာ ယောက်ကျားလား မိန်းမလား တခါထည်း M or F ဆိုပြီးထည့်သွင်းရေးသား ပေးဖို့မမေ့နဲ့နော်။

 

ပျော်စရာအစီအစဉ်လေးတခုကို ကျွန်တော့်မိတ်ဆွေညီအကိုမောင်နှမများအတွက် ဖန်တီးပေးလိုက်တာ ဖြစ်ပါတယ်။

 

(မှတ်ချက် - နိုင်ငံရပ်ခြားမှသူများကိုတော့ မဲပေါက်ခဲ့ရင် အမှတ်တရ စပို့ရှပ်လေး ရောက်အောင် ပို့ပေးပါမယ် )

 

 



ကဲဗျာ မခက်ဘူးလား၊ ကော်နက်ရှင်ကောင်းကောင်းမရတော့ ဘလောက်ဂါမှာဘာ ဖန်ရှင်တွေ အသစ်ထွက်နေ တယ် မသိတော့ဘူး၊ ထားပါတော့လေ အဲဒါတွေ နောက်မှပြောကြတာပေါ့။ မနေ့ကသတင်းစာဖတ်တော့ nintendo ကနေ ဂိမ်းစက်အသစ် ကို version အသစ်နဲ့ထွက်မယ်ပြောတယ်။ ဒီနေ့ connect ဂျာနယ် အဟောင်း တစောင်ကို ဖတ်မိတော့လဲ အဲဒီသတင်းကိုတွေ့တယ်၊ ဒါနဲ့ဘဲ အခုရေးဖြစ်တယ်ပေါ့။

ကျွန်တော်က ငယ်ငယ်ကတည်းက သယ်ရလွယ်တဲ့ ဂိမ်းစက်၊ ဒီဂျစ်တယ် ပစ္စည်းတွေကို အရမ်းသဘောကျခဲ့တာ။ ငယ်ငယ်ကတည်း က ဂိမ်းဝါသနာပါတော့ ကြီးတဲ့ အထိဂိမ်းစက်တွေ နဲ့ဂိမ်းပေါင်းများစွာကို ရင်းနှီးခုန်မင်ခဲ့ဘူးတယ်။ ဒါပေမယ့် ကျွန်တော်က ကွန်ပျူတာ နဲ့ဂိမ်းကစားတာကိုသိပ်ပြီး မနှစ်သက်လှဘူး။ သယ်ရလွယ်တယ်ဆိုတဲ့ အသေးအဖွဲလေးတွေပိုသဘောကျပေမယ့် ခွေဝယ် ရတာခက်တာကြောင်း nintendo ကနေထုတ်တဲ့ gameboy advance မှာတင် ကျွန်တော်ရပ်လိုက်တယ်။ တကယ်သဘော ကျတာက PSP ၊ ဒါပေမယ့် မ၀ယ်ဖြစ်သေးတာနဲ့ ဒီလိုဘဲ PS2 နဲ့ဘဲ လုံးနေတာ။ အခုတော့ ကျွန်တော် PSP ၀ယ်ပြီးနောက်မှာ nintendo က သူ့ရဲ့ portable game တွေထဲက DS ကို version အသစ်နဲ့ထွက်မယ်လို့ပြောပါတယ်။ အဲဒီစက်က PSP နဲ့ အပြိုင်ဖြစ်ပေမယ့် ကျွန်တော်က နဲနဲလေးမှ ကိုသဘော မကျ ပါဘူး။ ပုံစံက ရိုးလွန်းသလို သူ့ရဲ့ ပုံထွက်နဲ့ ထွက်လာတဲ့ ဂိမ်းတွေက ကလေးကလား အရမ်း ဆန်လွန်းတယ်လို့ မြင်မ တယ်။ ဒါကြောင့် မသုံးဖြစ်တာ။ အခုတော့ သူက PSP နဲ့အပြိုင်သုံးနိုင်မယ့် အရာကို ထွင်ပြီးဈေးကွက်ကို ဖြန့်မှာဖြစ်ပါတယ်။ ရောင်းဈေးက PSP လောက်မမြင့်ပေမယ့် ပိုတဲ့ စွမ်းဆောင်ချက်ကတော့ touch အနေနဲ့သုံးလို့ရလာတာ ဖြစ်ပါတယ်။ ဘယ်လို ဘဲပြောပြော PSP ရဲ့ စွမ်းဆောင်ရည်မျိုး အပြည့် အ၀ကိုတော့ ယှဉ်နိုင်စွမ်မရှိဘူးလို့ထင်တာဘဲ။ ကျွန်တော်မကြိုက်တာလဲ ပါမှာ ပေါ့လေ။ DS , DS2 3D စတာတွေထွက်လာပေမယ့် ဂိမ်းရဲ့ ပြည့်စုံမှုနဲ့ အခြားသော multimedia ပြည့်စုံမှုမှာတော့ PSP ကဘဲ ပိုသာတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် home game တွေမှာတော့ nintendo ရဲ့ Wii က sony ရဲ့ PS3 ကိုကျော်လွန်ရောင်းချ နိုင်နေတာကတော့ ငြင်းမရပါဘူး။ ဂိမ်းဆိုတာ တခြားသော ကမ္ဘာတခုပါ။ ကျွန်တော်ငယ်ငယ်က တည်းက ယုံကြည်ထားတဲ့အရာပါ။ ဘယ်လိုနည်းပညာတွေတိုးတက်တက်၊ အပြင်လောကနဲ့ဘယ်လိုတူအောင် လုပ်လုပ် အခု wii လို ဆင်ဆာတွေနဲ့ဘယ်လိုသုံးသုံး သဘာဝ အကျဆုံးကတော့ တနေရာမှ ထိုင်နေပြီး လက်ကလေး ၂ခုနဲ့ Game ကစားရ တာကိုက တယ့် အရသာဆိုတာ game ကစားတဲ့သူအပေါင်းသိမှာပါ။ ဒါကြောင့် ဘယ်လိုဖြစ်ဖြစ် အကြိုက်မတူသော်လဲ ကြိုက် တဲ့သူတွေသိအောင် မျှပေးလိုက်တာပါ။ ဒီမှာလေ့လာလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။


ကျန်းမာခြင်းသည် လာဘ်တပါးတဲ့၊ ကျွန်တော်တော့ ဒီနေ့ ကျန်းမာရေးမကောင်းဘူး၊ တကိုယ်လုံးညောင်းနေလို့ အိမ်ခေါ်ပြီး မနေ့က အနှိပ် သည်ခေါ်နှိပ်ပါတယ်။ ခါးရိုးတွေ နာပြီးအခုမသက်မသာဖြစ်နေတယ်။ နောက်ပြီးတော့ဗိုက် ထဲကအောင့်နေတာ ညကတည်းကဘဲ။ မနက်စော စောပိုင်းလဲ ပလာတာလေးတချပ်ဘဲ စားနိုင်တယ်။ ဒါတောင်ဆေးသောက်ထားလို့။ မနက်က connect ဂျာနယ်က အယ်ဒီဒါ မမေသန္တာဝင်း နဲ့ အလုပ်ကိစ္စ အချို့သွားဆွေး နွေးတာတောင် မနဲအောင့်အီးပြီး စကားပြောနေရတယ်။ သူကနားလည် တတ်တဲ့သူတယောက် မို့ ကြာကြာ မဆွေး နွေးလိုက်ရပါဘူး။ အဆင်ပြေခဲ့တယ်။ ရုံးပြန်ရောက်တော့ လူကတယ့်ကို ခါးကနာ ဗိုက်ကအောင့်နဲ့ မအီမသာကြီး။ အခု ဘာအလုပ်မှာ လဲ လုပ် နိုင်ဦးမယ်မထင်ဘူး။ သင်တန်းကလဲ နေ့လည်ကျ ထသင်ရဦးမယ်။ လောလောဆည်တော့ ထမင်းလဲ ဆင်းမစားတော့ဘူး။ ရုံးခန်းထဲမှာဘဲ အိပ်တော့မယ်။ ဒီနေ့တော့ ကျန်းမာရေးဆိုတဲ့ လာဘ်တပါးတော့ ဆုံးရှုံးသွားလေပြီပေါ့။

ကြောရိုးလေး ၁၈၀ ဒီကရီ ရောက်လာတာတောင်
အတွေးထဲမှာမွှေ - မီးခိုးတွေလိုဝေ နေတဲ့
အလုပ် - ငွေကြေး - ဘ၀နဲ့ မိန်းမ
သြော် - ဒုက္ခ ဒုက္ခ
501 ၀ယ်နေတာနော် ဟွင်းဟွင်း ( မမှီလိုရယ်တာ )
ဘန်ကောက်က မြန်မာတွေအတက်များတဲ့ တက္ကသိုလ်တခုမှာ
ကျောင်းသူတွေက ဂလိုဝတ်တယ်
ဒီရောက်တုန်း ဒါဘဲသောက်တာ
မြဘုရားဝင်းထဲက ဧည့်သည်တွေ
တံတိုင်းဘေးမှာ ယောင်ချာချာ
ဘန်ကောက်က သီးသန့်ယဉ်လိုင်း
မြဘုရားမဟာရံတံတိုင်း
အဲဒီမှာကိုင်ဖြစ်တဲ့ဖုန်းပါ
ဘုရားဝင်းတွင်းက၀င်မရတဲ့အဆောင်တွေထဲကတခု
ရွှေချထားတဲ့နေရာအလှ
နံရံဆေးရေး
အမှတ်တရပါ
ဒီနေရာက လာတဲ့သူတိုင်းမရိုက်မဖြစ် တနေရာပေါ့
လက်ရာလေးပါ
ဟိုသူ့ရိုက်ခိုင်းသည်လူ့ရိုက်ခိုင်းဘဲ
အ၀င်နားမှာပါ
တကယ်ဝင်တော့မှာနော်
ဖိနပ်ချွတ်ပါတဲ့
တရုတ်လက်ရာမကင်းတဲ့ ဘုရင့်နန်းတော်ဟောင်း
ဂရန်းပဲလေ့လို့ခေါ်တဲ့ လက်နှက်အစုတ်တွေပြတဲ့ ပြတိုက်က အောက်မှာရှိနေလေရဲ့
ကြာ
ကုသိုလ်တွေကိုလှမ်းမျှော်ကြည့်ပါ
နေပူပူထဲ လေ့လာဆဲပါ
ဘန်ကောက်ကသန့်တယ်ဆိုဗျ
သူငယ်ချင်းနဲ့ကျွန်တော်
ရန်ကုန်မှာ ၂၆ သိန်း၊ ဘန်ကောက်မှာ ဘတ် ၂၀ တွက်သာကြည့်
ဗေဒင်ကို ဂလိုဟောတယ်
လေ့လာစရာ လူငယ်ပါ
ကျောက်ဖုရားမြစ်ထဲက လိုင်းသင်္ဘော
ဒါက လိုင်းဆွဲနေတဲ့ ဂိတ်တွေပြတာ သေချာဖတ်နော်
ဝတ်ချပရာ့ ဘုရား
ဘုရားရိပ်
မြစ်လည်ကရှုခင်း
ငွေလဲတဲ့နေရာနဲ့ရဲကား(ခေါက်ဆံမှာ)
ခေါက်ဆံလမ်းတနေရာ
အဲဒီမှာ မြန်မာတွေ များတယ်- ၀ယ်ချင်ရာကိုပြော ၊စားချင်ရာကိုပြော မြန်မာတယောက် ယောက်ရှိနေတယ်
လိုင်းသင်္ဘော ပေါ်က ခရီးသည်
ခေါက်ဆံလမ်းအ၀င်မှာ မိန်းမဖို့ ၀ယ်မယ်ဆိုရင်တပြုံဘဲ
သူတို့လဲ ဒီလိုသွားနေရတာပါ
တိုင်းရင်းသားတွေမြင်ဘူးသလိုဘဲနော်ဗျ
ဘီရှာလေးတော့ဒီမှာဘဲသောက်လိုက်ပါတယ် (ဂလု)
လူတွေစုံတဲ့ ခေါက်ဆံ (စုံမှာပေါ့ အာရှကရော ဥရောပ ကပါ လာတဲ့သူတွေ ငွေ ကုန် ကျေး ကျသက်သာ တဲ့ ဒီနေ ရာမှဘဲ စတည်းချနေကြတာကိုး၊ စုံလဲစုံ ဈေးလဲသက်သာ ကဲဘာလုပ်မှာလဲ၊ ဒါက ဘန်ကောက်ရဲ့ အသည်း ကျော်တခုပါ)
လမ်းပေါ်က တယောက်
လေဆိပ်သွားတဲ့ ကားလက်မှတ်က အလွယ်တကူဝယ်လို့ရတာကိုး
ခေါက်ဆံည
ညထဲက ခေါက်ဆံ
တခု ဘတ် ၆၀ တဲ့ တကယ်ပြောတာ
ဒါက စည်းချက်ညီညာ သီချင်းတီရှပ်

ကုန်တိုက်တခုထဲမှာ (ပြောပြ၀ူး)
ဝယ်ထားတဲ့သက်သေဘဲ ဟွင်းဟွင်း (မမှီရယ်သလို)
မြေအောက်ရထား ဘူတာတခု

ဟေ့တရုတ်တန်း
ကျွန်တော်နဲ့အဘထ (သေချာကြည့်နော် )
စီအမ်စကွဲ ရဲ့ဘူတာ
ရုတ်ရှင်ကြည့်မလို့ကြံနေတာ
လေးတယ်ကွယ်ပြန်တော့မယ်
တရုတ်တန်းလမ်း
မြောင်းဘုတ်ပေါ်က စပယ်ရာ
တက်လိုက်ဆင်းလိုက် မြောင်းဘုတ်လိုက်( မြောင်းဘုတ်ဆို တာ ဘန်ကောက်ရဲ့ ရေဆိုးမြောင်းထဲမှာ ဆွဲတဲ့ ဘုတ်တွေကိုပြောတာပါ။ နံပေမယ့် ကားပိတ်တဲ့ ဒဏ်ကိုခံစရာမလို မြန်တယ် နံတယ် ဘာမှတ်လဲ )
ဈေးထဲမှာဒီလိုတွေ့လို့
ဒါလေးဝယ်လာလိုက်တယ်
ပြီးတော့ အဲဒါလေးသွားစားသေးတယ် ( အ၀စား၈၉ ဘတ်ဗျ တန်မှတန် - ရောက်တိုင်း တခါတော့ ရအောင်စားတယ် - တန်နွန်းနို့)
လေဆိပ်မှာ
တယောက်ထဲပါ
အော်- ဒါနဲ့ - အိမ်သာထဲမှာ ကွန်ဒုံး ၀ယ်လို့ရတဲ့ စက်တွေရှိတယ်( ကဲသာကဲ )
ဘက်စ် ကားစီးဖို့တန်းစီနေတာ ( ဆူးလေက လိုဘဲ )
ဆင်းဂါး ဘီယာ ဝေါ့ အေ့
ကောင်တာ တွေက ကြောက်စရာ
အင်တာနက်သုံးမလား ဖုံးဆက်မလား နိုင်ငံတကာကို
ရှုခင်း
တခါသုံး ၁၀ ဘတ်ဆို ၁၅ မိနစ် အင်တာနက်
ကျွန်တော် ဘန်ကောက်ကိုရောက်တာ ဒါနဲ့ဆို သုံးခါရှိပြီ။ ဒီတခေါက်မှဘဲ မြဘုရားရောက်တော့တယ်။ သူငယ် ချင်း တွေက တားနေလျှက်နဲ့ ရောက်အောင်သွားခဲ့တာ ။ ဘာဘဲ ဖြစ်ဖြစ် ဘုရားတော့ ဒီတခါရအောင်ဖူးမယ်လို့ ပေါ့။ နေပူငွေကုန်ပေမယ့် တကယ်ကို စိတ်ကျေနပ်မှုရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် မြဘုရားတော့ ရောက်ခဲ့ပြီ။ ပုံတွေ အရင် ကမတင်ဖြစ်ပေမယ့် ဒီတခါတော့ ကြွားတယ်ထင်ထင် မျှလိုက်ပါတယ်။

Type the rest of your post here.