တက်တက်တို့ပြောင်တဲ့ည

တက်တက်ပြောင်သွားတယ်၊ တက်တက်စင်အောင် လွဲတာဘဲ၊ လူစုံတက်စုံဘဲ
အစရှိသဖြင့်ကျွန် တော်တို့ ဒီစကားတွေကို သုံးစွဲနေကြဖြစ်ပါတယ်။
အဲဒီစကားတွေထဲ တက်တက်ပြောင် တယ် ဆိုတဲ့ စကားလေးတခုကတော့ ကျွန်တော်တို့
ဘလောက်ဂါရောင်းရင်း များကြား ရေပန်းစားတယ်ခင်ဗျ။ အရင့် အရင်အခါတွေတုန်းက
ပိုက်ဆံတပြားမှ မရှိအောင် မကျန်အောက် သောက်ကြတဲ့ အခါ ကိုတက်စလာကို
နောက်ပြောင်ကြတဲ့ စကားလေးကတော့ အစောကပြောတဲ့ တက်တက်ပြောင်၊ တက်တက်ကြီး
ပါလာသမျှပြောင် ကုန်တယ်ဆိုတဲ့ သဘောနဲ့ပါ။ မနေ့ကတော့ တက်တက် တင်မကဘဲ
အားလုံးပြောင်တဲ့ ညပါဘဲ၊ ဖြစ်ပုံကဒီလိုခင်ဗျ၊ မနေ့ကနေ့လည်လောက်မှ
ကျွန်တော် ဂျီတော့ နေရင်းကို မျက်လုံးကို တွေ့တာနဲ့ ထုံးစံ အတိုင်း
ညနေဘယ်လို လဲမေးတော့
မျက်- ရပါတယ်- လုပ်လေ
ဂေါက် - ဘယ်အချိန်လာမှာလဲဗျ
မျက် - ၆နာရီ-ခင်များ ကိုတက်ကို ဆက်ထားလိုက်
ဂေါက် - အိုကေ

ညနေ ၅ နာရီခန့်

ကလင်ကလင်
ဟဲလို
ကျွန်တော် စိုးဇေယျပါ
ပြောလေ
ခင်ဗျားတို့က တကယ်သောက်မှာလား ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး
ရပါတယ် လာမှာသာလာ ကိုမျက်စေ့ တိုက်မှာ
ပြီးရော- ခင်ဗျား ကားခပြန်ပေးရမယ်နေုာ်
လုပ်လိုက်စမ်းပါ၊ ဒါနဲ့ကိုတက်ကို ခင်ဗျား ဆက်လိုက်ဦး ၊ ကျွန်တော်ဆက်တာ
မရဘူးဖြစ်နေတယ်
အိုကေ - ဘိုင့်ဘိုင်

၆ နာရီကျော်ကျော်ခန့်တွင်

ဟလို
ကိုဂေါက်လား
ဟုတ်တယ် ကိုမျက်စေ့ပြော
ကျွန်တော်နဲနဲ နောက်ကျမယ် - သူငယ်ချင်းတယောက်နဲ့ ချိန်းလိုက်လို့
အိုကေ
ခင်ဗျားဘယ်မှာ စောင့်မှာလဲ
ကျွန်တော်ရုံးမှာ ဘဲရှိမယ်လေ
အိုကေဗျာ- ကိုတက်ရောတွေ့လား
မတွေ့သေးဘူး
ဒါဘဲနော်

၇ နာရီခွဲခါနီး

ဖုံးလာနေတယ်
အေးအေး ကိုင်လိုက်မယ်
ပြောပါ
ကျွန်တော် စိုးဇေယျပါ ခင်ဗျားတို့က ဘယ်မှာလဲ
ကျွန်တော် ရုံးမှာ
အော် - ကျွန်တော်က ရွှေမန်းမှာ သွားရှာနေတာ
မရှာနဲ့ ဘယ်သူမှ မရှိသေးဘူး
ဒါဆိုလာပြီ

ငါးမိနစ်အတွင်း ကိုစိုးဇေယျရောက်လာသည်။ သူ့လက်ထဲတွင် တရုတ် ဘီယာ
ပုလင်းတလုံး ကိုင်ထားလေ၏။
ထို့နောက် ကျွန်တော် ချက်နေသော ဂျီတော့ကို အတင်းထွက်ခိုင်းကာ
သူဝင်ထိုင်ပြီးချက်လေ တော့၏။
မကြာလိုက် ဂျီတော့ထဲတွင် ကိုတက်နှင့် အဆက်အသွယ်ရသွားသည်။
၈ နာရီခန့်တွင်ကျွန်တော်တို့ ရုံးပေါ်မှ ဆင်းလာခဲ့သည်။ ထိုနောက် ရွှေမန်း - -
ဒန်တန်တန့် တန် - -- -
ဘယ်သူမှ မတွေ့ - အာ ပြသနာဘဲ ကိုမျက်စေ့ကလဲ မလာ ၊ ကိုတက်ကလဲ နောက်ပြန်ပြီ၊
ဖုံးဆက်ကြည့်လိုက်သည်။
ကိုတက်လား ခုဘယ်မှာလဲ
ခင်ဗျားတို့ကရော ဘယ်မှာလဲ
အမယ် သူက ၊ ကျွန်တော်တို့က ရွှေမန်း နားမှာလေ၊
အော်- ကျွန်တော် လာနေဘီ- အဲဒီနားက အင်တာနက်ဆိုင် ပိတ်လို့ ဟိုဘက်သွားနေလို့
ဒါဆို ထိုင်နှင့်မယ်
အိုကေ စောင့်နေ

ကျွန်တော်နှင့် သတင်းထောက်ကြီး တယောက်တခွက်မှာ လိုက်ချိန်တွင်
ကိုတက်ရောက်လာသည်။ သို့သော် သူပြောလက်စဖုံး ကမပျက်သေး၊ အတော်ကြောအောင်
ပြောနေ သေး၏။ ထို နောက်တွင်တော့ ကျွန်တော်တို့ ရဲ့ထုံးစံပွဲကြီး စလေသည်။
ကိုမျက်စေ့ကား ပေါ်မလာသေးချေ။

သောက်နေရင်းမှ - ဟာ ဒါနဲ့ ကိုတက် ကျွန်တော့မှာ အာရကေ နဲနဲဘဲ ရှိတယ်။
ကျွန်တော်ကပြောတော့ သတင်းထောက်က ရှိုးမန်းနီးတွေ အတင်းထုတ်ပြလေသည်။
သူ့ရှိုးမန်းနီးက ယိုးဒယားတို့ စင်္ကာပူ တို့ ၀င်လောက်အောင် မပြည့်သေး၊
သူပြောသားဘဲ သူ့မှာ မရှိဘူလို့၊ ကျွန်တော်ကလဲ ကိုမျက်စေ့ အားကိုနဲ့
ထွက်လာတာ။ ကိုတက်ကလဲ သူ့မှာပါတာတွေ ထုတ်ရေ သည်။ ထို့နောက်
မျှော်လင့်ချက်ပါသော လေသံဖြင့် တယောက် သုံးလေး ခွက်လောက်တော့ ရမှာပါ။
ကျွန်တော်တို့ တယောက် သုံးခွက်သောက်ပြီးချိန်တွင်
တခါပိုက်ဆံရှင်းလိုက်သည်။ နောက်ထပ်သောက်ရင် အိမ်ပြန်စရာ မရှိနိုင်တော့။
ဒါနှင့် သတင်းထောက်ကြီး ယူလာသော တရုတ် ဘီယာ ပုလင်းကို
မျက်စောင်းထိုးလိုက်ကြသည်။ သူကတော့ မသောက်ချင်ဘူးငြင်းသည်။ သူဘာကြောင့်
ငြင်းလဲ သောက်မှဘဲ သိတော့သည်။ ဘီယာက ရေခဲတွေထည့် ကန်းထ၇ီး စတိုင်
ချနေတာတောင် တော်တော် ချိုရဲနေ၏။ မရှိတော့လဲ သောက်ရတာပေါ့ဟု ကြိတ်မှိတ်
သောက်လိုက်သည်။ ထိုအခိုက် ဖုံးဝင်လာသည်။ ကျွန်တော့် အကိုက ချောင်းသာသွား
မယ် လိုက်မလား မေးခြင်း ဖြစ်၏။ တကာလိုနေချိန်ဖြစ်တာနှင့် မင်းချောင်းသာ
နောက်မှ ထား၊ အခုလာခဲ့ ပြီး ငါ့ကို ဘီယာ လာတိုက်ဟု ကျွန်တော် ဆွဲစိ
လိုက်၏။

ဆိုင်လဲပိတ်နေလေ ပြီ ကျွန်တော့် အကိုကား ရောက်မလာသေး၊ လမ်းဘေးမှာဘဲ
ထိုင်ရမလို ဖြစ်နေတုန်း ကျွန်တော့ အကို ရောက်လာ၏ ၊
ဘယ်ဆိုင်သွားမလဲ
နာရီကြည့်လိုက်တော့ ၁၂ နာရီ ၁၀ မိနစ်
စမ်းချောင်းထဲ သွားမယ်လေ
စမ်းချောင်းလမ်းထဲ ၀င်လာလိုက်သည်။ ကံကောင်းချင်တော့ လမ်းထဲနဲနဲ
ဝင်ရုံလေးမှာ သိမ်းလက်စတန်းလန်း ဘီယာဆိုင်တခုကို တွေ့လိုက်လေသည်။
ကျွန်တော်တို့ ၀င်သွားကြသည်
ဆိုင်ပိတ်တော့မှာခင်ဗျ
အော် ခဏလေးပါဗျာ - ဘီယာတစ်လုံးနဲ့ ၀ီစကီတပြားချပါ။
ဘာစားဦးမလဲ
ပဲချမ်းသုတ်- ရေခဲ - ရေသန့်
မှာစရာတွေမှာ ပြီးနောက် သောက်ကြစားကြ စကားပြောကြနှင့်
ဘီယာလဲ ၃ လုံးလောက်ဖြစ်သွားသည်။ အရက်တပြား၊ ပဲချမ်းသုတ် နှစ်ပွဲ ၅၀၀၀
ကျော်ရှင်းလိုက်ကြသည်။ အဲဒီနောက် ထမင်းကြော်စားလိုက်သေး သလားမမှတ်မိတော့(
အဲဒီလို မူးမှ အိမ်ပြန်ကြတာ - ဟတ်ဟတ်)
နောက်တော့ အိမ်ပြန်ဖို့ ပိုက်ဆံကြည့်တော့ စက္ကူတရွက်တောင် အိတ်ထဲမှာ မကျန်တော့
သတင်းထောက်နှင့် ကျွန်တော့ အကိုကတော့ လက်ကျန်ပိုက်ဆံလေးတွေယူပြီး
အိမ်ရောက်မှ ရှင်မယ်ဆိုကာ ကားငှား သွားကြလေ၏ ။ ကျွန်တော် ကတော့ မငှားရဲ
အိမ်က မိန်းမက အိပ်နေပြီ၊ သွားနှိုးပြီး ပိုက်ဆံတောင်းရင် ညတွင်းခြင်း
ပြသနာတက်သွားနိုင်သည်။ ဒါကြောင့် တက်တက်ကြီး နဲ့ ကျွန်တော် နှစ်ယောက်
လမ်းလျောက် ပြန်လာခဲ့ကြလေသည်။ လမ်းတွင်တော့ ခွေး ၃ကောင်သာတွေ့ရအောင်ကို
ရှင်းနေပြီ။ အချိန်က ၃ နာရီ၊ ခွေးတွေ အူတော့တက်တက် ကသရဲကြောက်ချင်ယောင်
ဆောင်ပြီး ကျွန်တော့ လမ်းထိပ်အထိ လိုက်ပို့သွားသည်။ ခြေ လှမ်း ၂၀ လောက်
လျောက်ပြီး နောက်ကို လှည့်ကြည့်တဲ့ အခါ တက်တက်ကို အရိပ်အယောင်တောင် မတွေ့
တော့၊ သူလဲ အိမ်ကို ခြေလှမ်းကျဲကြီးတွေ နှင့် သုတ်ချေတင် ပြီထင်သည်။ ဘာဘဲ
ဖြစ်ဖြစ် တက်တက် ပြောင် သောညများ ထဲက အမှတ်တရ အဖြစ် ရေးသားလိုက်ပါသည်။
အခုပို့ရေး နေချိန်တွင်တော့ ကိုမျက်စေ့ ရောက် လာပြီး အဖြစ်အပျက်များ ကို
ဖတ်ကာ ဟားနေလေတော့ သည်။

ကိုတက်အတွက် ခတ္တခွဲခွာ ချိန်အမှတ်တရ

3 comments:

MyMetro said...

ဒီပို့စ်ကို ဖတ်ပြီး ကျွန်တော်ပါ သောက်ချင်လို့ ပါးစပ် တပြင်ပြင် ဖြစ်လာတယ်ဗျို့.....။

kzy1980 said...

သစ္စာဖောက်တွေ၊ သစ္စာဖောက်တွေ...
ငါ့ကိုယ် မစောင့်ကြဘူး...သစ္စာဖောက်တွေ.....

BarNyar said...

ကိုဂေါက်ရဲ့ ပိုစ့်တိုင်းမှာ ပထမဆုံးကောမန့်ပွတ်တဲ့လူကို ဆုပေးကြေးဆို.. မီထရိုကြီးရလောက်တယ်.. ကွိကွိ