ခြေရာရှိလား?



ပင်လယ် ကမ်းစပ်တခု၊ နေကတော့ တော်တော်ပူတယ်။ လေညှင်းလား လေပြင်းလားနဲ့ သယ်ဆောင်တိုက်ခတ် ကျွန်တော့်စိတ်တွေ လေးလံနေသယောင်။ ပုံမှန်မဟုတ်တဲ့ ဗျစ်ရည်တွေ မြို မော့ထားတဲ့ ခေါင်းကရီဝေ လုံးထွေး ငါလျှောက်လာခဲ့တယ်။ စိတ်တွေကို လှိုင်းထဲချ မျှော ရင်းငါ လမ်းဆက်လျှောက်၊ နေပူကျဲထဲ ခေါင်းငုံ့လျှောက် ၊ အောက်မှာ ငါ့ခြေရာတွေ တအိအိနဲ့ သဲသောင်ထဲနစ်ဝင်၊ ပြုံးသရောင် မျက်နှာထားနဲ့ ငါခေါင်းမော့လို့ ကောင်းကင်ကို မော့ကြည့်၊ ငါဆက်လျှောက်လာဆဲဘဲ။ ဘာကြောင့်မှ အကြောင်းမပြ ငါလှမ်းလင့်မှုတွေ ခဏ တုံ့ဆိုင်းချိန်၊ အောက်ကို ပြန်ကြည့်၊ ငါ့ခြေရာ ရှိနေဆဲဘဲ။ ငါစိတ်ထဲ ငါမယုံ နောက်ကို လှည့်တော့ ကမ်းခြေက ငါ့ခြေရာတွေ ဘယ်ရောက် ကုန်တယ် မသိဘူး။ ငါမျှော်လင့်မထားတဲ့ မျှော် လင့်ချက်ဟာ ငါလျှောက်တဲ့ လမ်းဟာ အရာထင်ကျန်ခဲ့မယ်ဆိုတာ။ အားမရှိတဲ့ အတ္တထွေကို ခ၀ါချ၊ ငါတဒင်္တဂ လေးတွေဝေသွား ခဲ့ တယ်။ ခြေအစုံကို ပြေးဝင်လာတဲ့ လှိုင်းက ငါ့ကိုပြောတယ်။ ငါ့ကိုတော့ အပြစ်မတင်လေနဲ့တဲ့ မင်းလျှောက်နေ တာ ကမ်းစပ်မှာလေတဲ့။ တဖက် ကပင်လယ်ပြင်ကိုငါ့မျက်လုံးတွေ ပြေးလွှား တချို့ကလဲ ဟိုဘက်သွားဖို့ မျှော်လင့် ခဲ့မယ်ထင်တယ်။ ခေါင်းကို အသာငဲ့စောင်း၊ ကိုယ့်ကိုကိုယ် မြုစွယ်ရင်း ဆက်လျှောက်လာတယ်။ ဒီတခါလဲ တွေးနေဆဲဘဲ ခြေရာတွေသာ မရှိတာ ငါသွားသလောက်တော့ ရောက်နေသားဘဲ လို့။ သူငယ်ချင်းတွေလဲ အဝေးမှာ မှုံပြပြ ကျန်ခဲ့တယ်။ အင်းလေ - နောက်တော့လဲ ဆက်လျှောက်နေရဦးမှာဘဲ။

1 comments:

MyMetro said...

လူဆိုးပဲဗျ။ LRT အကြောင်းရေးပါဆိုမှ ဗျစ်ရည်တွေ မြိုပြီး ငါ့ခြေရာ ကျန်ခဲ့လား၊ မကျန်ခဲ့လား လိုက်ကြည့်နေတယ်။ :P