ကြည့်ပါဦးလေ

ခင်မင်မှု သံယောဇဉ်တွေ
ဈေးပေါပေါနဲ့ ရောင်းချခံလိုက်ရ
ရှင်းနေဖို့ကအခွင့်မသာ
စိမ်းမြမြ ပတ်ဝန်းကျင်မှာ
မျက်နှာမွဲတယ်ဘဲ ပြောပါတော့လေ။

အဖြူတွေမှာ ရောင်စုံဆိုး
ငါ့သဘောနဲ့ငါ ဒိုးခဲ့တဲ့ လမ်းအတွက်
နောင်မှ လဲမတ နောင်တလဲ မရချင်ဘူး
ဖြစ်မယ့်ဟာ ကဖြစ်ကိုဖြစ်ဦးမှာလေ။

စီးပိုးတဲ့ မျက်ဝန်းတွေနဲ့ ခန်းနား
ငါ့ညတွေမှာ အိမ်ကို ရောက်တဲ့ အိမ်မက်များ
ကလေးငိုသံနဲ့ အိမ်သူရဲ့ တေးသံ
လွမ်းလို့ကြားရောင်
ငါ့ အမှောင်တွေ မြန်မြန် လင်းကြပါစေလေ။

ခြောက်သွေ့တယ်မဆိုတောင်
သာယာမှုမရှိတဲ့ ၂၄ နာရီပေါင်းများစွာ
ခက်ခဲ ကြမ်းတမ်း ငါဖြတ်သန်းနေဆဲဘဲ
လူဆိုတာ ကိုယ့် အကြောင်းနဲ့ ကိုမို့
စာနာစဉ်းစား ဖြည့်စွတ်တွေး ပေးနေသူများကြား
ငါ အသက်ရှုမှားတော့မှာပါလား. . . . . ။

2 comments:

မင်းယွန်းသစ် said...

ကိုဂေါက်ရေ.. ဘာမှအား မငယ်နဲ့ဗျာ... ကျွန်တော်တို့ တွေ ကိုဂေါက်ကို ယုံတယ်...။ လူယုတ်မာ တစ်ယောက်ရဲ့ မျက်နှာဖုံးကို ကိုဂေါက် ဆွဲဖြုတ်ပေးလို့ ကျွန်တော်တို့ သိသွားရပြီ။ တနပ်စားဥာဏ်နဲ့ လူမျိုးကို ကျွန်တော်တို့ အ၀န်းဝိုင်းထဲက ပယ်ထုတ်လိုက်ပြီ။ ကိုဂေါက်ကို ကျွန်တော် ဘယ်လိုအားပေးရမှန်းမသိပေမယ့် ကျွန်တော်တို့ အားလုံး ကိုဂေါက်နောက်မှာရှိတယ်..။ ကျွန်တော် သိပါတယ်.. ကိုဂေါက် ဟာ လူညံ့တစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာ...။ ကိုဂေါက်ရေ... ကျွန်တော် သတင်းကောင်းမျှော်နေတယ်ဗျာ။ ကိုဂေါက် အစစအရာရာ အမြန်ဆုံး အောင်မြင်ချောမွေ့ပါစေ..။ ဘယ်တော့မှ မမေ့ပါနဲ့ ကျွန်တော်တို့ ကိုဂေါက်ကို အကြွင်းမဲ့ယုံတယ်ဗျာ....။

စိုးဇေယျထွန်း said...

ကိုဂေါက် အဆင်မပြေရင် အချိန်မရွေးပြန်လာပါ ဒီရောက်ပြီး ထပ်ထွက်ဖို့ကြိုးစားပေါ့။
ဒီမှာ အားလုံးရှိနေတာပဲ
မဖြစ်နိုင်တဲ့နေရာ တစ်ခုမှာ အကြကြီးနေမနေနဲ့
ပြန်လာခဲ့