KL သမိုင်း အကျဉ်း



ကေအယ် လို့ခေါ်တဲ့ ကွာလာလမ်ပူ မြို့ဟာ ဘာမှ သမိုင်းကြောင်းကြီး ကြီးမားမား မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရောက်လာတဲ့ တရုတ်မိုင်းတူး သမားတွေက သံဖြူရှာဖို့ ပန်ကလန်း ဘာတုလို့ ခေါ်တဲ့ ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ ကလန်းမြစ်ကို ဆက်တက် ကြတော့ ကလန်းနဲ့ ဂုန်ဘန် မြစ်ဆုံ ကို ရောက်တော့ ဆက်တက်ဖို့ရာ ရေတိမ်နေ တာတွေ့ရ ပါတယ်။ ဒါနဲ့နားပြီး သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သုံဖြူတွေ့ပါတယ်။ အဲဒီမြစ်ဆုံကတော့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ ပြီးတရုတ် ကုန်သည်တွေ အခြေစချ ရာက နေစပါတယ်။ အစမှာ ရွှံ့ညွန်ထူထပ်နေတဲ့ ရွာငယ်လေး တခုပါ။ ဒါကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ( Kuala lumpur ) လို့အမည်ပေးခဲ့တာပါ။


၁၈၆၀မှာတော့ သံဖြူဈေးကောင်းလာတာနဲ့ အတူ ကွာလာလမ်ပူလဲ ရွာကြီးတရွာ ဖြစ်လာခဲ့ပီး တရုတ်တွေလဲ ထောင်နဲ့ ချီပီးရောက်ရှိ လာခဲ့ပါတယ်။ မလေး လူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်တွေက ဘဲ ကြီးစိုးထားခဲ့ပါတယ်။ နောက်တော့ သတ္တုတွင်း သမား၊ ကုန်သည် တွေ ဈေးရောင်းသူတွေ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါတယ်။ ကွာလာလမ်ပူဟာ ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိတော့ အဲဒီပြည်နယ်ကို အုပ်ချုပ်တဲ့ မလေးဘုရင်က ကွာလာလမ်ပူ အုပ်ချူပ်ရေးကို တရုတ် အကြီးအကဲတွေနဲ့ လွှဲထား ပြီး အခွန်လောက်ဘဲ ကောက်ခဲ့ ပါတယ်။ အဲဒီအကြီးအကဲတွေထဲက ၁၈၆၈ ကနေ ၁၈၈၅ ထိအုပ်ချုပ်ခဲ့တဲ့ တရုတ်ကြီး ယက်(ပ)အလွိုင် က ကွာလာလမ်ပူ ကိုမြို့ကြီးတမြို့ဖြစ်အောင် ထူထောင်ခဲ့ သူတဦး ဖြစ်ပါတယ်။ ၁၈၆၇ မှာတော့ အခွန်ငွေ အကြီးအကျယ်ရနေတဲ့ အဲဒီ ကွာလာလမ်ပူကို မလေးဘုရင်တွေ အချင်းချင်း လုရာက စစ်ဖြစ်ခဲ့ ပါတယ်။ အဲဒီစစ်ပွဲ မှာ ယက်(ပ)အလွိုင် က ဆီ လန်ဂေါဘုရင်ခံ တဲန်ကူးကူးဒင် ကိုထောက်ခံခဲ့သော်လဲ ၁၈၇၂ စစ်အပြီးမှာ အရေးနိမ့်သွားတဲ့ အတွက် ကွာလာလမ်ပူဟာ ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။
ဒါပေမယ့် ၁၈၇၃ မှာ စစ်ရှုံးဘုရင်ခံ တဲန်ကူးကူဒင် က ပါဟမ်းစူလတန် ရဲ့အကူအညီနဲ့ပြန်လည် သိမ်းပိုက် ပြီး ယက်(ပ)အလွိုင် ကိုပြန်လည် အုပ်ချုပ်စေခဲ့ ပါတယ်။ ပြာပုံ ဖြစ်နေတဲ့ ကွာလာလမ်ပူက နေထွက်ပြေးတော့မယ့် တရုတ်တွေကို ပြန်လည် စည်းရုံးပြီး မြို့ကို ပြန်လည် ထူထောင်ခဲ့ ပါတယ်။ နောက် ငါးနှစ် အကြာမှာတော့ သံဖြူဈေးတွေ တက်လာခဲ့ပြီး ကွာလာလမ်ပူ ဟာ အရင်လို ပြန်လည်စည်ကား လာခဲ့ပါတယ်။ ၁၈၇၉ မှာ ပထမဆုံး အင်္ဂလိပ် သံအဖွဲ့ အခြေချ ခဲ့ရာက နေ ၁၈၈၀ မှာ ဆီလန်ဂေါပြည်နယ်ရဲ့ မြို့တော် ဖြစ် လာခဲ့ပါတယ်။

ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။
အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာပြီး၊ ၁၉၇၄ မှာတော့ ဆီလန်ဂေါမှ ခွဲထွက်ကာ ဖက

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice