အ၀င်နေရာလေးပါ
အဲဒါ ပိုင်းရိတ် လှေဘဲ
နေလဲပူဘဲနဲ့

ဒီတခါ သွားစရာတခုကတော့ Sunway Lagoon လို့ခေါ်တဲ့ အပန်းဖြေ စခန်းတခုပါ။ KL နဲ့ မလှမ်းမကမ်းမှာရှိပြီး၊ မြို့လည်ခေါင်က နေကားစီးရင် ၁နာရီလောက်စီးရပါတယ်။ ကားငှားသွားမယ် ဆို ရင်တော့ ၃၀ လောက်ပေးရပါတယ်။ အဲဒီမှာ waters of aferica, wild wild west, world of adventure, vudoo adventure river, kalahari kids,pirate's revenge, surf beach, morphis, wild life interatvice zoo, extreme park ဆိုတဲ့ သွားစရာ လာစရာ၊ လည်စရာ ပတ်စရာ ပျော်စရာတွေရှိပါတယ်။ ၀င်ကြေးကတော့ပန်းခြံနေရာ အားလုံးဝင်ရင် လူကြီးတယောက် ၆၅ ကျပ်ပါ။ ကလေးဆိုရင် တော့ ၅၀ ပါ ။ အ သက် ၅၀ သူ့နိုင်ငံသား တိုရင်တော့ ကလေးဈေးနှုန်း ပေးယုံပါဘဲ။ အင်္ဂါနေ့တိုင်း ပိတ်ပါတယ်။ ကမ္ဘာ့ အရှည်ဆုံး လူကူး ကြိုးတံတား ရှိပါတယ်။ ရေကူးမလား၊ ပိရမစ် ပုံ ဆောက် အအုံထဲမှာ ဈေးဝယ်မလား။ စားစရာတွေကလဲ နေရာတကာမှာပေါ။ တခုတော့ရှိတယ် နေပူတယ်။ ရန်ကုန် က zoo လောက် မစုံဘူး။ တရုတ်မလေးတွေ များတယ်။ ရေကူး ရင်တော့ မိုက်တယ်ဗျာ။ ပင်လယ်ပုံ စံအတုလုပ်ထားတဲ့ ကမ်းခြေအတုမှာ နေပူစာ လှုံတဲ့ အနောက်တိုင်း မမတွေလဲ ရှိပါ့။ မနက် ၁၀ နာရီ ၁၁ နာရီလောက် ကနေ ညနေ ၆ နာရီထိ လည်ပေ တော့ဗျာ။ သူ့မှာ အဓိက ကတော့ ရေကူး စရာတွေကို ကြံဖန်လုပ်ထားတယ်။ ကြည့် ကောင်းအောင် ပြင်ဆင်ထားတယ်။ ကလေးလူကြီး အဆင်ပြေအောင် တည်ဆောက်ထားလေ တော့ နီးနီး နားနား သူကသွားစရာ ကောင်းတာပေါ့။ ဘန်ကောက်၊ နဲ့တခြား မြို့တွေမှာလဲ ဖွင့်ထားတယ် ကြားတယ်။ သူ့လိပ်စာကတော့။ Sunway Lagoon, Bander Sunway 46150 Petaling Jaya, Selangor Darul Ehsan Malaysia. ပါ၊ web address ကတော့ www.sunway.com.my/lagoon မှာ မရောက်ခင်လေ့လာနိုင်ပါတယ်။

ပင်လယ်တုပါ
ဗူဒူး အဗန်းချား မြစ်ပါ
ကြိုးတံတား
ပင်လယ်တုလေ
ဒါစီးရင် မူးတယ်
ဘရစ်တနီရဲ့ ကျွန်တော်ကြိုက်ခဲ့တဲ့ သူချင်းလေးတွေပါ။












ကေအယ် လို့ခေါ်တဲ့ ကွာလာလမ်ပူ မြို့ဟာ ဘာမှ သမိုင်းကြောင်းကြီး ကြီးမားမား မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ရောက်လာတဲ့ တရုတ်မိုင်းတူး သမားတွေက သံဖြူရှာဖို့ ပန်ကလန်း ဘာတုလို့ ခေါ်တဲ့ ပို့ကလန်း ဆိပ်ကမ်းကို ရောက်လာတာကနေ ကလန်းမြစ်ကို ဆက်တက် ကြတော့ ကလန်းနဲ့ ဂုန်ဘန် မြစ်ဆုံ ကို ရောက်တော့ ဆက်တက်ဖို့ရာ ရေတိမ်နေ တာတွေ့ရ ပါတယ်။ ဒါနဲ့နားပြီး သံဖြူရှာကြရာမှာ အမ်ပန်းဒေသမှာ သုံဖြူတွေ့ပါတယ်။ အဲဒီမြစ်ဆုံကတော့ ကုန်စည်တွေ ကူးသန်းရောင်းဝယ်ရာ နေရာဖြစ်လာခဲ့ ပြီးတရုတ် ကုန်သည်တွေ အခြေစချ ရာက နေစပါတယ်။ အစမှာ ရွှံ့ညွန်ထူထပ်နေတဲ့ ရွာငယ်လေး တခုပါ။ ဒါကြောင့် မလေးလို ရွှံ့ညွန်မြစ်ဆုံ ( Kuala lumpur ) လို့အမည်ပေးခဲ့တာပါ။


၁၈၆၀မှာတော့ သံဖြူဈေးကောင်းလာတာနဲ့ အတူ ကွာလာလမ်ပူလဲ ရွာကြီးတရွာ ဖြစ်လာခဲ့ပီး တရုတ်တွေလဲ ထောင်နဲ့ ချီပီးရောက်ရှိ လာခဲ့ပါတယ်။ မလေး လူမျိုးက လူနည်းစုသာ ရှိပြီး တရုတ်တွေက ဘဲ ကြီးစိုးထားခဲ့ပါတယ်။ နောက်တော့ သတ္တုတွင်း သမား၊ ကုန်သည် တွေ ဈေးရောင်းသူတွေ စည်ကားလာပြီး ပြည့်တန်စာ အိမ်တွေ၊ လောင်းကစားရုံတွေ၊ ဒုစရိုက်ဂိုဏ်းတွေ ပြည့်လာခဲ့ ပါတယ်။ ကွာလာလမ်ပူဟာ ဆီလန်ဂေါ ပြည်နယ်ထဲမှာ ရှိတော့ အဲဒီပြည်နယ်ကို အုပ်ချုပ်တဲ့ မလေးဘုရင်က ကွာလာလမ်ပူ အုပ်ချူပ်ရေးကို တရုတ် အကြီးအကဲတွေနဲ့ လွှဲထား ပြီး အခွန်လောက်ဘဲ ကောက်ခဲ့ ပါတယ်။ အဲဒီအကြီးအကဲတွေထဲက ၁၈၆၈ ကနေ ၁၈၈၅ ထိအုပ်ချုပ်ခဲ့တဲ့ တရုတ်ကြီး ယက်(ပ)အလွိုင် က ကွာလာလမ်ပူ ကိုမြို့ကြီးတမြို့ဖြစ်အောင် ထူထောင်ခဲ့ သူတဦး ဖြစ်ပါတယ်။ ၁၈၆၇ မှာတော့ အခွန်ငွေ အကြီးအကျယ်ရနေတဲ့ အဲဒီ ကွာလာလမ်ပူကို မလေးဘုရင်တွေ အချင်းချင်း လုရာက စစ်ဖြစ်ခဲ့ ပါတယ်။ အဲဒီစစ်ပွဲ မှာ ယက်(ပ)အလွိုင် က ဆီ လန်ဂေါဘုရင်ခံ တဲန်ကူးကူးဒင် ကိုထောက်ခံခဲ့သော်လဲ ၁၈၇၂ စစ်အပြီးမှာ အရေးနိမ့်သွားတဲ့ အတွက် ကွာလာလမ်ပူဟာ ပြာပုံအတိဖြစ်သွားခဲ့ရပါတယ်။
ဒါပေမယ့် ၁၈၇၃ မှာ စစ်ရှုံးဘုရင်ခံ တဲန်ကူးကူဒင် က ပါဟမ်းစူလတန် ရဲ့အကူအညီနဲ့ပြန်လည် သိမ်းပိုက် ပြီး ယက်(ပ)အလွိုင် ကိုပြန်လည် အုပ်ချုပ်စေခဲ့ ပါတယ်။ ပြာပုံ ဖြစ်နေတဲ့ ကွာလာလမ်ပူက နေထွက်ပြေးတော့မယ့် တရုတ်တွေကို ပြန်လည် စည်းရုံးပြီး မြို့ကို ပြန်လည် ထူထောင်ခဲ့ ပါတယ်။ နောက် ငါးနှစ် အကြာမှာတော့ သံဖြူဈေးတွေ တက်လာခဲ့ပြီး ကွာလာလမ်ပူ ဟာ အရင်လို ပြန်လည်စည်ကား လာခဲ့ပါတယ်။ ၁၈၇၉ မှာ ပထမဆုံး အင်္ဂလိပ် သံအဖွဲ့ အခြေချ ခဲ့ရာက နေ ၁၈၈၀ မှာ ဆီလန်ဂေါပြည်နယ်ရဲ့ မြို့တော် ဖြစ် လာခဲ့ပါတယ်။

ကွာလာလမ်ပူကို တိုးတက်စေခဲ့တဲ့နောက်တဦး ကတော့ အင်္ဂလိပ်လူမျိုး ဖရန့်ဆွပ်တင်းဟန်း ( Frank Swettenham ) ဖြစ်ပါတယ်။ တဲတွေက နေတိုက်တာ အဆောက်အဦးတွေနဲ့ အစား ထိုးပေး ခဲ့ပြီး ကလန်း- ကွာလာလမ်ပူ ရထားလမ်းကိုဆောက်လုပ်စေခြင်း ဖြင့်ရေကြောင်းသွားလာမှုကို အဓိကထားနေတာ ကိုရှော့ချပေးကာ ဆက်သွယ်ရေးကောင်းမွန်စေခဲ့ ပါတယ်။
အခု KL လို့ မလေးတွေ ချစ်စနိုးခေါ်နေတဲ့ ကွာလာလမ်ပူဟာ ၁၈၉၆ မှ မလေးပြည်ထောင်စုရဲ့ မြို့တော်ဖြစ်လာခဲ့ ပြီး၊ ကမ္ဘာစစ် နှစ်ကြိမ်ရဲ့ ရန်ကလဲ လွတ်ခဲ့ ပါတယ်။ ၁၉၅၇ မှာမလေး ပြည်ထောင်စုရဲ့ အဓိကမြို့တော်အဆင့် ရခဲ့ကာ ၁၉၆၃ မှာတော့ လွတ်လပ်သော မလေးရှားပြည်ထောင်စုရဲ့ မြို့တော် ဖြစ်လာပြီး၊ ၁၉၇၄ မှာတော့ ဆီလန်ဂေါမှ ခွဲထွက်ကာ ဖက်ဒရယ် နယ်မြေ အဖြစ် သီးခြားရပ်တည်ခဲ့ကာ အခုဆို ညမအိပ်တဲ့ ကမ္ဘာ့ မြို့တော်တွေထဲ တခုအပါ အ၀င်ဖြစ်နေပါပြီ။










မနေ့က မနက် ၅ နာရီခန့်ကစလို့ Jalan Ampang လမ်းပေါ်မှာ ဟင်ဒူ လူ့အခွင့်အရေးလှုပ်ရှား သူတွေနဲ့ ရဲတပ် ဖွဲ့တို့ တွေ့ဆုံရာမှာ အခွင့်အရေးလှုပ်ရှား သူတို့ အကြမ်းဖက် နှိမ်နင်းခံ ခဲ့ရပါတယ်။ လူစုကို ဖြိုခွင်းရာမှာ မျက်ရည် ယိုဗုံးတွေသုံး ခဲ့တဲ့ အပြင် ဓာတုဆေးရေတွေပါဝင်တဲ့ မီးသတ်ကားတွေနဲ့ ပတ်ဖြန်းလူစု ခွဲခဲ့ပါတယ်။ ဒါကြောင့် အရေပြားနဲ့ မျက်လုံးတွေမှာ ထိခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းများက ပြောပါတယ်။ လူပေါင်း ၁၃၆ ယောက် အထိမ်းသိမ်း ခံခဲ့ရပြီး ၂၄ နာရီ အတွင်း ၁၀၅ ယောက်ကို ပြန်လွှတ် လိုက်ပြီလို့ သတင်းစာများ ကရေးသားထားပါတယ်။ ရဲတပ်ဖွဲ့မှ အရာရှိတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ရဲကားတချို့လဲ ပျက်စီးသွား ပါတယ်။ ဒီဆန္ဒပြပွဲ ဟာ မလေးအစိုးရနဲ့ ဟင်ဒူ လူမျိုးတွေကြား မှာ မလေးလူမျိုးများက ဟင်ဒူတွေကို တန်းတူ အခွင့် အရေး မပေးတာကြောင့် အခုလို ပြသနာဖြစ်ပွားလာခြင်း ဖြစ်ပါတယ်။ ဟင်ဒူ ခေါင်းဆောင်များနှင့် Hindref လို့ခေါ်တဲ့ ဟင်ဒူ အခွင့်အရေးလှုပ်ရှား မှုအဖွဲ့ဟာ အင်္ဂလန်အစိုးရကို အပြစ်တင်ထားပါတယ်။ လွန်ခဲ့တဲ့ ကိုလိုနီ ခေတ်က မလေးကို ဟင်ဒူအမျိုးသားများကို ခေါ်ဆောင်ခဲ့တဲ့ အင်္ဂလန် အစိုးရကြောင့် အခုလို သူတို့တွေ ဂုတ်သွေး စုတ်ခံနေရတာလို့ ဆိုပြီး နစ်နာကြေး အဖြစ် ဒေါ်လာ ၃၈ ထရီလီယံတောင်း ဆိုထားပါတယ်။ မနေ့က အင်္ဂလန် သံရုံးရှေ့ကိုသွားရာ အနီးရှိ Ampang Park မှာပြသနာဖြစ်ကြပါတယ်။ အဲဒီမတိုင်ခင် Batu caves လို့ ခေါ်တဲ့ ဟင်ဒူ အထင်ကရ ဘုရားကျောင်းမှာ ည ၂ နာရီလောက်ထဲက အထိကရုဏ်တွေဖြစ် ပွားနေခဲ့ပြီး ဒီသမိုင်းဝင် ဘုရားကျောင်းမှာ အပျက် အစီး အနဲငယ်ရှိတယ်လို့ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ ၀န်ကြီး ချုပ် ဗာဒါဝီ က ပြော ဆိုရာမှာ သူတို့ဟာ ဥပဒေကို ချိုးဖောက်တာပါ။ ဒီလို ပြသနာကို တင်ပြဖို့ရာ ဒီလို လမ်း ပေါ်မှာ လူစုဖို့မလိုဘူးဟု ပြောကာ၊ နှိမ်နင်းမှုနှင့် ပတ်သတ်ပြီး ဒီလိုမှ မလုပ်ရင် ပြည်သူတွေက ကျွန်တော့် ကို ပြော ကြလိမ့်မယ် ဟုလဲ ဒုတိယ ၀န်ကြီးချုပ်က ပြောပါတယ်။ တကယ်တော့ လက် ရှိ မလေး အစိုးရဟာ လူကြိုက်နဲ နေကာ ဒီလစောစော ပိုင်းကဘဲ တရုတ်အမျိုးသားများနှင့် မလေးလူမျိုးများရဲ့ ကန့်ကွက်မှုကို ခံခဲ့ ရပြီး ဖြစ်ပါတယ်။ လက်ရှိ ကွာလာလမ်ပူ အခြေအနေဟာ လုံခြုံရေး တိုးမြှင့်ထားပါတယ်။
များ မျှော်လင့် နေတဲ့ ကျွန်တော်များ ဘလောက်တိုင်း ဂျာနယ် ရှော်ကြီးဟာ အခုဆို အယ်ဒီရှော်မောင် ပွတ်ကြိုးပမ်း မှုနှင့် စာဖတ်သူများ လက်ကို အရောက် ပို့နိုင် ခဲ့ ပါ ပြီ။ စလုံးမှ ၀ိုင်းဝန်းကူ ညီကြတဲ့ ဟိုလိုလူအား အထူးကျေးဇူးတင်ပါတယ်။ သတင်းနှင့် မဟုတ် မဟတ်များ ပံ့ပိုးပေးတဲ့ သူငယ်ချင်းများ၊ မအားတဲ့ကြား ကကျွန်တော် ဂျီကျတိုင်း ဂျာနယ် ကိုအကောင်းဆုံး ဖြစ်စေတတ်တဲ့ မောင်ပွတ်၊ ဘာမှ မယ်မယ်ရရ မလုပ်ဘဲ ဂျာနယ် ထွက်မှ စာလေးရေးတဲ့ ကျွန်တော်နှင့် အားပေးတဲ့ သူငယ်ချင်းများ အား ကျေးဇူးတင်ပါတယ်။
အခုအပတ်မှာ သတင်းမပါလိုက်သူများ နောက် အပတ်မှာ ပါအောင် ကိုယ့်သတင်း၊ သူ့ အတင်းများ ကိုလဲ ပို့ကြပါလို့။

ဂျာနယ်ရှော် ပွတ်အန်ဂေါက် သတင်းထာဏ
ဘလောက်တိုင်း ရုံးချုပ်
ဒူဘိုင်း (အပူလှိုင်း )

Type the rest of your post here.
တွေ့လား
အဲဒီဟာ time square
လျောက်စမ်း ညောင်းသလောက်
ကစားကွင်း
အတွင်းဘက်က ဈေးဆိုင်တွေ
Roller coaster
Time square
ဓါတ်လှေခါး ရှိတဲ့နေရာ
ဒီလို အရှည်ကြီး
ဒါလဲ KL mall ဘဲ
ရေပန်း ရှိတဲ့ နေရာ
night seen
KL mall
ညအလှနဲ့ KLCC
တွေ့လား ပြောင်ပြောင်လေး
အပြင်က နေကြည့်
ဒီနေ့တော့ ကျွန်တော် လည်လည် သွားတဲ့ နေရာတချို့ ကို ပြောပြပါမယ်။ ပထမဆုံး Time square ပါ။ KLCC , KL tower တို့နဲ့ မနီးမဝေး မှာရှိတဲ့ shopping center တစ်ခုပါ။ အထပ်ပေါင်း များစွာ ရှိပြီး ဈေးဆိုင်တွေ၊ ကစားကွင်းတွေ၊ ရုပ်ရှင်ရုံတွေ နဲ့ လိုတာမှန်သမျှ ရတဲ့ နေရာတွေ ပါ တည်ဆောက်ထားပါတယ်။ (လိုတာမှန်သမျှနော်) ဟဲ ဟဲ။ ကမ္ဘာ့ အကြီးဆုံး 3D ရုပ်ရှင်ရုံဟာ အဲ့ဒီ နေရာရဲ့ ၁၀ ထပ်မှာ ရှိပါတယ်။ ၀င်ကြေးက တယောက် ၁၅ Rm ပါ။ ၃ ထပ်မှာ တော့ ရုပ်ရှင်ရုံ ရှိပါတယ်၊ သူလဲ ၁၅ Rm ပါဘဲ၊ ၆ ထပ်မှာတော့ ရုံတွင်း Roller coaster ရှိတဲ့ ကစားကွင်း ပါ ရှိပြီး ၀င်ကြေး 30 Rm ပါ။ ကြိုက်တာ စီးလို့ရပါတယ်။ ဈေးဆိုင်တွေဟာ အထပ်တိုင်းမှာ ရှိပြီး၊ အနှိပ်ခန်းတွေလဲ ရှိပါတယ်။ ငွေလဲ ကောင်တာတွေ အလိုလျောက် ငွေထုတ် စက်တွေ နေရာ တိုင်း မှာတွေ့ နိုင်ပါတယ်။ လက်ရှိ မိန်းကလေးတွေ ရဲ့ စတိုင်ကတော့ ပန့်အထာလေးတွေကို ဂျပန်မလေးတွေ့ ပုံ အတိုင်း တရုတ်မလေးတွေ ၀တ်တာတွေ့ရပါတယ်။ စကတ် တွေဘောင်းဘီ တွေဆိုတာ တိုသမှ တိုဗျာ။ သူတို့ဝတ်တဲ့ ပုံကောင်းတယ်၊ အိုက်တာကိုး၊ ပူကပူနဲ့ သူတို့ဝတ်တာ အတောဘဲ။ မလေး မလေးတွေသာ သနားစရာဗျာ။ အိုက်ရတဲ့ အထဲ ခေါင်းစွတ်နဲ့ ၊လက်ရှည် ဘောင်းဘီရှည်တွေနဲ့၊ ဘာဘဲဖြစ်ဖြစ် ကြည့်လို့ကောင်းပါ့ဗျာ။ အဲဒီ Time square ဟာ အမ်ဘီး ဘူတာမှာရှိပါတယ်။ မိုနိုရေးစီးလို့ရပါတယ်၊ rapid KL စီးလဲရပါတယ်။ သူနဲ့ မလှန်းမကမ်းမှာ KLCC လို့ခေါ်တဲ့ Twin tower ရှိပါတယ်။ အဲဒီအောက်မှာလဲ shopping mall ရှိပါတယ် ။ နှစ်နေရာလုံးမှာ လူစီကားပါတယ်။ ရန်ကုန်မှာ ရနိုင်တဲ့ ပစ္စည်းတွေရနိုင်သလို မရနိုင်တဲ့ တံဆိပ် ကောင်းကောင်း ပစ္စည်းတွေလဲရှိပါတယ်။ ပိုဝယ်လို့ကောင်းတာ ကတော့ Time square ပါ။ အမြဲတမ်း လျော့ဈေး ဆိုင်တွေတွေ့ နိုင်သလို၊ မိန်းကလေး ပစ္စည်းတွေ တံဆိပ် အသစ်နဲ့ ကောင်း ကောင်းလေးတွေ ဈေးသက်သက် သာသာ နဲ့ ၀ယ်နိုင်ပါတယ် KLCC မှာ ၄၀ ရောင်းတဲ့ လက်ဆောင် Twin tower လေးတစ်ခုဟာ TS မှာ ၁၂ ကျပ်နဲ့ ရနိုင်ပါတယ်။ KLCC ကတော့ Putra LRT စီးရင် KLCC ဘူတာမှာ ပါ။ Monorail မရောက်ပါဘူး၊ TS ကနေ လမ်းလျောက်သွားလဲ ရပါတယ်။ နောက်နေ့တော့ တရုတ်တန်းနဲ့ တခြားနေရာတွေ ရေးပါမယ်။ အော် KLCC က အဝေးကနေ ကြည့်ရင် ပြောင်လက်နေအောင် စတီးတွေနဲ့ ဆင်ထားသလို နောက်ဘက်မှာတော့ ရေပန်း ကတဲ့ နေရာလေးရှိပါတယ်။ အပေါ်မှာ မုန့်စားရင်းကြည့်ရင် မိုက်မှ မိုက်ဘဲ။

Type the rest of your post here.


စိတ်ဓါတ်တွေ ထွက်ပေါက်မရှိ ဘူးဆို
ဘယ်နေရာက ၀င်လာခဲ့လဲ။
ဖွင့်ဟ ဖို့တခါးတချပ် ကိုလိုက်ရှာ၊
လိုက်ကာ ပါးပါးအောက်မှာ နံရံဘဲတွေ့တယ်။
ခြောက်ဘက် ခြောက်တန် အခန်းထဲမှာ။

အစိုင် အခဲလိုက် ပစ်ပေါက်၊
လုံးလုံး ကြေမွမသွားတောင်၊
ငါ့ဝိညာဉ် ပေါ်ခါချခဲ့တဲ့ သဲမှုန်တွေ၊
ကုဋ္ဌေ နဲ့ချီ။

ရင်ထဲက စီးထွက်
ငါ့လက်နဲ့ငါရေး
စိတ်ထဲရှိ သမျှဖြေချ
ဟော -- ဒီမှာ ကျောက်ပြားတစ်ချပ်
ထွက် ကျလာခဲ့ပြီ။


Type the rest of your post here.



ဆက်သွယ်ရေးကတော့ ဗျာ အများသုံးတယ်လီဖုံး ရုံကလေးတွေဟာ နေရာတိုင်းမှာ ရှိပါတယ်။ ကားဂိတ်၊ ဘူတာ၊ လမ်းဆုံလမ်းဂွ တွေမှာ အများအပြားတွေ့နိုင်ပါတယ်။ ကတ်ဖုံး၊ အကြွေစေ့ စတာ တွေနဲ့ သုံးနေပါတယ်။ တခါတော့ ကွန်ပျူတာ ပစ္စည်းတွေနဲ့ အီလက်ထွန်းနစ် ပစ္စည်းတွေအဓိက ထားရောင်းတဲ့ လောရန့်ပလာဇာ၊ (low yat Plaza) မှာတော့ Touch screen နဲ့ အကြွေ စေ့ဖုံးတွေ ကိုတွေ့ရပါတယ်။ အသုံးပြုရတာလဲ လွယ်ပါတယ်။ ကျွန်တော်တွေ့ရသလောက် GSM လုပ်ငန်းတွေကတော့ DIGI, Masis, Celcom နဲ့ machestrade ဆိုပြီးတွေ့ပါတယ် ၊ အပြိုင် အဆိုင်နဲ့ သူတို့ပစ္စည်းတွေကို အသုံးပြုသူများအောင် ကြော်ငြာ ကြပါတယ်။ ဈေးကတော့ ဟဲ ဟဲ 8.50 Rm ပါ ၊ ဒါတောင် ၁၅ မိနစ်ပြောခပါပြီးသားပါ။ ကျွန်တော်ပြောတာ နံပါတ်ဝယ်တာနော်၊ မြန်မာငွေနဲ့ဆို ၄၀၀၀ ကျော်လောက်ပဲကျပါတယ် ၊ GSM မှာအရေးကြီးတဲ့ SIM card ကိုပြောတာပါ၊ ကြိုက်တဲ့ နံပါတ်ရွေးယူ နာရီဝက်ကြာရင် စသုံးလို့ရပါပြီ။ မြန်မာပြည်မှာတော့ သိန်း အစိတ် (၂၅- သိန်း) လောက်တန်တဲ့ sim card ဟာ ဒီမှာတော့ မြန်မာငွေ ၄၀၀၀ ကျော်နဲ့ အလွယ် တကူရရှိနိုင်ပါတယ်။ ဒီဈေးနဲ့ ရန်ကုန်မှာရောင်းလို့ ကတော့ တယောက်ကို ၁၀ လုံးထက်မနဲ ၀ယ် ကိုင်မယ်ထင်တယ်။ တခုက တော့ဖုံးဆက်ခကို လခြင်းရှင်း လို့ရသလို ၊ လိုလောက်ဘဲ ၀ယ်သုံးလို့ရပါတယ်။ ကျွန်တော့် အထင်ဈေးကြီးပါတယ်၊ ကျွန်တော်တောင် တလ မပြည့်ခင် ၁၆၀ ကျော်ဖိုးသုံး မိသွားလို့ SMS 50 free ရလိုက်ပါတယ်။ မြန်မာ ပြည်ဆက်တာလဲ ပါမှာပေါ့လေ။ ဘာဘဲဖြစ်ဖြစ် လူတိုင်း ဖုံးကိုင်နိုင်တဲ့ အတွက် ဆက်သွယ်ရေးကောင်းမွန်သွားသလို အလုပ် အကိုင် အခွင့်အရးတွေ အချိန်နဲ့ အမျှအလျှင်မပြတ် ဆောင်ရွက်နိုင်ပါတယ်။ Handset တွေကလဲ စေချာစစ်စစ် ပေါက်ပေါက် ကြည့်ရင် ရန်ကုန်ထက်ဈေးမြောက်ပါတယ်။ အသစ်ဆိုရင် ပေါ့လေ။ နဲနဲ မော်ဒယ် အောက်သွားရင်လဲ ရန်ကုန်ထက် နဲနဲ ဘဲ သက်သာပါတယ်။ ဒီလောက် ပေါပေါ ကိုင်လို့ရတဲ့ GSM တွေရှိနေတာတောင် လူတိုင်း မကိုင်ကြတာ အံ့ပါရဲ့ဗျာ။ နောက်တခုရှိသေးတယ် ၀န်ဆောင် ခနဲနဲ ထပ်ပေးရင် အင်တာနက်လေးသုံး၊ အီးမေးစစ်၊လို့ရသလို 3G funcation တွေဖြစ်တဲ့ video ဖုံးပါပြောလို့ရပါတယ်။ အင်တာနက် ၀န်ဆောင်မှုတွေကိုပါ ၄င်း company တွေက တွဲကိုင်ထားသလို broadband internet အတွက်တပ်ဆင်ခ ၃၀၀ RM လစဉ်ကြေး ၆၀ ၊ ၇၀ လောက်ဆို ကောင်းကောင်း နေရာတကာမှာ သုံးလို့ရနိုင်ပါတယ်။ နောက်ရက်တွေ အသေးစိတ် တင်ပြပါဦးမယ်နော်။
Monorail ဘူတာ(kl sentral)
လေဆိပ်

ကားထဲမှာ
rapid KL အကြောင်းပြောပါမယ်။ ဒီမှာ တော့ပေါ်တာမကြာသေးဘူးပြောကြပါတယ်။ သူက အစိုးရပိုင်မဟုတ်ပေမယ့် ရထားရော၊ ကားရော၊ LRT လို့ခေါ်တဲ့ရထား တွေကိုပါပိုင်ဆိုင်တဲ့ လုပ်ငန်းကြီးတခုဖြစ်ပါတယ်။ rapid KL စီးရင် တယောက် ရင်းဂစ် ၂ ကျပ်ပါ။ တနေကုန်စီးလို့ရပါတယ်။
၁ ကျပ်တန်လဲ ရှိပါတယ်။ တနေကုန်မှာတောင် သူနဲ့လားရာတူ ကားတွေ(နံပါတ်တူစရာမလို) ကိုအသွားအပြန် စီးနိုင်ပါတယ်။ မြို့တွင်းမှာ မကဘဲ နယ်ထွက်တဲ့ ကားတွေလဲရှိပါတယ်။ ဈေးအမျိုးမျိုးသတ် မှတ်ထားတဲ့ တနေ့စာ၊ တလစာ လတ်မှတ်တွေဝယ်ထားနိုင်ပါတယ်။ ဒါဆို rapid KL ရော၊ monorail ရော၊ LRT ရော စီးနိုင်ပြီးနေ့တိုင်းစီးသူတွေနဲ့ တနေ့တာအပျော်ခရီးထွက်သူတွေအတွက် ဈေးသက်သာတာတွေ့ရပါတယ်။ ကျွန်တော်ရောက်ခါစက အသွားအပြန်စီးလို့ရတာသိပေမယ့် နံပါတ် မတူရင် လတ်မှတ်ထပ်ဝယ်၊ monorail အသွားအပြန်လေး ခေါက်လောက်စီး၊ မသိတော့ရင်ကား ငှားနဲ့ အတော်ကုန်ပါတယ်။ နောက်တော့ သိသွားပြီး ၂ ကျပ်ပေးပြီး မြို့ပတ်တော့တာဘဲ ဗျို့။ monorail ကတော့ လတ်မှတ်ခဟာ သွားတဲ့ ဘူတာပေါ်မူတည်တဲ့ဈေးပါ၊ ဒါပေမယ့်အစအဆုံးစီးရင် ၃ကျပ်ပါဘဲ။


သူကတော့ ခရီးတိုလေးဖြစ်တဲ့ မြို့ထဲပိုင်းကို လွန်းပြန်ဆွဲနေတာဖြစ်ပါတယ်၊ လမ်းတွေကို ကားလမ်းမပေါ်တွေမှာ ဖောက်ထားပြီး ကွန်ကရစ် တလမ်းသွားပေါ်ခွထားတဲ့ အတွင်းတာယာ ဘီးလှိမ့် လျှပ်စစ်ရထား အသေးလေးတွေဖြစ်ပါတယ်။ Monorail စီးရတာ ရှုခင်းကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် ညနေဆိုအရမ်း လူများပါတယ်။ ရန်ကုန်လို ကြပ်ညပ် နေတဲ့ rapid Kl ကားတွေကို ညနေဆို အလွမ်းပြေ မြင်နိုင်ပါတယ်။ တနေရာက နေတနေရာသွားရတာ အလွန် အလှမ်း ဝေးတယ် ထင်ရပေနယ့် လမ်းပန်းဆက်သွယ်ရေး ကိုအတော် အဆင်ပြေအောင် ပြုလုပ်ထာူပြီး၊ ၂၄ နာရီလုံး သွား လာ လှုပ်ရှားနေတာ တွေ့နိုင်ပါတယ်။ ကားလမ်းမကြီးတွေမှာ မောင်းတဲ့ ကားတွေဟာ တနာရီ ကီလို ၆၀ အတက် မှာအမြဲ ရှိနေတတ်ပါတယ်။ တိုက်မိလို့ ကတော့ အတွဲလိုက်တွေပါဘဲ၊ ဆိုင်ကယ်စီးနင်းမှု အများအပြား တွေ့ရပြီး လူတိုင်းဟာ ဆိုင်ကယ်တစီး ကို အလွယ်တကူဝယ် ယူနိုင်ပါတယ်။ ဆိုင်ကယ်တစီး ကို မလေးငွေ ၁၀၀၀ ကျော်လောက်ဆို စီးလို့ရပါတယ်။ ဒီထက်ဈေးကြီးတာတွေလဲ ရှိတာပေါ့လေ။ ဆိုင်ကယ် စီးတဲ့သူတွေက အရမ်း အရမ်းမောင်းလွန်းလို့ လမ်းကူးရင် မနဲသတိထားရပါတယ်။ သူတို့အသုံးပြုတဲ့ လမ်းစနစ်က ဘယ်မောင်း ဆိုတော့ ကျွန်တော်တို့လိုညာဘက် ကပ်မောင်းသုံးတဲ့ နိုင်ငံတွေက လာသူတွေအဖို့ အတော် သတိထားရပါတယ်။ ဆိုင်ကယ် သီးသန့်မောင်းတဲ့ လမ်းတွေကို တချို့ အဝေးပြေးလမ်းတွေမှာ တွေ့ရပါတယ်။ လမ်းတွေ ၊ ဂုံးကျော် တံတားတွေ တည်ဆောက်ထားတဲ့ပုံဟာ အလွန်လှသလို လမ်းမှားသွားရင်လဲ ပြန်လှည့်ရ အတော်ခက်ပါတယ်။ တိုးဂိတ်လို့ ခေါ်တဲ့ လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်တွေဟာ အဝေးပြေး လမ်းမကြီး တိုင်းမှာ ရှိတာ လုတိုင်းသိပါတယ်နော်။ ကျွန်တော်ပြောပြချင်တာ သူတို့ဆီက ငွေလက်ငင်း ပေး ကောင်တာ၊ လပေးကတ်ဖြတ် ကောင်တာ။ နောက်ဆုံးတခုက ဘာမှ ပြစရာမလိုဘဲ အလိုလျောက် ဂိတ်ဖွင့်ပေးနိုင် အောင် လုပ်ထားတဲ့ ကောင်တာရယ် သုံးခုရှိတယ်ဆိုတာလေးပါ။ ထူးတာလေးက နောက်ဆုံးတစ်ခုပါ။ ၁၀၀ ကျော် ပေးရတဲ့ အဲဒီစက်ကလေး ကိုကားရဲ့ ဒတ်ချဘုတ်မှာ တင်ထားပေးရပါတယ်။ ဒါဆို ဘာကတ်မှ ဖြတ်စရာမလို ဘဲ အရှိန်နဲနဲ လျော့ ပေးလိုက်ကာ ကောင်တာဝင်တာနဲ့ အလိုလျောက် ဖွင့်ပေးပါတယ်။ စက်ပျက်နေရင် ဖြစ်ဖြစ် ၊ လပေးကုန်နေရင် ဖြစ်ဖြစ် မသိလိုက်လို့က တော့ အတော် ဒုက္ခပေး မယ့် ကောင်ခင်ဗျ။ ပြောရင်းဘယ်ရောက် လာလဲမသိတော့ဘူး။ အော် rapid KL တွေအပြင် နောက်ထပ်မြို့ထဲမှာ ဆွဲတဲ့ ကားလိုင်းတွေ အများအပြား ရှိ သေးတယ် metro bus လိုင်းဆို ကျွန်တော်တို့ဆီမှာလို စပယ်ယာ ပါတယ်။ အမျိုးသမီး စပယ်ယာ တောင် ရှိလိုက်သေးတယ်။ သူကတော့ ခရီးပေါ်မူတည် ပြီးလတ်မှတ်ခပေး ရပါတယ်။ စ ဆုံးဆို ၂ ကျပ်ပါဘဲ၊ ဒါပေမယ့် အသွားအပြန်လတ်မှတ် တော့မဟုတ်ပါဘူး။ ဒီ့အပြင်လိုင်းတွေတော့ ကျွန်တော်လဲ မစီးဘူးသေးပါဘူး။ နယ်ထွက် မယ့် ကားတွေဟာ အထပ်ထပ် တည်ဆောက်ထားတဲ့ အဝေးပြေးကား ဂိတ်မှာ အပြင် လမ်းမမှာပါ ရပ်ပေးထား ပြီး ရန်ကုန်မှာလို ဟိုရောက်တယ် ဒီရောက်တယ် အော်ခေါ်ပါတယ်။ အဲဒီနေရာကို KL bus stand ခေါ်ကြပါတယ်။ တရုတ်တန်းနဲ့ မလှမ်း မကမ်းမှာ ရှိပါတယ်။ တရုတ်တန်း အောက်ဖက်တ၀ိုက် ကတော့ မြို့တွင်း ကားတွေ ဂိတ်ဆုံးသဘောပါဘဲ။ နေရာတွေကို ပုံနဲ့ တကွပြချင်ပါတယ်။ ကျွန်တော့် ကင်မရာမပါလာတော့ ဖုံးနဲ့ ဘဲ ရိုက်ရပါတယ်၊ ဖုံးထဲက ပုံထတ်တဲ့ ဆော့ဝဲ ဂဂျီကဂျောင် လုပ်နေလို့ တင်မရသေး တာနဲ့ အင်တာနက်ထဲ ကရတဲ့ ပုံတွေတင်ပေးထားရတာ အားနာပါတယ်။ ဟတ် ဟတ်။ အော် ကားငှားစီး မလို့လား၊ အင်း ရန်ကုန် နဲ့ တူတော့ တူတယ်။ ဒါပေမယ့် ပိုဆိုးတယ်ထင်တယ်။ သူလဲ အမျိုးအစားစုံတယ်နော၊ မီတာနဲ့ လဲရှိတယ်၊ ကြိုက်ဈေး ပေးငှားရတာလဲ ရှိတယ်။ ထုံးစံအတိုင်း လမ်းမသိရင် ပတ်မောင်းခံရပ်တယ် ၊ ကျွန်တော်တောင် ဖုံးပြောနေတုန်း သူပတ်မောင်းလိုက်တာ မသိတော့ ၅ ကျပ်ပို ပေးလိုက်ရပါတယ်။ မီတာနဲ့ ဆိုတက်တာနဲ့ ၂ကျပ် ပုံသေပါ။ နောက်မှသွားသလောက်ဆက်တက်ပါတယ် ။ ကားခတွေဈေးကြီးပါတယ်။ ရန်ကုန်ထက် ကြီးပါတယ်။ ဓါတ်ဆီကတော့ လိုသလောက် လွတ်လပ်စွာ ၀ယ်လို့ရပါတယ် လီတာနဲ့ ရောင်းတာပါ၊ လိုသလို ၀ယ်နိုင်ပါတယ်။ ဈေးကတော့ တွက်ကြည့်ရင် တဂါလံ မြန်မာငွေ ၃၀၀၀ ကျော်လောက်ပါဘဲ။ ဒီလောက် ၀ယ်လို့ လွယ်နေတာတောင် လမ်းဘေးမှာ ဆီရောင်းတဲ့ ဟာတွေရှိပါတယ်။ ဆီဆိုင်နဲ့ နဲနဲ လှမ်းတဲ့ နေရာတွေမှာ ပေါ့လေ။ ပြောသာ ပြောရတယ်၊ အားလုံးဈေးကြီးတယ်ဗျာ။ ၀င်ငွေကောင်းလို့ သာပေါ့၊ ၀င်ငွေကောင်းတယ် ဆိုတာ ကိုယ့်နိုင်ငံမှာထက် စာရင်ပြောတာပါ။ မတရားခေါင်းပုံ ဖြတ်ခံရပြီးမှ ရတဲ့ လခတောင် လောက်ငှအောင် နေနိုင်ကြပါတယ်။ လောက်ရုံလေးပါ။ ဒီမှာ ကားတစီး မလေး ၃၀၀၀ ဆိုစီးလို့ရတာရှိပါတယ်။ GSM handset တခုကိုလဲ ၃၀၀၀ တန်တယ်နော် ဟဲဟဲ စဉ်းစား၊ ဘာဝယ်မလဲ- - - ။
GSM တွေအကြောင်းဆက်ပါမည်။

ရထားပေါ်အတက်
ရထားထဲမှာ
ကားငှားရာကောင်တာ
ဒါ KL express ပါ
KL Central
သွားလာဆက်သွယ်ရေး

ကျွန်တော် လေဆိပ်မရောက်ခင် ဆင်းခါနီး မြင်ကွင်းတွေကတော့ မြို့သစ်တွေ များကြီး တည်နေတာတွေ့ရပါတယ်။ ရန်ကုန် ကဥယဉ်အိမ်ရာတွေ လိုပါဘဲ၊ တော်တော်များပါတယ်။ လေယဉ်ပေါ် ကနေကြီးမား ကျယ်ပြန့်လှတဲ့ လမ်းမကြီးတွေမှာ ခေတ်မှီကားတွေ တရဟော ပြေးလွှားနေတာ တွေ့ရပါတယ်။ လေဆိပ်ကလဲ တော်တော် ကြီးပါတယ်။ အသစ်ဆောက်ထားတာလို့ပြောပါတယ်။ ကျွန်တော့ စိတ်ထင် မြေအောက်ပါဆို လေးထပ်လောက်ရှိမယ် ထင်တယ်။ ပထမဆုံးလေယဉ်က ဆင်းတော့ လူဝင်မှုကြီးကြပ်ရေးကို စအဖြတ် ပြသနာ ကစတော့တာဘဲ။ ကောင်တာတွေက အရမ်းများတယ်။ သူတို့နိုင်ငံသားဆို ဘယ်သူနဲ့မှတွေ့နေစရာမလိုဘူး၊ ပတ်စပို့လေးစက်ထဲထည့်လိုက်ပြီး ဖြတ်သွားယုံဘဲ။ နိုင်ငံခြားသားတွေအတွက်တော့ သပ်သပ်ကောင်တာ တွေ လုပ်ပေး ထားတယ်လေ။ အဲနိုင်ငံခြား သားအလုပ်သမားတွေ အတွက်လဲ ကောင်တာ သက်သပ်ရှိပါသေးတယ်( အဲဒီကဒုက္ခတွေလဲရေးပါဦးမယ်)။ လ.၀.က ကတန်းစီရင်း ကိုယ့်အလှည့်မှာ လွတ်တဲ့ ကောင်တာကို ၀င်ရတာပါ။ ကျွန်တော့် အလှည့်မှာတော့ အမျိုးသမီးတယောက်စောင့်တဲ့ ကောင်တာရောက်ပါတယ်။ သူက စာအုပ်ကို ဟိုလှန်ဒီလှန်လုပ်ပြီးတော့ ကျွန်တော့် ကို ပြော ပါတယ်၊ ဘယ်လောက်ကြာကြာ နေမှာလဲတဲ့၊ ကျွန်တော် ကတပတ်နှစ် ပတ်လောက်ပါလို့ပြောတော့ သူက၊ ဒါဆိုဘာလို့ လေယဉ်လက်မှတ်က သုံးလစာ ၀ယ်လာရသလဲတဲ့၊ သေချာတယ် ဆို ပြန် မယ့်နေ့ကို အတိအကျ ပြန်ပြောင်းပြီးမှ လာပါတဲ့၊ ကျွန်တော်ကလဲ ဘယ်လို လုပ်ရမှာလဲလို့ မေးပါတယ်။ သူကဘဲ ပေါ် ထပ်မှာရှိတဲ့ လေယဉ်လက်မှတ် ရုံးမှာ သွားပြီး နေ့ရက် ပြင်နိုင် ပါတယ်.ပြီးမှ ပြန်လာပါတဲ့ဗျာ။ ကျွန်တော်လဲ နဲနဲ ညစ်သွားတယ်။ ကိုယ့်ရှေ့က အနောက်တိုင်းသားတွေကျတော့ ဘာမှ မအေးဘဲ အေးရာအေးကြောင်း ပေးလိုက်ပြီးတော့မှ ကိုယ့် ကျတော့ ဘာလို့ရစ်တာလဲပေါ့လေ၊ သေချာတာ မြန်မာ ဖြစ်နေလို့ပါ။ ဘာလို့လဲ ဆို မလေးမှာ တရားဝင်ရောတရားန၀င်ရော ၀င်ရောက်နေထိုင်လုပ်ကိုင် နေတဲ့ မြန်မာ အရေအတွက်ဟာ တစ်သန်း ကျော်ရှိနေလို့ပါ။ နောက်တခုက ဒီလူတွေရဲ့ ပြသနာတွေ ကို အစိုးရက လိုက်လံရှင်းလင်းနေရတဲ့ အတွက်လဲပါ ပါတယ်။ အလုပ်ရှင်တွေကတော့ မြန်မာဆို လာထားဘဲ၊ မြန်မာက ဈေးလဲ သက် သာတယ် အလုပ်လဲလုပ်တယ်လေ။ကဲ ထားပါတော့ ကျွန်တော်လဲ အပေါ်တက်ပြီး လက်မှတ် ကောင်တာ လိုက်ရှာတော့ ကောင်တာက ပိတ်နေပါပြီ၊ အချိန်ကလဲ ဒေသစံတော်ချိန် ၅နာရီလောက် ရှိနေပါပြီ၊ ဒါနဲ့ ပြန်လာပြီး ကောင်တာပြန်ဝင်ပါတယ်။ မရပါဘူး ရစ်နေပြီး နောက်တခေါက်ကြီုးစား ဖို့ပြောပါတယ်။ ကျွန်တော် ကကောင်တာ ပိတ်သွားတဲ့ အကြောင်းပြောတာ လက်မခံပါဘူး။ အဲဒါဘဲဗျာ စိတ်ညစ်တာ ၊ ပြန်လှည့်လာရပြန်ရော၊ ကျွန်တော်ပြန်လှည့်လာတော့ ဂျပန်လေယဉ်ဆိုက်ပြီး ဂျပန်တွေ လာလိုက်တာ အများကြီးဘဲ၊ သူတို့တွေက နိုင်ငံကြီးသားပီသပါတယ် ဟော တယောက် ဟောတယောက်နဲ့ ၀င်သွားလိုက်ကြတာဗျာ။ ကျွန်တော်လဲ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ချွေးပြန်နေဘီ၊ နောက်ဆုံးကျတော့ ဖြစ်ချင်ရာဖြစ် ပြန်စီပါတယ်။ ဒီတခါတော့ ဟို ဘက်က ယောက်ျားလေး ကောင်တာကို ၀င်လိုက်ပါတယ်။ သူလဲ ထိုနည်း၎င်း ကျွန်တော့်ကို ရစ်ပါတယ်။ ကျွန်တော် ကကောင်တာပိတ်နေတဲ့ အကြောင်း ၊ ကျွန်တော်ဟာ အလည် သတ်သတ် လာသူသာ ဖြစ်ကြောင်း ဇာတ်သံလေးနှောပြီးပြောတော့ ၂ ပွင့်နဲ့ သူ့အရာရှိကို ခေါ်ပေးပါတယ်။ အိန္ဒိယလူမျိုးပါ၊ သဘောကောင်းပါတယ် ၊ ကျွန်တော်ပြောတာကို သေသေချာချာ နားထောင်ပြီး ကျွန်တော့်ကို ခွင့်ပြုလိုက်ပါတယ်။ ကျွန်တော်ကဒီလိုပြောလိုက်ပါတယ်၊ ငါခွင့်ရလို့ သူငယ်ချင်းဆီလာလည်တာ လို့၊ ခင်ဗျားတို့ဘဲ visit malaysia year ဆိုလို့ပြောလိုက်လို့ပါ။ အဲဒီလို အကြပ်အတည်း ကလွတ်တာနဲ့ ကျွန်တော်တို့ အောက်ကို ဆင်းပြီး kl express ဆိုတဲ့ ရထားစီးကြပါတယ်။ မြှိုထဲကိုပေါ့၊ သူတို့ရဲ့ ဘူတာကြီးလေ။ လက်မှတ်ခ ၃၀ RM ပေးရပါတယ်။ ရထားက အင်မတန်မြန်သလို ငြိမ်လိုက်တာလဲ ပြောမနေနဲ့၊သံလမ်းနှစ်ခုအပေါ်မှာ ပြေးတဲ့ ကျွန်တော်တို့ဆီက ရထားလိုပါဘဲ၊ ဒါပေမယ့် တော်တော် အဆင့်မြင့်ပြီး သန့်လဲ သန့်၊ အေးလဲအေး။ မိနစ် နှစ်ဆယ်လောက် စီးတဲ့ အခါ ဘူတာကြီးလို့ခေါ်တဲ့ မြို့လည်က KL central ဘူတာကိုရောက်ပါတယ်။ အဲဒီကနေ လိုင်းကားစီးလဲ ကျွန်တော်တည်းတဲ့နေရာကိုရောက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကားငှားသွားပါတယ်။ ဒီလိုငှားတဲ့ company တွေကဘူတာမှာ အသင့်ရှိနေပါတယ်။ ၂၀ RM ပေးလိုက်တဲ့ အခါ ကျွန်တော်တည်းမယ့် seri sentosa ကိုရောက်ပါတယ် ၊ မောင်းတဲ့ အချိန် ၁၅ မိနစ်လောက်ကြာပါတယ်။ အမှန်တော့ လေဆိပ်နဲ့ တည်းတဲ့ နေရာဟာ ရန်ကုန်မှာဆို သန်လျင်နဲ့ မင်္ဂလာဒုံလောက်ဝေးပါတယ်။ ကျွန်တော်တို့ဟာ ၁ နာရီမပြည့်ခင်မှာဘဲ ဒီခရီးကို ရောက်ခဲ့တာကြောင့် သွားလာ ဆက်သွယ်ရေး ဘယ်လို ကောင်းတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ နောက်မှ Monorail နဲ့ rapid KL တွေအကြောင်းဆက်ရေးပါမယ်။
Type the rest of your post here.
မလေးရောက်တဲ့ အကြောင်းလေ ဖောက်သည်ချ ချင်တယ်ဗျို့၊ ပထမဆုံးသတိပေးချင် တာဒီမှာ ဘာမှ အထင်ကြီး စရာ ပြောပလောက်အောင် မရှိဘူးဆိုတာပါ။ ရောက်မဆိုက်မှာဘဲ ရင်သပ်ရှုမောစရာ အတွေ့အကြုံသစ်လေး တွေ တွေ့လိုက်ရပေမယ့် ကြာလာတာနှင့် အမျှ ဘာမှကိုစိတ် ထဲမှာ အထင်မကြီးပါဘူး၊ ဒါပေမယ့် အတုယူသင့် တဲ့ အချက်တွေတော့ အများ အပြားတွေ့ခဲ့ ရပါတယ်။ နောက်ပြီး စိတ်မကောင်းစရာ ကဒီကို ရောက်နေတဲ့ မြန်မာ အလုပ်သမားတွေနဲ့တွေ့တဲ့ အခါ ၊ အလုပ်ချိန်ရှည်ကြာမှု့၊ မလွတ်မလပ်နဲ့ နေထိုင်စားသောက်ရမှု တွေ၊ ပြသနာတွေ တွေ့တော့ အတော် စိတ်မကောင်းဖြစ်ရပါတယ်။ ရန်ကုန်မှာ နို့ဆီတဘူး ၅၅၀ ဆို ဒီမှာလဲ ဒီဈေးပါဘဲ၊ ဘောင်းဘီတထည် ၁၃၀၀၀ ဆို ဒီမှာလဲ ဒီဈေးပါဘဲ၊ ဘာမှမကွာဘူး၊ ကွာတာက ၀င်ငွေပါ၊ မလေးမှာ တလ ၈၅၀ ရင်း ဂစ်လောက်ရတဲ့ သူဟာ ကောင်းကောင်း စားနိုင် ၀တ်နိုင်ပါတယ်။ မိသားစု တခုမှာ အလုပ်လုပ်သူ ၂ ယောက်ရှိရင်တောင် ကားဝယ်စီးနိုင်ပါတယ်။ အိမ်ကိုယ်ပိုင် ၀ယ်နိုင်တဲ့ အခွင့် အရေးရှိပါတယ်။ ဒါတောင် မလေးလူမျိုး အများစု ကပျင်း ပါတယ်။ အလုပ်ကို လက်ကြော တင်း အောင် မလုပ်ကြပါ။ လုပ်တာက အိန္ဒိယ လူမျိုးတွေနဲ့၊ တရုတ်တွေပါ။ မလေးတွေက ညနေဆို ဘာမှ မလုပ်တော့တာ များပါတယ်၊ ဒီတော့ကြာကြာ လုပ်ကြမယ့် မြန်မာ၊ နီပေါ ၊ ဘင်္ဂလား လိုနိုင်ငံ ခြားသား အလုပ် သမားတွေ ခေါ်ကြရတာပေါ့၊ အလုပ်ချိန်ဟာ ပျှမ်းမျှ အားဖြင့် မနက် ၉ နာရီ ကနေ ည ၁၀ နာရီဖြစ်ပါတယ်။ တချို့ ကကြားထဲမှာ နားလို့ရပေမယ့် တချို့က နားခွင့်မရှိပါဘူး၊ ခွင့်ရက်ခံစား ကြရပုံလဲ မတူပါဘူး၊ ဒီလို ဒုက္ခ တွေကြားထဲ ကပြုံးပျော်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ထွက်ပေါက်ဟာ မြန်မာဆိုင်လို့ ခေါ်တဲ့ မြန်မာ လူမျိုးတွေ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေမှာ သောက်စား ရင်း တလပြီးတလ ရရ စား စား ကုန်ကာသွားပါတယ်၊ နောက်တော့ မြန်မာဆိုင်တွေ ချမ်းသာတော့တာပေါ့။ ဒီရောက်တော့မှ တခြားနိုင်ငံသားထက် ကိုယ့်လူမျိုး အချင်း ချင်း ခေါင်းပုံဖြတ် တာတွေ၊ လူလည်ကျ တာတွေတွေ့ရပါတယ်၊ မလည်လို့ ရတော့ သေပြီမှတ်ပေတော့ ဗျို့။ အားလုံးရန်ကုန်နဲ့ လူနေစားရိုက် ဆင်ပါတယ်။ တခုရှိတာ အများစုဟာ စည်းကမ်းရှိကြတယ်။ ဒါကြောင့် တိုးတက် တာပါ။ မလေးတွေဟာ အစိုးရပိုင်း ကောင်းလို့ ဒီလောက်တိုးတက်တာ ပါလို့ ပြောချင်ရင် သူတို့ရဲ့ ခေတ် အမြင်ရှိမှု၊ လေးစားလိုက်နာ မှုတွေကိုလဲ ထည့်ပြောရပါမယ်။ ဒီမှာ လူတိုင်းဟာ လုပ်နိုင်သလောက် ပိုက် ဆံ ရဖို့ အခွင့် အလမ်းရှိသလို အလုပ်တွေက လဲ ပေါလိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ တလ ၇၅၀ -၈၀၀ လောက်ဟာ ဘယ်မှာ သွားလုပ်လုပ်ရပါတယ်။ ၈၀၀ ဆိုတာ မြန်မာငွေ ၄၀၀၀၀၀ နီးပါးတန်ပါတယ်၊ ဒါဆို မြန်မာ ပြည်မှာလဲ တလ ဒီလောက်ဝင်နေရင် စားရေးသောက်ရေး နေရေးထိုင်ရေး အဆင်ပြေမှာပေါ့ဗျာ၊ဒီလို ဆို မြန်မာ တွေ ဘယ်မှ ထွက်နေစရာတောင် မလိုပါဘူး၊ ဆက်သွယ်ရေးမှာလဲ ကောင်းပါတယ်၊ ကားလမ်းတွေဆို နှစ်ထပ် သုံးထပ်၊ ရထားတွေကလဲ မြန်မှမြန်၊ တယ်လီဖုံးကနေရာတကာရှိသလို၊ GSM ကလဲ လူတိုင်းကိုင်နိုင်ပါတယ်။ အဲဒီအကြောင်းတွေ ထပ်ရေးပါမယ်။

Type the rest of your post here.
ခင်မင်မှု သံယောဇဉ်တွေ
ဈေးပေါပေါနဲ့ ရောင်းချခံလိုက်ရ
ရှင်းနေဖို့ကအခွင့်မသာ
စိမ်းမြမြ ပတ်ဝန်းကျင်မှာ
မျက်နှာမွဲတယ်ဘဲ ပြောပါတော့လေ။

အဖြူတွေမှာ ရောင်စုံဆိုး
ငါ့သဘောနဲ့ငါ ဒိုးခဲ့တဲ့ လမ်းအတွက်
နောင်မှ လဲမတ နောင်တလဲ မရချင်ဘူး
ဖြစ်မယ့်ဟာ ကဖြစ်ကိုဖြစ်ဦးမှာလေ။

စီးပိုးတဲ့ မျက်ဝန်းတွေနဲ့ ခန်းနား
ငါ့ညတွေမှာ အိမ်ကို ရောက်တဲ့ အိမ်မက်များ
ကလေးငိုသံနဲ့ အိမ်သူရဲ့ တေးသံ
လွမ်းလို့ကြားရောင်
ငါ့ အမှောင်တွေ မြန်မြန် လင်းကြပါစေလေ။

ခြောက်သွေ့တယ်မဆိုတောင်
သာယာမှုမရှိတဲ့ ၂၄ နာရီပေါင်းများစွာ
ခက်ခဲ ကြမ်းတမ်း ငါဖြတ်သန်းနေဆဲဘဲ
လူဆိုတာ ကိုယ့် အကြောင်းနဲ့ ကိုမို့
စာနာစဉ်းစား ဖြည့်စွတ်တွေး ပေးနေသူများကြား
ငါ အသက်ရှုမှားတော့မှာပါလား. . . . . ။