စိတ်ပြောင်းအက္ခရာ၃

ဒါနဲ့ ကျွန်တော်လဲ ဆက်မဖတ်ဝံ့တာနဲ့ ပြန်ပြီးသိမ်းထားလိုက်တယ်။ အဖေကတော့ သူဖတ်ကြည့် ချင်တယ်ပြောတယ်။ ကျွန်တော် ကမဖတ်ာကည့်ဖို့ တားပါတယ်၊ အခြေအတင် ပြောကြရင်း ကျွန်တော်လဲ စိတ်ဆိုးလာတာနဲ့ အိမ်ပြန်လာခဲ့တယ်။ မကြာပါဘူး နောက်နေ့မှာ အဖေဆုံးသွားတယ်လို့ အကြောင်းကြားလာတယ်၊ ရိုးရိုး ဆုံးတာမဟုတ်ဘူး ကိုယ့် ကို ကိုယ် သတ်သေသွားတာ၊ သူနေတဲ့ တိုက်ရဲ့သုံးထပ်ပေါ်က ခုန်ချသွားတာ။ ပထမတော့ အတော်စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော့်ကြောင့် ထင်တာပေါ့လေ၊ နောက်တော့ သူ့ အိမ်ကို သွားကြည့်တော့ ခုဏကစာ လိပ်လေးဟာ သူ့စားပွဲအောက်မှာ ကျနေတာတွေ့တယ်။ ရဲတွေက မမြင်ခင်မှာကျွန်တော် လဲကမန်းကတန်းကောက် သိမ်းထားလိုက်တယ်။ မသေခင်ကတည်း ကသေတမ်းစာ ရေးထားတာဖြစ်လေတော့ အဖေ့ရဲ့ ပိုင်ဆိုင်မှုတွေအား လုံး ကျွန်တော်ရလိုက်တယ်။ ဒီဟာလေးအပါအ၀င်ပေါ့။ ဟု ရှည်လျားစွာရှင်းပြလေသည်။

ဒါနဲ့ဘဲ ဒီစာလေးကြောင့် မစ္စတာ့ အဖေသေတယ်လို့ပြောချင်တာလား၊

ဒေါက်တာရန်နောင်က မေးလိုက်ရာ။

ဘယ်ဟုတ်ပါ့မလဲ ဒီထက်သေချာတဲ့ တခုပြောပြဦးမယ်။ အဲဒီတုန်းက အတွေးတွေ ကရောက် ကယက်နဲ့မို့ တွေးတာမှားကောင်းမှားမယ်။ ပထမ အဖေနဲ့ စကားများနေတုန်း ကျွန်တော် စာကို သေသေချာချာ ပြန်ထည့်လိုက်တယ်။ အဖေဆုံးတဲ့ အချိန်မှာ စာကအပြင်ထွက်နေတယ်။ သေချာတာ သူဒါကို ဖတ်လိုက်ပုံ၇တယ်။ နောက်တခုက ကျွန်တော့် အမျိုးသမီးဘဲ။

မစ္စတာ့ အမျိုးသမီးဘာဖြစ်သွားလို့လဲ

သေသွားတယ်ဗျ -သေသွားတယ်၊ သူလဲဒီလိုဘဲ မလုပ်ပါနဲ့လို့ အတန်တန်ပြောထားရက်နဲ့ နားမထောင်ဘူး၊ ခုတော့သူလဲ လွန်ခဲ့တဲ့ ခြောက်လက ဆုံးသွားရတယ်။

စိတ်မကောင်းပါဘူးဗျာ၊ ဒါနဲ့ ဒီစာကြောင့်ဆိုတာသေချာရဲ့လား။

သေချာတာပေါ့ ဒေါက်တာရယ်။ အဖေဆီက ဒီစာဘူးလေးကို ကျွန်တော်ယူလာခဲ့တော့ ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော့မိန်းမကတော့ သိတယ်။ လင်မယားမဟုတ်လား။ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကျန်ခဲ့တဲ့ ကြားက ကျွန်တော်ဒီစာဘူးလေးကို သိမ်းသိမ်း ထားတာ သူမသင်္ကာဘူးဗျ၊ သူ့အထင် ရတနာမြေပုံလို့ ထင်သလားမသိပါဘူးဗျာ၊ ခဏခဏ ကျွန်တော့ကို မေးတယ်၊ ကျွန်တော်ကတော့ သူထိတ်လန့်မှာ ဆိုးတော့ဘာမှမဟုတ် ပါဘူးလို့ဘဲပြောခဲ့တယ်။ မိန်းမတွေက အခက်သားဘဲ၊ ဒါကိုဘဲအမြဲ သူရန်လုပ်နေတယ်။ တရက်တော့ ကျွန်တော်အပြင်သွားတုန်း သူဒီစာဘူးလေးကို ယူကြည့်ပုံရတယ်၊ ကျွန်တော်ပြန်လာချိန်မှာ စာလိပ်ကလေးက ကျွန်တော့ ကုတင်ပေါ်မှာ၊ တော်သေးတာပေါ့ဗျာ၊ သမီးက ကျောင်းမှာနေလို့၊ မဟုတ်ရင်သူလဲ ဖတ်မိမှာဘဲ၊ အဲ ကျွန်တော့မိန်းမကတော့ အိမ်မှာ မရှိဘူး၊ ကျွန်တော်လဲ အမြန်ရှာရတော့တာပေါ့၊ ဒါပေမယ့် မမှီတော့ဘူး။ သူရေနစ်ပြီးသေရှာပြီ၊ နောက်ရက်တွေမှာ မိန်းမအလောင်းတလောင်း သိန်းမြစ်ဘေးမှာတွေ့တယ်ဆိုလို့ ဆေးရုံသွားကြည့်တော့၊ သူဖြစ်နေတော့တာဘဲ။ ကဲဒီထက်သေချာတာ ဘာရှိဦးမလဲဒေါက်တာရယ်။

ဟုတ်ပါတယ်- မစ္စတာ အီဗရာဟင်ပြော ပုံအရတော့ အတော်လေးထူးဆန်း နေသားဘဲ၊ တခုရှိတာ အရာတခုက လူရဲ့ စိတ်ကို ပြောင်းအောင် ညှို့ငြင်နိုင်စွမ်းရှိတယ် ဆိုတာ လက်ခံ ပါတယ်။ ဒီလောက်မြန်ဆန်ပြီး ပုံသေလို ဖြစ်နေအောင်လုပ်ထားတာတော့ အရမ်းထူး ဆန်းလွန်းတယ်။ ကျွန်တော် မယုံဘူးရယ်တော့ မဟုတ်ပါဘူး၊ ခဏလောက်ပြကြည့် လို့ ရမလား။

ပြတော့ပြပါမယ်၊ ဒေါက်တာ့ အနေနဲ့ မဖတ်မိအောင်တော့ ကြိုးစားရလိမ့်မယ်။ ကျွန်တော် တော့ မီးရှို့လိုက်ချင်ပြီ၊ ရှေးဟောင်းပစ္စည်းလဲ ဖြစ်ပြန်၊ ထူးဆန်းတဲ့ ဟာလြေ
ဖစ်လေတော့ နှမြောနေသေးလို့ဗျာ။ ဒါကြောင့် ဘယ်ပုံလုပ်ရကောင်းမလဲ ဒေါက်တာနဲ့တိုင်ပင်ကြည့်တာပါ။

ဒေါက်တာရန်နောင့် စိတ်ထဲတွင် ဒီလူကြီးစိတ်မှ ကောင်းသေးရဲ့လားဟု တွေးထင်နေမိ၏။ စာကလေးတစောင်မှာ ဘာတွေများရေးထားလို့ ဒီလောက်စွမ်းနေသလဲ ဟုလဲ ထင်နေမိသည်။

ကဲပါလေ ပြကြည့်ပါဦး ကျွန်တော် ကြည့်ပါရစေ။

သေချာရဲ့လားဒေါက်တာ၊ ကျွန်တော်တော့ အရမ်းစိုးရိမ်သလို ကြောက်လဲကြောက်၊ အထိန့်တလန့်လဲ ဖြစ်နေမိတယ်။

ရပါတယ် မစ္စတာအီဗရာဟင်- ကျွန်တော်ဒီလောက်တော့ မမိုက်မဲပါဘူး။

ဒေါက်တာရန်နောင်က သူ့ကိုယ်သူယုံကြည်သည့် ဟတ်ဖြင့်ပြောလေရာ မစ္စတာ အီဗရာဟင်လဲ စာဘူးလေးအား ဒေါက်တာရန်နောင့် လက်ထဲသို့ လှမ်းပေးလိုက်လေသည်။ ဒေါက်တာရန်နောင်သည် ထိုစာဘူးလေးအား ဖြေးညှင်းစွာ ဖွင့်လိုက်လေသည်။ ကြာမြင့်စွာ ပိတ်ထားသောကြေင့် ခပ်ကြပ်ကြပ်လေး ဖြစ်နေပြီး ပွင့်သွားသော အခါ အထဲမှ စာလိပ်ကလေး ထွက်လာလေသည်။ အလွန်နူးညံ့ သောအ၀တ်စတမျိုးဖြစ်ကြောင်း ကိုင်မိသည်နှင့် သိလိုက်သည်။ အသာလေး စာလိပ်ကို ဖြေကြည့်လိုက်သည်။ သို့ပေမယ့် မျက်စေ့မှ ထိုစာလိပ် ပေါ်မကြည့်မိရန် မျက်နှာလွှဲထားလိုက်လေသည်။ စာလိပ်ကတော့ ပြန့်သွားပြီ။

ထိုအချိန်တွင်ဒေါက်တာရန် နောင့်စိတ်ထဲ ဘာများရေးထားပါလိမ့်ဟု စူးစမ်း လိုစိတ်များ တဖွားဖွားပေါ် လာလေ၏။ လူတို့၏ထုံးစံအတိုင်း မိမိလက်ထဲ ရောက်လာကာမှ မကြည့်မိလိုက် လေခြင်းဟု နှမြောနေရမည့် အတ္တ မောဟ ကိုလဲ မလွန်ဆန်နိုင်သဖြင့် ဒေါက်တာ ရန်နောင် ဖြတ်ကနဲကြည့်လိုက်လေသောအခါ — —- —– —– —–

တကိုယ်လုံးခပ်တင်းတင်းကြီး ဖြစ်နေကာ အသက်ရှုကြပ် သလိုခံစားရသဖြင့် အလူးအလဲထလိုက်သည်။ ဘေးဘက်ကိုကြည့်လေရာ လူအများမိမိကို ၀ိုင်း ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူကိုယ်တိုင်မှာ တော့ မီးရထားလမ်းလည် တခုမှာ မတ်မတ်ရပ် လျက် အနေအထား။ ဒေါက်တာ ရန်နောင် တယောက် လွန်စွာမှ ထိတ်လန့်သွားသည်။ လူတချို့၏ စကားသံများကို လဲ ကြားနေရသည်။

သနားပါတယ်ဟယ် ငယ်ငယ် ရွယ်ရွာယ်နဲ့

ရူးနေတာနေမှာ

ရဲကို ဖုံးဆက် ရဲကိုဖုံးဆက်

သေကြောင်းကြံနေတာများလား – - -

ဆူညံစွာ တယောက် တပေါက် ပြောဆိုသံတွေကြားမှ ဒေါက်တာ ရန်နောင်တယောက် ကမူးရှုးတိုးပြေးထွက်လာခဲ့လိုက်သည်။ ထိုအသံများ နှင့်လဲ တဖြည်းဇြည်းဝေး လာသည်။ သူကိုယ်တိုင်ကတော့ အမောတကောပြေလာနေလေ၏။ နာရီကို ကြည့်လိုက်တော့ ၁ နာရီ ၁၀ မိနစ် တိတိ – -

အမောတကောနှင့် ပြေးတတ် လာလို့လားမသိ တကိုယ်လုံး ချွေးတွေနှင့်၊ တဒိတ်ဒိတ်နှင့် ခုန်နေသော ရင်ကိုအတန်ငယ်ငြိမ်သက် သွားစေရန်ရေ အေးအေးလေးတခွက် သောက် ချင်နေသည်၊ —x x x x x

နောက်ရက်များတွင် ပုံမှန် အလုပ်များ လုပ်ကိုင်နေသော်လဲ ထိုထူးဆန်းသော အကြောင်း အရာများ ကအာရုံကို လွှမ်းမိုးနေဆဲ။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး နောက် တလကျော်ခန့် အကြာတွင် လန်ဒန် ဆေးရုံကြီးမှ သူငယ်ချင်း ဒေါက်တာ မောင်မောင်ဝင်းထံမှ စာတစောင်နှင့် ပါဆယ်တခု လက်ခံရလေသည်။ ထိုစာနှင့် အတူ သတင်းစာဖြတ်ပိုင်းလေးတစ်ခု ပါလာသည်။ စာထဲတွင် သူ့မိန်းကလေးသူငယ် ချင်း၏ ဖခင် မစ္စတာ အီဗရာဟင်၏ မှာကြားချက်အတိုင်း သူဆောင်ရွက် လိုက်ခြင်းဖြစ်ကြောင်း၊ယခုအခါမှာ မစ္စတာ အီဗရာဟင်မှာ နေအိမ်တွင် ဆွဲကြိုးချကာ အဆုံးစီရင်သွားပြီ ဖြစ်ကြောင်း၊ မသေခင်ရေးခဲ့သော သေတမ်းစာအရ သူထားခဲ့သော ဒီပါဆယ်ထုတ်လေးအား ဒေါက်တာရန်နောင့် ထံပို့ရပါကြောင်း ၊ အခု သတင်းစာ ဖြတ်ပိုင်းမှာ မစ္စတာ အီဗရာဟင်၏နာရေးကြော်ငြာနှင့် သူသတ်သေသွားသော သတင်း ပါသည့် ဖြတ်ပိုင်းဖြစ်ကြောင်း၊ သူလဲ သတိတရဖြစ်နေပါကြောင်း၊ နောင် တချိန် ပြန်ဆုံရန် မျှော်လင့်မိ ပါကြောင်း ရေးသားထားလေသည်။

သေချာသည်မှာ အခုပါဆယ်လေးသည် စိတ်ပြောင်း အက္ခရာ ပါသော စာဘူးလေး ဖြစ်နိုင်ကြောင်း ဒေါက်တာရန်နောင် တွေးမိလေသည်။ အဘယ့်ကြောင့် မိမိအား ပေးခဲ့လေသနည်း၊ မစ္စတာ အီဗရာဟင် အနေနှင့် ထိုစာအားမဖတ်ဘဲ ဘာကြောင့် အဆုံးစီရင်သွားခဲ့ ပါသနည်း စသော စဉ်းစား မရသည့် အကြောင်းများ ဖြင့် ဒေါက်တာ ရန်နောင် တယောက် ခေါင်းနောက်နေလေသည်။ သူပါဆယ်ထုတ်ကလေး ကို ဖြည် လိုက်သည်။ သူထင်သည့် အတိုင်း စာဘူးလေးဖြစ်နေလေသည်။ အလွန်လဲ အံ့သြ သွားမိ

၏။ ချီတုံချတုံ စဉ်းစားရင်း စာဘူးလေးကို ဖွင့်လိုက်သောအခါ – - – - – -။

You can leave a response, or trackback from your own site.

3 Responses to “စိတ်ပြောင်းအက္ခရာ၃”

  1. pandora says:

    ဖတ်နေပါတယ်။ ဆက်ရေးပါကွဲ့။

  2. သဉ္ဇာ says:

    မစောင့်နိုင်တော့ဘူး။ ဘာရေးထားတာလဲ ဆိုတာ သိချင်လာပြီ

  3. KhunMoung says:

    အိုး ဟိုး … မပြီးသေးဘူးထင်တယ်နော် … ဆက်ရေးပါဦးဗျ

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice