စိတ်ပြောင်းအက္ခရာ – ၂

တံခါးပွင့်သွားသည်နှင့်အတူ လွန်စွာမှအသားဖြူလှသော အသက်၅၀ကျော် ခန့်လူကြီးတစ်ဦးထွက်လာပြီး “ကြွပါ ဒေါက်တာ” ဟု လွန်စွာပီသသော မြန် မာစကား ဖြင့် ဆီးကြိုလေ၏။ ဒေါက်တာ ရန်နောင်လဲ အံ့အားသင့်သွား လျက် အိမ်ထဲသို့ ၀င်ရောက်သွား လေသည်။ ထို့နောက် အိမ်၏ ဧည့်ခန်းသို့ရောက် လေသာ် ထိုင်လျက်စကား ပြောကြလေသည်။ ဧည့်ခန်း၏ အပြင်အဆင်မှာ နှစ် ဆယ်ရာ စုဦးပိုင်း လက်ရာ ပရိဘောဂများ ဖြင့် ဆင်ရင်ထားပြီး အရာ အားလုံးမှာ အသစ်ကဲ့သို့ တောက်ပြောင်နေလေ၏။ တချိန်တခါက အလွန်ချမ်းသာ သော သူများ နေထိုင်ခဲ့ကြောင်း ထင်ရှားလေ၏။ ဟိုဟိုဒီဒီ လျောက်ကြည့် သော်လည်း မည်သူမျှ မတွေ့ရပေ၊ ကြည့်နေရင်းမှ မစ္စတာ အီဗရာဟင်က စကားစပြော လေသည်။


မောင်ရင့်ကို ကျွန်တော်သိထားပြီးသား ဆိုတော့ ကျွန်တော့ အကြောင်းဘဲ ပြော ကြတာပေါ့၊ ဒါနဲ့ ကျွန်တော်မြန်မာ လိုကောင်းကောင်း ပြောတတ် နေတာကို မောင်ရင် စိတ်ဝင်စားနေတာလား။ ကျွန်တော် ကရန်ကုန်မှာ မွေးပြီး ၁၃ နှစ်သား အထိ မြန်မာပြည်မှာ ဘဲ နေခဲ့တဲ့သူပါ၊ ကျွန်တော့် အဖေက အရင် ကိုလိုနီ ခေတ် တုန်းက ရန်ကုန်ရဲဝန် တစ်ဦးဖြစ်ခဲ့ပါတယ် ။ ဒီအိမ်ကြီးကတော့ ကျွန်တော် ငယ်ငယ် ကတည်းက နေခဲ့တဲ့ အိမ်ပါဘဲ၊ လန်ဒန်ကို ပြောင်းပြီး နောက်ပိုင်း လဲ ဒီ အိမ်ကို ကောင်းမွန်စွာ စောင့်ရှောက်ဖို့ ကျွန်တော့် ဖခင်ကြီးက အမြဲ မှာလေ့ရှိ တာအပြင် ၊ သူ့သေတမ်းစာထဲမှာ ဒီအိမ်ကို ကျွန်တော့ကို ပေးခဲ့ပြီး ဆက်လက်စောင့် ရှောက်ဖို့ မှာထားလေတော့ အခုလို အမြဲ ခမ်းနားနေအောင် ထိန်းသိမ်းခဲ့တယ် ဆိုပါတော့၊ ကျွန်တော့် အဖေက မြန်မာတွေကို လေးစားတယ်

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းတွေကို နားလည်တယ်၊ ပြီးတော့ ရှေးဟောင်း ပစ္စည်းတွေလဲ ၀ါသနာပါတယ်ဗျ၊ ကြည့်ပါလား ဟိုဘက်မှာ မြန်မာ လက်ရာ ရှေး ဟောင်းပစ္စည်းတွေ၊ ဟုညွှန်ပြလေသည်။

ဟုတ်ပေသည်၊ မစ္စတာ အီဗရာဟင် ညွှန်ပြသော နေရာသို့ လှမ်းကြည့်လေသာ် ရွှေချီထိုး ပန်းချီများ၊ မှန်စီရွှေချစာတိုက်ပုံးများ၊ ပန်းပု ရုပ်များ၊ ကြေးဆင်းတု၊ ငွေ ဆင်းတုများ၊ အရုပ်၊ ပေစာ အဟောင်းများ စသဖြင့် တွေ့ရလေ၏။

ဒါနဲနေပါဦး ခင်ဗျ ၊ ကျွန်တော့်ကို မစ္စတာအီဗရာဟင် ကဘယ်လိုသိတာလဲ ပြောပြနိုင်မလား။

အော်- ဟုတ်သားဘဲဗျာ ကျွန်တော်မေ့သွားလို့၊ မောင်ရင့်ကို ကျွန်တော့် သမီးရဲ့ မိတ်ဆွေက သိတယ်ဗျ၊ မောင်ရင်နဲ့ ကျောင်းနေဘက်လို့ပြောပါတယ်၊ သူ့အမည်က မောင်မောင်ဝင်းပါ၊ လန်ဒန်ဆေးရုံကြီးကလေဗျာ။

ထိုမှပင် ဒေါက်တာရန်နောင်လဲ မိမိ၏ ကျောင်းနေဖက် အခန်းဖော် ဒေါက်တာ မောင်မောင်ဝင်း ကို အမှတ်ရလေသည်။ သူနှင့် ဒေါက်တာရန်နောင်သည် စိတ်တူ ကိုယ်တူ မိတ်ဆွေများအဖြစ် ဆေးကျောင်းသား ဘ၀ကို ဖြတ်သန်းခဲ့ ကြပြီး တယောက်အကြောင်းတယောက် ကောင်းကောင်းသိလေသည်။ သူ၏ ထိုသို့ စိတ်ပညာအပေါ် သုသေသနလုပ်ရန် ပြောပြလေတိုင်း စိတ်အား ထက်သန်စွာ နားထောင်အားပေးလေ့ ရှိခဲ့သူလဲဖြစ်လေ၏။

ဟုတ်ကဲ့ခင်ဗျာ- ကျွန်တော်သိပါပြီ၊ ထားပါလေ ၊ မစ္စတာ အီဗရာ ဟင်ရဲ့ လိုရင်း ကိစ္စလေး ပြောပါဦး၊

အင်း – -

မစ္စတာ အီဗရာဟင် သက်ပြင်းရှည်ကြီး တခုကို မှုတ်ထုတ်လိုက်သည်။

ဒီလိုမောင်ရင်ရေ -

ကျွန်တော့်မိခင်က ဂျူးအမျိုးသမီး၊ ဖခင်က အင်္ဂလိပ်တယောက် ဖြစ်လေတော့ ကျွန်တော်က ဂျူးကပြားဆိုပါတော့၊ ဒီတော့ ကျွန်တော်ဟ
ာ ငယ်စဉ်ကတည်းက ဂျူး ဘာသာရော၊ ခရစ်ယန် ဘာသာကိုပါ ရင်းနှီးလာခဲ့တယ် စာတွေလဲ သင်ခဲ့တယ်၊ ဟီဘရူးစာတွေလဲ ကျွန်တော်တတ်တယ်၊ ကျွန်တော့်ဖခင်က ရှေး ဟောင်းပစ္စည်းတွေကို ၀ါသနာပါတယ် ဆိုတာပြောခဲ့ပြီးပြီနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်တုန်းက ကျွန်တော့် အဖေက ရှေးဟောင်း စာထည့်တဲ့ ကြူပ်လေး တခု ၀ယ်လို့ရလာခဲ့တယ်၊ ကျွန်တော်က အိမ်ထောင်ကျနေ၊ အမေကလည်း ဆုံးသွားခဲ့ပြီဆိုတော့ အဖိုးကြီး ဖြစ်နေပေမယ့် အငြိမ်မနေတတ်တဲ့ ကျွန်တော့် အဖေက ဂျေရုဆလင် သွားရင်း ရှေးဟောင်းပစ္စည်း ဆိုင်တခုက ၀ယ်လာခဲ့တာပေါ့။ ၀ယ်လာတာကလဲ သူ့ဟာသူ လက်ရာလေး သဘောကျလို့ ၀ယ်လာခဲ့တာဘဲ၊ ရော့ဒီဟာလေးဘဲ၊

ဟု ပြောရင်း ဒေါက်တာရန်နောင့် ထံသို့ပိုက်လုံးလိုလို ၊ စာချွန်ထဲ့တဲ့ ဗူးလို ဟာလေးတစ်ခု ပြလေသည်။

ထိုပစ္စည်းလေးမှာ ကြေးနှင့်လုပ်ထားဟန်ရှိပြီး တစ်ဖက်က တုံးတိ၊ နောက်တဖက်က အချွန်ပုံ စံပြုလုပ်ထားကာ၊ ဘေးဘက်တွင် စာများ ရေးထား သည်ကို တွေ့ရလေသည်။

ထို့နောက် ဆက်ပြောလေ၏။

အဲဒီပစ္စည်းလေးကို ၀ယ်လာပြီး သုံးလလောက်အကြာမှာ အဖေကကျွန်တော့်ကို လာခဲ့ပါဦးလို့ မှာပြီးခေါ်လို့ ကျွန်တော်သွားတော့ သူက အခုဟာလေး ထုတ်ပြတယ်၊ သူက မျက်စေ့ကလဲ မှုန်နေ၊ လက်ကလဲ တုန်နေ၊ နောက်တခု ကဟီဘရူး လိုလဲ သိပ်မတက်လို့ ခေါ်ပြီးကျွန်တော့်ကို ဖတ်ခိုင်းတာဗျ၊ ကျွန်တော့အတွက်တော့ အပန်းမင်္ကြီးတာနဲ့ ချက်ချင်းဘဲ ကောက်ဖက်ပြ လိုက်တာပေါ့၊ ဒါပေမယ့် သူ့မှာ ရေးထားတဲ့ ဟာကရှေးဟောင်း ဟီဘရူးစာ တွေဗျ ကျွန်တော်မနဲ ဆက်စပ်ပြီး ပြန်ယူရတယ်၊ ကြူပ်ပေါ်မှာ ရေးထားတာက

“စိတ်ပြောင်းအက္ခရာ” တဲ့ဗျ အောက်ဖက်မှာတော့ စာကိုဖတ်ကာ သင်သွားလိုရာ သွားပါတဲ့။ ကျွန်တော်လဲ ဖတ်ပြီးရော အဖေက ဘူးကို ဖွင့်ကြည့်ခိုင်းတယ်၊ တော် တော်နဲ့ ဖွင့် မရဘူးဗျာ၊ နောက်တော့မှ ပွင့်သွားတယ်၊ ပွင့်လဲသွားရော စာလေးတစောင် ထွက်ကျလာတယ်၊ စာဆိုပေမယ့် စက္ကူ ပေါ်မှာ ရေးထားတာ မဟုတ်ဘူး၊ ပိတ်စလို ဟာပေါ်မှာ ရေးထားတာ၊

ဟုတ်လား ဘာတွေရေးထားလဲ ဟု ဒေါက်တာရန်နောင်မှ စိတ်ဝင်တစားမေး လေရာ။

အမေလေး ငါ့တူရာ ဘာရေးထားလဲ ဆုံးအောင် မဖတ်ဝံ့ ပါဘူး။ ခုလဲ ဒီအကြောင်းလေးပြောမလို့။

ဟုတ်ကဲ့ပါဗျာ ဆောရီးပါ ၊ ဆက်ပါဦး။

ကျွန်တော်လဲ ထွက်လာတဲ့စာ ကို ထုတ်ပြီး ဖတ်တာပေါ့ ၊ စာကို စဖတ်တယ် ဆိုရင်ဘဲ ကျွန်တော်ဟာ ဘာဖြစ်သွားတယ်မသိဘူး၊ သတိရလို့ကြည့်လိုက်တော့ ကျွန်တော့ လက်ထဲမှာ ဓားကြီးတလက်နဲ့ ကျွန်တော့ ဗိုက်ကို ပြန်တေ့ထားတာတွေ့လိုက်ရတယ်။ ကျွန်တော်လဲ အံ့အားသင့် နေတာပေါ့။

အဖေက တော့ ရဲကိုဖုံးဆက်မလို့ လုပ်နေရာက ကျွန်တော်သတိရ လာမှန်းသိတော့ သူမဆက်တော့ဘဲ ကျွန်တော့်နားရောက်လာတယ်။ ကျွန်တေယ်ဘာဖြစ်သွားသလဲ အဖေ့ကို မေးတော့ ၊

မင်းက စာကို ဖတ်လိုက်တယ်ဆိုရင်ဘဲ တောင့်တောင့် ကြီုးဖြစ်သွား တာနဲ့ ငါလဲစာကို ဆောင့်ဆွဲ လုလိုက်တယ်တဲ့၊ ပြီးတော့ ကျွန်တော်ဟာ နောက်ဖေး ဘက်ကို တလှမ်းခြင်းလှမ်းသွားပြီး ဓါး ကိုဆွဲလာတာတဲ့၊ သူလဲ အော်ပေမယ့် ဘာမှ ကျွန်တော်က သိပုံမပေါ်လို့ ရဲကို အကြောင်းကြားမလို့ လုပ်နေတုန်း အခုလို ပြန်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ် ဆိုပြီး ပြောတယ်။ (ဆက်ရန်)

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice