စိတ်ပြောင်းအက္ခရာ

အမောတကောနှင့် ပြေးတတ် လာလို့လားမသိ တကိုယ်လုံး ချွေးတွေနှင့်၊ တဒိတ်ဒိတ်နှင့် ခုန်နေသော ရင်ကိုအတန်ငယ်ငြိမ်သက် သွားစေရန်ရေ အေးအေးလေးတခွက် သောက် ချင်နေသည်၊ သို့ပေမယ့် လူတကိုယ်လုံးမလှုပ်ချင်လောက်အောင် ကိုအားအင် ကုန်ခန်း နေ ပြီ။ သက်ပြင်းရှည် တချက်ကိုဖြေးညင်းစွာ မှုတ်ထုတ်ရင်း ကိုယ့်စိတ်ကို ကိုယ်တိုင်လျှော့ချ ကာ နေ့လည်က အဖြစ်အပျက်ကို ပြန်တွေးပြီး ထိတ်လန့်လာမိပြန်သည်။ အတန်ကြာတော့ သူအိပ်ပျော်သွား မိသည်။ ဘယ်လိုဖြစ်ဖြစ် အိပ်မက်ထဲမှာတော့ နေ့လည်က အဖြစ်တွေ ပြန်မြင်ယောင် နေမှာ အမှန်ပင် – - – - -

မနက် ၈ နာရီ

သူတယောက်ထဲနေသည့် အခန်းမို့ တခါတလေ ရှုပ်ပွနေတတ်လည်း အားသည့် ရက်ဆို ရင်တော့ အခန်းရှင်းလေ့ ရှိပေမယ့် ဒီနေ့တော့ သူစိတ်ဝင်စားသည့် အကြောင်း အရာ တခု ကသူ့ကို အပြင်ထွက်ဖို့ ဖြစ်လာသည်။ သူဆိုတာကတော့ ဒေါက်တာ ရန်နောင် ၊ဆရာဝန် ဖြစ်လာခဲ့ပြီးနောက် မှ မနုသဗေဒ နှင့် စိတ်ပညာ ကို ပိုမို စိတ်ဝင်စားလာသူ။ ဒီပညာရပ် အပေါ်လဲ ဆက်လက် လေ့လာသုသေသန ပြု ရန်စိတ်အား ထက်သန်သူ တဦးလဲဖြစ်သည်။ သူစိတ် အ၀င်စားဆုံးမှာ တဆုံတခု၏ သေးဖွဲသော အကျိုးဆက်မှ ကြီးမှားသော အပြောင်း အလဲ ဖြစ်သွားခြင်းဟာ လူ၏စိတ်နှင့် ဆက်ဆက်မှုရှိ မရှိ၊ ပြီးတော့ ခန္တာကိုယ်အပေါ် မည်သို့သက် ရောက်တတ်သလဲ။ အဲဒီနှစ်ခုဟာ တပြိုင်နက် ဆက်စပ်ပြီး မည်သို့ အလုပ် လုပ် သလဲ ဆိုတာတွေကို လေ့ လာနေခဲ့တာ ဖြစ်သည်။ တနေ့ကတော့ သူ့ထံစာတစောင် ရောက် လာသည်။ စာမှာ မည်သည့် နိုင်ငံ ၊ မည်သည့် စာတိုက် ကပို့သည်ဟု မသိရဘဲ စာအိပ် ပေါ်တွင် သာ သူ၏ လိပ်စာ နှင့် အမည်တပ်ထားသည့် အတိုင်းလက်ခံ မိလေသည်။ စာထဲ တွင် စာရေးသူမှာ မစ္စတာ အီဗရာဟင် ဆိုသူ ဖြစ်ပြီး ၊ သူ့ထံတွင်ထုးဆန်းသော စာရွက်တရွက် ရှိကြောင်း ၊ မည်သည့် ဘာသာဖြင့် ရေးထားသည်ဟု ဖော်ရန်ခက်ခဲကြောင်း၊ သို့သော် ထိုစာရွက် ကိုဆုံးအောင် ဖတ်ပြီး သည့် သူတိုင်းသည် ကိုယ့်ကို ကိုယ်သတ်သေသွားလေ့ ရှိကြောင်း၊ သူကိုယ်တိုင်မှာမူ တ၀က်ခန့် ဖတ်ဘူးကာ ကိုယ့်ကိုယ် ကို အဆုံးစီရင် ရန်အတွေးများ ပေါ်ခဲ့သည်မှာ သုံးကြိမ်ခန့် ရှိပြီ ဖြစ်ပြီး အထမြောက်သည် မရှိသေးကြောင်း၊

အခုလို ထူးဆန်းသော အရာများကိုလေ့လာပြီး စိတ်ကို သုသေသန ပြုနေသည့် မစ္စတာ ၇န် နောင့် အကြောင်းကို သူမိတ်ဆွေတစ်ဦး ထံမှ ကြားသိရခြင်း ရှိသဖြင့် အခုလို ဆက်သွယ်ရ ခြင်း ဖြစ်ကြောင်း နှင့် သူ့အားပြန်ဆက်သွယ်ရန် လိပ်စာတို့ကို ရေးထားလေ၏။

ဒေါက်တာရန်နောင်လဲ တွေဝေခြင်း ၊ ထူးဆန်းခြင်း၊ မယုံကြည် ခြင်းများဖြင့် ဆက်သွယ်ရန် သင့် မသင့် ကိုစဉ်းစားနေမိ၏။ ဆက်သွယ်သွားရောက်ရမည့် နေရာမှာ အလုံဘက်တွင် ဖြစ်သည်။ အဘယ့်ကြောင့် နိုင်ငံခြားသားတစ်ဦးသည် မိမိလို ဆရာဝန်ပေါက်စ လေးကို ထို သို့ ဆက်သွယ်ရသည်ကို မတွေးတတ်အောင်ရှိနေရင်း ၀ါသနာပါသည်တကြောင်း၊ စိတ်ပညာနှင့် ပတ်သတ်လျှင် ထူးဆန်းမှုဟူ သမျှကို သိချင်သည်ကတကြောင်း၊ လူငယ်ပီပီ ကြောက်စိတ် မရှိကာ အရာရာ စမ်သပ်ကြည့်မှ ယုံနိုင်မည် ဟုစိတ်ထင်သည်က တကြောင်းဖြင့် လာမည့် အားရက်တွင် သွားရောက်ရန် ဆုံးဖြတ်လိုက်လေ၏။ထို့ကြောင့် လူတဦးအား လမ်းစားရိတ် ပေးကာ မစ္စတာ အီဗရာဟင်ထံ လွှတ်ပြီး လာမည့် ရက်တွင် သူလာမည့် အကြောင်း ပြော ခိုင်းထားလိုက်လေပြီး ဖြစ်ကာ ချိန်းဆိုထားသည့် အချိန်မှာ ၉ နာရီခွဲ ဖြစ်ကာ ထိုသို့ အမြန်ရောက်ရန် စိတ်အားထက်သန်နေလျက်ရှိကာ ပြင်ဆင်စရာများကို မြန်မြန် ပြင်ဆင် နေ မိလေသည်။

၈နာရီ ၄၅

အိမ်ပေါ်မှ အသော့
လေးဆင်းလာရင်း လမ်းပေါ်တွင်တွေ့သည့် အငှားကား တစ်စီးကို တားလိုက်သည်။ ထို့နောက် အလုံသို့လိပ်စာပါသည့် အတိုင်းသွားရောက်ရန် ပြောလိုက်လေ ၏။ လမ်းမှာ သမ္မတအိမ်တော်နားတွင်ရှိပြီး၊ မီးရထား လမ်းနှင့် ကပ်ရပ် ဖြစ်သည်။ တလမ်းလုံးမှာ သစ်ကြီးဝါးကြီးများ ပြည့်နေပြီး ခြံ အကျယ်ကြီးတွေ ဖြစ်ကာ အိမ်တွေမှာလဲ ရှေး လက်ရာ ဘိုအိမ်ကြီးများဖြစ် ကြောင်းတွေလေသည်။ လမ်းသည် အတော်ပင်တိတ်ဆိတ် ပြီးလူသွားလူလာ ကင်းလှ၏။ များမကြာမီတွင် လိပ်စာပါသည့် အတိုင်း ထိုခြံကြီးကို ရောက်လေ၏။ ခြံရှေ့တွင် ကားရပ်ခိုင်းကာ ဆင်းပြီးနောက်၊ ခြံတံခါးကို တွန်းကြည့်ရာ အလိုက်သင့် ပွင့်သွားလေသည်။ ခွေးများထွက်လာမလား၊ အစောင့်တယောက်ယောက်များ ထွက်လာမည်လားဟု ထင်မိသေးသည်။ သို့သော် မည်သူမျှထွက်လာခြင်း မရှိ ၊ ခြံများမှားနေ သလား၊ မဖြစ်နိုင် လိပ်စာအရ ဒီနေရာအမှန်ပင်။ ထို့နောက် ခြံတခါးကိုတွန်းဖွင့်ပြီး လျောက်လာ လိုက်သည်။ ခြံထဲရောက်မှ အတော်ကျယ်ဝန်းကြောင်းသတိ ထားမိလေ၏။ ခြံဝနှင့် အိမ်မကြီးမှာ အနည်းငယ်လှမ်းပြီး စိတ်အထင် ကိုက် ၂၀၀ လောက်ရှိမည် ထင်ရ၏။ ပေါ်တီကိုယ်ထဲမရောက်ခင် လှမ်းကြည့်တော့ တိုက်ခံအိမ် နှစ်ဆောင်ပြိုင်ကြီး ဖြစ်ကာ အတော် အိုမည် ထင်ရသော်လဲ အနီးရောက်လေသော် အတော်အတန် ကောင်းမွန်နေ သေးကြောင်း တွေ့ရသဖြင့် လူနေသည်မှာ ထင်ရှားလှသည်ဟု စိတ်ထဲပြုံးမိလိုက်သေးသည်။ ထူးဆန်းသည်က ခုချိန်ထိ လူသူတဦးတယောက်မှ မတွေ့မိခြင်းပင်။ သူ့စိတ်ထဲ တွင် သရဲကား ထဲမှ အိမ်ကြီးတခုအလား မြင်ယောင်မိရင်း ကြောက်ချင်သလိုလို ဖြစ်လာသေး၏။ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်လွန်းကာ လေပြေလေးတချက်ဝှေ့ မှ အနည်းငယ်ယိမ်းသွားသော သစ်ရွက်ခက်သံလေးများ ကသာ သူနဲ့ အတူ အဖော်ပြုနေလေ၏။

ပေါ်တီကိုမှ တဆင့်အိမ်တံခါးကို ၀င်လာလိုက်သည်။ တံခါးရောက်ရန် လှေကားလေးနှစ်ထစ်တက် ရပြီး ခြောက်ပေခန့်ကျယ်သော အိမ်ကိုပတ် ထားသည့် လူသွားလမ်းလေးကို ဖြတ်ရသေးသည်။ ပြီးနောက် တံခါးဝအရောက်တွင် တံခါးအား ခေါက်မည် အလုပ် တံခါးသည် အလိုအလျောက်ပွင့် သွားပြီး အထဲမှ ရုတ်တရက်ထွက်လာသော အသံ၊ မြင်လိုက်ရသော မြင်ကွင်းက သူ့အား ရုတ်တရတ် – - – - -

(ဆက်ရန်)

You can leave a response, or trackback from your own site.

One Response to “စိတ်ပြောင်းအက္ခရာ”

  1. Nemo says:

    ကိုဂေါက်.. စိတ်ပြောင်းအက္ခရာကို မြန်မြန်ဆက်..

    မြန်မြန်နော်…

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice