Type the rest of your post here.
Type the rest of your post here.
ဒါနဲ့ ကျွန်တော်လဲ ဆက်မဖတ်ဝံ့တာနဲ့ ပြန်ပြီးသိမ်းထားလိုက်တယ်။ အဖေကတော့ သူဖတ်ကြည့် ချင်တယ်ပြောတယ်။ ကျွန်တော် ကမဖတ်ာကည့်ဖို့ တားပါတယ်၊ အခြေအတင် ပြောကြရင်း ကျွန်တော်လဲ စိတ်ဆိုးလာတာနဲ့ အိမ်ပြန်လာခဲ့တယ်။ မကြာပါဘူး နောက်နေ့မှာ အဖေဆုံးသွားတယ်လို့ အကြောင်းကြားလာတယ်၊ ရိုးရိုး ဆုံးတာမဟုတ်ဘူး ကိုယ့် ကို ကိုယ် သတ်သေသွားတာ၊ သူနေတဲ့ တိုက်ရဲ့သုံးထပ်ပေါ်က ခုန်ချသွားတာ။ ပထမတော့ အတော်စိတ်မကောင်း ဖြစ်မိတယ်။ ကျွန်တော့်ကြောင့် ထင်တာပေါ့လေ၊ နောက်တော့ သူ့ အိမ်ကို သွားကြည့်တော့ ခုဏကစာ လိပ်လေးဟာ သူ့စားပွဲအောက်မှာ ကျနေတာတွေ့တယ်။ ရဲတွေက မမြင်ခင်မှာကျွန်တော် လဲကမန်းကတန်းကောက် သိမ်းထားလိုက်တယ်။ မသေခင်ကတည်း ကသေတမ်းစာ ရေးထားတာဖြစ်လေတော့ အဖေ့ရဲ့ ပိုင်ဆိုင်မှုတွေအား လုံး ကျွန်တော်ရလိုက်တယ်။ ဒီဟာလေးအပါအ၀င်ပေါ့။ ဟု ရှည်လျားစွာရှင်းပြလေသည်။
ဒါနဲ့ဘဲ ဒီစာလေးကြောင့် မစ္စတာ့ အဖေသေတယ်လို့ပြောချင်တာလား၊
ဒေါက်တာရန်နောင်က မေးလိုက်ရာ။
ဘယ်ဟုတ်ပါ့မလဲ ဒီထက်သေချာတဲ့ တခုပြောပြဦးမယ်။ အဲဒီတုန်းက အတွေးတွေ ကရောက် ကယက်နဲ့မို့ တွေးတာမှားကောင်းမှားမယ်။ ပထမ အဖေနဲ့ စကားများနေတုန်း ကျွန်တော် စာကို သေသေချာချာ ပြန်ထည့်လိုက်တယ်။ အဖေဆုံးတဲ့ အချိန်မှာ စာကအပြင်ထွက်နေတယ်။ သေချာတာ သူဒါကို ဖတ်လိုက်ပုံ၇တယ်။ နောက်တခုက ကျွန်တော့် အမျိုးသမီးဘဲ။
မစ္စတာ့ အမျိုးသမီးဘာဖြစ်သွားလို့လဲ
သေသွားတယ်ဗျ -သေသွားတယ်၊ သူလဲဒီလိုဘဲ မလုပ်ပါနဲ့လို့ အတန်တန်ပြောထားရက်နဲ့ နားမထောင်ဘူး၊ ခုတော့သူလဲ လွန်ခဲ့တဲ့ ခြောက်လက ဆုံးသွားရတယ်။
စိတ်မကောင်းပါဘူးဗျာ၊ ဒါနဲ့ ဒီစာကြောင့်ဆိုတာသေချာရဲ့လား။
သေချာတာပေါ့ ဒေါက်တာရယ်။ အဖေဆီက ဒီစာဘူးလေးကို ကျွန်တော်ယူလာခဲ့တော့ ဘယ်သူမှ သတိမထားမိပေမယ့် ကျွန်တော့မိန်းမကတော့ သိတယ်။ လင်မယားမဟုတ်လား။ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေကျန်ခဲ့တဲ့ ကြားက ကျွန်တော်ဒီစာဘူးလေးကို သိမ်းသိမ်း ထားတာ သူမသင်္ကာဘူးဗျ၊ သူ့အထင် ရတနာမြေပုံလို့ ထင်သလားမသိပါဘူးဗျာ၊ ခဏခဏ ကျွန်တော့ကို မေးတယ်၊ ကျွန်တော်ကတော့ သူထိတ်လန့်မှာ ဆိုးတော့ဘာမှမဟုတ် ပါဘူးလို့ဘဲပြောခဲ့တယ်။ မိန်းမတွေက အခက်သားဘဲ၊ ဒါကိုဘဲအမြဲ သူရန်လုပ်နေတယ်။ တရက်တော့ ကျွန်တော်အပြင်သွားတုန်း သူဒီစာဘူးလေးကို ယူကြည့်ပုံရတယ်၊ ကျွန်တော်ပြန်လာချိန်မှာ စာလိပ်ကလေးက ကျွန်တော့ ကုတင်ပေါ်မှာ၊ တော်သေးတာပေါ့ဗျာ၊ သမီးက ကျောင်းမှာနေလို့၊ မဟုတ်ရင်သူလဲ ဖတ်မိမှာဘဲ၊ အဲ ကျွန်တော့မိန်းမကတော့ အိမ်မှာ မရှိဘူး၊ ကျွန်တော်လဲ အမြန်ရှာရတော့တာပေါ့၊ ဒါပေမယ့် မမှီတော့ဘူး။ သူရေနစ်ပြီးသေရှာပြီ၊ နောက်ရက်တွေမှာ မိန်းမအလောင်းတလောင်း သိန်းမြစ်ဘေးမှာတွေ့တယ်ဆိုလို့ ဆေးရုံသွားကြည့်တော့၊ သူဖြစ်နေတော့တာဘဲ။ ကဲဒီထက်သေချာတာ ဘာရှိဦးမလဲဒေါက်တာရယ်။
ဟုတ်ပါတယ်- မစ္စတာ အီဗရာဟင်ပြော ပုံအရတော့ အတော်လေးထူးဆန်း နေသားဘဲ၊ တခုရှိတာ အရာတခုက လူရဲ့ စိတ်ကို ပြောင်းအောင် ညှို့ငြင်နိုင်စွမ်းရှိတယ် ဆိုတာ လက်ခံ ပါတယ်။ ဒီလောက်မြန်ဆန်ပြီး ပုံသေလို ဖြစ်နေအောင်လုပ်ထားတာတော့ အရမ်းထူး ဆန်းလွန်းတယ်။ ကျွန်တော် မယုံဘူးရယ်တော့ မဟုတ်ပါဘူး၊ ခဏလောက်ပြကြည့် လို့ ရမလား။
ပြတော့ပြပါမယ်၊ ဒေါက်တာ့ အနေနဲ့ မဖတ်မိအောင်တော့ ကြိုးစားရလိမ့်မယ်။ ကျွန်တော် တော့ မီးရှို့လိုက်ချင်ပြီ၊ ရှေးဟောင်းပစ္စည်းလဲ ဖြစ်ပြန်၊ ထူးဆန်းတဲ့ ဟာလေဖြစ်လေတော့ နှမြောနေသေးလို့ဗျာ။ ဒါကြောင့် ဘယ်ပုံလုပ်ရကောင်းမလဲ ဒေါက်တာနဲ့တိုင်ပင်ကြည့်တာပါ။
ဒေါက်တာရန်နောင့် စိတ်ထဲတွင် ဒီလူကြီးစိတ်မှ ကောင်းသေးရဲ့လားဟု တွေးထင်နေမိ၏။ စာကလေးတစောင်မှာ ဘာတွေများရေးထားလို့ ဒီလောက်စွမ်းနေသလဲ ဟုလဲ ထင်နေမိသည်။
ကဲပါလေ ပြကြည့်ပါဦး ကျွန်တော် ကြည့်ပါရစေ။
သေချာရဲ့လားဒေါက်တာ၊ ကျွန်တော်တော့ အရမ်းစိုးရိမ်သလို ကြောက်လဲကြောက်၊ အထိန့်တလန့်လဲ ဖြစ်နေမိတယ်။
ရပါတယ် မစ္စတာအီဗရာဟင်- ကျွန်တော်ဒီလောက်တော့ မမိုက်မဲပါဘူး။
ဒေါက်တာရန်နောင်က သူ့ကိုယ်သူယုံကြည်သည့် ဟတ်ဖြင့်ပြောလေရာ မစ္စတာ အီဗရာဟင်လဲ စာဘူးလေးအား ဒေါက်တာရန်နောင့် လက်ထဲသို့ လှမ်းပေးလိုက်လေသည်။ ဒေါက်တာရန်နောင်သည် ထိုစာဘူးလေးအား ဖြေးညှင်းစွာ ဖွင့်လိုက်လေသည်။ ကြာမြင့်စွာ ပိတ်ထားသောကြေင့် ခပ်ကြပ်ကြပ်လေး ဖြစ်နေပြီး ပွင့်သွားသော အခါ အထဲမှ စာလိပ်ကလေး ထွက်လာလေသည်။ အလွန်နူးညံ့ သောအ၀တ်စတမျိုးဖြစ်ကြောင်း ကိုင်မိသည်နှင့် သိလိုက်သည်။ အသာလေး စာလိပ်ကို ဖြေကြည့်လိုက်သည်။ သို့ပေမယ့် မျက်စေ့မှ ထိုစာလိပ် ပေါ်မကြည့်မိရန် မျက်နှာလွှဲထားလိုက်လေသည်။ စာလိပ်ကတော့ ပြန့်သွားပြီ။
ထိုအချိန်တွင်ဒေါက်တာရန် နောင့်စိတ်ထဲ ဘာများရေးထားပါလိမ့်ဟု စူးစမ်း လိုစိတ်များ တဖွားဖွားပေါ် လာလေ၏။ လူတို့၏ထုံးစံအတိုင်း မိမိလက်ထဲ ရောက်လာကာမှ မကြည့်မိလိုက် လေခြင်းဟု နှမြောနေရမည့် အတ္တ မောဟ ကိုလဲ မလွန်ဆန်နိုင်သဖြင့် ဒေါက်တာ ရန်နောင် ဖြတ်ကနဲကြည့်လိုက်လေသောအခါ --- ---- ----- ----- -----
တကိုယ်လုံးခပ်တင်းတင်းကြီး ဖြစ်နေကာ အသက်ရှုကြပ် သလိုခံစားရသဖြင့် အလူးအလဲထလိုက်သည်။ ဘေးဘက်ကိုကြည့်လေရာ လူအများမိမိကို ၀ိုင်း ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူကိုယ်တိုင်မှာ တော့ မီးရထားလမ်းလည် တခုမှာ မတ်မတ်ရပ် လျက် အနေအထား။ ဒေါက်တာ ရန်နောင် တယောက် လွန်စွာမှ ထိတ်လန့်သွားသည်။ လူတချို့၏ စကားသံများကို လဲ ကြားနေရသည်။
သနားပါတယ်ဟယ် ငယ်ငယ် ရွယ်ရွာယ်နဲ့
ရူးနေတာနေမှာ
ရဲကို ဖုံးဆက် ရဲကိုဖုံးဆက်
သေကြောင်းကြံနေတာများလား - - -
ဆူညံစွာ တယောက် တပေါက် ပြောဆိုသံတွေကြားမှ ဒေါက်တာ ရန်နောင်တယောက် ကမူးရှုးတိုးပြေးထွက်လာခဲ့လိုက်သည်။ ထိုအသံများ နှင့်လဲ တဖြည်းဇြည်းဝေး လာသည်။ သူကိုယ်တိုင်ကတော့ အမောတကောပြေလာနေလေ၏။ နာရီကို ကြည့်လိုက်တော့ ၁ နာရီ ၁၀ မိနစ် တိတိ - -
အမောတကောနှင့် ပြေးတတ် လာလို့လားမသိ တကိုယ်လုံး ချွေးတွေနှင့်၊ တဒိတ်ဒိတ်နှင့် ခုန်နေသော ရင်ကိုအတန်ငယ်ငြိမ်သက် သွားစေရန်ရေ အေးအေးလေးတခွက် သောက် ချင်နေသည်၊ ---x x x x x
နောက်ရက်များတွင် ပုံမှန် အလုပ်များ လုပ်ကိုင်နေသော်လဲ ထိုထူးဆန်းသော အကြောင်း အရာများ ကအာရုံကို လွှမ်းမိုးနေဆဲ။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး နောက် တလကျော်ခန့် အကြာတွင် လန်ဒန် ဆေးရုံကြီးမှ သူငယ်ချင်း ဒေါက်တာ မောင်မောင်ဝင်းထံမှ စာတစောင်နှင့် ပါဆယ်တခု လက်ခံရလေသည်။ ထိုစာနှင့် အတူ သတင်းစာဖြတ်ပိုင်းလေးတစ်ခု ပါလာသည်။ စာထဲတွင် သူ့မိန်းကလေးသူငယ် ချင်း၏ ဖခင် မစ္စတာ အီဗရာဟင်၏ မှာကြားချက်အတိုင်း သူဆောင်ရွက် လိုက်ခြင်းဖြစ်ကြောင်း ယခုအခါမှာ မစ္စတာ အီဗရာဟင်မှာ နေအိမ်တွင် ဆွဲကြိုးချကာ အဆုံးစီရင်သွားပြီ ဖြစ်ကြောင်း၊ မသေခင်ရေးခဲ့သော သေတမ်းစာအရ သူထားခဲ့သော ဒီပါဆယ်ထုတ်လေးအား ဒေါက်တာရန်နောင့် ထံပို့ရပါကြောင်း ၊ အခု သတင်းစာ ဖြတ်ပိုင်းမှာ မစ္စတာ အီဗရာဟင်၏နာရေးကြော်ငြာနှင့် သူသတ်သေသွားသော သတင်း ပါသည့် ဖြတ်ပိုင်းဖြစ်ကြောင်း၊ သူလဲ သတိတရဖြစ်နေပါကြောင်း၊ နောင် တချိန် ပြန်ဆုံရန် မျှော်လင့်မိ ပါကြောင်း ရေးသားထားလေသည်။
သေချာသည်မှာ အခုပါဆယ်လေးသည် စိတ်ပြောင်း အက္ခရာ ပါသော စာဘူးလေး ဖြစ်နိုင်ကြောင်း ဒေါက်တာရန်နောင် တွေးမိလေသည်။ အဘယ့်ကြောင့် မိမိအား ပေးခဲ့လေသနည်း၊ မစ္စတာ အီဗရာဟင် အနေနှင့် ထိုစာအားမဖတ်ဘဲ ဘာကြောင့် အဆုံးစီရင်သွားခဲ့ ပါသနည်း စသော စဉ်းစား မရသည့် အကြောင်းများ ဖြင့် ဒေါက်တာ ရန်နောင် တယောက် ခေါင်းနောက်နေလေသည်။ သူပါဆယ်ထုတ်ကလေး ကို ဖြည် လိုက်သည်။ သူထင်သည့် အတိုင်း စာဘူးလေးဖြစ်နေလေသည်။ အလွန်လဲ အံ့သြ သွားမိ
၏။ ချီတုံချတုံ စဉ်းစားရင်း စာဘူးလေးကို ဖွင့်လိုက်သောအခါ - - - - - -။
တံခါးပွင့်သွားသည်နှင့်အတူ လွန်စွာမှအသားဖြူလှသော အသက်၅၀ကျော် ခန့်လူကြီးတစ်ဦးထွက်လာပြီး “ကြွပါ ဒေါက်တာ” ဟု လွန်စွာပီသသော မြန် မာစကား ဖြင့် ဆီးကြိုလေ၏။ ဒေါက်တာ ရန်နောင်လဲ အံ့အားသင့်သွား လျက် အိမ်ထဲသို့ ၀င်ရောက်သွား လေသည်။ ထို့နောက် အိမ်၏ ဧည့်ခန်းသို့ရောက် လေသာ် ထိုင်လျက်စကား ပြောကြလေသည်။ ဧည့်ခန်း၏ အပြင်အဆင်မှာ နှစ် ဆယ်ရာ စုဦးပိုင်း လက်ရာ ပရိဘောဂများ ဖြင့် ဆင်ရင်ထားပြီး အရာ အားလုံးမှာ အသစ်ကဲ့သို့ တောက်ပြောင်နေလေ၏။ တချိန်တခါက အလွန်ချမ်းသာ သော သူများ နေထိုင်ခဲ့ကြောင်း ထင်ရှားလေ၏။ ဟိုဟိုဒီဒီ လျောက်ကြည့် သော်လည်း မည်သူမျှ မတွေ့ရပေ၊ ကြည့်နေရင်းမှ မစ္စတာ အီဗရာဟင်က စကားစပြော လေသည်။
မောင်ရင့်ကို ကျွန်တော်သိထားပြီးသား ဆိုတော့ ကျွန်တော့ အကြောင်းဘဲ ပြော ကြတာပေါ့၊ ဒါနဲ့ ကျွန်တော်မြန်မာ လိုကောင်းကောင်း ပြောတတ် နေတာကို မောင်ရင် စိတ်ဝင်စားနေတာလား။ ကျွန်တော် ကရန်ကုန်မှာ မွေးပြီး ၁၃ နှစ်သား အထိ မြန်မာပြည်မှာ ဘဲ နေခဲ့တဲ့သူပါ၊ ကျွန်တော့် အဖေက အရင် ကိုလိုနီ ခေတ် တုန်းက ရန်ကုန်ရဲဝန် တစ်ဦးဖြစ်ခဲ့ပါတယ် ။ ဒီအိမ်ကြီးကတော့ ကျွန်တော် ငယ်ငယ် ကတည်းက နေခဲ့တဲ့ အိမ်ပါဘဲ၊ လန်ဒန်ကို ပြောင်းပြီး နောက်ပိုင်း လဲ ဒီ အိမ်ကို ကောင်းမွန်စွာ စောင့်ရှောက်ဖို့ ကျွန်တော့် ဖခင်ကြီးက အမြဲ မှာလေ့ရှိ တာအပြင် ၊ သူ့သေတမ်းစာထဲမှာ ဒီအိမ်ကို ကျွန်တော့ကို ပေးခဲ့ပြီး ဆက်လက်စောင့် ရှောက်ဖို့ မှာထားလေတော့ အခုလို အမြဲ ခမ်းနားနေအောင် ထိန်းသိမ်းခဲ့တယ် ဆိုပါတော့၊ ကျွန်တော့် အဖေက မြန်မာတွေကို လေးစားတယ်
မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းတွေကို နားလည်တယ်၊ ပြီးတော့ ရှေးဟောင်း ပစ္စည်းတွေလဲ ၀ါသနာပါတယ်ဗျ၊ ကြည့်ပါလား ဟိုဘက်မှာ မြန်မာ လက်ရာ ရှေး ဟောင်းပစ္စည်းတွေ၊ ဟုညွှန်ပြလေသည်။
ဟုတ်ပေသည်၊ မစ္စတာ အီဗရာဟင် ညွှန်ပြသော နေရာသို့ လှမ်းကြည့်လေသာ် ရွှေချီထိုး ပန်းချီများ၊ မှန်စီရွှေချစာတိုက်ပုံးများ၊ ပန်းပု ရုပ်များ၊ ကြေးဆင်းတု၊ ငွေ ဆင်းတုများ၊ အရုပ်၊ ပေစာ အဟောင်းများ စသဖြင့် တွေ့ရလေ၏။
ဒါနဲနေပါဦး ခင်ဗျ ၊ ကျွန်တော့်ကို မစ္စတာအီဗရာဟင် ကဘယ်လိုသိတာလဲ ပြောပြနိုင်မလား။
အော်- ဟုတ်သားဘဲဗျာ ကျွန်တော်မေ့သွားလို့၊ မောင်ရင့်ကို ကျွန်တော့် သမီးရဲ့ မိတ်ဆွေက သိတယ်ဗျ၊ မောင်ရင်နဲ့ ကျောင်းနေဘက်လို့ပြောပါတယ်၊ သူ့အမည်က မောင်မောင်ဝင်းပါ၊ လန်ဒန်ဆေးရုံကြီးကလေဗျာ။
ထိုမှပင် ဒေါက်တာရန်နောင်လဲ မိမိ၏ ကျောင်းနေဖက် အခန်းဖော် ဒေါက်တာ မောင်မောင်ဝင်း ကို အမှတ်ရလေသည်။ သူနှင့် ဒေါက်တာရန်နောင်သည် စိတ်တူ ကိုယ်တူ မိတ်ဆွေများအဖြစ် ဆေးကျောင်းသား ဘ၀ကို ဖြတ်သန်းခဲ့ ကြပြီး တယောက်အကြောင်းတယောက် ကောင်းကောင်းသိလေသည်။ သူ၏ ထိုသို့ စိတ်ပညာအပေါ် သုသေသနလုပ်ရန် ပြောပြလေတိုင်း စိတ်အား ထက်သန်စွာ နားထောင်အားပေးလေ့ ရှိခဲ့သူလဲဖြစ်လေ၏။
ဟုတ်ကဲ့ခင်ဗျာ- ကျွန်တော်သိပါပြီ၊ ထားပါလေ ၊ မစ္စတာ အီဗရာ ဟင်ရဲ့ လိုရင်း ကိစ္စလေး ပြောပါဦး၊
အင်း - -
မစ္စတာ အီဗရာဟင် သက်ပြင်းရှည်ကြီး တခုကို မှုတ်ထုတ်လိုက်သည်။
ဒီလိုမောင်ရင်ရေ -
ကျွန်တော့်မိခင်က ဂျူးအမျိုးသမီး၊ ဖခင်က အင်္ဂလိပ်တယောက် ဖြစ်လေတော့ ကျွန်တော်က ဂျူးကပြားဆိုပါတော့၊ ဒီတော့ ကျွန်တော်ဟာ ငယ်စဉ်ကတည်းက ဂျူး ဘာသာရော၊ ခရစ်ယန် ဘာသာကိုပါ ရင်းနှီးလာခဲ့တယ် စာတွေလဲ သင်ခဲ့တယ်၊ ဟီဘရူးစာတွေလဲ ကျွန်တော်တတ်တယ်၊ ကျွန်တော့်ဖခင်က ရှေး ဟောင်းပစ္စည်းတွေကို ၀ါသနာပါတယ် ဆိုတာပြောခဲ့ပြီးပြီနော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်တုန်းက ကျွန်တော့် အဖေက ရှေးဟောင်း စာထည့်တဲ့ ကြူပ်လေး တခု ၀ယ်လို့ရလာခဲ့တယ်၊ ကျွန်တော်က အိမ်ထောင်ကျနေ၊ အမေကလည်း ဆုံးသွားခဲ့ပြီဆိုတော့ အဖိုးကြီး ဖြစ်နေပေမယ့် အငြိမ်မနေတတ်တဲ့ ကျွန်တော့် အဖေက ဂျေရုဆလင် သွားရင်း ရှေးဟောင်းပစ္စည်း ဆိုင်တခုက ၀ယ်လာခဲ့တာပေါ့။ ၀ယ်လာတာကလဲ သူ့ဟာသူ လက်ရာလေး သဘောကျလို့ ၀ယ်လာခဲ့တာဘဲ၊ ရော့ဒီဟာလေးဘဲ၊
ဟု ပြောရင်း ဒေါက်တာရန်နောင့် ထံသို့ပိုက်လုံးလိုလို ၊ စာချွန်ထဲ့တဲ့ ဗူးလို ဟာလေးတစ်ခု ပြလေသည်။
ထိုပစ္စည်းလေးမှာ ကြေးနှင့်လုပ်ထားဟန်ရှိပြီး တစ်ဖက်က တုံးတိ၊ နောက်တဖက်က အချွန်ပုံ စံပြုလုပ်ထားကာ၊ ဘေးဘက်တွင် စာများ ရေးထား သည်ကို တွေ့ရလေသည်။
ထို့နောက် ဆက်ပြောလေ၏။
အဲဒီပစ္စည်းလေးကို ၀ယ်လာပြီး သုံးလလောက်အကြာမှာ အဖေကကျွန်တော့်ကို လာခဲ့ပါဦးလို့ မှာပြီးခေါ်လို့ ကျွန်တော်သွားတော့ သူက အခုဟာလေး ထုတ်ပြတယ်၊ သူက မျက်စေ့ကလဲ မှုန်နေ၊ လက်ကလဲ တုန်နေ၊ နောက်တခု ကဟီဘရူး လိုလဲ သိပ်မတက်လို့ ခေါ်ပြီးကျွန်တော့်ကို ဖတ်ခိုင်းတာဗျ၊ ကျွန်တော့အတွက်တော့ အပန်းမင်္ကြီးတာနဲ့ ချက်ချင်းဘဲ ကောက်ဖက်ပြ လိုက်တာပေါ့၊ ဒါပေမယ့် သူ့မှာ ရေးထားတဲ့ ဟာကရှေးဟောင်း ဟီဘရူးစာ တွေဗျ ကျွန်တော်မနဲ ဆက်စပ်ပြီး ပြန်ယူရတယ်၊ ကြူပ်ပေါ်မှာ ရေးထားတာက
“စိတ်ပြောင်းအက္ခရာ” တဲ့ဗျ အောက်ဖက်မှာတော့ စာကိုဖတ်ကာ သင်သွားလိုရာ သွားပါတဲ့။ ကျွန်တော်လဲ ဖတ်ပြီးရော အဖေက ဘူးကို ဖွင့်ကြည့်ခိုင်းတယ်၊ တော် တော်နဲ့ ဖွင့် မရဘူးဗျာ၊ နောက်တော့မှ ပွင့်သွားတယ်၊ ပွင့်လဲသွားရော စာလေးတစောင် ထွက်ကျလာတယ်၊ စာဆိုပေမယ့် စက္ကူ ပေါ်မှာ ရေးထားတာ မဟုတ်ဘူး၊ ပိတ်စလို ဟာပေါ်မှာ ရေးထားတာ၊
ဟုတ်လား ဘာတွေရေးထားလဲ ဟု ဒေါက်တာရန်နောင်မှ စိတ်ဝင်တစားမေး လေရာ။
အမေလေး ငါ့တူရာ ဘာရေးထားလဲ ဆုံးအောင် မဖတ်ဝံ့ ပါဘူး။ ခုလဲ ဒီအကြောင်းလေးပြောမလို့။
ဟုတ်ကဲ့ပါဗျာ ဆောရီးပါ ၊ ဆက်ပါဦး။
ကျွန်တော်လဲ ထွက်လာတဲ့စာ ကို ထုတ်ပြီး ဖတ်တာပေါ့ ၊ စာကို စဖတ်တယ် ဆိုရင်ဘဲ ကျွန်တော်ဟာ ဘာဖြစ်သွားတယ်မသိဘူး၊ သတိရလို့ကြည့်လိုက်တော့ ကျွန်တော့ လက်ထဲမှာ ဓားကြီးတလက်နဲ့ ကျွန်တော့ ဗိုက်ကို ပြန်တေ့ထားတာတွေ့လိုက်ရတယ်။ ကျွန်တော်လဲ အံ့အားသင့် နေတာပေါ့။
အဖေက တော့ ရဲကိုဖုံးဆက်မလို့ လုပ်နေရာက ကျွန်တော်သတိရ လာမှန်းသိတော့ သူမဆက်တော့ဘဲ ကျွန်တော့်နားရောက်လာတယ်။ ကျွန်တေယ်ဘာဖြစ်သွားသလဲ အဖေ့ကို မေးတော့ ၊
မင်းက စာကို ဖတ်လိုက်တယ်ဆိုရင်ဘဲ တောင့်တောင့် ကြီုးဖြစ်သွား တာနဲ့ ငါလဲစာကို ဆောင့်ဆွဲ လုလိုက်တယ်တဲ့၊ ပြီးတော့ ကျွန်တော်ဟာ နောက်ဖေး ဘက်ကို တလှမ်းခြင်းလှမ်းသွားပြီး ဓါး ကိုဆွဲလာတာတဲ့၊ သူလဲ အော်ပေမယ့် ဘာမှ ကျွန်တော်က သိပုံမပေါ်လို့ ရဲကို အကြောင်းကြားမလို့ လုပ်နေတုန်း အခုလို ပြန်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ် ဆိုပြီး ပြောတယ်။ (ဆက်ရန်)
အမောတကောနှင့် ပြေးတတ် လာလို့လားမသိ တကိုယ်လုံး ချွေးတွေနှင့်၊ တဒိတ်ဒိတ်နှင့် ခုန်နေသော ရင်ကိုအတန်ငယ်ငြိမ်သက် သွားစေရန်ရေ အေးအေးလေးတခွက် သောက် ချင်နေသည်၊ သို့ပေမယ့် လူတကိုယ်လုံးမလှုပ်ချင်လောက်အောင် ကိုအားအင် ကုန်ခန်း နေ ပြီ။ သက်ပြင်းရှည် တချက်ကိုဖြေးညင်းစွာ မှုတ်ထုတ်ရင်း ကိုယ့်စိတ်ကို ကိုယ်တိုင်လျှော့ချ ကာ နေ့လည်က အဖြစ်အပျက်ကို ပြန်တွေးပြီး ထိတ်လန့်လာမိပြန်သည်။ အတန်ကြာတော့ သူအိပ်ပျော်သွား မိသည်။ ဘယ်လိုဖြစ်ဖြစ် အိပ်မက်ထဲမှာတော့ နေ့လည်က အဖြစ်တွေ ပြန်မြင်ယောင် နေမှာ အမှန်ပင် - - - - -
မနက် ၈ နာရီ
သူတယောက်ထဲနေသည့် အခန်းမို့ တခါတလေ ရှုပ်ပွနေတတ်လည်း အားသည့် ရက်ဆို ရင်တော့ အခန်းရှင်းလေ့ ရှိပေမယ့် ဒီနေ့တော့ သူစိတ်ဝင်စားသည့် အကြောင်း အရာ တခု ကသူ့ကို အပြင်ထွက်ဖို့ ဖြစ်လာသည်။ သူဆိုတာကတော့ ဒေါက်တာ ရန်နောင် ၊ဆရာဝန် ဖြစ်လာခဲ့ပြီးနောက် မှ မနုသဗေဒ နှင့် စိတ်ပညာ ကို ပိုမို စိတ်ဝင်စားလာသူ။ ဒီပညာရပ် အပေါ်လဲ ဆက်လက် လေ့လာသုသေသန ပြု ရန်စိတ်အား ထက်သန်သူ တဦးလဲဖြစ်သည်။ သူစိတ် အ၀င်စားဆုံးမှာ တဆုံတခု၏ သေးဖွဲသော အကျိုးဆက်မှ ကြီးမှားသော အပြောင်း အလဲ ဖြစ်သွားခြင်းဟာ လူ၏စိတ်နှင့် ဆက်ဆက်မှုရှိ မရှိ၊ ပြီးတော့ ခန္တာကိုယ်အပေါ် မည်သို့သက် ရောက်တတ်သလဲ။ အဲဒီနှစ်ခုဟာ တပြိုင်နက် ဆက်စပ်ပြီး မည်သို့ အလုပ် လုပ် သလဲ ဆိုတာတွေကို လေ့ လာနေခဲ့တာ ဖြစ်သည်။ တနေ့ကတော့ သူ့ထံစာတစောင် ရောက် လာသည်။ စာမှာ မည်သည့် နိုင်ငံ ၊ မည်သည့် စာတိုက် ကပို့သည်ဟု မသိရဘဲ စာအိပ် ပေါ်တွင် သာ သူ၏ လိပ်စာ နှင့် အမည်တပ်ထားသည့် အတိုင်းလက်ခံ မိလေသည်။ စာထဲ တွင် စာရေးသူမှာ မစ္စတာ အီဗရာဟင် ဆိုသူ ဖြစ်ပြီး ၊ သူ့ထံတွင်ထုးဆန်းသော စာရွက်တရွက် ရှိကြောင်း ၊ မည်သည့် ဘာသာဖြင့် ရေးထားသည်ဟု ဖော်ရန်ခက်ခဲကြောင်း၊ သို့သော် ထိုစာရွက် ကိုဆုံးအောင် ဖတ်ပြီး သည့် သူတိုင်းသည် ကိုယ့်ကို ကိုယ်သတ်သေသွားလေ့ ရှိကြောင်း၊ သူကိုယ်တိုင်မှာမူ တ၀က်ခန့် ဖတ်ဘူးကာ ကိုယ့်ကိုယ် ကို အဆုံးစီရင် ရန်အတွေးများ ပေါ်ခဲ့သည်မှာ သုံးကြိမ်ခန့် ရှိပြီ ဖြစ်ပြီး အထမြောက်သည် မရှိသေးကြောင်း၊
အခုလို ထူးဆန်းသော အရာများကိုလေ့လာပြီး စိတ်ကို သုသေသန ပြုနေသည့် မစ္စတာ ၇န် နောင့် အကြောင်းကို သူမိတ်ဆွေတစ်ဦး ထံမှ ကြားသိရခြင်း ရှိသဖြင့် အခုလို ဆက်သွယ်ရ ခြင်း ဖြစ်ကြောင်း နှင့် သူ့အားပြန်ဆက်သွယ်ရန် လိပ်စာတို့ကို ရေးထားလေ၏။
ဒေါက်တာရန်နောင်လဲ တွေဝေခြင်း ၊ ထူးဆန်းခြင်း၊ မယုံကြည် ခြင်းများဖြင့် ဆက်သွယ်ရန် သင့် မသင့် ကိုစဉ်းစားနေမိ၏။ ဆက်သွယ်သွားရောက်ရမည့် နေရာမှာ အလုံဘက်တွင် ဖြစ်သည်။ အဘယ့်ကြောင့် နိုင်ငံခြားသားတစ်ဦးသည် မိမိလို ဆရာဝန်ပေါက်စ လေးကို ထို သို့ ဆက်သွယ်ရသည်ကို မတွေးတတ်အောင်ရှိနေရင်း ၀ါသနာပါသည်တကြောင်း၊ စိတ်ပညာနှင့် ပတ်သတ်လျှင် ထူးဆန်းမှုဟူ သမျှကို သိချင်သည်ကတကြောင်း၊ လူငယ်ပီပီ ကြောက်စိတ် မရှိကာ အရာရာ စမ်သပ်ကြည့်မှ ယုံနိုင်မည် ဟုစိတ်ထင်သည်က တကြောင်းဖြင့် လာမည့် အားရက်တွင် သွားရောက်ရန် ဆုံးဖြတ်လိုက်လေ၏။ထို့ကြောင့် လူတဦးအား လမ်းစားရိတ် ပေးကာ မစ္စတာ အီဗရာဟင်ထံ လွှတ်ပြီး လာမည့် ရက်တွင် သူလာမည့် အကြောင်း ပြော ခိုင်းထားလိုက်လေပြီး ဖြစ်ကာ ချိန်းဆိုထားသည့် အချိန်မှာ ၉ နာရီခွဲ ဖြစ်ကာ ထိုသို့ အမြန်ရောက်ရန် စိတ်အားထက်သန်နေလျက်ရှိကာ ပြင်ဆင်စရာများကို မြန်မြန် ပြင်ဆင် နေ မိလေသည်။
၈နာရီ ၄၅
အိမ်ပေါ်မှ အသော့လေးဆင်းလာရင်း လမ်းပေါ်တွင်တွေ့သည့် အငှားကား တစ်စီးကို တားလိုက်သည်။ ထို့နောက် အလုံသို့လိပ်စာပါသည့် အတိုင်းသွားရောက်ရန် ပြောလိုက်လေ ၏။ လမ်းမှာ သမ္မတအိမ်တော်နားတွင်ရှိပြီး၊ မီးရထား လမ်းနှင့် ကပ်ရပ် ဖြစ်သည်။ တလမ်းလုံးမှာ သစ်ကြီးဝါးကြီးများ ပြည့်နေပြီး ခြံ အကျယ်ကြီးတွေ ဖြစ်ကာ အိမ်တွေမှာလဲ ရှေး လက်ရာ ဘိုအိမ်ကြီးများဖြစ် ကြောင်းတွေလေသည်။ လမ်းသည် အတော်ပင်တိတ်ဆိတ် ပြီးလူသွားလူလာ ကင်းလှ၏။ များမကြာမီတွင် လိပ်စာပါသည့် အတိုင်း ထိုခြံကြီးကို ရောက်လေ၏။ ခြံရှေ့တွင် ကားရပ်ခိုင်းကာ ဆင်းပြီးနောက်၊ ခြံတံခါးကို တွန်းကြည့်ရာ အလိုက်သင့် ပွင့်သွားလေသည်။ ခွေးများထွက်လာမလား၊ အစောင့်တယောက်ယောက်များ ထွက်လာမည်လားဟု ထင်မိသေးသည်။ သို့သော် မည်သူမျှထွက်လာခြင်း မရှိ ၊ ခြံများမှားနေ သလား၊ မဖြစ်နိုင် လိပ်စာအရ ဒီနေရာအမှန်ပင်။ ထို့နောက် ခြံတခါးကိုတွန်းဖွင့်ပြီး လျောက်လာ လိုက်သည်။ ခြံထဲရောက်မှ အတော်ကျယ်ဝန်းကြောင်းသတိ ထားမိလေ၏။ ခြံဝနှင့် အိမ်မကြီးမှာ အနည်းငယ်လှမ်းပြီး စိတ်အထင် ကိုက် ၂၀၀ လောက်ရှိမည် ထင်ရ၏။ ပေါ်တီကိုယ်ထဲမရောက်ခင် လှမ်းကြည့်တော့ တိုက်ခံအိမ် နှစ်ဆောင်ပြိုင်ကြီး ဖြစ်ကာ အတော် အိုမည် ထင်ရသော်လဲ အနီးရောက်လေသော် အတော်အတန် ကောင်းမွန်နေ သေးကြောင်း တွေ့ရသဖြင့် လူနေသည်မှာ ထင်ရှားလှသည်ဟု စိတ်ထဲပြုံးမိလိုက်သေးသည်။ ထူးဆန်းသည်က ခုချိန်ထိ လူသူတဦးတယောက်မှ မတွေ့မိခြင်းပင်။ သူ့စိတ်ထဲ တွင် သရဲကား ထဲမှ အိမ်ကြီးတခုအလား မြင်ယောင်မိရင်း ကြောက်ချင်သလိုလို ဖြစ်လာသေး၏။ ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်လွန်းကာ လေပြေလေးတချက်ဝှေ့ မှ အနည်းငယ်ယိမ်းသွားသော သစ်ရွက်ခက်သံလေးများ ကသာ သူနဲ့ အတူ အဖော်ပြုနေလေ၏။
ပေါ်တီကိုမှ တဆင့်အိမ်တံခါးကို ၀င်လာလိုက်သည်။ တံခါးရောက်ရန် လှေကားလေးနှစ်ထစ်တက် ရပြီး ခြောက်ပေခန့်ကျယ်သော အိမ်ကိုပတ် ထားသည့် လူသွားလမ်းလေးကို ဖြတ်ရသေးသည်။ ပြီးနောက် တံခါးဝအရောက်တွင် တံခါးအား ခေါက်မည် အလုပ် တံခါးသည် အလိုအလျောက်ပွင့် သွားပြီး အထဲမှ ရုတ်တရက်ထွက်လာသော အသံ၊ မြင်လိုက်ရသော မြင်ကွင်းက သူ့အား ရုတ်တရတ် - - - - -
(ဆက်ရန်)
ဘလောက်ဂါလဲ ၀င်ရတာတယ်မလွယ်လေတော့ - - -အင်း - - - ရအောင်တော့ ရေးရမှာ ပေါ့လေ။ အကြွေးကျန်နေတဲ့ တက်လော့ဟုန်းလဲ ရေးရပါဦးမယ်။ ၀တ္ထုရှည်လေးလဲ ရုံးကစက်ထဲမှာ ထည့် ထားတာ virus ကိုက်လို့ ဟတ်ဒစ်ကို ဖောင့်မန့်ချလိုက်တာ ကုန်ပါလေရော၊ ပြန်လုပ်ရဦးမယ်။ ဘာမှ အသစ်မတင်လဲ လာလာ စောင့်ဖတ်နေတဲ့ ကျွန်တော့ မိတ်ဆွေများကို အားနာပါတယ်။ ကျွန်တော်တို့ ရဲ့ အခက်အခဲလေးများကို နားလည်သည်းခံ ပေးရင်းခဏတော့ စောင့်ပါဦးလို့ တောင်းပန်ပါတယ်။ ကျွန်တော်မကြာခင် တကယ်အသစ်တွေတင်ပေး ပါမယ်။ေ