မေးကြစမ်းပါဗျ

ကျွန်တော် အတော်လေး စိတ်ပျက်မိပါတယ်၊ အတန်းထဲမှာ ကျွန်တော် ပြောနေတာကို နားလည်သူများရှိ သလို သဘောမပေါက်သူများလဲ ရှိပါတယ်။ သို့ သော် သူတို့ အားလုံး ၏တူညီသော အချက်မှာ ဘာမှ မေးမြန်းခြင်း မရှိ ပါဘူး။ ဘယ်သူရတယ် ၊ ဘယ်သူကတော့ မရဘူး ကျွန်တော် ကောင်းကောင်း သိတယ်၊ ထို အချက်ကအ တွေ့အကြုံ အရ မှန်းဆချက်တခု ဆို သော်လဲ အတော်လေး သေချာသည့် တွက်ချက်မှု တစ်ခုဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ ယုံကြည်ပါတယ် ။ မသိတာ ကိုဘာလို့ မမေးရတာလဲ၊


မေးပါများ စကားရဆိုသော အဆိုရှိခဲ့တယ်၊ ကလေးက အစသိတယ်။
ဆိုရေးရှိက ဆိုအပ်စွာ၊ မပြောမပြီး မတီးမမြည်၊ အစအစသော မြန်မာ စကားပုံ တွေရှိနေ လျက်နှင့် မြန်မာ လူမျိုးများက အရေးရှိက မေးရန်ဝန်လေးတတ်တယ် ။ အမှန်တော့ ပြီး ပြီးရော ဆိုတာမျိုးတွေ လုပ်ချင်တယ် ။ ငယ်စဉ် ကတည်းက ကျောင်းမှာ မေးမြန်း မှုများ မရှိ သလောက်တွေ့ရတာကိုး ။ အခုမှ မဟုတ် ကျွန်တော် ကိုညီလင်းဆက်အိမ်ရောက်ရင်း စာအုပ် တစ်အုပ် တွေ့ လို့ ခဏလောက်ကောက် ဖက်လိုက်တော့ ဒေါက်တာ လှဘေ ၏ စာအုပ်တစ် အုပ်ဖြစ်နေ ပါတယ် ။ ထိုထဲတွင် ရေးသားချက် တခုက " ကျွန်တော့ ကျောင်းမှာ ဆရာက ပြောတဲ့ ပေါရာဏ ဆိုတာ ရှေးလူကြီး သူမတွေပြောတဲ့ စကားတွေကွ ဟု ဆိုခြင်းအား နားမလည်မိေ သး သို့သော် မေးမြန်းခြင်းလဲ မပြု၊ အင်္ဂလန်မှာဆိုလျှင်တော့ မေးမှာ သေချာတယ်" နောက် တကြောင်းက တော့ " မြန်မာ လူမျိုးတွေက ဆရာတွေကို ချစ်၊ကြောက်၊ ရိုသေ ဆိုတဲ့နေရာမှာ ကျွန်တော်ကတော့ ကြောက် ဆိုတဲ့ နေရာမှာ ရွံ့ ဆိုတာလေးနဲ့ အစားထိုးချင်တယ်ဗျာ၊ အမှန်တော့ ဆရာတွေက ဘီလူး သရဲ တွေမှ မဟုတ်တာ ဘာကြောက် စရာ လိုမလဲ၊ ဖြစ်ခြင်း ဖြစ် ကိုယ်က အမှားလုပ်မိမှာကို စိုးရွံ ရမှာ" ဟုရေးထားလေသည်။ ထို စကားစုများကို ထောက်ခြင်းဖြင့် ရှေး အစဉ် အဆက် မေးမြန်းခြင်း(၀ါ) ဆောတက တက်ခြင်းများ လုပ်ရမည်ကို ကျွန်တော် အပါ အ၀င် မြန်မာ တော် များများ ကမလုပ်ခြင်ကြ ။ ကျောင်းဆိုလဲ ကျောင်း အလျောက် ကျွန်တော်တို့ ငယ်ငယ်က မသိလဲ နားမလဲ ပြန်မမေး၊ မမေးဘဲ မြုံနေတော့ ဘာမှ မတတ်တော့။ ကောင်းသေးလားဗျာ။ အမှန်တော့ မကောင်းတဲ့ အကျင့် ဗျ။ တကယ်က ဆရာကို ကြောက်လို့ မမေးရဲတာကနဲနဲ ကိုယ် ကိုယ်တိုင်ကိုက ပြင်းကြတာ၊ ငါသိပါတယ်၊ ဒါလေးများ ငါရတာပေါ့ ၊ အဲဒီလို မူမမှန်တဲ့ တွေးတွေက ကျွန်တော်တို့ လူမျိုး တွေ အရိုးစွဲ စေတဲ့ ငယ်ကျင့်လေးတွေ။ ရုံးတွေမှာ လဲ ဒီလိုဘဲ၊ ကိုယ်မသိရင် မေးမယ် မရှိဘူး၊ ပိုက်ဆံလေး နင်းကန်ပေးပြီးမြန်မြန်ရ ပြီးရော အချောင်လိုက်၊ လိုက်တော့ လာဘ် ပေး လာဘ်ယူ ဆိုတာတွေ တိုးပွား၊ အမှန်တော့ ကိုယ်လုပ်နေတဲ့ အကြောင်း ၊ ဥပဒေ၊ စတဲ့ သိသင့်တာတွေကို မသိ မလေ့ လာလို့ဖြစ်တာ၊ နောက်ဆုံး လူရာမ၀င်တဲ့ လူမျိုးဖြစ်သွားနိုင်တယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတော့မယ့် အချိန်မှာ ကြောက်သလိုလို ၊ ရွံ့ သလိုလို လုပ်နေလို့ကတော့ ခံရမယ်ဘဲ၊
မေးစရာရှိမေးပေါ့၊ သူလဲလူ ကိုယ်လဲလူဘဲ၊ အဲ တချက်သတိထားတတ်ရမှာ ကအခြေအနေ နဲ့ အချိန်အခါကိုတော့ အနည်းငယ် သတိပြု ရမယ်၊ ကျွန်တော် မြောက်ပေးတိုင်း ဇွတ်မမေးနဲ့ အရိုက်ခံရ လိမ့်မယ်။ ကျွန်တော်ပြောတာ ပညာသင်တဲ့ အခါ၊ တစုံတခုကို စူးစမ်းတဲ့ အခါ၊ သိချင်တဲ့ အခါ တွေမှာ မေးမြန်းသင့် မေးမြန်း၊ လေ့လာ သင့်တဲ့ အရမှာ လေ့လာ စေချင်တာပါ၊ အရာရာ လျောက်မေးနေတာတော့ အားမပေးပါဘူး၊ ကိုယ်မေးတဲ့ မေးခွန်းဟာ ကြောင်း ကျိုး ဆလျှော် မှု ရှိမရှိ ကိုယ့် ဟာကိုယ် ပြန်မေးရပါတယ်။ ပြောရရင် ပို ရှုပ်ထွေးစရာ ရှိပါတယ်။ ဒီတော့ မေးပါ မြန်းပါ။ ဆေးခန်းမှာလဲ မေးပါ၊
ရုပ်ရှင်ရုံမှာလဲ မေးပါ၊ ကားဂိတ်မှာမေးပါ၊ ရထားဘူတာမှာ မေးပါ၊ ဟိုလူ့မေးပါ၊ ဒီလူ့မေးပါ၊ ရည်းစားကိုလဲ မေးပါ ဟဲ ဟဲ မိန်းမယူခါ နီးလဲ မေး နော်။

0 comments: