ကြက်ဥ ထမင်းကြော်

ဒီနေ့တော့ ကိုရဲ စင်္ကာပူကနေ ပို့လိုက်တဲ့ မေးထဲ ကစားချင်စရာ လေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်စွာ သုံးဆောင်ပါဗျို့။

အားလုံးအတွက်...ကိုရဲ..ကြော်သော...ကြက်ဥထမင်းကျော်.....

ဒီနေ့တော့..SG မှာ..အလုပ်ရှာရင်...သတိထားရမယ့်...Talkie လေးတွေကိုရေးမယ်စဉ်းစားနေတုန်း...ဗိုက်ဆာတာနဲ့....

ဲပြီးတော့....ဟင်းချက်တဲ့ကြွက်ရုပ်ရှင်ကြည့်ပြီးအားကျနေတာနဲ့.. ..
၁) ထမင်းတည်
၂) ထမင်းကျက်ခါနီး၊ ဆား၊ဆီ၊ကြက်ဥ (၃)လုံး(ညနေအတွက်နဲနဲပိုထားတာ)
အသင့်ပြင်ထား
၃) ထမင်းအအေးခံပြီး ဒယ်ဒယ်နဲ့ဆီသတ်
၎) ဆားကလေးကိုသင့်အောင်ဖြူးပြီး၊သမအောင်မွေပြီး...ကြော်တဲ့နေရာမှာ..နဲနဲလေးဂျိုးရအောင်လဲအပူနဲနဲပိုပြီးလုပ်....

၅) မှတ်တမ်းဓာတ်ပုံလေးလဲရိုက်...(သူများတွေကိုအခုလိုကြွားလို့ရတာပေါ့....)
၆) အငြော်ငွေ့တွေကို...Exaust Fan နဲ့မှုတ်ထုတ်အပြီး၊ ပူပူနွေးနွေး..ကြက်ဥထမင်းကျော်လေးကို...ပန်ကန်ထဲကိုသေသေသပ်သပ်ထည့်လိုက်တဲ့အခါ...

ကြွက်ရုပ်ရှင်ထဲက...ကြွက်လေးကို..ငါလဲမင်းချက်သလောက်တော့...ရပါတယ်ကွာ..
ဆိုတဲ့အပြုံးတွေနဲ့ပြုံးပြလို့ရပြီပေါ့......

Anybody Can Cook !!!!

2 comments:

Nemo said...

ကြက်ဥထမင်းကြော်ကိုတော့ သိပ်စိတ်မ၀င်စားဘူး....။

ချဉ်ပေါင်ရွက်ကြော်ကိုတော့ အလွန်အမင်းကို စိတ်ဝင်စားတယ်....။

ချဉ်ပေါင်ရွက်ကို ပုဇွန်ခြောက်နဲ့ကောင်းအောင် ဘယ်လိုကြော်စားရသလဲဆိုတာကို....နည်းလေးဘာလေး ပေးပါအုံး။(ဓါတ်ပုံများနှင့်တကွ)

s_potato said...

ဒီဦးဦးကိုမြင်ဘူးတယ် သိသလိုပဲ :P