ဂျိမ်းဂျိမ်း - ဂျက်ဂျက်

မိုးတွေ တရဟော ရွာချနေသည်။ အဲဒီနေ့ညနေ ကို တော့ အထိတ် တလန့်နှင့်အမှတ် ရခဲ့ရ ပါသည်။ ဘယ်လိုပါ လိမ့်။
နှစ်တွေတောင်အတော် ကြာသွားခဲ့ ပြီ၊ သူမနဲ့ ညနေ တစ်ခု၊ ရယ်စရာလဲ ကောင်း ၊ အင်း စိတ်ညစ်စရာ လဲ ကောင်း။ ကဲ ဗျာ ပြောချလိုက် တော့မယ်။ သူနဲ့ပေါ့

သူဆိုတာ ကျွန်တော့် ရဲ့ အရင်းနှီးဆုံး နှစ်လုံးသား လေးတစ်ခု ဖြစ်ခဲ့သူလေး။ သူလေးနဲ့ မှတ်မှတ် ထင်ထင် အရာ ပေါင်းများစွာ ထဲက အဲဒီနေ့က အကြောင်းကို တခါတရံ သတိရတတ်လေ့ ရှိတယ်။ တကယ် ဗျာ မိုးတွေတရ ဟော ရွာတာ က ပြန် စကြတာ ပေါ့။
တညနေလုံး သဲနေတဲ့ မိုးက ကျွန်တော်နှင့် သူ့ကို ကြာကြာ တွေ့ ဖြစ်ဖို့ အကြောင်း ပြ ချက် အဖြစ် အဲဒီနေ့ က ပျော် ရွှင် စွာ ကျွန်တော် အသုံးပြု ခဲ့ မိပါ သည်။ သူမနှင့် ကျွန်တော် တာမွေပလာ ဇာတွင် ဟိုကြည့် ဒီကြည့် ၊ မုန့်စားနှင့် တော် တော် အချိန် ဖြုန်းပစ်ခဲ့ လိုက်ခြင်းဖြင့် နာရီ လက်တံ တချို့ ၏ တွားသွားမှု အား ခေတ္တ လစ်လျှူ ရှု ထားပစ် ခဲ့မိသည်။
အချိန် ဆိုတဲ့ သကောင့် သားက အမှောင် နှင့် ပူးပေါင်း လာသော အခါ သူမကို စိုးရိမ် စိတ်များ မွေးဖွား ပေး ခဲ့လေသည်။
စိုးရိမ် စိတ်က ထွက်ကျလာတဲ့ နောက်ကျရင် တော့ အဆူ ခံရတော့ မှာဘဲ ဟု ရေရွက် ခြင်းဖြင့် ကျွန်တော့်အား အိမ် ပြန် ပို့ရန် အချက်ပြ လာလေ၏။ တကယ် ပင် မှောင်နေသည်။ ၆ နာရီ ၃၀ လောက်ရှပြီ။ မိုးရေတွေ သွန် ချခဲ့ ခြင်းကို မမြို နိုင်ရှာ သည့် လမ်းဘေး ရေမြောင်းများ ၏ အန်ဖတ်များ တလျောက် သူမ နှင့် ကျွန်တော်ဖြတ်လာ ခဲ့ရင်း ကား တစ်စီး ငှား လိုက်ခဲ့ သည်။
ဘယ်ကိုလဲ
ကျောက် ကုန်းဘက်
၅၀၀ ပေးရမယ်
ဟာဗျာ ဒီဘက်ကဖြတ်သွားရင် နီးနီးလေး ၃၅၀ ထား
မရဘူး ငါ့ညီရ ဆီဈေးတွေကတက် နေတာ
(အမြဲတမ်းညည်းလေ့ ရှိ သည့်ကားသမားစကား)
အင်းလေ အသွားအပြန်ယူမယ်၊ ပြီးရင် ပုဇွန်တောင်ပို့ ပေး ၅၀၀ ယူလိုက်
အာ
ကားသမား နဲနဲ ဇဝေဇ၀ါ ဖြစ်သွားသည်။
၅၀ လောက် ပိုပေး
ကောင်မလေးများ ရှေ့တွင် ငွေရေးကြေးရေး အတွက် မငြင်းတတ် သည့် လူငယ် သဘာဝ အလျောက် သဘောထားကြီး စွာ ဖြင့် ၅၀ပို ပေးလိုက်သည်။
ကားပေါ် ရောက် တော့ မှ နှစ်ယောက်သားကိုယ့် ပုံ ကိုယ် ပြန်ကြည့်မိသည်။ နှစ်ယောက်လုံး မိုးတွေ စိုလို့၊
ခိုက်ခိုက်တုန် နေသော အေးစက်စက် သူ့လက် ဖ၀ါးလေး အား အသာအယာ ဆုတ်ကိုင် ထားရင်း သူမ ရဲ့ ဦးခါင်း လေး အားရင် ခွင်ထဲ ထည့်ကာ တွန့်လိတ်ကာ ရွှဲ စို နေသည့် သူမ၏ ဆံနွယ် များကို လဲ ပါးဖြင့် ကပ်ကာ တယုတယ- - - - -
"ဘုန်း"
ဘာသံမှန်း မသိ သဖြင့် ရုတ် တရက် လန့် သွားသည်။ အသံကတော့ ဘေးက လာတာဘဲ နောက်လှည့် ကြည့်လိုက် တော့ လဲ ဘာမှ မဟုတ်။ ခဏ နေတော့ စူပါဝမ်းရှိရာ နားမှ မီးပိုင့်ရောက် လာသည်။ တာမွေ သချိုင်း ကို ဖျက် ထားသော မြေ ကွက် လပ်ကြီးမှ လေအေး အေးများက စိမ်းစိမ်း ကြီး တိုက် ခတ်လာ သည်။ ပိုင့်မိ လို့ ရပ် ထားသော ကျွန်တော် တို့ ကား၊ သူမဘေးမှ တခါးသည် ရုတ်တရက် ပွင့် သွားသည်။
နှစ်ယောက်သား ကြက်သေသေ ပြီးငေး မိနေ၏။
"ဘုန်း"
မီးလဲ စိမ်းရော အလိုလို ပြန် ပိတ် သွားလေသည်။ ဟေ့လူ ဟေ့လူ ဒါ ဘယ်လိုဖြစ်တာလဲ။
ကားသမားက ဗိုလ် အောင်ဒင် ပြုံး ပြုံး ပြရင်း
ဂျက် မကျတာ ပါ၊ စိတ်မပူပါနဲ့
ကျွန်တော်လဲ ယုံသလိုလိုရှိတာနှင့်သူမကို ကျွန်တော့်နားပိုပြီးနီးနီးကပ် ကပ် ဆွဲ ထားလိုက်၏။ ဟိပျော်လိုက်တာ။ ပျော် လို့ မဆုံးပါဘူး ဒီတခါကျတော့ ကားသွားနေရင်း တခါးက ပွင့်လိုက် ပိတ်လိုက်၊ ကျွန်တော့ ဘက် က ပွင့်လိုက် ၊ ရှေ့ ခန်း ကပွင့်လိုက်နှင့်၊
အား - - - ကြောက် တယ် ၊ ကို - - ဘာဖြစ်တာလဲ လုပ်ဦး
သူမအလန့် တကြား ကျွန်တော့်ကို ဖက်ရင်း မျက် စိမှိတ် ပြီး ဇွတ် အော်နေသည်။
အစ်ကို ကားရပ်လိုက်ပါ။
ယောကျား တစ်ယောက်တွင် ရှိရမည့် အသံထက် ပိုမို မာကြောသော လေသံဖြင့် ကျွန်တော် တောင်း ဆိုလိုက်သည်။
ကောင်မလေးက ကြောက်နေပြီ မဟုတ်လား၊ အားကိုးစရာ ကိုယ်ဘဲရှိ၊ အဲဒီလို ပေါချာချာ အသိတွေကလဲ ခါင်းထဲ မကြာမကြာ ၀င်လာ၏။
ကားရပ်လိုက် သည် ၊ ရပ်လိုက်သည့် နေရာ ကလူရော ကားပါရှင်းနေ လေသည်။
ပြောပါဦး ဗျာ ဒါဘယ်လိုဖြစ်တာလဲ၊ ချက် မကျ တာ မဖြစ်နိုင်ဘူး။
ကားသမား မျက်နှာ မကောင်းစွာ နှင့် ကျွန်တော်တို့ ကို သေ အချာ ကြည့် လေသည်။
ဒီလိုပါကွာ ၊ ငါ့ ကားက သရဲရှိတယ်
ဗျာ - - -
သရဲ ၊ လမ်းကမှောင် နေ ၊ကား က လဲကြောင် နေပြီ၊ နောက်တော့ သရဲတဲ့၊ အမလေးဗျာ ဒွတ်ခ
ဒါပေမယ့် မကြောက်ပါနဲ့ ငါ့တူရယ်၊ ဘာမှ မဖြစ်စေရ ပါဘူး၊ မင်းတို့ကို အိမ်တိုင် ရာရောက် လိုက်ပို့ ပေးပါ့မယ်။
ဟာဗျာ ကြောက်စရာကြီး၊ ကျွန်တော်က သိပ်ကြောက်တာ မဟုတ်ဘူး ၊ဒါပေမယ့် ကျွန်တော့် ကောင်မလေး ကြောက်နေပြီဗျ
တကယ်ပါ ငါ့တူရာ - ဘာမှ မဖြစ်စေရဘူး၊ ဦးလေးပြော ပေးမယ်
ဘယ်လိုပြောမှာလဲ
ကဲ - အခု မင်းတို့ ရှေ့မှာ ပြောမယ် - အောင်မောင်းရေ ၊ မင်းမနောက်နဲ့ ကွာ၊ ကားဆွဲ မကောင်းရတဲ့ အထဲ၊ မင်းနောက် ထပ် စနေရင် ငါလဲ ငတ် မင်းလဲ မောင်းထုတ်ခံရမယ်နော်၊ မလုပ်နဲ့ တော့
အင်- -ဒီလိုပြောလို့ ရလား
ရတာပေါ့
သူက သဘောတူတယ်လဲ မပြောဘူး
ဟယ် ပြောမလားကိုယ်ရဲ့ တော်ပါတော့
သူမ ၀င်ပြောလာသည်။
မင်းကြောက်နေလား
အင်းနဲနဲတော့ လန့်တယ်။ ဒါပေမယ့် နောက်ကျနေရင် အိမ်က ပိုဆိုးတယ်
အေးလေ ကားလဲ ထပ်ရဖို့ မလွယ်ဘူး သွားမယ်ကွာ ၊ ကိုယ် တယောက်လုံးရှိတယ် မကြောက်နဲ့နော်
ကျွန်တော်တို့ ကားဆက်ထွက်လာလိုက်သည်။ ၅မိနစ်လောက် အကြာမှာ သူမတို့ ခြံရှိရာလမ်းထိပ်ကိုရောက် လာ၏။
သွားတော့လေ နောက်ကျနေပြီ
ဟင့်အင်း ၊ ခြံဝနားလိုက်ပို့ပေး
ဟာ - - ကားသံကြားရင် မင်းအိမ်က သိကုန်မယ်လေ
အေးလေ- ကားဒီမှာ ခဏစောင့်ခိုင်းထား- လမ်းလျှောက် လိုက်ပို့
ဘုရား ဘုရား - သူတို့ ခြံကိုရောက် ဖို့ ကမီတာ ၃၀၀ နီးပါး လိုသေးသလို လမ်းလေး တခုလဲ ကွေ့ရဦး မည်။ မီးကမှောင်မှောင်၊ မိုးက စိုစို- ဒွတ် ခ ဒွတ်ခ
တတ်နိုင်တော့ဘူး၊ မဖက်လိုက်တော့ မိုက်ဖက် ပါရဦးမှာ ပေါ့
ကျွန်တော်တို့ ကားသမားကို စောင့်ခိုင်းပြီးလိုက်ပို့ရန် ဆင်းလိုက်ခဲ့သည်။
သစ်ပင်ကြီးတွေအုပ်ဆိုင်း ဆိုင်း၊ ခုနေများ သရဲများအပင်ပေါ်က ဆင်း လာ လို့ကတော့ ၊ အင်းတွေးရင်း တွေးရင်း ချွေး လေးတွေ စို့လာ၏။
ရောက်ပါပြီ၊ သူမလဲ ချော မောစွာ အိမ်ရောက်လေပြီ။ ကျွန်တော် မှာကား - - -
ပြေး - - -
ခေါင်းထဲ ၀င်လာတဲ့ ဆုံးဖြတ်ချက် အတိုင်း သုတ်ခြေတင် လှည့်ပြေး လိုက်တော့သည်။ ဘာကိုမှ မကြည့် ကျွန်တော့ ရှေ့ကနီးစပ်ရာတွေသာကြည့်ရင်း ပြေးလိုက်မိသည်။
ကားပေါ် ပြန်ရောက်တော့ ချွေးတွေလဲ ရွှဲ၊ မောလိုက်တာလဲ အရမ်းဘဲ။
ကားပြန်ထွက်လာသည်။ ကျွန်တော် တယောက်ထဲ နောက်ခန်းမှာ၊ ကြောက်တာတော့ ကြောက်နေမိသည်။
သို့ သော် ကျွန်တော် အိမ်ရောက်သည် အထိ ဘာမှ ထပ်မဖြစ်တော့။
ကားသမားပြော တာကတော့ ဒီကားကို အရင်တုံးကမောင်းတဲ့ ဒရိုင်ဘာ သည်ကားပေါ် တွင်ပင် အရက်မူးလွန်ကာ အိပ်ပျာ် သွားရင်း မနက်မှာ အအေးမိကာ နှလုံးရပ်သေဆုံးသွားကြောင်း ပြောလေ၏။ ဘယ်လိုမှ လဲ ပြောလို့ မရ ကားနားသာ အမြဲ လိုက်နေလေ့ရှိကြောင်း၊ သူငယ်ချင်း အချင်းသူလဲ သနား သဖြင့် မောင်းမထုတ်ဘဲ ဒီလိုနေခဲ့ကြောင်း လမ်းတွင် ရှည် လျားစွာ ရှင်းပြလေသည်။ ဘယ်လိုဖြစ်ဖြစ်အဲဒီနေ့ ညနေသည် ပျော်ရွှင်မှုတပိုင်း ထိတ်လန့်မှု တခုနှင့် ကျွန်တော့် အတွေးထဲ ရောနှာ ပျော် ၀င်ခဲ့ ရ လေတော့သည်။

10 comments:

မြရွက်ဝေ said...

ဆက်ရန်--ရှိသေးလား??

နေဘုန်းလတ် said...

ဟေ့ ... ဒါ လုပ်ကြံရေးထားတာလား ... လီဆယ်ရေးထားတာလား ... လိမ်ရေးထားတာလား ... ပေါက်ကရရေးထားတာလား ... မဟုတ်ကဟုတ်ကတွေရေးထားတာလား ...
မှန်မှန်ပြောစမ်း ဘလာဂေါက် ...။

Nemo said...
This comment has been removed by the author.
MELODYMAUNG said...

ဟားဟား ဖစ်ရမယ်ဂေါက်ရေ နင်ကတော့ လေ စိတ်ကောင်းကောင်းမှ မထားတာနော် အဲဒီလောက်ပဲ ဖြစ်တာ တော်သေးတာပေါ့ သရဲက အထီးမလို့ အမသာဆိုရင် ချစ်ချစ်လဲ ဆင်းသွားရော တိုတိုဂေါက်ဂေါက် နဲ့ ပဲ နေမယ်စိတ်ကူးတယ်ဆိုပြီး အိမ်ထိပါလာလို့ နှင်မရမှ နင်တော့ သေပြီဆရာပဲ အဟိ :P

monenge said...

ကာယကံရှင်တွေတော့ မသိဘူး.....
စာဖတ်ပရိတ်သတ် တစ်ယောက် အနေနဲ့တော့ တော်တော်ရီရတယ်...
ကောင်မလေး ကြောက်မှာစိုးလို့ လိုက်ပို့ပြီး ပြန်ပြေးတဲ့ အခန်းကပို ရယ်ရတယ်..
*တစ်ကယ် ကိုယ်တွေ့လား *

သန့်ဇော်မင်း said...

လီဆယ်တာလဲ မဟုတ်ဘူး
လိမ္လဲမလိမ္ဘူး
ပေါက်ကရလဲ မဖြစ်နိုင်ဘူး
မဟုတ်ကဟုတ်က ဆိုဝေးရော..
အဲ.... စိတ်ကူးယဉ်ထားတာ......

ဟတ်..ဟတ်.. စတာနော်.. ကိုနေဘုန်းလတ်ရေ..

မိုက်တယ်ကွာ.. ဂေါက်ဂေါက်တို့ ဇာတ်လမ်းတွေကတော့
တော်သေးတယ်.. ကားဆရာကြီးက စောင့်နေပေးလို့
နို့မို့သာဆို အမောတကောပြေးလာပြီး ကားကပျောက်နေလို့ကတော့ ... အင်း...

ဂျစ်တူး - gyit_tu said...

နေဘုန်းလတ်မေးသလို မေးမယ်.. တကယ်လား ..

တကယ်ဆိုရင် - - ဖြစ်လည်းဖြစ်တတ်ပါပေ့ ကြံ၂ဖန်၂း)

စိတ်ကူးယဉ်ဆိုရင် - - သိပ်ကောင်းတဲ့ စိတ်ကူးပဲး)

Nemo said...

တကယ့်ဖြစ်ရပ်မှန်ပဲဖြစ်ဖြစ်...
စိတ်ကူးယဉ်ပြီးရေးထားတာဖြစ်ဖြစ်..............


ဒါကိုဖတ်ပြီးတော့ ...ဟာ ဟာ့ ဟား လို့ပဲ အော်ရီလိုက်ချင်တော့တယ်.....။

" Funny....Funny...Funny!"

မိုးချစ်သူ said...

ဖတ်ပြီးတော့ကြောက်သည်။ ကြောက်ကြောက်နှင့်ဆက်ဖတ်သည်။
ဘယ်လိုပဲရေးရေးဖတ်လို့ကောင်းတာအမှန်ပါ။

kzy1980 said...

အဲဒီ့လူဗျာ ဒီဇာတ်လမ်းကို ရေးချင်လွန်းလို့လား မသိပါဘူး
ကျနော် စာသင်နေတဲ့ အခန်းထဲမှာဗျာ ကီးဘုတ်သံ တစ်ဖျောက်ဖျောက်နဲ့ တော်တော်ကို သဲကြီးမဲကြီး တင်သွား တာဗျ၊ ကျနော်တောင် မြှောက်ပေးလိုက်သေးတယ်...
နီကိုရဲလိုလို၊ တာရာမင်းဝေလိုလိုဗျလို့...အဟဲ...