လမ်းကြောင်းများ ရမ်းစောင်းမသွားချင်

ကျွန်တော်ဟာ မြန်မာလို ရေးတဲ့ ဘလောက်တစ်ခုကို ပိုင်ဆိုင် ဖန်တီးထား သူတယောက် မို့ ကိုယ့်ကို ကိုယ် မြန်မာ ဘလောက်ဂါ လို့ ခံယူထားတဲ့ သူပါ။


ကျွန်တော့် လို ခံယူ ထားတဲ့ သူတွေ ရှိတဲ့ အသိုင်းအ၀ိုင်း ကို မြန်မာဘလောက် ဂါ တွေရှိရာ အသိုင်း အ၀ိုင်း အဖြစ်လဲ မှတ်ယူ ထား ကြ ခဲ့ပါတယ်။ ဒီတော့ ဘလောက်ရေး တယ်။ အဲဒီအရာ ဟာ အင်တာနက်လို့ ခေါ်တဲ့ စည်းဝိုင်းထဲ မှာ ရှင်သန်နေတဲ့ ဘ၀ တစ်ခုပါဘဲ။ အင်တာနက်ရဲ့ ပါဝါတွေဖြစ်တဲ့ ပေတံမရှိခြင်း၊ သဘောက ဆင်းရဲ ချမ်းသာ၊ ပညာ တတ်၊ပညာမဲ့၊ ကြီးသူ ငယ်သူ၊ လူမျိုးဘာသာ စတဲ့ အစွဲဆွေကို ခွာချထားနိုင် ခဲ့ပြီး၊ အနီး အဝေး ၊ ဒေသစွဲတွေကိုပါ မေ့ထားနိုင်ပြီး ဒီ အ၀န်း အ၀ိုင်းထဲမှာ လွတ်လပ်စွာ ရှင် သန်ခဲ့ကြပါတယ်။ အင်တာနက်ပေါ်မှာ ဘလောက်လို့ ခေါ်တဲ့ ကိုယ်ပိုင် ဒိုင်ယာ ယီလို ၊ မှတ်စု လို ၊ ရေးစရာ လေးတွေ ချရေးလာခဲ့တဲ့ အလေ့ အထကို ကျွန်တော် အပါ အ၀င် ကမ္ဘာ့ လူသားတွေ အတော် များ များ သဘောတွေ့ ခဲ့ကြလို့ အခုဆို ဘလောက်ဆိုဒ်တွေဟာ အေ၇ အတွက်အားဖြင့် ၇၇ သန်းကျော်လောက်ရှိ လာခဲ့ပြီလို့ လဲဆိုကြပါတယ်၊ အရာအရာတိုင်းမှာ အကောင်း အဆိုးဒွန်တွဲနေတဲ့ လောက သဘာဝအရ ကောင်းကျိုး ဆိုးပစ် တွေကိုလဲကျွန်တော်တို့ ရှောင်လွဲခြင်းငှာ မစွမ်းသာ ခဲ့ဘူး၊ ဘလောက်ဆိုတဲ့ အရာ အင်တာနက်လောကမှာ ခေတ် မစားလာခဲ့ခင်မှာ website ဆိုတာတွေနဲ့ ကျင်လည်ခဲ့ ကြတာပါ။ အဲဒီမှာ ကျွန်တော်တို့ တွေ လိုက်ကြည့်တယ်၊ လေ့လာတယ်၊ သူတို့ ဆားဗစ်တွေဖြစ်တဲ့အီးမေးတွေ၊ ချက်တင်တွေ၊ သူငယ်ချင်းမိတ် ဆွေ ရှာတာတွေ၊ ဖိုရမ်တွေသုံးခဲ့ကြတယ်လေ။ နောက်တော့အခုလို ဘလောက် ဆားဗစ်တွေ ပေါ်လာတော့ ကျွန်တော်တို့ စမ်း သုံးခဲ့ကြတယ်။ ပထမတော့ အခက်အခဲတွေဖြစ်တဲ့ဘာသာ စကား ၊ နည်းပညာ ဒါတွေကြောင့် ထင်သလောက် မသုံးဖြစ် ခဲ့ဘူး၊ နောက် အခါ ကြိုးစားတဲ့ မြန်မာလူငယ် အချို့ကြောင့်ဘလောက်ပေါ်မှာ မြန်မာလိုရေးလာနိုင်ခဲ့ပါတယ်။ အဲဒီမှာ အခု ကျွန်တော့်လိုမြန်မာလို ရေးတဲ့ မြန်မာဘလောက်ဂါတွေ အများ အပြားထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတွေထဲမှာ နည်းပညာ၊
သုတစာပေ၊ ကဗျာ၊ ခရီးသွား ဗဟုသုတ စတဲ့ အရေး အသား ကောင်းတဲ့ ရွက်ပုန်းသီး လူငယ်တွေတော်တော်လေး ထွက် လာပါတယ်။ သူတို့ရေးတဲ့ ရှင်းလင်း လွယ်ကူတဲ့ အရေး အသားတွေက နည်းပညာ ငတ် လူတွေ အပေါ်၊ ဒါတွေနဲ့တင်ရိုး အီနေတဲ့ မြန်မာ စာဖတ်ပုရိတ်သတ် တွေ အပေါ် အားသစ်တွေလောင်းပေးနိုင်ခဲ့ပါတယ်။ ဒါပထမ ဦးပိုင်းပါ။ မြန်မာ့ အင် တာနက်လောကမှာ အသုံးပြု သူတွေကြား ရေပန်း အစားဆုံးဖြစ်တဲ့ ချက်တင် ၀င်နေမှုဟာ ဘလောက်ကို လူသိနဲနေ စေခဲ့ ပါတယ်။ အချိန်ကုန်ငွေကုန်တာခြင်းအတူတူ ဒီဘလောက်တွေပေါ်မှာ ရှိတဲ့ ပညာရစရာတွေ လိုက်ဖတ်မယ် ၊ ဆွေးနွေး မယ်၊ နောက်ဆုံး ကိုယ်တိုင်ရေးမယ် အများကို ကိုသိထားတာတွေ မျှဝေမယ်။ ဒီလို စိတ်တွေနဲ့ မြန်မာဘလောက် ရေးသူတွေကြား ရှိနေကြတဲ့ဆန္ဒတွေကြောင့် မြန်မာဘလောက်ဂါ အသိုင်း အ၀ိုင်းလေးတစ်ခု ပေါ်ထွက်လာ ခဲ့တယ်။ အချိန်ကြာလာတဲ့ အမျှ မြန်မာဘလောက်ရေးသူတွေ များလာခဲ့ပါတယ်။ ကောင်းတဲ့ ၇လဒ် တစ်ခုပါဘဲ။ အားလုံးကိုယ် စီမှာ တူညီတဲ့ ရည်မှန်းချက်က ကိုယ်တွေလို အရင်က ဘာသာစကား၊ နည်း ပညာ အခက်အခဲတွေကြောင့် ပညာရပ်တစ်ခုကို လေ့ လာရာမှာ ငွေတွေကုန်၇ပါတယ်၊ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရပါတယ်၊ နောက်လူတွေ ကိုယ်လို မဖြစ်ဘဲ အလွယ်တကူ တက်မြောက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်၊ ကိုယ်သိထားတဲ့ အသိပညာတွေကို မျှဝေလိုတဲ့ ရည်ရွယ် ချက်ကိုစီကျွန်တော်တို့တွေမှာ ရှိနေကြပါတယ်။ ဒါကြောင့် ဘလောက်ရေးသားခြင်းကို အစဉ်မပျက် ကျွန်တော်လဲ ဂရု စိုက်ခဲ့ပါတယ်။ ဒါကောင်းတဲ့ ရလဒ်တွေပါ။ နောက်တစ်ခုက ဆိုးတဲ့ အရာတွေပါ။ web တွေမှာလဲ အရင်ကတည်းက ကောင်းတာ တွေရှိပါတယ်။ ညစ်ညမ်း တဲ့ အရာတွေရှိပါတယ် ၊ဒါပေမယ့် အသုံးပြုသူရဲ့ လုပ်ဆောင်မှုသာလျှင် ဒီ ဆိုဒ် တွေကို သွားမယ် မသွားဘူး ဆုံးဖြတ်ရပါတယ်။ လုပ်တဲ့သူကတော့ အကြောင်း အမျိုးမျိုးကြောင့် ရှိနေမှာပါ။ ဘလောက်တွေမှာလဲ လူတိုင်းနည်းပညာ မရေးနိုင်ပါဘူး။ လူတိုင်း ကဗျာ မရေးနိုင်ပါဘူး ဒီတော့ ဖတ်တဲ့သူတွေ အကျိုးကို ရှေးရှု ထားတဲ့ အရာတွေကဘဲ ဖတ်သူကို ဆွဲဆောင်နေမှာပါ။ သီချင်းကို လူတိုင်းမဆိုတတ် ပေမယ့် ဒီသီချင်းကောင်း မကောင်းတော့ လူတိုင်းသိပါတယ်။ ကောင်းဖို့သာလိုပါတယ်။ ကျွန်တော်တို့ အခုရေးနေတာ နာမည်ကြီးဖို့ရေးနေတာ တခုမှ မပါ ဘူး၊ ဒါပေမယ့် အခုဟစ်ဟော့ သီချင်းတွေ ခေတ်စားနေချိန် အသံ မကောင်းလဲ ပေါက်တဲ့ သူတွေရှိနေသလို ပေါက်တဲ့သူကတော့ ခါတော်မှီပေါက်သွားနိုင်ပါတယ်။ ရေရှည် အတွက်တော့ ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘလောက်ရဲ့ သဘောက လွတ်လပ်မှုကို အခြေခံ ထားလေတော့ လူတိုင်းလူတိုင်း မိ မိ နှစ်သတ် ရာ ရေး ခြင်းကို လေးစားပါတယ်။ မိမိရဲ့ လွတ်လပ်မှုဟာ တပါးသူအတွက် ထိခိုက်နစ်နာမှု မဖြစ်အောင်လဲ ရေးသား သူတိုင်း မှာ တာဝန်ကိုယ်စီရှိနေပါတယ်။ အစာအဆိပ်သင့်ရင် လူ သေတတ်ပါတယ်။ စာအဆိပ်သင့်ရင်တော့ ဘ၀ပါ သေတတ် တာမို့ ရေးသားမှုတိုင်းဟာ တာဝန် အပြည့် ရှိနေပြီးသားပါ။ ကျွန်တော် ဓါးနှစ်လက်ကို လူနှစ်ယောက်ကို ပေးပါမယ်။ တယောက်က ဘုရားဈေးမှာ ပန်းရောင်းရင် ပန်းဖြတ်ဖို့ သုံးပါမယ်၊ နောက်တယောက်ကတော့ သားသတ်တဲ့ အခါမှာ အသား ဖြတ်ဖို့ သုံး ပါမယ်။ ဒါဆို ဓါးခြင်းအတူတူ ဘုရားပန်း ဖြတ်တဲ့ဓါးဟာ ဘုရားပန်းဖြတ်တဲ့ ဓါးလို့ အမည်ရမယ်။ သားသတ် တဲ့ ဓါးကတော့ သားသတ်ဓါးလို့ အမည်ရပါမယ်။ သူတို့ကို ဓါးတွေဘဲလို့ သိမ်းကြုံးပြောလို့ မရတော့ ပါဘူး၊ ဒီဓါး ရဲ့ အမည်ရှေ့မှာ သူ့ရဲ့ လုပ်ဆောင်ချက်ပါ နေပါတယ် ဒါမှ ပြည့်စုံပါမယ်။ ဒီတော့ ကျွန်တော်ပြောချင်တာ ဘုရားမှတပါး အား လုံပြီးပြည့်စုံမှုမရှိနိုင်တဲ့ လောကကြီးမှာ အရာရာ ဟာ ကိုယ်နဲ့အတူတူ အမြဲဖြစ်မယ်ဆိုတာ စိတ်ကူးယဉ် ဆန်ပါ လိမ့်မယ်။ လွတ်လပ်မှုကို အခြေခံတဲ့ ရေးသားမှုကို ခုံမင်ကြရင် ကိုယ့်ရဲ့လွတ် လတ်မှုကို ကိုယ်က လေးစား၇ မှာဖြစ်သလို သူတပါးရဲ့ လွတ် လပ်မှုကိုလဲ အသိအမှတ် ပြုရပါမယ်၊ ငါနဲ့ မတူ ငါ့ရန်သူ လုပ်နေခြင်အား ဖြင့် ကျွန်တော်တို့ ကွဲလွဲမှုများ အဆုံးသတ်သွားမယ် မဟုတ်ပါ။ ဘုရားရှင် လက်ထက်တော်မှာ တောင် ဘုရား ကိုယ်တိုင် မချွတ်နိုင်လို့ လစ်လျူရှု ထားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ သွားမယ့် ၊ သွားချင်တဲ့ လမ်းကြောင်းဟာ အများ သူငှာကို နည်းပညာ ၊ အသိပညာ တွေ ပေးဝေ တူမျှ ခံစားစေချင်တာပါ။ ရည်ရွယ်ချက် ကိုစီ လျှောက်နေကြတဲ့ လမ်းမှာ ကိုယ့်ပတ်ဝန်းကျင်ဟာ အထီးကျန် ဆန်နေမှာ မဟုတ်ပါ။ ယုံကြည်ချက် တူညီစွာ လျှောက် လှမ်း နေရင်း ကိုယ့် ဘလောက်ကို အလှဆင်ကြပါ ဗျာ။

8 comments:

Nemo said...

ဘာပဲပြောပြော ခင်ဗျားရဲ့စာတပိုဒ်ကိုတော့ ကော်ပီလုပ် ထားလိုက်ပြီ....

“အစာအဆိပ်သင့်ရင် လူ သေတတ်ပါတယ်။ စာအဆိပ်သင့်ရင်တော့ ဘ၀ပါ သေတတ် တာမို့ ရေးသားမှုတိုင်းဟာ တာဝန် အပြည့် ရှိနေပြီးသားပါ။ ကျွန်တော် ဓါးနှစ်လက်ကို လူနှစ်ယောက်ကို ပေးပါမယ်။ တယောက်က ဘုရားဈေးမှာ ပန်းရောင်းရင် ပန်းဖြတ်ဖို့ သုံးပါမယ်၊ နောက်တယောက်ကတော့ သားသတ်တဲ့ အခါမှာ အသား ဖြတ်ဖို့ သုံး ပါမယ်။ ဒါဆို ဓါးခြင်းအတူတူ ဘုရားပန်း ဖြတ်တဲ့ဓါးဟာ ဘုရားပန်းဖြတ်တဲ့ ဓါးလို့ အမည်ရမယ်။ သားသတ် တဲ့ ဓါးကတော့ သားသတ်ဓါးလို့ အမည်ရပါမယ်။ သူတို့ကို ဓါးတွေဘဲလို့ သိမ်းကြုံးပြောလို့ မရတော့ ပါဘူး၊ ဒီဓါး ရဲ့ အမည်ရှေ့မှာ သူ့ရဲ့ လုပ်ဆောင်ချက်ပါ နေပါတယ် ဒါမှ ပြည့်စုံပါမယ်”

sisain said...

သိပ်ကောင်းတဲ့ ပို့စ်လေးဗျာ-

နိုင်းနိုင်းစနေ said...

အရမ်းမိုက် မောင်ဂေါက်.. ကျေးဇူး

မြရွက်ဝေ said...

မှတ်သားသွားပါတယ်။

ညီညီ(သံလွင်) said...

လွှတ်ကောင်းတဲ့ ပို့စ်ပဲ ကိုဂေါက်ရေ.. ဥပမာပေးသွားပုံလေး ကောင်းသလို ရည်ရွယ်ချက်ကလေးလည်း ကောင်းတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်လုပ်စရာ ကိုယ်ဆက်လုပ်ကြရမှာပဲ။

နေဘုန်းလတ် said...

ဒီပို့စ်လေးအတွက် Congratulation ပါ ဂေါက်ရေ ...

MELODYMAUNG said...

Very nice gout gout!
Your expression is clever and ....
အဟီး မြန်မာလိုပြောရရင် အရမ်းကောင်းတယ် သယ်ရင်းယုံကြည်ချက် တူညီစွာ လျှောက် လှမ်း ကြမယ်

သန့်ဇော်မင်း said...

ကိုဂေါက်ရေ...
အလွန့်အလွန်ကို ကောင်းတယ်ဗျာ...
Congratulation ပါဗျာ..