ဖြစ်ပုံကဒီလိုပါ

မနေ့ကပေါ့ မနကိပိုင်းမှာ why do we blog အတွက်ပို့ရေးနေရင်း ဂျီတော့မှာ ကိုစစ်နဲ့တွေ့ပါတယ်။ သူကဘာစိတ် ကူးပေါက်တယ် မသိပါဘူး ဒီနေ့လူစုပေးလို့ရနိုင်မလားတဲ့၊ အို- -ဒါလေးများ ရတာပေါ့ ကိုစစ်ရယ်လို့ဆိုပြီး ညနေ ဘက်ဆုံကြမယ်လို့ စုလိုက်တာ အတော်လေးရလိုက်ပါတယ်။ နောက်တော့ ကိုစိုးဇီယျ၊ သူကတော့ အလုပ်တွေ ပိနေလို့လိုက်နိုင်မယ် မထင်ဘူးတဲ့၊ ကိုကျော်ဇေယျကတော့ နေဘုန်းလတ်ဆိုင်မှာရောက်နေပြီ၊ အပြင်သွား မယ်
လာခဲ့ဆိုလို့ချက်ချင်း ထထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ဘယ်ဟုတ်မလဲ ကိုစိုးဇီယျကြီးက မြိုစားမင်း ဆိုင်မှာဂျီတော့နေတာကိုး၊ လေးယောက်သား ကားငှားပြီး MICT ကိုပိုက်ဆံကျန်တာလေးသွားပေးဖို့ မမီရှိရာ စင်္ကပူ သင်တန်းကျောင်း ကိုအရင်ဝင်ကာ ပိုက်ပိုက်ဝင်တောင်းပါတယ်.နောက်ပြီး MICT ကိုသွားပေးပါတယ်။ ဟိုမှာ အသံသွင်းတိတ်ခွေတွေယူ၊ပိုက်ဆံပေး၊ ဟော ပေးလဲပေးရော မြို့စားမင်းက 203800 ကျန်တာကို 238000 ပေးနေလို့ အမြန်ကယ်လိုက် ရပါသေးတယ်။ သူလဲကျေးဇူတင်တာနဲ့ လက်ဖက်ရည်တိုက်ချင်စိတ်ပေါက်သွားတာပေါ့။

အဲဒီကနေတဆင့် မြေနီကုန်း ရောက်ပါတယ်. ရောက်တော့ ရွှေမှာလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ပါတယ်။ အသားပေါင်း နှစ်ခုနဲ့ ပဲနို့တစ်လုံးသောက်ပြီးစကားတွေ ပြောလိုက်တာ ညနေ ၅ နာရီထိုးသွားပါတယ်.
အချိန်တော့ တန်နေပြီမို့ ရုံးကို တခါပြန်ရောက်လာကာ ကိုစစ်ကိုလူအနည်းငယ်စုံကြောင်း ဖုံးဆက်တော့ သူအခု လာနေပြီလို့ ဆိုပြီး သူလဲထွက်လာပါတယ်။ ရုံးမှာ ကိုကျော်ဇေယျ ဂျီတော့ပါတယ်(အန်တီညလေးရေ သွားလေရာတော့ သူပါနော်-တိုင်တာ မဟုတ်ဘူး-ချွန်တာ) အဲ သူကလဲတိုလီမုတ်စကိုတွေ့တော့လာမလား တီးခေါက်ပါတယ်။ တောင် ဥက္ကလာမှာမို့ဝေးရင်လဲ မလာတော့နဲ့ပြောတာ ဒီကောင်လေးကစိတ်ကြီးတယ် ချက်ခြင်းsign out လုပ်သွားပြီးထွက်လာ ပြန်ပါတယ်။ အင်းလူတွေများလာဘီ။ ကျွန်တော်တို့ကတော့ ဟောပြောပွဲကဖောင်တွေပြန် စစ်နေရင်း အာတွေတောင်ခြောက်လာပါတယ်။ ကဲ ပင့်ကူ၊ဟုတ်ပါဘူး ပင့်ဂိုး ရောက်လာပါတယ်. ဘယ်ကနေ အနံ့ရ သွားတယ် မသိဘူး၊ အတော်အနံ့ခံကောင်းတဲ့ဘလောက်ဂါပေဘဲ။ သူကတော့ ဘာညာနဲ့ စကားများနေပါတယ်။ ကိုနေဘုန်းလတ်လဲ ထိုင်လို့၊ ကိုစိုးဇီယျကတော့ ရောက်ရာအရပ်က ချက်နေလေရဲ့ ယျ နှစ်ယျ လိုက်လဲ လိုက်ပါတယ်။ ကိုစစ်ကြီးကတော့ ထုံးစံအတိုင်းအိတ်ကြီးလွယ်လို့ အခန်းထဲရောက်တယ်ဆိုရင်ဘဲအား
လုံးရဲ့မျက်နှာဟာ အရောင်တွေတဖျက်ဖျက်နဲ့ပေါ့။ နောက် မကြာခင်မှာဘဲ ကျွန်တော်တို့စတင်ပါတော့တယ်။
မြေနီကုန်း YKKO ကိုပါ။ ဟိုရောက်တော့ မှာကြစားကြ၊ စားလို့ကုန်ခါနီးမှာ ကိုတက်ကြီးရောက်လာပါတယ်။ သူရောက်လို့မကြာခင်ရှေ့ဆင့်နောက်ဆင့်ဘဲတိုလီမုတ်စနဲ့ ကိုညီလင်းဆက်ရောက်လာပါတယ်။
စားကြပါတယ်ပြီးတော့ ဘာရယ်မဟုတ်ဘူး မမီလဲမလာသေးတာနဲ့M3 မှာသီချင်းသွားဆိုမယ်ဆိုပြီး ဆုံးဖြတ် ကြပါတယ်။ဟုတ်ပါတယ် ကျွန်တော်တို့ MBS ဟာဆုံးဖြတ်ချက်ခိုင်မာပါတယ် DO ဆိုရင်တော့ DO ပါဘဲ.
လူများသော ဘလောက်ဂါများမို့မော်တော်ယဉ်တန်းနဲ့ထွက်ခွာလာလိုက်တာ M3 ရောက်ပါတယ်။
ခပ်ချောချော အမကြီးတစ်ယောက်များ အခန်းမှာ မထားဘူးလားလို့မေးလိုက်တော့ မမီကြိုမှာထားတဲ့အခန်းကိုစိုက် စိုက်ကြီးရောက်အောင်ပို့ပေးကြပါတယ်။ (ဒီလိုဒီလိုစီစဉ်ထားတာနော်)ဟတ်ဟတ်
စပါပြီremote ကိုလုကြ mic ကိုလုကြနဲ့ အပြိုင်ဘဲ သီချင်းတွေဝိုင်းထည့်ပြီးကျွန်တော်တို့ဘလောက်ဂါ ကွန် ဆက်ကိုစလိုက်ပါတော့တယ်- - -
ဖြောင်းဖြောင်း ဖြောင်း - - -
ကိုစစ်ကိုအားပေးတာပါ။ သူက ၀ိုင်ဝိုင်း မှ ဆိုဘဲ။ ကောင်းပါတယ် အင်မတန်နားထောင်ကောင်းပါတယ်
ပထမတော့ တယောက်တပုဒ်စည်းကမ်းတကျ လုပ်မလို့ပါ ။ဟိုရောက်တော့ မိုက်ခဲတွေချည်းဆိုလေတော့မရ တော့ပါဘူး၊ အားလုံးကျရာလိုက်ဟစ်ကြပါတော့တယ်။
ဟေ့ ဟေ့ ဟေ့၊ အိုးဆူညံနေတာဘဲ
အသီးသီးဆိုသွားကြတယ်ကျွန်တော့သီချင်းတော့မရောက်သေးဘူး။
ကိုကျော်ဇေယျကလဲ ကံ့ကော်တောမျိုးအောင်ရဲ့ လူကိုယူပါ ပစ္စည်းတော့ချမ်းသာပေးပါ သီချင်းကိုပိုင်နိုင်စွာ သီဆိုသွားပြန်ပါတယ်။ (အကောင်းဆုံးသီဆိုသွားတဲ့သီချင်းတွေဘဲပြောတော့မယ်နော်)
နောက်တစ်ယောက်ပင့်ဂိုး ၊ သူကတော့ တင်ဇာမော်ရဲ့သီချင်းများကို ဆွဲကာငင်ကာနဲ့ဖြော်ဖြေပါတယ်good ပါ
ကိုစိုးဇီယျ - အိုဒီလူကတော့လူတင်မဟုတ်အသံပါထွားကျိုင်းပါတယ်အငဲရဲ့ မျှော်လင့်ခြင်းကွင်း ပြင်ကို ရွာကိုလွမ်းတယ်ဆိုတဲ့ဆင်ခြေနဲ့ တွံတေးသိန်းဒန်စတိုင်ထုတ်ကာသီဆိုပါတယ်။
အင်းဘယ်တော့မှငါဆိုရမလဲ
စိတ်ညစ်ညစ်နဲ့ သူများသီချင်းတွေဟိုတပိုဒ်ချည်း၊ ဒီတပိုဒ်ငှား လိုက်ဆိုပစ်ပါတယ်
ဘာညာကတော့ ရှင်ဘုန်းသီချင်းတစ်ပုဒ်ဟစ်ပါတယ်.
အဲဒီအချိန်ကိုတက်နဲ့ကိုညီလင်းဆက်ကတော့ မရတော့ဘူးဆိပြီးအောက်မှာပတ်ချင်သွားဆွဲပါတယ်၊ ကျွန်တော်လဲလိုက်ချက်ရက်နဲ့ ငါ့အလှည့်လေးရောက်တော့မှာပါဆိုပြီး ဆက်စောင့်နေပါတယ်။
တိုလီလေးကတော့ မောင်မောင်ဇော်လတ်ရဲ့ ရပ်စောင့်ကိုမတ်တပ်လေးရပ်လို့သီဆိုသွားပါတယ်
သူလဲကောင်းပါတယ်.
နောက်တော့ညီလင်းဆက်က လေးဖြုရဲ့သီချင်းအဟောင်းဖြစ်တဲ့ရွှေတောင်ပံတစုံကိုအားလုံးကြားမှဖြန့်ကျက် လိုက်တာ အင်မတန်ကောင်းမွန်ပါတယ်။ဒီလုလဲဘက်စုံတော်တယ်လို့မှတ်ချက်ဆွဲပါတယ်
လက်ခုပ်သံတွေလဲတဖြောင်းဖြောင်းနဲ့ပါ။
မမီကလဲ ရှင်ဘုန်းပါဘဲ သူလဲခေသူမဟုတ်ဘူးနော်
လာပါပြီ ကျွန်တော့သီချင်း= မဟုတ်ပါ။
ပင့်ဂိုးတောင်းထားတဲ့တပုဒ်ပါ ဘာလဲ အပြစ်မတင်ရက်တော့ပါလားဘာလားတော့မသိဘူး ဇာနည်နဲ့ဂျေမီဆိုထားတဲ့ အပုဒ်ပါ။ ကျွန်တော်လဲ ဇာနည့်နေရာလေးငှားပါဆိုပြီးဝင်ဟစ်ပါတယ်
ကောင်းပါတယ် ဟဲ ဟဲ ကိုယ်ဆိုတာဘဲ ကောင်းမှာပေါ့-
ကျွန်တော်ဆိုလိုက် ပင့်ဂိုးနဲ့ အတု နေဘုန်းလတ်က ရပ်ဘိတွေဝင်ဟစ်လိုက်နဲ့ အပြီးမှာ ကျွန်တော့ အသံကောင်းလို့ဆိုပြီး အားလုံးဖျားသွားတာနဲ့ ဘီယာတစ်ငုံစီလိုက်တိုက်လိုက်ရပါတယ်။ (အလကားစတာ)
နောက်တော့ ကိုတက်က ဂျစ်တိုင်းလဲမညား အဲ ချစ်တိုင်းလဲမညားကိုသီဆိုပါတယ်- မထင်ဘူး ဒီလောက်ကောင်း အောင် ဆိုတတ်မယ်လို့လေ.
နောက်တော့ ဟိုလိုအော်ဒီလိုဟစ် ကောင်းကောင်းပျော်ပေါ့နော်
စိုးဇီယျကြီးလဲ အသံနက်ကြီူနဲ့ကုန်းအော် တိုလီလေးကလဲ ထထ က၊ ဘာညာကလဲ လစ်တာနဲ့ငိုက်လိုက် ထစားလိုက်နဲ့ ၊ တကာတော် ကိုစစ်လဲ သူ့သီချင်းတွေမလာတော့ညစ်။
ကျွန်တော်လား
လာမယ့်သာ မလာတယ် ကျွန်တော့သီချင်းတွေလာတော့ လေးပုဒ်လောက် အကြွေးဆပ်လိုက်ဆိုလိုက် လုပ်လိုက်တာ အားလုံးညစ်သွားတယ်. ဟတ် ဟတ်
အထူးဆန်းဆုံးက မြို့စားမင်းနဲ့ ပင့်ဂိုး
ရိုးရိုးနေတတ်တဲ့ မြို့စားမင်းက စိုင်းစိုင်းသီချင်းကို ဆိုသွားတာ လက်တွေရော ခြေတွေရောစုံနေတာဘဲ
တကယ် ကွက်တိဆိုနိုင်ပါတယ်ဗျာ၊ နှစ်ပုဒ်တောင်နော်
ကဲ အားလုံးပျော်ပျော်ပါးပါးနဲ့ နောက်ကျ မှာစိုးလို့ ဆိုက်ပိတ်တဲ့အထိဘဲဆိုကြပါတယ်။
တွေ့ပြီလား ဘလောက်ဂါတွေ MBS အတွက်နေ့ည အချိန်မရွေးလူစုနုင်ပါတယ်လို့
ဟတ် ဟတ်
(ကိုစစ်ရေ စိတ်ဆိုးနဲ့နော် နောက်နေ့ကျန်တဲ့ သီချင်းကြွေးတွေပြန်ဆပ်ပါ့မယ်)

9 comments:

lonely-moon said...
This comment has been removed by the author.
demo kitto said...

ဟားဟား... စိတ်ဝင်စားတယ်ကွာ.. ဒီလူတွေ ဆိုတာ နားမထောင်ရတာ နာတာပဲ.. ကိုဂေါက်အရေးအသားလေးနဲ့ပဲ မျက်စိထဲ မြင်ယောင်နေရတယ်...
တော်ကြာနေ.. နောက်ကနေ ဆပွန်စာတွေ လိုက်လာပြီး.. blogger တွေကို သီချင်းအဆိုကောင်းလို့ group လိုက် ဇီးသီးထုတ်နေရမယ်နော်.. =)

နိုင်းနိုင်းစနေ said...

No fornt? You forgot add the fornt?
I can't see it.. All are question marks ?_?

ပုံရိပ် / Pon Yate said...

ကိုဂေါက် စာလုံးတွေ ပြင်ဦး။ ရအောင်တော့ ဖတ်သွားတယ်။ နောက်ဆိုမယ် ဆိုရင် အသံသွင်းလာခဲ့။ ပြီးတော့ ဘလောက်ပေါ်က တဆင့် ဝေပေါ့။

pandora said...

အသံလေးတွေသွင်းပြီး ဘလော့ဂ်ပေါ် တင်ပေးပါလားအေ့..
ဒါနဲ့ တန်းပလိတ်အသစ်က မြန်မာဖောင့်တွေ မမြင်ရဘူး. ကွန်ဗာတာနဲ့ ပြောင်းပြီးဖတ်ရတယ်

ဂျစ်တူး - gyit_tu said...

ဘလာဂေါက်.. ဟီဟီ ဒီပို့စ်ဖတ်ပြီး ရီသွားတယ် ။ တူတူရေ၀ါး လုပ်ပေးပြီးပြီနော် ။ ဒီပို့စ်က ပုံစံကြည့်လိုက် ။ အားလုံး အိုကေပြီ ။

ညီညီ(သံလွင်) said...

မြန်မာဘလော့ဂါတွေ ကုလားအိုကေ သိုက်သိုက်ဝန်းဝန်း ဆိုကြတာ ပျော်စရာကြီးပဲ ကိုဂေါက်ရေ။ အလုပ်လုပ်နေရင်း ကိုဂေါက်ရေးထားတာလေးဖတ်ရင်း ပြုံးစိစိ ဖြစ်နေလို့ မျက်နှာပိုး မနည်းသတ်ထားရတယ်။

sisain said...
This comment has been removed by the author.
sisain said...

မှားနေပြီ အာဇာဘလာ-
သွင်းထားတဲ့ ၀ိုင်ဝိုင်း သီချင်းလေး မဆိုလိုက်ရဘူး..
အရင်အတိုင်း ချစ်လိုက်ရတာလေ-