အေး- ဒါပေမယ့် ငါက တက်ကနိုတွေ ပိုကြိုက်တာကွ။
ဒါတွေက ရက်ပ် မဟုတ်ဘူး၊ ဟစ်ဟော့တွေကွ၊ ငါတော့ကြိုက်တယ်။ လိုက်ဆိုကြည့် ၊
ဟာကွာ မင်းတို့ ဟာတွေ ကို ငါတော့ ခံစားလို့မရဘူး။
ကျွန်တော်နဲ့ ဒီကောင် ကဘယ်တော့မှ အမြင်မတူ၊ သို့သော်လဲ သီချင်းတွေကြိုက်တာတော့ တူသည်။ အခုလဲ တက္ကသိုလ် စိန်ရတု ပွဲရှိလို့ ဒီကောင်တွေ အဖွား ခြံမှာ လာအိပ်ကြတာဖြစ်သည်။
ဟိုကောင် အေဘီစီ မလာသေးဘူးလား။
အေး လာ မယ်တဲ့ သှူု့ အဖေဆူနေလို့တဲ့၊ ရက်ပါ ပုညတော့ ငါတို့ သွားခေါ် မယ်။
သွားမယ်လေ ဒါဆို။
ကျွန်တော်နှင့် ဖိုးနေခေါ် သူငယ်ချင်းတို့ရက်ပါ ပုည ရှိရာ ဗိုလ်တထောင် သို့ ကားငှား ပြီးထွက်လာ ခဲ့ လိုက်သည်။ တကယ်ဆို ပွဲနှင့် ပိုနီးသည့် လှည်းတန်းက သူတို့အိမ်မှာ နေရင် ပိုလွတ် လပ်သည်။ ဒါပေမယ့် သူကမတွေက ၆ မိုင်ခွဲ ကိုဘဲ လာနေစေချင် လို့သာ အခု ရောက်နေရ ခြင်းဖြစ်သည်။
ရောက်ပြီ – ဗိုလ်တထောင် – ကားခက ၂၅၀ သာပေးရသေးသည့် အချိန်၊ ကျွန်တော်တို့ ဟိုသွား ဒီစားနှင့် တနေ့ ကို ၃၀၀၀ လောက်ကုန်သည်။ ခုလဲ ပိုက် ပိုက် သိပ်မရှိ။ ပုည နှင့် တွေ့တော့ အာရကေ လေးများ ဖန်လာရန် ပြောရသည်။ သူ့မှာ ၈၀၀၀ ကျော်ရှိတာ ဆိုတော့ မဆိုး၊ ယောက်လမ်း ဘက် လျှောက်ပတ် ပြီး နောက် လှည်းတန်းတွင် အေဘီစီနှင့် တွေ့သည်။
ငါတော့ တညလောက်ဘဲ ဖြစ်မယ် ထင်တယ်၊ ဖားသားကြီး ပွားနေတယ်ကွ။
လာပါကွာ- တညလဲ တညပေါ့၊ ဟိုကောင် ပုညမှာ သီချင်းခွေ အသစ်တွေရှိတယ်၊ ပါလာတယ်ကွ
အေး – ငါလဲနားထောင် ချင်တယ်၊
မင်းက လဲငါကြည့် နေတယ်၊ ပြောတော့ ရက်ပါ။ ၀တ်တာက underground နဲ့ ဘောင်းဘီ အကျပ်။
ဟား ဟား။
အေဘီစီ ဆိုသည်မှာ သူနေသော နေရာကို အစွဲပြု ကာကျွန်တော်တို့ ခေါ်တာဖြစ်သည်။ သူ့ အမည်က ဟိန်းဇော်ဟန်။ တကျောင်းထဲ ကမဟုတ် ကြပေမယ့် ၀ါသနာ တူတွေမို့ စုမိနေတာဖြစ်သည်။ ကျွန်တော်တို့ ညနေလောက်မှာ ဖိုးနေတို့ အဖွား အိမ်ပြန်ရောက်လာ သည်။ သူတို့ ခြံက ကျယ်သည်။ ကျွန်တော်တို့ မှာ လွတ်လွတ် လပ်လပ် နေလိုသဖြင့် အိမ် ကြီးထဲမှာ မနေလို၊ ဒါကြောင့် ဂိုထောင် အပေါ်က အခန်း ကြီးမှာ သွားနေကြသည်။ ဂိုထောင် အပေါ် ပေမယ့် အဲယား ကွန်းပါသည့် အခန်း ဖြစ်ကာ ကုတင် နှစ်လုံး ရှိသည်။ ရေ ချိုးခန်း အိမ်သာ ပါသည်။ ဒီတော့ ဂွတ်ထ ဂွတ်ထ ကောင်း လေစွ။ ကျွန်တော်တို့ရေ ချိုးကြသည်။ ည ၇ နာရီလောက်မှာ တော့ ဖိုးနေ အမတွေနှင့် ကျွန်တော်တို့ တက္ကသိုလ် စိန်ရတု ကျင်း ပရာကျောင်း ထဲသို့သွား ကြလေသည်။ မုန့်တွေစား ၊ မြားပစ်။ ကောင်မလေး တွေ ၊ မမ တွေကို လိုက်ကြည့် နှင့် ည ၉ နာရီ ခွဲသာသာ လောက် အိမ် ပြန် လာကြသည်။ အိမ်ရောက်တော့ ဖဲရိုက် ကြသည်။ သီချင်းနားထောင်ကြ သည်။ ပုညက လဲ သူ့ အခွေသစ်တွေကို ထုတ်ကြွား၊ အေဘီစီကလဲ သူကြိုက်တဲ့ အခွေတွေကို အလစ်သုတ်ရန် စီစဉ်နေ၏။ ၁၂ နညရီ ကျော် လောက်မှာ ဗိုက်ဆာလာကာ ဖိုးနေ၏ အမ တွေကို သွားနိုး၊ ထမင်းထကြော်ခိုင်း နှင့် အလုပ်ရှုပ်ကြလေ သည်။ မညည်းမငြူ ထလုပ် ပေးသော ထိုသုံးယောက်လုံးသော အမ တွေကို တကယ်လေးစားမိသည်။ ထို့နောက်တော့ ၂ နာရီလဲ ထိုးတော့မည်။ အိပ် ဖို့ လုပ်တော့ ကုတင်က နှစ်လုံး လူက လေး ယောက်၊ နှစ်ယောက်တော့ ဆင်း အိပ်ရမည်။ ကျွန်တော် က အောက်မှာ အိပ်မယ်ဆိုတော့  ဖိုးနေကလဲ အောက်၊ အေဘီစီက လဲ အောက် ဖြစ် သွားသည်။ ပုည တစ်ကောင်သာ ကုတင်ပေါ်တက် အိပ် လေသည်။ မီး မှိတ်လိုက်၏။ ခြံထဲတွင် ထွန်းထားသော မီးရောင် လဲ့လဲ့ သာ အခန်းထဲ အနည်းငယ် ထိုးဝင်နေ၏။
အောက်တိုဘာလား ဒီဇင်ဘာလား မမှတ်မိ၊ ဆောင်းတော့ဝင်နေပြီ။ သစ်ပင် ၀ါးပင်တွေရှိ သဖြင့် ချမ်းလှသည်။ အားလုံး တိုးဝှေ့ကာ အိပ်နေလိုက်သည်။ ဘာလို အိပ်ပျော်သွားသည် မသိ ၊ အသံတသံကြား လို့နိုးလာလေသည်။ ဘယ်သူမှတော့ မတွေ့၊ ရေချိုးခန်းထဲမှ ဖြစ်သည်။


Posted in 








ကိုဘလာဂေါက်ရာ ..ခင်ဗျားသရဲတွေက များလှချည်လား…
ခင်ဗျားကို သရဲတွေက သိပ်ချစ်တယ်နဲ့တူတယ်..။ သရဲတွေရှဲ့Sweet, Darling, Baby, Honey, ဖြစ်နေပြီ။
သိပ်ခြောက်ကြတာပဲနော်။
ဘုရားလေး ဘာလေး ရှိခိုးဦးလေး)
သူငယ်ချင်း ၂ယောက် စော၂စီး၂ မရှိတော့တာ သိရလို့ ၊ စိတ်မကောင်းပါဘူး ။
သရဲကြောက်တဲ့ ဂေါက် ပုလင်းထောင်ပြီး မှောက် သူ့ပို့စ်တွေက ဗျောက်သောက် သူ့နာမည်က ဂေါက်ဂေါက် အဟိ ရပ်ပါတွ