ရန်ကုန်တွင် မိုး သည်းထန်သဖြင့် ရေ ကြီးေ၇လျှံ။
ဒဂုံစင်တာတွင်စီးတီးမတ် အောက်ဖက် ရေ ၀င်လာသဖြင့် ခေတ္တ ပိတ်ရန် ပြင်ဆင်။
ကားပတ်ကင်များ ရေမ၀င်ရန် ကြိုးပန်းလျက်ရှိ၊ ယုဇနပလာဇာတွင် လည်း မြောင်း အသစ် ဖောက်လုပ်ဆဲ ဖြစ်နေကာ ရေ လျှံကာ လမ်းပိတ်လျက်ရှိကြောင်း တယ်လီဖုန်း သတင်း ရရှိ။









ကျွန်တော်တို့ အခု ကြုံတွေ့နေရတဲ့ အဓိက အကြောင်း အရာတွေထဲ က လူထု အတွင်း ကျန်းမာရေး အသိပညာ နဲပါးခြင်းကလဲ ရှေ့ က ပါလာတာတွေ့နိုင်ပါတယ်။ ဘာလို့ လဲဆိုရင် အခု လူငယ်တော်တော်များများ ကနိုင်ငံရပ် ခြားမှာအလုပ် လုပ်ဖို့၊ ကျောင်းသွားတက်ဖို့ အတော် စိတ်ဝင်တစား လုပ်လာကြပါတယ်၊ ကောင်းပါတယ် ဒါပေမယ့် တီဘီလို၊ အသဲရောင် အသားဝါ ဘီ ပိုးလို ရော ဂါများ ရှိတဲ့သူတွေက တော့ ထို အခွင့် အရေးတွေ လက်လွတ် ဆုံးရှုံး ရနိုင်ပါတယ်။ ဘာဖြစ် လာလဲ ဆိုရင်ကျွန်တော်တို့ လုပ်သားအင်အား ဆုံးရှုံးပါတယ်၊ လူမှု့ဒုက္ခတွေ များလာပါတယ်၊ နောက်တခုက တီဘီလို ရောဂါ ဟာ ပြန့်နှံ့ လွယ်ပါတယ်၊ ဆင်းရဲမွဲတေမှု၊ စီးပွားရေး မပြေလည်ခြင်းများ၊ လူနေထူထပ်စွာ ရှိနေခြင်း၊ အထူး အဖြင့် အဲဒီ လူတွေထဲမှာ ကျန်းမာရေး အသိပညာနည်း သူတွေရှိနေခြင်းတွေဖြင့် ကျွန်တော်တို့နိုင်ငံအပါ အ၀င် အာရှ နိုင်ငံ တစ်ချိုမှာ အခုထိ ရောဂါရှင်တွေ တွေ့နေရပါတယ်။


လူငယ်တွေ ဖြစ်ကြတဲ့ ကျွန်တော် တို့လို လူငယ်တွေ ဟာ နေ့စဉ်ဘဲ ကားတိုးစီးရ၊ လူတွေကြားထဲ သွားရ၊ အားလုံးကလဲ သူ့သောကနဲ့သူရှိနေလေတော့ ဘာမှ မဖြစ်ဘဲ ဆေးခန်းသွားကြတာ မဟုတ်၊ မသွားတော့ ကိုယ်တွေ ဘာဖြစ်နေ မှန်း မသိ၊ ရောဂါရ မှ သွားပြတော့ ငွေကုန်လူပန်း အားလုံး ဒုက္ခ သုက္ခတွေ ဖြစ်နဲ့ တကယ့် ကို လူမှုရေး ပြသနာတွေ အကြီး အကြယ် ခံစားရ သလို၊ တိုင်း ပြည် အတွက် လူမျိုး အတွက်လဲ ဆုံး ရှုံးရပါတယ်။ ဒါကျွန်တော် ပြောတာ လုပ်နိုင် ကိုင်နိုင် အရွယ်တွေကိုချိန်တာပါ။ အသဲရောင် ဘီက ပိုဆိုးပါတယ်၊ သွားတိုက်တံ၊ ရေခွက်၊စတဲ့ အသုံး အဆောင်တွေကနေတဆင့် ကူးစက်နိုင် တော့ဗျာ တနေ့တနေ့ လက်ဖက်ရည်ဆိုင် ထိုင်၊ လမ်းမှာ ကျန်းမာရေးနဲ့ မညီညွတ်တာတွေဘဲ ၀ယ်စားနေရတော့ အင်း မလွယ်ပါဘူး၊ ဒီလိုကိစ္စတွေကို အတော်လေး ကြပ်မတ် ဆောင်ရွက် နိုင် ရပါမယ်၊ ကြာရင် မလွယ်ပါဘူး။ နောက်တခု AIDS ပါ၊ ဒါလဲ လူငယ်တွေမှာ အဖြစ်များတာ တွေ့နိုင်ပါတယ်၊ အရင်တုန်းကတော့ မူးယစ်ဆေး ထိုးရင်း ရှယ်ထိုးရာက ကူးတာရယ်၊ လိင်ဆက် ဆံတာက ကူးတာရယ် များပါတယ်၊ သွေးသွင်းရင်း ကူးတာ ရှိတာကို တော့ အခုအတော်လေး လုပ်တယ်ကြားပါတယ်၊ ဒါလဲ သေခြာ သွားကြည့်ရင် ဟာကွက်တွေ ရှိမှာပါ။ နည်းလမ်း များစွာ ကူး စက်နိုင်တဲ့ အထဲ ကအဓိက နည်းလမ်းကြီး တွေထဲက ဆေးထိုးခြင်း( ဆေးခန်းတွင်- သို့- မူးယစ်ဆေးသွင်း) ကို အတော်လေး ကာကွယ်ထားနိုင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ဆေးရုံဆေးခန်း တွေမှာ တခါသုံးအပ်ကို သုံးခဲ့တာ အတော်လေး ကြာခဲ့ပါပြီ၊ နောက်တခုက မူးယစ်ဆေးဝါး ပါ၊ သူကလဲ ဟိုးတုန်းကလို အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်ခြင်း မရှိတော့ပါဘူး၊ ဒီတော့ သွေးကြောထဲ သွင်းတယ် ဆိုတဲ့ ကိစ္စကို မေ့ထားလို့ရပါတယ်၊။ ခုအရေးကြီးတဲ့ နောက်နည်းလမ်းက ကာမဆက် ဆံရာကရတဲ့ နည်းလမ်းပါ။ အသိပညာပေး မှုတွေ အင်နဲကအားနဲ့ လုပ်လာတာ ကောင်းပါတယ်၊ အမှန်ဆို အဖော်လို ကွန်ဒုံးတွေက လူထုလက်ထဲ ဈေးသက်သက်သာ သာနဲ့ အလွယ်တကူရောက်ရှိ ပြန့်နှံ့နေရပါမယ်၊ ဒီလိုရောက်တဲ့ နေရာမှာ အထက်တန်း ကျောင်းတွေ ကိုပါ ဖြန့်ပေးနိုင်ရင် ၊ ဟော ပြောမှုတွေ ခုထက်ပိုပြီး လုပ်ပေးနိုင်ရင်ပိုကောင်းပါမယ်၊ လူငယ်လေးတွေ အထူးသဖြင့် ၁၅-၁၆ ယောကျားလေးတွေ၊ ဒီ အရွယ်ကောင်လေး တွေကအရာရာ ကို စမ်း ချင်ကြရာမှာ လိင်ကိစ္စလဲ ပါ တာတွေ့နိုင်ပါတယ်၊ သူငယ်ချင်းတွေနဲ့ သောက်စားမယ် နဲနဲလေး မူးလာတော့၊ သွားချင်လာပါတယ်၊ မိန်းကလေး တွေနဲ့ ပျော်ပါးမယ်၊ သူတို့ မအပါဘူး၊ ကွန်ဒုံး သုံးရမယ်ဆို တဲ့ အသိ သူတို့လေးတွေမှာ ရှိပါတယ်၊သူတို့တွေဟာ ပညာတတ်တဲ့ လူငယ်တွေပါ၊ သနားစရာကောင်းတာ က အိမ်ကတွေ့ရင် ဆူမှာ ဆိုးတော့ ကွန်ဒုံး ကို ဆောင်မထား သလို အသုံးပြု ပုံကို စနစ်တကျ မသိပါဘူး၊ အဖော်လို တံဆိပ်မှာတော့ အသုံးပြု ရန် လမ်းညွှန်ကို စနစ် တကျ ထည့်ပေးထားပေမယ့် ၊နိုင်ငံခြား ကလာတဲ့ ဟာမှကောင်းတယ်ထင်တဲ့ လူငယ်တွေဟာ အပြင်မှာ ၀ယ်သုံးရင်း ရက်လွန်နေသော ပစ္စည်းတွေနဲ့ တွေ့နိုင်ပါတယ်။ အဲဒါ အန္ဒရာယ် တခုပါ၊ နောက်တခုက တည်းခိုခန်းလို နေရာမှာ ကွန်ဒုံးက အင်မတန် ဈေးကြီးပါတယ်၊ အဲဒီအခါ ၀ယ်ဖို့ အခက်အခဲ ဖြစ်နေရင် မထူးဇာတ် ခင်းတတ်ကြတာ လူငယ်တွေရဲ့ သဘာဝပါ။ ဒီတော့ လူငယ်တွေကြား သေသေခြာခြာ အသိပေးရန် လိုအပ်သလို၊ ဒီကိစ္စနဲ့ ပတ် သတ်လို့ အချို့နေရာ တွေမှာ လူကြီးတွေက နားလည်ပေးတတ် ဖို့ လိုပါတယ်၊ ပြောစရာ တစ်ခုရှိပါတယ်၊ မကောင်းတဲ့ မိန်းကလေးတွေကို နှိမ်နင်းဖို့ပါ။ ဒါတော့ လုံးဝမဖြစ်နိုင်ပါဘူး၊ ဒီလို လုပ်ခြင်းက ပိုပြီး ဆိုးရွားတဲ့ သက်ရောက်မှုတွေသာ ပေါ်ပေါက်လာနိုင်တာမို့  ၊ သူတို့ တွေအတွက် အသိပညာ ပေးခြင်း၊ မှတ်တမ်းကောက် ယူခြင်း၊ မှတ်တမ်း ၀င်သူများ အား အချိန်မှန်ရောဂါ အခမဲ့ စစ်ဆေး ပေး ခြင်းတွေကို လုပ်မှသာ ထိရောက်တဲ့ အတိုင်းအတာ တခုကို ရမှာဖြစ်ပါတယ်။ ဒီတော့ မြင်ယုံနဲ့ သန့်တယ်လို့ ပြောလို့မရပါဘူး၊ အဖော်ဆောင်ထား ပါလို့ ညီငယ်တွေကိုရော အကိုတွေကို ပါတိုက်တွန်းချင် သလိုကိုယ့် အပေါ်မှာ မူတည်တဲ့ ဒီလို ကိစ္စတွေမှာ အန္ဒရာယ် ဖြစ်စေမယ့် ဆက်ဆံမှုမျိုးပေါ် ပေါက်နိုင်တဲ့ ဖိအားမျိုးကို မိန်းကလေးတွေအပေါ် မပေးမိအောင်လဲ သတိထား သင့်ပါတယ်။ ကဲ ယောကျားလေးတွေ ကတော့ သတိထားတယ်ပေါ့နော်၊ ဒီလို သတိထားနေလိုက်ဖို့က ကျွန်တော်တို့ အတွက် မခက်ပါဘူး၊ အသက်ကိုလဲ အလွယ်တကူ အဆုံးနိုင်ပါဘူး၊ မိန်းကလေးတွေ အတွက်လက်တလော ပြသနာက တော့ အရမ်း လှချင်လို့ ဒုက္ခရောက်ရတာတွေပါ၊ အပေါ်မှာ ပြောတဲ့ ရောဂါတွေ ကို မရအောင် မိန်းကလေးတွေလဲ ဂရုစိုက်ရမှာ ဖြစ်သလို ပိုလာတာက ဆံပင်တွေ ဖြောင့် ကြ၊ ကောက်ကြ၊ ပိန်ချင်လို ကဆေးစား စတဲ့ အလုပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ၊
တချို့ ကဆံပင်လေးဆို ဖြောင့်စင်းနေမှ နေတတ်ကြပါတယ်။ တခါလာလဲ ဆံပင်၊ တခါလာလဲ ဆံပင် လုပ်နေပြီး သနေတော့ ခဏခဏ အရောင်ဆိုးလိုက်၊ ခြောက်လတခါလောက်ဖြောင့် လိုက်၊
စက်ဆွဲလိုက် လုပ်နေတော့ ဓါတုဗေဒ အဆိပ်သင့်တဲ့ ရောဂါတွေရနိုင်သလို၊ အရေပြား ကင်ဆာလို ရောဂါတွေအတွက် ပါဆိုးရိမ်ရပါတယ်။ မနက် ရည်းစားနဲ့ ချိန်းထားတော့ ညဘက်ကြီး ခေါင်းလျှော်၊ မနက်ကျ မျက်နှာ တခြမ်းလေဖြတ်သွားတာတွေ တွေ့တွေ့နေရတာ စိတ်မကောင်းစရာပါ။ နောက် တခု ပိန်ချင်ကြတာလေ၊ ပိန်ဆေးတွေစား၊ ညစာရှောင်၊ ဒါ အစာအိမ်ကို ထိခိုက်နိုင်သလို၊ အူမကြီး ကင်ဆာနဲ့ ကလေးမရနိုင်တဲ့ အထိ အခြေ အနေဆိုးတဲ့ နောင်ဆက်တွဲတွေ ဖြစ်တတ်ပါတယ်၊ နည်းလမ်းတကျ ပိန်စေမယ့် အားကစား ကိုယ်လက်လှုပ်ရှားမှုကို တော့ မလုပ်ခြင်ဘဲ ဒီလိုလုပ်တာ တကယ်တော့ အကောင်းပါဘူး၊ ဒီထက်ဆိုးတာ ကတလွဲယူဆတတ်တဲ့ မိန်ကလေးတွေက စိတ်ကြွရူးသွတ်ဆေးပြား လိုအရာတွေကို အသုံးပြု ပြီး ပိန် အောင် လုပ်တတ် တာကြားဖူး ၊ တွေ့ဖူးခဲ့ပါတယ်၊ လုံးဝအား မပေးပါဘူး၊ ဒီကိစ္စက ရာဇ၀တ်မှုလဲ မြောက်သလို၊ မှတ်ညာဏ် ချို့ယွင်းပျက်စီးစေပါတယ်၊ နောက်ဆိုက လူမှုရေး ပြသနာတွေ မီးခိုးကြွက်လျောက်လိုက်တတ် ပါတယ်၊ ဘယ်လိုဘဲ လှလှ မကျန်းမာရင်တော့ အလကားပါ ၊ မိမိ လှပဖို့ မိမိ ရဲ့ ကျန်းမာရေးကို လစ်လျူရှုနေမယ်ဆို နောက်ဆုံး အကျိုးဆက်ဟာ ဘာမှ ကောင်းမှာ မဟုတ်ပါဘူး၊ အရာရာ ကို ခေတ်နဲ့ လျော်ညီစေချင်ပေမယ့် ဘာသာရေး ဆုံးမချက်တွေကို ဘယ်လို ဘာသာဝင် မိန်းကလေး ဖြစ်ဖြစ် စောင့်ထိန်းနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
မိမိရဲ့ ချစ်သူအလိုကို လိုက်လို့ တွေ့ကြုံရမယ့် အရာတွေဟာ ဘာတွေလဲ မသိနိုင်ပေမယ့် ကျန်းမာရေး အသိလေးထား နိုင်ရင်တောင် တော်တော်လေး ကောင်းပါတယ်။ ၁၈ နှစ် မပြည့် သေးတဲ့ မိန်းကလေးတယောက်ရဲ့ သားအိမ်ဟာ ကိုယ်ဝန်ဆောင်ဖို့ မသင့်သေးပါဘူး၊ မိမိချစ်သူကို တကယ်ချစ်ရင် မိမိ စိတ်ကို ထိန်းနိုင်ကြပါစေ၊ ခဏ တဖြုတ် သာယာမှုဟာ ရှေ့ဆက် မယ့် ဘ၀ နဲ့ လဲလိုက်ဖို့ မသင့်တော်ပါဘူး၊ လူဆိုတာသွေးသားနဲ့ စိတ်နဲ့ တည်ဆောက်ထားတဲ့ သူတွေမို့ ဒါတွေမကင်းကြပါဘူး၊ အလွဲမသွေ ကြုံ ရဦးမှာ ပါ၊ ဒီလို ကြုံ လာခဲ့ ရင် ကျန်းမာရေး အတွက်ဘာမှ မမေ့ဘဲလက်လွတ်စပယ် ဘာမှ မလုပ်မိဖို့ တိုက်တွန်းပါတယ်။ တကယ်လှချင်ရင် ကျန်းမာရေး ဂရုစိုက်ပါ၊ တကိုယ်ရေ သန့်ရှင်းမှု မှ ပတ်ဝန်းကျင် သန့်ရှင်းမှု ကို ဆောင်ရွက်ပါ၊ ငယ် ဘ၀မှာ မဖြစ်သင့်တာကို ဘာမှ မဖြစ်ပါစေနဲ့၊ ဒါဆို စိတ်ရော လူပါကျန်းမာတဲ့ ဘ၀တစ်ခုကို ထာဝရ ပိုင်ဆိုင်နိုင်ပြီး သက်ဆုံးတိုင် ဘဲ မိမိ ချစ်တဲံ့ သူတွေနဲ့ နေနိုင် ကြ မှာပါ၊
ကျန်းမာ ခြင်းသည် လာဘ် တပါး လို့ ဆိုလေတော့ ဒီနေ့ကျွန်တော်ရေးတဲ့ မတောက်တခေါက်လေးဖတ်ပြီး ပြုံးနိုင်ကြပါစေဗျာ။
ကျွန်တော် အတော်လေး စိတ်ပျက်မိပါတယ်၊ အတန်းထဲမှာ ကျွန်တော် ပြောနေတာကို နားလည်သူများရှိ သလို သဘောမပေါက်သူများလဲ ရှိပါတယ်။ သို့ သော် သူတို့ အားလုံး ၏တူညီသော အချက်မှာ ဘာမှ မေးမြန်းခြင်း မရှိ ပါဘူး။ ဘယ်သူရတယ် ၊ ဘယ်သူကတော့ မရဘူး ကျွန်တော် ကောင်းကောင်း သိတယ်၊ ထို အချက်ကအ တွေ့အကြုံ အရ မှန်းဆချက်တခု ဆို သော်လဲ အတော်လေး သေချာသည့် တွက်ချက်မှု တစ်ခုဖြစ်ကြောင်း ကျွန်တော် ကောင်းစွာ ယုံကြည်ပါတယ် ။ မသိတာ ကိုဘာလို့ မမေးရတာလဲ၊


မေးပါများ စကားရဆိုသော အဆိုရှိခဲ့တယ်၊ ကလေးက အစသိတယ်။
ဆိုရေးရှိက ဆိုအပ်စွာ၊ မပြောမပြီး မတီးမမြည်၊ အစအစသော မြန်မာ စကားပုံ တွေရှိနေ လျက်နှင့် မြန်မာ လူမျိုးများက အရေးရှိက မေးရန်ဝန်လေးတတ်တယ် ။ အမှန်တော့ ပြီး ပြီးရော ဆိုတာမျိုးတွေ လုပ်ချင်တယ် ။ ငယ်စဉ် ကတည်းက ကျောင်းမှာ မေးမြန်း မှုများ မရှိ သလောက်တွေ့ရတာကိုး ။ အခုမှ မဟုတ် ကျွန်တော် ကိုညီလင်းဆက်အိမ်ရောက်ရင်း စာအုပ် တစ်အုပ် တွေ့ လို့ ခဏလောက်ကောက် ဖက်လိုက်တော့ ဒေါက်တာ လှဘေ ၏ စာအုပ်တစ် အုပ်ဖြစ်နေ ပါတယ် ။ ထိုထဲတွင် ရေးသားချက် တခုက " ကျွန်တော့ ကျောင်းမှာ ဆရာက ပြောတဲ့ ပေါရာဏ ဆိုတာ ရှေးလူကြီး သူမတွေပြောတဲ့ စကားတွေကွ ဟု ဆိုခြင်းအား နားမလည်မိေ သး သို့သော် မေးမြန်းခြင်းလဲ မပြု၊ အင်္ဂလန်မှာဆိုလျှင်တော့ မေးမှာ သေချာတယ်" နောက် တကြောင်းက တော့ " မြန်မာ လူမျိုးတွေက ဆရာတွေကို ချစ်၊ကြောက်၊ ရိုသေ ဆိုတဲ့နေရာမှာ ကျွန်တော်ကတော့ ကြောက် ဆိုတဲ့ နေရာမှာ ရွံ့ ဆိုတာလေးနဲ့ အစားထိုးချင်တယ်ဗျာ၊ အမှန်တော့ ဆရာတွေက ဘီလူး သရဲ တွေမှ မဟုတ်တာ ဘာကြောက် စရာ လိုမလဲ၊ ဖြစ်ခြင်း ဖြစ် ကိုယ်က အမှားလုပ်မိမှာကို စိုးရွံ ရမှာ" ဟုရေးထားလေသည်။ ထို စကားစုများကို ထောက်ခြင်းဖြင့် ရှေး အစဉ် အဆက် မေးမြန်းခြင်း(၀ါ) ဆောတက တက်ခြင်းများ လုပ်ရမည်ကို ကျွန်တော် အပါ အ၀င် မြန်မာ တော် များများ ကမလုပ်ခြင်ကြ ။ ကျောင်းဆိုလဲ ကျောင်း အလျောက် ကျွန်တော်တို့ ငယ်ငယ်က မသိလဲ နားမလဲ ပြန်မမေး၊ မမေးဘဲ မြုံနေတော့ ဘာမှ မတတ်တော့။ ကောင်းသေးလားဗျာ။ အမှန်တော့ မကောင်းတဲ့ အကျင့် ဗျ။ တကယ်က ဆရာကို ကြောက်လို့ မမေးရဲတာကနဲနဲ ကိုယ် ကိုယ်တိုင်ကိုက ပြင်းကြတာ၊ ငါသိပါတယ်၊ ဒါလေးများ ငါရတာပေါ့ ၊ အဲဒီလို မူမမှန်တဲ့ တွေးတွေက ကျွန်တော်တို့ လူမျိုး တွေ အရိုးစွဲ စေတဲ့ ငယ်ကျင့်လေးတွေ။ ရုံးတွေမှာ လဲ ဒီလိုဘဲ၊ ကိုယ်မသိရင် မေးမယ် မရှိဘူး၊ ပိုက်ဆံလေး နင်းကန်ပေးပြီးမြန်မြန်ရ ပြီးရော အချောင်လိုက်၊ လိုက်တော့ လာဘ် ပေး လာဘ်ယူ ဆိုတာတွေ တိုးပွား၊ အမှန်တော့ ကိုယ်လုပ်နေတဲ့ အကြောင်း ၊ ဥပဒေ၊ စတဲ့ သိသင့်တာတွေကို မသိ မလေ့ လာလို့ဖြစ်တာ၊ နောက်ဆုံး လူရာမ၀င်တဲ့ လူမျိုးဖြစ်သွားနိုင်တယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတော့မယ့် အချိန်မှာ ကြောက်သလိုလို ၊ ရွံ့ သလိုလို လုပ်နေလို့ကတော့ ခံရမယ်ဘဲ၊
မေးစရာရှိမေးပေါ့၊ သူလဲလူ ကိုယ်လဲလူဘဲ၊ အဲ တချက်သတိထားတတ်ရမှာ ကအခြေအနေ နဲ့ အချိန်အခါကိုတော့ အနည်းငယ် သတိပြု ရမယ်၊ ကျွန်တော် မြောက်ပေးတိုင်း ဇွတ်မမေးနဲ့ အရိုက်ခံရ လိမ့်မယ်။ ကျွန်တော်ပြောတာ ပညာသင်တဲ့ အခါ၊ တစုံတခုကို စူးစမ်းတဲ့ အခါ၊ သိချင်တဲ့ အခါ တွေမှာ မေးမြန်းသင့် မေးမြန်း၊ လေ့လာ သင့်တဲ့ အရမှာ လေ့လာ စေချင်တာပါ၊ အရာရာ လျောက်မေးနေတာတော့ အားမပေးပါဘူး၊ ကိုယ်မေးတဲ့ မေးခွန်းဟာ ကြောင်း ကျိုး ဆလျှော် မှု ရှိမရှိ ကိုယ့် ဟာကိုယ် ပြန်မေးရပါတယ်။ ပြောရရင် ပို ရှုပ်ထွေးစရာ ရှိပါတယ်။ ဒီတော့ မေးပါ မြန်းပါ။ ဆေးခန်းမှာလဲ မေးပါ၊
ရုပ်ရှင်ရုံမှာလဲ မေးပါ၊ ကားဂိတ်မှာမေးပါ၊ ရထားဘူတာမှာ မေးပါ၊ ဟိုလူ့မေးပါ၊ ဒီလူ့မေးပါ၊ ရည်းစားကိုလဲ မေးပါ ဟဲ ဟဲ မိန်းမယူခါ နီးလဲ မေး နော်။

ဂရောင်ချောင်ခြား စိတ်မတည် ငြိမ်ဖြစ်နေပါသည်။ သောက်ခြင်း၊ သွားခြင်းများ အလွန်များနေ သောကြောင့် ခဏ နားလိုက်ပါသည်။ အိမ်ကွင်း ပိတ်ထား သဖြင့် အဝေးကွင်း ထွက်ထွက် ကန်နေတာတွေ များ နေခြင်း၊ ရက်ဆက် ဇိုးသမား ဖြစ်နေခြင်း၊ အလုပ်တွေ အဆင်မပြေ ခြင်း၊ - - - - လေးနှင့် လည်းမတွေ့ခြင်းတွေက စိတ်ရော လူကို ပါပင်ပန်းနေစေပါသည်။ ဘလောက် ခြင်းအား မလှည့်နိုင်ဖြစ်နေ ရသည်။ လွန်ခဲ့သော ၈- နှစ်လောက်က ရေးကာ လက်စမသတ် ရသေးသည့် ၀တ္ထု တစ်ပုဒ်အား လက်စသတ် ကာ ဘလောက်တင် ရန် ကြိုးပန်းနေသည်။ ပြန်ပြင်နေတာတွေ များသည်။ လက်စသတ်ရန် ကျန်နေသေး သော မခြားလုပ်စရာများ အား အတတ်နိုင်ဆုံး ဖြတ်နေပါသည်။ ဘလောက် ပြုလုပ်နည်း စာစုအားလည်း ပုံနှိပ်ရန် လုပ်နေပါသည်။ ကူညီမည့်သူများ အလိုရှိနေ၏။ ရှေ့ဆက် ဘာတွေဖြစ်အောင် ဘယ်လိုလုပ် ပါမည်။ ဘာဖြစ်ဖြစ် ဖြစ်သည့် အတိုင်းနေရပါမည်၊ မတတ်နိုင်၊ ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ဘာတွေလုပ်မိမှန်း မသိတော့ပါ။ ကောင်း၏ (စိတ်ပျက်ဖို့) ၊ အခုတလော ကြီးဒေါ်နွား ကျောင်းတာတွေဘဲ လုပ်ပါ သည်၊ ကိုယ့်နွား ကို မမွေးနိုင်၊ ဘလောက် ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ် မြဲ စေသော်ဝ် ။



ကျွန်တော်တတို့ က ပုဇွန်တောင်မှာ မွေး၊ ပုဇွန်တောင်မှာဘဲ ကြီးပြင်းလာခဲ့တဲ့သူပါ။ ကျွန်တော် တို့ ရပ်ကွက်ထဲမှာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက် ကဆို ကုန်စုံဆိုင်ဆိုလို့ နှစ်ဆိုင်သာ ရှိခဲ့ပါတယ်။ နောက်တော့ အတော် အသင့် စုံတဲ့ စတိုးဆိုင်လေး တခုပေါ် လာခဲ့ပါတယ်၊ " အောင်" စတိုးလို့ ခေါ် ပါတယ်၊ တခုထဲသာ ရှိတဲ့ ဒီဆိုင်လေးကို ရပ်ကွက်ထဲ က အားကိုးတကြီး အားပေး ခဲ့တာ နှစ်တချို့ကြာ မြင့်ခဲ့ပါတယ်၊ အဲဒီဆိုင်ကို တရုတ် လင်မယား နှစ်ယောက်က ပိုင်ပြီး သူတို့မှာ သားသုံးယောက်ရှိပါတယ်၊ အကြီးဆုံးက ကိုအောင်အောင် ပါ၊

အလတ်ကိုတော့ ကျွန်တော် နာမည်မေ့ နေပါပြီ၊ အဲ အငယ်ဆုံးကတော့ ကျွန်တော်တို့ အခေါ် တီလုံး ပေါ့၊ သူက စက်ဘီး စီး အင်မတန် ကျွမ်းပါတယ်။ ငယ်ငယ်က BMX စက်ဘီးတွေ ခေတ်စားချိန် စတန့် အမျိုးမျိုး ထွင်စီးကြ တဲ့ ကျွန်တော်တို့ ကြားမှာ တီလုံးက နာမည်ကျော်ပါတယ်။ ခုဏ က ပြောတဲ့ စတိုးဆိုင်လေးကို မိဘတွေနဲ့ အတူ သားအကြီး ဆုံး ကို အောင်အောင် ကပါဝင် ဦးစီးခဲ့ ပါတယ်။ သူ့ ရဲ့ ရိုးသား ကြိုးစား မှုကြောင့် စတိုး ဆိုင်လေးဟာ အတော်အောင် မြင်လာခဲ့ ပါတယ်။ မကြာခင်မှာ ဘဲ ကိုအောင်အောင်ရဲ့ ညီ အလတ်လေး က အမေရိကန် ဗွီဇာ ပေါက်လို့ အမေရိကန်ကို ထွက်သွား ခဲ့ပါတယ်။ အောင်မြင်လာတဲ့ စတိုး ဆိုင်ကြောင့် နောက်ထပ် ဆိုင် ကြီးကြီး တခု ဖွင့်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် လမ်းမတမ်းပေါ်မှာ နောက်ထပ် စတိုးဆိုင် ခပ်ကြီးကြီး တစ်ခုကို အောင် ဆိုတဲ့ နာမည်နဲ့ ဘဲထပ်ဖွင့် လိုက်ပါတယ်။ လမ်းထဲက ဆိုင်ကို မိဘတွေဦးစီးပြီး၊ လမ်းထိပ် ဆိုင်ကို တော့ ကို အောင်အောင်ကဘဲဦးဆောင်ခဲ့ပါတယ်။ တနှစ်ကျော် လောက် အကြာမှာ သူ့ညီ အငယ်ဆုံးတီလုံးပါ အမေရိကား ကို လိုက်သွား ခဲ့တော့ တကယ်ကို ဘဲကို အောင် တစ်ယောက် စီးပွားရေးကို ထိထိ မိမိ တစ်ယောက်ထဲ လုပ်ရပါတော့တယ်။ ဆိုင်ကောင်းကောင်း ရှားနေ တဲ့ အချိန်၊ ရွှေ လွန်းပျံ တို့ ပန်းသီး တို့ နဲ့ အပြိုင် ပုဇွန်တောင် မှာ တော့ အောင်စတိုးက အတော်လေး အောင်မြင်ခဲ့ ပါတယ်။ များ မကြာခင်မှာ ဘဲရွှေ ဘုံသာ လမ်းနဲ့ အနော်ရထာ လမ်းထောင့်က ပင်လုံထိပ်ထား တိုက် အသစ်ရဲ့ အောက်ဆုံးမှာ နောက် ထပ် အောင် စတိုးဆိုင် ခွဲကို လူအင်အား များစွာနဲ့ ထပ်မံ ဖွင့်လာတဲ့ အထိ အောင်မြင်ခဲ့ ပါတယ်။ လူကလဲ ငယ် ၊ စီးပွားရေးကလဲ အောင်မြင်လေ တော့တခြား သော ကိစ္စများ စွာဟာ လောက သဘာဝအတိုင်း ကို အောင့် ကို ပုတ်ခတ်လာခဲ့ပါတယ်။ အနေအထိုင် ရိုးသား သိမ်မွေ့ပြီး၊ အသောက် အစားကင်းတာကတော့ ကိုအောင်အောင်ရဲ့ ပင်ကို စရိုက်ဖြစ်ပါတယ်။ နောက်တော့ တခုသော အကြောင်း တစုံ တရာကြောင့် ကိုအောင်အောင် ဟာ အောင် စတိုးကို စွန့်ခွာသွား ပြီး နှစ် အတော်ကြာ ပျောက်သွား ခဲ့ပါတယ်။ ကျွန်တော် ပြန်တွေ့တဲ့ အခါမှာ တော့ တည်ငြိမ် အေးခြမ်းတဲ့ ရင့်ကြက်မှု သဏ္ဍန် ပေါ် လွင်နေတဲ့ ဦးဇင်းတပါး၊ ဖြေး ညှင်းညင်သာစွာ သတိတရား ကို မြဲထားလျက် ဆွမ်း ခံကြွနေတဲ့ ပုံနဲ့ပါ။ ကို အောင် အောင် မဟုတ်တော့ပါဘူး၊ ဘုရား သားတော် သာသနာ့ ၀န်ထမ်း ဦးဥတ္တမ သာရ ဖြစ်နေပါပြီ၊ ထုံးစံအတိုင်း ငြိမ်သက်လွန်းတဲ့ သူ့ ဟန်ပန်နဲ့ ကြည်ညို ဖွယ်ကောင်းတဲ့ သိင်္ခါတွေကြောင့် နောက်ထပ် နှစ်အနည်း ငယ် အတွင်း ဆရာတော်လေးဟာ လောကရဲ့ လွတ်မြောက်ရာ၊ ဒုက္ခတို့ ချုပ်ငြိမ်းရာ၊ ကို လူအများအား ဘုရားတရားတော်နဲ့ အညီ သွန်သင်လမ်း ညွှန်ပေးနေတဲ့ တရား ရေ အေးတိုက် ကျွေးရာ ဆရာတော် တပါးဖြစ်လာခဲ့ပါတယ်။ မနေ့က ကျွန်တော် ရွှေတဂုံဘုရား သွားဖူးပါတယ်။ မြောက်ဘက်မုဒ်နား ကတစောင်းတခုက ကြော်ငြာ ကို လူတွေ ၀ိုင်းအုံ ကြည့် နေတာနဲ့ ကျွန်တော်သွားကြည့်တဲ့ အခါ ဆူနာမီ ဆရာတော် ဦးဥတ္တမသာရ ရယ်လို့ ထင်ရှားနေတဲ့ ကျွန်တော်သိတဲ့ကိုအောင်အောင် ကို ဘုန်းတော်ကြီးဟန် အပြည့်အ၀ သိင်္ခါ သီလ၊ ပညာ ပြည့်စုံတဲ့ ဟန်နဲ့ ကြည်ညိုဖွယ်တွေ့မိလိုက်ပါတော့တယ်၊
အခုဆို ဆရာတော်ရဲ့ မိခင်အပါအ၀င် ညီ အကိုတွေ အားလုံး အမေရိကားရောက်ကာ အောင်မြင်နေကြပါပြီ၊ လူ့ဘ၀ တုန်းက လဲ အောင်မြင်တဲ့ စီးပွားရေးတစ်ယောက် ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့သလို၊ အောင်မြင်မှုတွေကို လက်လွှတ်နိုင်ခဲ့တဲ့ စွန့်လွှတ်မှုကို တရား အဖြစ်မြင်နိုင်ခဲ့တဲ့ ဆရာတော် ဟာ ၊ သာသနာ့ ဘောင်မှာလဲ အောင်မြင် တဲ့ ရဟန်းတပါး ဖြစ်ကာ နောင်မှာလဲ လူအများကို ဘ၀ ဒုက္ခတွေက လွတ်လမ်း ဦးဆောင်လမ်း ပြပေးနိုင် လိမ့်မယ် လို့ ကျွန်တော် ယုံကြည်နေပါတယ်။

ဒီနေ့တော့ ကိုရဲ စင်္ကာပူကနေ ပို့လိုက်တဲ့ မေးထဲ ကစားချင်စရာ လေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်စွာ သုံးဆောင်ပါဗျို့။

အားလုံးအတွက်...ကိုရဲ..ကြော်သော...ကြက်ဥထမင်းကျော်.....

ဒီနေ့တော့..SG မှာ..အလုပ်ရှာရင်...သတိထားရမယ့်...Talkie လေးတွေကိုရေးမယ်စဉ်းစားနေတုန်း...ဗိုက်ဆာတာနဲ့....

ဲပြီးတော့....ဟင်းချက်တဲ့ကြွက်ရုပ်ရှင်ကြည့်ပြီးအားကျနေတာနဲ့.. ..
၁) ထမင်းတည်
၂) ထမင်းကျက်ခါနီး၊ ဆား၊ဆီ၊ကြက်ဥ (၃)လုံး(ညနေအတွက်နဲနဲပိုထားတာ)
အသင့်ပြင်ထား
၃) ထမင်းအအေးခံပြီး ဒယ်ဒယ်နဲ့ဆီသတ်
၎) ဆားကလေးကိုသင့်အောင်ဖြူးပြီး၊သမအောင်မွေပြီး...ကြော်တဲ့နေရာမှာ..နဲနဲလေးဂျိုးရအောင်လဲအပူနဲနဲပိုပြီးလုပ်....

၅) မှတ်တမ်းဓာတ်ပုံလေးလဲရိုက်...(သူများတွေကိုအခုလိုကြွားလို့ရတာပေါ့....)
၆) အငြော်ငွေ့တွေကို...Exaust Fan နဲ့မှုတ်ထုတ်အပြီး၊ ပူပူနွေးနွေး..ကြက်ဥထမင်းကျော်လေးကို...ပန်ကန်ထဲကိုသေသေသပ်သပ်ထည့်လိုက်တဲ့အခါ...

ကြွက်ရုပ်ရှင်ထဲက...ကြွက်လေးကို..ငါလဲမင်းချက်သလောက်တော့...ရပါတယ်ကွာ..
ဆိုတဲ့အပြုံးတွေနဲ့ပြုံးပြလို့ရပြီပေါ့......

Anybody Can Cook !!!!
If there is mortal, there must be immortal.
if there is birth, there is death.
if there is poor, there is rich.
if there is dispossession, there is possession.
ဒီအခွေကောင်းတယ်ကွာ မင်းနားထောင်ပြီး ပြီလား။
အေး- ဒါပေမယ့် ငါက တက်ကနိုတွေ ပိုကြိုက်တာကွ။
ဒါတွေက ရက်ပ် မဟုတ်ဘူး၊ ဟစ်ဟော့တွေကွ၊ ငါတော့ကြိုက်တယ်။ လိုက်ဆိုကြည့် ၊
ဟာကွာ မင်းတို့ ဟာတွေ ကို ငါတော့ ခံစားလို့မရဘူး။
ကျွန်တော်နဲ့ ဒီကောင် ကဘယ်တော့မှ အမြင်မတူ၊ သို့သော်လဲ သီချင်းတွေကြိုက်တာတော့ တူသည်။ အခုလဲ တက္ကသိုလ် စိန်ရတု ပွဲရှိလို့ ဒီကောင်တွေ အဖွား ခြံမှာ လာအိပ်ကြတာဖြစ်သည်။
ဟိုကောင် အေဘီစီ မလာသေးဘူးလား။


အေး လာ မယ်တဲ့ သှူု့ အဖေဆူနေလို့တဲ့၊ ရက်ပါ ပုညတော့ ငါတို့ သွားခေါ် မယ်။
သွားမယ်လေ ဒါဆို။
ကျွန်တော်နှင့် ဖိုးနေခေါ် သူငယ်ချင်းတို့ရက်ပါ ပုည ရှိရာ ဗိုလ်တထောင် သို့ ကားငှား ပြီးထွက်လာ ခဲ့ လိုက်သည်။ တကယ်ဆို ပွဲနှင့် ပိုနီးသည့် လှည်းတန်းက သူတို့အိမ်မှာ နေရင် ပိုလွတ် လပ်သည်။ ဒါပေမယ့် သူကမတွေက ၆ မိုင်ခွဲ ကိုဘဲ လာနေစေချင် လို့သာ အခု ရောက်နေရ ခြင်းဖြစ်သည်။
ရောက်ပြီ - ဗိုလ်တထောင် - ကားခက ၂၅၀ သာပေးရသေးသည့် အချိန်၊ ကျွန်တော်တို့ ဟိုသွား ဒီစားနှင့် တနေ့ ကို ၃၀၀၀ လောက်ကုန်သည်။ ခုလဲ ပိုက် ပိုက် သိပ်မရှိ။ ပုည နှင့် တွေ့တော့ အာရကေ လေးများ ဖန်လာရန် ပြောရသည်။ သူ့မှာ ၈၀၀၀ ကျော်ရှိတာ ဆိုတော့ မဆိုး၊ ယောက်လမ်း ဘက် လျှောက်ပတ် ပြီး နောက် လှည်းတန်းတွင် အေဘီစီနှင့် တွေ့သည်။
ငါတော့ တညလောက်ဘဲ ဖြစ်မယ် ထင်တယ်၊ ဖားသားကြီး ပွားနေတယ်ကွ။
လာပါကွာ- တညလဲ တညပေါ့၊ ဟိုကောင် ပုညမှာ သီချင်းခွေ အသစ်တွေရှိတယ်၊ ပါလာတယ်ကွ
အေး - ငါလဲနားထောင် ချင်တယ်၊
မင်းက လဲငါကြည့် နေတယ်၊ ပြောတော့ ရက်ပါ။ ၀တ်တာက underground နဲ့ ဘောင်းဘီ အကျပ်။
ဟား ဟား။
အေဘီစီ ဆိုသည်မှာ သူနေသော နေရာကို အစွဲပြု ကာကျွန်တော်တို့ ခေါ်တာဖြစ်သည်။ သူ့ အမည်က ဟိန်းဇော်ဟန်။ တကျောင်းထဲ ကမဟုတ် ကြပေမယ့် ၀ါသနာ တူတွေမို့ စုမိနေတာဖြစ်သည်။ ကျွန်တော်တို့ ညနေလောက်မှာ ဖိုးနေတို့ အဖွား အိမ်ပြန်ရောက်လာ သည်။ သူတို့ ခြံက ကျယ်သည်။ ကျွန်တော်တို့ မှာ လွတ်လွတ် လပ်လပ် နေလိုသဖြင့် အိမ် ကြီးထဲမှာ မနေလို၊ ဒါကြောင့် ဂိုထောင် အပေါ်က အခန်း ကြီးမှာ သွားနေကြသည်။ ဂိုထောင် အပေါ် ပေမယ့် အဲယား ကွန်းပါသည့် အခန်း ဖြစ်ကာ ကုတင် နှစ်လုံး ရှိသည်။ ရေ ချိုးခန်း အိမ်သာ ပါသည်။ ဒီတော့ ဂွတ်ထ ဂွတ်ထ ကောင်း လေစွ။ ကျွန်တော်တို့ရေ ချိုးကြသည်။ ည ၇ နာရီလောက်မှာ တော့ ဖိုးနေ အမတွေနှင့် ကျွန်တော်တို့ တက္ကသိုလ် စိန်ရတု ကျင်း ပရာကျောင်း ထဲသို့သွား ကြလေသည်။ မုန့်တွေစား ၊ မြားပစ်။ ကောင်မလေး တွေ ၊ မမ တွေကို လိုက်ကြည့် နှင့် ည ၉ နာရီ ခွဲသာသာ လောက် အိမ် ပြန် လာကြသည်။ အိမ်ရောက်တော့ ဖဲရိုက် ကြသည်။ သီချင်းနားထောင်ကြ သည်။ ပုညက လဲ သူ့ အခွေသစ်တွေကို ထုတ်ကြွား၊ အေဘီစီကလဲ သူကြိုက်တဲ့ အခွေတွေကို အလစ်သုတ်ရန် စီစဉ်နေ၏။ ၁၂ နညရီ ကျော် လောက်မှာ ဗိုက်ဆာလာကာ ဖိုးနေ၏ အမ တွေကို သွားနိုး၊ ထမင်းထကြော်ခိုင်း နှင့် အလုပ်ရှုပ်ကြလေ သည်။ မညည်းမငြူ ထလုပ် ပေးသော ထိုသုံးယောက်လုံးသော အမ တွေကို တကယ်လေးစားမိသည်။ ထို့နောက်တော့ ၂ နာရီလဲ ထိုးတော့မည်။ အိပ် ဖို့ လုပ်တော့ ကုတင်က နှစ်လုံး လူက လေး ယောက်၊ နှစ်ယောက်တော့ ဆင်း အိပ်ရမည်။ ကျွန်တော် က အောက်မှာ အိပ်မယ်ဆိုတော့  ဖိုးနေကလဲ အောက်၊ အေဘီစီက လဲ အောက် ဖြစ် သွားသည်။ ပုည တစ်ကောင်သာ ကုတင်ပေါ်တက် အိပ် လေသည်။ မီး မှိတ်လိုက်၏။ ခြံထဲတွင် ထွန်းထားသော မီးရောင် လဲ့လဲ့ သာ အခန်းထဲ အနည်းငယ် ထိုးဝင်နေ၏။
အောက်တိုဘာလား ဒီဇင်ဘာလား မမှတ်မိ၊ ဆောင်းတော့ဝင်နေပြီ။ သစ်ပင် ၀ါးပင်တွေရှိ သဖြင့် ချမ်းလှသည်။ အားလုံး တိုးဝှေ့ကာ အိပ်နေလိုက်သည်။ ဘာလို အိပ်ပျော်သွားသည် မသိ ၊ အသံတသံကြား လို့နိုးလာလေသည်။ ဘယ်သူမှတော့ မတွေ့၊ ရေချိုးခန်းထဲမှ ဖြစ်သည်။ အရိပ်လိုလို လှုပ်ရှားမှု တစ်ခုကို မြင် လိုက်၏။ ပုည အပေါ့သွားနေတာ ဖြစ်မည် ဟုတွေးကာ ပြန်အိပ်နေလိုက်သည်။ ထို့နောက် ခြေသံကြား သဖြင့် မျက်လုံး ဖွင့်ကြည့် လိုက်သော အခါ လွတ်နေသော ကုတင်နားတွင် လူတယောက် ပုဆိုးဖြန့် ၀တ်တာတွေ့လိုက်သည် ထို့နောက် ထိုလူသည် ထိုကုတင်ပေါ်သို့ ၀င် အိပ်နေ၏။ ကျွန်တော် ထင်တာ အောက် မှ ဖိုးနေတို့ အိမ်က အလုပ်သမားတစ်ယောက် ထင်သည်။ ကျွန်တော်လဲ မျက်လုံးကြောင်သွား သဖြင့် ငါလဲ အပေါ့ သွားမယ် ဟု ဆိုကာ ထလိုက်မိ၏။
မီးရောင် လဲ့လဲ့ အောက်တွင် အားလုံး အတုံး အရုံး အိပ်နေတာ တွေ့ သည်။ သို့ သော် ခုဏက လူ လုံးဝမရှိ၊ ကြက် သိန်းများ ထသွားမိသည်။ ထို အချိန်တွင် ကြားနေရသော ၀ါးရုံပင် ကို လေတိုးသံများက ကျွန်တော့် ကို ပိုမို ခြောက် ခြားစေခဲ့ သည်။ ကျွန်တော်လဲ အထိန့် တလန့်ဖြင့် စောင်ကို ခေါင်းမီး ခြုံကာ ပြန် အိပ်နေ လိုက်သည်။ သို့သော် တညလုံးေ ကာင်းကောင်း အိပ်မပျော်တော့။ မနက်ရောက်သော အခါ။ အေဘီစီက မင်းဟာက ဟုတ်ရဲ့လားကွာ ၊ဟု ပြောလေသည်.။
ဖိုးနေကတော့ ဟုတ်သည်ဟု ၀င်ရောက် ထောက်ခံသည်။ အဘယ်ကြောင့်ဆိုတော့ ဒီအခန်းတွင် အရင်ကသူ့အိမ်က အလုပ်သမားလေးတစ် ယောက်ဖျားရင် ဆုံးသွားခဲ့ ဘူးကြောင်း ၊ တခါတလေတွင် အိမ်သားတချို့ သည် ထိုသို့ အဖြစ်များ မကြာ မကြာ ကြုံလေ့ရှိကြောင်း၊ ဒါပေမယ့် ဘာမှတော့ ဆိုးဆိုး ၇ွားရွားဖြစ် မှု အရှိကြောင်းပြောလေသည်။ သူ့အဖွားမှာလဲ ပုရိတ်များ ရွက်ဖတ် အလှု အတန်း လုပ်ပေးပေ မယ့် သိပ်တော့ ထူးမလာကြောင်းပြော၏။ ကျွန်တော် တို့လဲ အဲဒီနေ့က စကာ ထိုအိမ်တွင် ဆက် မအိပ်ရန် ဆုံးဖြတ် လိုက်တော့လေသည်။
အေဘီစီ ဟု အမည်တွင်သည့် သူငယ်ချင်း ဟိန်းဇော် တယောက်ရော ၊ ပုညပါ အခုဆို ဘ၀တပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ၊ ဟိန်းဇော်ကတော့ သူဖြစ်ချင်တဲ့ ရက်ပါ အဆိုတော် ဘ၀ကို ရောက်ကာ အောင်မြင်ခဲ့ပြီး၊ ပုညကတော့ စေစီးစွာ လူ့လောကကို စွန့်ခွာသွားခဲ့လေသည်။ သူငယ် ချင်းနှစ်ယောက် ကိုးဒီပို့ လေး ရေးရင်း ဆုတောင်းပါတယ်ကွာ။ မင်းတို့ ကောင်းရာ ဘုံဘ၀ရောက်ကြပါစေ။

မိုးတွေ တရဟော ရွာချနေသည်။ အဲဒီနေ့ညနေ ကို တော့ အထိတ် တလန့်နှင့်အမှတ် ရခဲ့ရ ပါသည်။ ဘယ်လိုပါ လိမ့်။
နှစ်တွေတောင်အတော် ကြာသွားခဲ့ ပြီ၊ သူမနဲ့ ညနေ တစ်ခု၊ ရယ်စရာလဲ ကောင်း ၊ အင်း စိတ်ညစ်စရာ လဲ ကောင်း။ ကဲ ဗျာ ပြောချလိုက် တော့မယ်။ သူနဲ့ပေါ့

သူဆိုတာ ကျွန်တော့် ရဲ့ အရင်းနှီးဆုံး နှစ်လုံးသား လေးတစ်ခု ဖြစ်ခဲ့သူလေး။ သူလေးနဲ့ မှတ်မှတ် ထင်ထင် အရာ ပေါင်းများစွာ ထဲက အဲဒီနေ့က အကြောင်းကို တခါတရံ သတိရတတ်လေ့ ရှိတယ်။ တကယ် ဗျာ မိုးတွေတရ ဟော ရွာတာ က ပြန် စကြတာ ပေါ့။
တညနေလုံး သဲနေတဲ့ မိုးက ကျွန်တော်နှင့် သူ့ကို ကြာကြာ တွေ့ ဖြစ်ဖို့ အကြောင်း ပြ ချက် အဖြစ် အဲဒီနေ့ က ပျော် ရွှင် စွာ ကျွန်တော် အသုံးပြု ခဲ့ မိပါ သည်။ သူမနှင့် ကျွန်တော် တာမွေပလာ ဇာတွင် ဟိုကြည့် ဒီကြည့် ၊ မုန့်စားနှင့် တော် တော် အချိန် ဖြုန်းပစ်ခဲ့ လိုက်ခြင်းဖြင့် နာရီ လက်တံ တချို့ ၏ တွားသွားမှု အား ခေတ္တ လစ်လျှူ ရှု ထားပစ် ခဲ့မိသည်။
အချိန် ဆိုတဲ့ သကောင့် သားက အမှောင် နှင့် ပူးပေါင်း လာသော အခါ သူမကို စိုးရိမ် စိတ်များ မွေးဖွား ပေး ခဲ့လေသည်။
စိုးရိမ် စိတ်က ထွက်ကျလာတဲ့ နောက်ကျရင် တော့ အဆူ ခံရတော့ မှာဘဲ ဟု ရေရွက် ခြင်းဖြင့် ကျွန်တော့်အား အိမ် ပြန် ပို့ရန် အချက်ပြ လာလေ၏။ တကယ် ပင် မှောင်နေသည်။ ၆ နာရီ ၃၀ လောက်ရှပြီ။ မိုးရေတွေ သွန် ချခဲ့ ခြင်းကို မမြို နိုင်ရှာ သည့် လမ်းဘေး ရေမြောင်းများ ၏ အန်ဖတ်များ တလျောက် သူမ နှင့် ကျွန်တော်ဖြတ်လာ ခဲ့ရင်း ကား တစ်စီး ငှား လိုက်ခဲ့ သည်။
ဘယ်ကိုလဲ
ကျောက် ကုန်းဘက်
၅၀၀ ပေးရမယ်
ဟာဗျာ ဒီဘက်ကဖြတ်သွားရင် နီးနီးလေး ၃၅၀ ထား
မရဘူး ငါ့ညီရ ဆီဈေးတွေကတက် နေတာ
(အမြဲတမ်းညည်းလေ့ ရှိ သည့်ကားသမားစကား)
အင်းလေ အသွားအပြန်ယူမယ်၊ ပြီးရင် ပုဇွန်တောင်ပို့ ပေး ၅၀၀ ယူလိုက်
အာ
ကားသမား နဲနဲ ဇဝေဇ၀ါ ဖြစ်သွားသည်။
၅၀ လောက် ပိုပေး
ကောင်မလေးများ ရှေ့တွင် ငွေရေးကြေးရေး အတွက် မငြင်းတတ် သည့် လူငယ် သဘာဝ အလျောက် သဘောထားကြီး စွာ ဖြင့် ၅၀ပို ပေးလိုက်သည်။
ကားပေါ် ရောက် တော့ မှ နှစ်ယောက်သားကိုယ့် ပုံ ကိုယ် ပြန်ကြည့်မိသည်။ နှစ်ယောက်လုံး မိုးတွေ စိုလို့၊
ခိုက်ခိုက်တုန် နေသော အေးစက်စက် သူ့လက် ဖ၀ါးလေး အား အသာအယာ ဆုတ်ကိုင် ထားရင်း သူမ ရဲ့ ဦးခါင်း လေး အားရင် ခွင်ထဲ ထည့်ကာ တွန့်လိတ်ကာ ရွှဲ စို နေသည့် သူမ၏ ဆံနွယ် များကို လဲ ပါးဖြင့် ကပ်ကာ တယုတယ- - - - -
"ဘုန်း"
ဘာသံမှန်း မသိ သဖြင့် ရုတ် တရက် လန့် သွားသည်။ အသံကတော့ ဘေးက လာတာဘဲ နောက်လှည့် ကြည့်လိုက် တော့ လဲ ဘာမှ မဟုတ်။ ခဏ နေတော့ စူပါဝမ်းရှိရာ နားမှ မီးပိုင့်ရောက် လာသည်။ တာမွေ သချိုင်း ကို ဖျက် ထားသော မြေ ကွက် လပ်ကြီးမှ လေအေး အေးများက စိမ်းစိမ်း ကြီး တိုက် ခတ်လာ သည်။ ပိုင့်မိ လို့ ရပ် ထားသော ကျွန်တော် တို့ ကား၊ သူမဘေးမှ တခါးသည် ရုတ်တရက် ပွင့် သွားသည်။
နှစ်ယောက်သား ကြက်သေသေ ပြီးငေး မိနေ၏။
"ဘုန်း"
မီးလဲ စိမ်းရော အလိုလို ပြန် ပိတ် သွားလေသည်။ ဟေ့လူ ဟေ့လူ ဒါ ဘယ်လိုဖြစ်တာလဲ။
ကားသမားက ဗိုလ် အောင်ဒင် ပြုံး ပြုံး ပြရင်း
ဂျက် မကျတာ ပါ၊ စိတ်မပူပါနဲ့
ကျွန်တော်လဲ ယုံသလိုလိုရှိတာနှင့်သူမကို ကျွန်တော့်နားပိုပြီးနီးနီးကပ် ကပ် ဆွဲ ထားလိုက်၏။ ဟိပျော်လိုက်တာ။ ပျော် လို့ မဆုံးပါဘူး ဒီတခါကျတော့ ကားသွားနေရင်း တခါးက ပွင့်လိုက် ပိတ်လိုက်၊ ကျွန်တော့ ဘက် က ပွင့်လိုက် ၊ ရှေ့ ခန်း ကပွင့်လိုက်နှင့်၊
အား - - - ကြောက် တယ် ၊ ကို - - ဘာဖြစ်တာလဲ လုပ်ဦး
သူမအလန့် တကြား ကျွန်တော့်ကို ဖက်ရင်း မျက် စိမှိတ် ပြီး ဇွတ် အော်နေသည်။
အစ်ကို ကားရပ်လိုက်ပါ။
ယောကျား တစ်ယောက်တွင် ရှိရမည့် အသံထက် ပိုမို မာကြောသော လေသံဖြင့် ကျွန်တော် တောင်း ဆိုလိုက်သည်။
ကောင်မလေးက ကြောက်နေပြီ မဟုတ်လား၊ အားကိုးစရာ ကိုယ်ဘဲရှိ၊ အဲဒီလို ပေါချာချာ အသိတွေကလဲ ခါင်းထဲ မကြာမကြာ ၀င်လာ၏။
ကားရပ်လိုက် သည် ၊ ရပ်လိုက်သည့် နေရာ ကလူရော ကားပါရှင်းနေ လေသည်။
ပြောပါဦး ဗျာ ဒါဘယ်လိုဖြစ်တာလဲ၊ ချက် မကျ တာ မဖြစ်နိုင်ဘူး။
ကားသမား မျက်နှာ မကောင်းစွာ နှင့် ကျွန်တော်တို့ ကို သေ အချာ ကြည့် လေသည်။
ဒီလိုပါကွာ ၊ ငါ့ ကားက သရဲရှိတယ်
ဗျာ - - -
သရဲ ၊ လမ်းကမှောင် နေ ၊ကား က လဲကြောင် နေပြီ၊ နောက်တော့ သရဲတဲ့၊ အမလေးဗျာ ဒွတ်ခ
ဒါပေမယ့် မကြောက်ပါနဲ့ ငါ့တူရယ်၊ ဘာမှ မဖြစ်စေရ ပါဘူး၊ မင်းတို့ကို အိမ်တိုင် ရာရောက် လိုက်ပို့ ပေးပါ့မယ်။
ဟာဗျာ ကြောက်စရာကြီး၊ ကျွန်တော်က သိပ်ကြောက်တာ မဟုတ်ဘူး ၊ဒါပေမယ့် ကျွန်တော့် ကောင်မလေး ကြောက်နေပြီဗျ
တကယ်ပါ ငါ့တူရာ - ဘာမှ မဖြစ်စေရဘူး၊ ဦးလေးပြော ပေးမယ်
ဘယ်လိုပြောမှာလဲ
ကဲ - အခု မင်းတို့ ရှေ့မှာ ပြောမယ် - အောင်မောင်းရေ ၊ မင်းမနောက်နဲ့ ကွာ၊ ကားဆွဲ မကောင်းရတဲ့ အထဲ၊ မင်းနောက် ထပ် စနေရင် ငါလဲ ငတ် မင်းလဲ မောင်းထုတ်ခံရမယ်နော်၊ မလုပ်နဲ့ တော့
အင်- -ဒီလိုပြောလို့ ရလား
ရတာပေါ့
သူက သဘောတူတယ်လဲ မပြောဘူး
ဟယ် ပြောမလားကိုယ်ရဲ့ တော်ပါတော့
သူမ ၀င်ပြောလာသည်။
မင်းကြောက်နေလား
အင်းနဲနဲတော့ လန့်တယ်။ ဒါပေမယ့် နောက်ကျနေရင် အိမ်က ပိုဆိုးတယ်
အေးလေ ကားလဲ ထပ်ရဖို့ မလွယ်ဘူး သွားမယ်ကွာ ၊ ကိုယ် တယောက်လုံးရှိတယ် မကြောက်နဲ့နော်
ကျွန်တော်တို့ ကားဆက်ထွက်လာလိုက်သည်။ ၅မိနစ်လောက် အကြာမှာ သူမတို့ ခြံရှိရာလမ်းထိပ်ကိုရောက် လာ၏။
သွားတော့လေ နောက်ကျနေပြီ
ဟင့်အင်း ၊ ခြံဝနားလိုက်ပို့ပေး
ဟာ - - ကားသံကြားရင် မင်းအိမ်က သိကုန်မယ်လေ
အေးလေ- ကားဒီမှာ ခဏစောင့်ခိုင်းထား- လမ်းလျှောက် လိုက်ပို့
ဘုရား ဘုရား - သူတို့ ခြံကိုရောက် ဖို့ ကမီတာ ၃၀၀ နီးပါး လိုသေးသလို လမ်းလေး တခုလဲ ကွေ့ရဦး မည်။ မီးကမှောင်မှောင်၊ မိုးက စိုစို- ဒွတ် ခ ဒွတ်ခ
တတ်နိုင်တော့ဘူး၊ မဖက်လိုက်တော့ မိုက်ဖက် ပါရဦးမှာ ပေါ့
ကျွန်တော်တို့ ကားသမားကို စောင့်ခိုင်းပြီးလိုက်ပို့ရန် ဆင်းလိုက်ခဲ့သည်။
သစ်ပင်ကြီးတွေအုပ်ဆိုင်း ဆိုင်း၊ ခုနေများ သရဲများအပင်ပေါ်က ဆင်း လာ လို့ကတော့ ၊ အင်းတွေးရင်း တွေးရင်း ချွေး လေးတွေ စို့လာ၏။
ရောက်ပါပြီ၊ သူမလဲ ချော မောစွာ အိမ်ရောက်လေပြီ။ ကျွန်တော် မှာကား - - -
ပြေး - - -
ခေါင်းထဲ ၀င်လာတဲ့ ဆုံးဖြတ်ချက် အတိုင်း သုတ်ခြေတင် လှည့်ပြေး လိုက်တော့သည်။ ဘာကိုမှ မကြည့် ကျွန်တော့ ရှေ့ကနီးစပ်ရာတွေသာကြည့်ရင်း ပြေးလိုက်မိသည်။
ကားပေါ် ပြန်ရောက်တော့ ချွေးတွေလဲ ရွှဲ၊ မောလိုက်တာလဲ အရမ်းဘဲ။
ကားပြန်ထွက်လာသည်။ ကျွန်တော် တယောက်ထဲ နောက်ခန်းမှာ၊ ကြောက်တာတော့ ကြောက်နေမိသည်။
သို့ သော် ကျွန်တော် အိမ်ရောက်သည် အထိ ဘာမှ ထပ်မဖြစ်တော့။
ကားသမားပြော တာကတော့ ဒီကားကို အရင်တုံးကမောင်းတဲ့ ဒရိုင်ဘာ သည်ကားပေါ် တွင်ပင် အရက်မူးလွန်ကာ အိပ်ပျာ် သွားရင်း မနက်မှာ အအေးမိကာ နှလုံးရပ်သေဆုံးသွားကြောင်း ပြောလေ၏။ ဘယ်လိုမှ လဲ ပြောလို့ မရ ကားနားသာ အမြဲ လိုက်နေလေ့ရှိကြောင်း၊ သူငယ်ချင်း အချင်းသူလဲ သနား သဖြင့် မောင်းမထုတ်ဘဲ ဒီလိုနေခဲ့ကြောင်း လမ်းတွင် ရှည် လျားစွာ ရှင်းပြလေသည်။ ဘယ်လိုဖြစ်ဖြစ်အဲဒီနေ့ ညနေသည် ပျော်ရွှင်မှုတပိုင်း ထိတ်လန့်မှု တခုနှင့် ကျွန်တော့် အတွေးထဲ ရောနှာ ပျော် ၀င်ခဲ့ ရ လေတော့သည်။

ကျွန်တော်ဟာ မြန်မာလို ရေးတဲ့ ဘလောက်တစ်ခုကို ပိုင်ဆိုင် ဖန်တီးထား သူတယောက် မို့ ကိုယ့်ကို ကိုယ် မြန်မာ ဘလောက်ဂါ လို့ ခံယူထားတဲ့ သူပါ။


ကျွန်တော့် လို ခံယူ ထားတဲ့ သူတွေ ရှိတဲ့ အသိုင်းအ၀ိုင်း ကို မြန်မာဘလောက် ဂါ တွေရှိရာ အသိုင်း အ၀ိုင်း အဖြစ်လဲ မှတ်ယူ ထား ကြ ခဲ့ပါတယ်။ ဒီတော့ ဘလောက်ရေး တယ်။ အဲဒီအရာ ဟာ အင်တာနက်လို့ ခေါ်တဲ့ စည်းဝိုင်းထဲ မှာ ရှင်သန်နေတဲ့ ဘ၀ တစ်ခုပါဘဲ။ အင်တာနက်ရဲ့ ပါဝါတွေဖြစ်တဲ့ ပေတံမရှိခြင်း၊ သဘောက ဆင်းရဲ ချမ်းသာ၊ ပညာ တတ်၊ပညာမဲ့၊ ကြီးသူ ငယ်သူ၊ လူမျိုးဘာသာ စတဲ့ အစွဲဆွေကို ခွာချထားနိုင် ခဲ့ပြီး၊ အနီး အဝေး ၊ ဒေသစွဲတွေကိုပါ မေ့ထားနိုင်ပြီး ဒီ အ၀န်း အ၀ိုင်းထဲမှာ လွတ်လပ်စွာ ရှင် သန်ခဲ့ကြပါတယ်။ အင်တာနက်ပေါ်မှာ ဘလောက်လို့ ခေါ်တဲ့ ကိုယ်ပိုင် ဒိုင်ယာ ယီလို ၊ မှတ်စု လို ၊ ရေးစရာ လေးတွေ ချရေးလာခဲ့တဲ့ အလေ့ အထကို ကျွန်တော် အပါ အ၀င် ကမ္ဘာ့ လူသားတွေ အတော် များ များ သဘောတွေ့ ခဲ့ကြလို့ အခုဆို ဘလောက်ဆိုဒ်တွေဟာ အေ၇ အတွက်အားဖြင့် ၇၇ သန်းကျော်လောက်ရှိ လာခဲ့ပြီလို့ လဲဆိုကြပါတယ်၊ အရာအရာတိုင်းမှာ အကောင်း အဆိုးဒွန်တွဲနေတဲ့ လောက သဘာဝအရ ကောင်းကျိုး ဆိုးပစ် တွေကိုလဲကျွန်တော်တို့ ရှောင်လွဲခြင်းငှာ မစွမ်းသာ ခဲ့ဘူး၊ ဘလောက်ဆိုတဲ့ အရာ အင်တာနက်လောကမှာ ခေတ် မစားလာခဲ့ခင်မှာ website ဆိုတာတွေနဲ့ ကျင်လည်ခဲ့ ကြတာပါ။ အဲဒီမှာ ကျွန်တော်တို့ တွေ လိုက်ကြည့်တယ်၊ လေ့လာတယ်၊ သူတို့ ဆားဗစ်တွေဖြစ်တဲ့အီးမေးတွေ၊ ချက်တင်တွေ၊ သူငယ်ချင်းမိတ် ဆွေ ရှာတာတွေ၊ ဖိုရမ်တွေသုံးခဲ့ကြတယ်လေ။ နောက်တော့အခုလို ဘလောက် ဆားဗစ်တွေ ပေါ်လာတော့ ကျွန်တော်တို့ စမ်း သုံးခဲ့ကြတယ်။ ပထမတော့ အခက်အခဲတွေဖြစ်တဲ့ဘာသာ စကား ၊ နည်းပညာ ဒါတွေကြောင့် ထင်သလောက် မသုံးဖြစ် ခဲ့ဘူး၊ နောက် အခါ ကြိုးစားတဲ့ မြန်မာလူငယ် အချို့ကြောင့်ဘလောက်ပေါ်မှာ မြန်မာလိုရေးလာနိုင်ခဲ့ပါတယ်။ အဲဒီမှာ အခု ကျွန်တော့်လိုမြန်မာလို ရေးတဲ့ မြန်မာဘလောက်ဂါတွေ အများ အပြားထွက်ပေါ်ခဲ့ပါတယ်။ အဲဒီတွေထဲမှာ နည်းပညာ၊
သုတစာပေ၊ ကဗျာ၊ ခရီးသွား ဗဟုသုတ စတဲ့ အရေး အသား ကောင်းတဲ့ ရွက်ပုန်းသီး လူငယ်တွေတော်တော်လေး ထွက် လာပါတယ်။ သူတို့ရေးတဲ့ ရှင်းလင်း လွယ်ကူတဲ့ အရေး အသားတွေက နည်းပညာ ငတ် လူတွေ အပေါ်၊ ဒါတွေနဲ့တင်ရိုး အီနေတဲ့ မြန်မာ စာဖတ်ပုရိတ်သတ် တွေ အပေါ် အားသစ်တွေလောင်းပေးနိုင်ခဲ့ပါတယ်။ ဒါပထမ ဦးပိုင်းပါ။ မြန်မာ့ အင် တာနက်လောကမှာ အသုံးပြု သူတွေကြား ရေပန်း အစားဆုံးဖြစ်တဲ့ ချက်တင် ၀င်နေမှုဟာ ဘလောက်ကို လူသိနဲနေ စေခဲ့ ပါတယ်။ အချိန်ကုန်ငွေကုန်တာခြင်းအတူတူ ဒီဘလောက်တွေပေါ်မှာ ရှိတဲ့ ပညာရစရာတွေ လိုက်ဖတ်မယ် ၊ ဆွေးနွေး မယ်၊ နောက်ဆုံး ကိုယ်တိုင်ရေးမယ် အများကို ကိုသိထားတာတွေ မျှဝေမယ်။ ဒီလို စိတ်တွေနဲ့ မြန်မာဘလောက် ရေးသူတွေကြား ရှိနေကြတဲ့ဆန္ဒတွေကြောင့် မြန်မာဘလောက်ဂါ အသိုင်း အ၀ိုင်းလေးတစ်ခု ပေါ်ထွက်လာ ခဲ့တယ်။ အချိန်ကြာလာတဲ့ အမျှ မြန်မာဘလောက်ရေးသူတွေ များလာခဲ့ပါတယ်။ ကောင်းတဲ့ ၇လဒ် တစ်ခုပါဘဲ။ အားလုံးကိုယ် စီမှာ တူညီတဲ့ ရည်မှန်းချက်က ကိုယ်တွေလို အရင်က ဘာသာစကား၊ နည်း ပညာ အခက်အခဲတွေကြောင့် ပညာရပ်တစ်ခုကို လေ့ လာရာမှာ ငွေတွေကုန်၇ပါတယ်၊ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရပါတယ်၊ နောက်လူတွေ ကိုယ်လို မဖြစ်ဘဲ အလွယ်တကူ တက်မြောက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်၊ ကိုယ်သိထားတဲ့ အသိပညာတွေကို မျှဝေလိုတဲ့ ရည်ရွယ် ချက်ကိုစီကျွန်တော်တို့တွေမှာ ရှိနေကြပါတယ်။ ဒါကြောင့် ဘလောက်ရေးသားခြင်းကို အစဉ်မပျက် ကျွန်တော်လဲ ဂရု စိုက်ခဲ့ပါတယ်။ ဒါကောင်းတဲ့ ရလဒ်တွေပါ။ နောက်တစ်ခုက ဆိုးတဲ့ အရာတွေပါ။ web တွေမှာလဲ အရင်ကတည်းက ကောင်းတာ တွေရှိပါတယ်။ ညစ်ညမ်း တဲ့ အရာတွေရှိပါတယ် ၊ဒါပေမယ့် အသုံးပြုသူရဲ့ လုပ်ဆောင်မှုသာလျှင် ဒီ ဆိုဒ် တွေကို သွားမယ် မသွားဘူး ဆုံးဖြတ်ရပါတယ်။ လုပ်တဲ့သူကတော့ အကြောင်း အမျိုးမျိုးကြောင့် ရှိနေမှာပါ။ ဘလောက်တွေမှာလဲ လူတိုင်းနည်းပညာ မရေးနိုင်ပါဘူး။ လူတိုင်း ကဗျာ မရေးနိုင်ပါဘူး ဒီတော့ ဖတ်တဲ့သူတွေ အကျိုးကို ရှေးရှု ထားတဲ့ အရာတွေကဘဲ ဖတ်သူကို ဆွဲဆောင်နေမှာပါ။ သီချင်းကို လူတိုင်းမဆိုတတ် ပေမယ့် ဒီသီချင်းကောင်း မကောင်းတော့ လူတိုင်းသိပါတယ်။ ကောင်းဖို့သာလိုပါတယ်။ ကျွန်တော်တို့ အခုရေးနေတာ နာမည်ကြီးဖို့ရေးနေတာ တခုမှ မပါ ဘူး၊ ဒါပေမယ့် အခုဟစ်ဟော့ သီချင်းတွေ ခေတ်စားနေချိန် အသံ မကောင်းလဲ ပေါက်တဲ့ သူတွေရှိနေသလို ပေါက်တဲ့သူကတော့ ခါတော်မှီပေါက်သွားနိုင်ပါတယ်။ ရေရှည် အတွက်တော့ ဟုတ်ချင် မှ ဟုတ်မှာပါ။ ဘလောက်ရဲ့ သဘောက လွတ်လပ်မှုကို အခြေခံ ထားလေတော့ လူတိုင်းလူတိုင်း မိ မိ နှစ်သတ် ရာ ရေး ခြင်းကို လေးစားပါတယ်။ မိမိရဲ့ လွတ်လပ်မှုဟာ တပါးသူအတွက် ထိခိုက်နစ်နာမှု မဖြစ်အောင်လဲ ရေးသား သူတိုင်း မှာ တာဝန်ကိုယ်စီရှိနေပါတယ်။ အစာအဆိပ်သင့်ရင် လူ သေတတ်ပါတယ်။ စာအဆိပ်သင့်ရင်တော့ ဘ၀ပါ သေတတ် တာမို့ ရေးသားမှုတိုင်းဟာ တာဝန် အပြည့် ရှိနေပြီးသားပါ။ ကျွန်တော် ဓါးနှစ်လက်ကို လူနှစ်ယောက်ကို ပေးပါမယ်။ တယောက်က ဘုရားဈေးမှာ ပန်းရောင်းရင် ပန်းဖြတ်ဖို့ သုံးပါမယ်၊ နောက်တယောက်ကတော့ သားသတ်တဲ့ အခါမှာ အသား ဖြတ်ဖို့ သုံး ပါမယ်။ ဒါဆို ဓါးခြင်းအတူတူ ဘုရားပန်း ဖြတ်တဲ့ဓါးဟာ ဘုရားပန်းဖြတ်တဲ့ ဓါးလို့ အမည်ရမယ်။ သားသတ် တဲ့ ဓါးကတော့ သားသတ်ဓါးလို့ အမည်ရပါမယ်။ သူတို့ကို ဓါးတွေဘဲလို့ သိမ်းကြုံးပြောလို့ မရတော့ ပါဘူး၊ ဒီဓါး ရဲ့ အမည်ရှေ့မှာ သူ့ရဲ့ လုပ်ဆောင်ချက်ပါ နေပါတယ် ဒါမှ ပြည့်စုံပါမယ်။ ဒီတော့ ကျွန်တော်ပြောချင်တာ ဘုရားမှတပါး အား လုံပြီးပြည့်စုံမှုမရှိနိုင်တဲ့ လောကကြီးမှာ အရာရာ ဟာ ကိုယ်နဲ့အတူတူ အမြဲဖြစ်မယ်ဆိုတာ စိတ်ကူးယဉ် ဆန်ပါ လိမ့်မယ်။ လွတ်လပ်မှုကို အခြေခံတဲ့ ရေးသားမှုကို ခုံမင်ကြရင် ကိုယ့်ရဲ့လွတ် လတ်မှုကို ကိုယ်က လေးစား၇ မှာဖြစ်သလို သူတပါးရဲ့ လွတ် လပ်မှုကိုလဲ အသိအမှတ် ပြုရပါမယ်၊ ငါနဲ့ မတူ ငါ့ရန်သူ လုပ်နေခြင်အား ဖြင့် ကျွန်တော်တို့ ကွဲလွဲမှုများ အဆုံးသတ်သွားမယ် မဟုတ်ပါ။ ဘုရားရှင် လက်ထက်တော်မှာ တောင် ဘုရား ကိုယ်တိုင် မချွတ်နိုင်လို့ လစ်လျူရှု ထားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ သွားမယ့် ၊ သွားချင်တဲ့ လမ်းကြောင်းဟာ အများ သူငှာကို နည်းပညာ ၊ အသိပညာ တွေ ပေးဝေ တူမျှ ခံစားစေချင်တာပါ။ ရည်ရွယ်ချက် ကိုစီ လျှောက်နေကြတဲ့ လမ်းမှာ ကိုယ့်ပတ်ဝန်းကျင်ဟာ အထီးကျန် ဆန်နေမှာ မဟုတ်ပါ။ ယုံကြည်ချက် တူညီစွာ လျှောက် လှမ်း နေရင်း ကိုယ့် ဘလောက်ကို အလှဆင်ကြပါ ဗျာ။
ဒီလိုကန်တာ ဘဲ
ဂိုး ပြီဗျာ ဂိုးပြီ
အဖွဲ့လိုက်ပါဗျာ
ထိုင်းနံပါတ် ၁၀ ဆိုတာ ရေသောက်နေတဲ့ တယောက်ပေါ့
မြန်မာ အမျိုးသမီး ဘောလုံး အသင်းနှင့် ထိုင်း အမျိုးသမီး ဘောလုံး အသင်းတို့ သည် ယနေ့ညနေ ၃နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လူငယ်အားကစား လေ့ကျင့်ရေး ကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာ မှ ထိုင်း ကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိ သွားပါသည်။ ထိုပွဲသည် အာဆီယံ အမျိုးသမီး ချံပီယံ ပြိုင်ပွဲ အတွက်ဖြစ်ပြီး ယခုပွဲစဉ်မှာ အုပ်စုဗိုလ် လုပွဲဖြစ်သည်။ ပထမ ပိုင်းတွင် နှစ်သင်းလုံး အမှားများစွာ ဖြင့်ကစား ကြပြီး၊ မည် သူမှ ဂိုးမရရှိ ခဲ့ပါဘူး၊ ဒုတိယပိုင်း မှာတော့ ကစားကွက်များအနည်းငယ် သွက်လက်လာ ခဲ့ပြီး၊ ပွဲပြီးရန် ၇ မိနစ် အလိုတွင် ထိုင်းအသင်းမှ နဲနဲ ကြမ်းတမ်း သွားသလိုဖြစ်ခဲ့ သဖြင့် တိုက်ရိုက် အနီဖြင့်ထွက်သွား ရသည်။ ထွက်သွား လို့ ၂ မိနစ်အကြာတွင် ဒုတိယ ပိုင်းတွင် လူလဲ ကစားသော ကျောနံပါတ် ၁၅ မှ ထိုင်းဂိုးသမားကို လိမ်ခေါက်ပြီး အနိုင်ဂိုးကို သွင်းယူသွားပါသည်။
မြန်မာ မှ ဂိုးသမားနှင့် ထိုင်းမှ ၁၀ တို့ ခြေစွမ်းပြ ကစားသွားပါသည်။
ပုရိတ်သတ် များ အနေဖြင့် နှစ်ဘက် မျှတ စွာ အားပေးခဲ့ပြီး အင်အား ၃၀၀၀-၃၅၀၀ ကျော်လောက်ရှိမည် ထင်ပါသည်။ ယခုပွဲနိုင်သွားသောကြောင့် မြန်မာ အသင်းသည် အုပ်စု ဗိုလ် ဖြစ်ကာ တဖက်အုပ်စုမှ ဗီယက်နမ် ကိုရှောင်သွား နိုင်ပြီဖြစ် သည်။
(ဓါတ်ပုံများ အား တိုလီ ဘလောက် မှ ယူသုံးပါသည်)
ကျွန်တော်တို့ဘာကိုတွေးတောမှာလဲ၊ ဘာအတွက်တွေးတောမှာလဲ၊ တကယ်တော့ တွေးတောတယ်(တနည်း) တွေးခေါ်တယ်။
နောက်တခု စဉ်းစားတယ်ပေါ့ဗျာ၊ အဲဒီအရာတွေမှာ စဉ်းစားစရာကို စဉ်းစားကြည့်ရင်၊ အတွေ့အကြုံမရှိဘဲ တွေးတောခြင်းဟာ
အန္ဒရာယ်ရှိတယ်လို့ ရေဘူယ ပြောကြပါတယ်။ အင်းလေ မှန်တော့မှန်တာဘဲ၊ ဒါဆို အတွေ့ အကြုံ မရှိတာနဲ့ ကျွန်တော်တို့ တွေးခေါ်ခြင်းတွေကို ရပ်တန့်ပစ် ကြတော့မလား။


အိပ်မက်ဆိုတာ ကိုစိတ်ကူးလို့ ပြောကြပြန်ပါတယ်၊ ဟုတ် ပါတယ်။ ဒီစိတ်ကူး ဟာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ဖြစ်လာမယ့် ကုန်ကြမ်းတွေ ပါဘဲ။ ဒီတော့ ပြန်ကောက်ပါမယ်၊ မျော်လင့်ခြင်း၊ ရည်မှန်း ချက်နဲ့ ဆန္ဒ အားလုံးထပ်တူ ဘဲလား။တခုခြင်းဖြေ ကြည့်ကြမယ်။ မျှော်လင့်ခြင်း - မျှော်လင့်နေတယ်ဆိုမှတော့ အဲဒီမျှော် လင့်ခြင်း ရဲ့နောက်ကွယ်မှာ တခုခု ဖြစ်ခြင်တဲ့ ဆန္ဒရှိလို့ဘဲ၊ ဒါကြောင့် ရည်မှန်းချက်လေးထားပြီး ဒီလမ်းကြောင်းက သွေဖယ်မသွားအောင် အားလုံးလျှောက်လှမ်းနေကြတာမ ဟုတ်လား၊ ဒါဆိုသူ တို့က တူမယောင်နဲ့ ခပ်ဆင်ဆင် အရာတွေဘဲ၊ တခုကိုတခု တည်မှီနေတာ ပေါ့၊ တခုတော့ရှိတယ်။ မျှော်လင့်တိုင်း ဖြစ်မလာတဲ့ အခါ ရည်မှန်းချက်ပျောက် တော့ မလိုလို ဖြစ်သွား တတ်ပေ မယ့်၊ ရည်မှန်းချက်ပျောက်သွားလဲ မျှော်လင့်နေ ကြ တာဘဲလေ။ ဆန္ဒ ရှိဖို့ဘဲ၊ ဆန္ဒမရှိရင် ဘာမှလုပ်လို့ အရာမထင်တတ် ဘူး၊ ဆန္ဒကို အကောင်းဆုံး အားဖြည့် မှုဟာလဲ ကျွန်တော် တို့စိတ်ပေါ်မှာ ဘဲမူတည် တဲ့ စိတ်အားထက်သန်ခြင်း ဆိုတာဘဲ။ ဒီတော့ အခုအရာတွေ အတွက် အခုခုဖြစ် ဖို့၊ လုပ် ဖို့ရာ ပထမဆုံး အရင် စဉ်းစားရတော့တာပေါ့။ အဲ-စဉ်းစားရင်း ကျွန်တော်တို့ အတွေ့ အကြုံတွေရလာခဲ့တယ်။ ရလာတဲ့ အတွေ့ အကြုံတွေက ကျွန်တော်တို့တွေးတော ခြင်းကို အားသစ်တွေ အကြံဥာဏ်တွေ ပေးတယ်။ နောက်ဆုံးမှာ ကိုယ်တကယ်ရည်မှန်း တဲ့ရည်မှန်းချက် ကိုချဉ်းကပ် လာမယ်။ ဒီတော့ စဉ်းလဲစဉ်းစား၊ အလုပ်လဲလုပ် ဒါမှ ကျွန်တော်တို့ အတွေးအခေါ်တွေ ပိုကောင်းလာပါမယ်၊ တွေးတောခြင်း စိတ်ကူးတွေကို ပတ်ဝန်းကျင်က ဘောင်ခတ် ထားတာ မဟုတ်ဘူး၊ ကိုယ် ကို တိုင်ကို ကဘောင်ထဲ ကသွားစဉ်းစားတာကိုး ၊ ကျွန်တော်တို့ တွေးတောတဲ့ အခါ ဘောင်လို့ ခေါ်တဲ့ အစွဲတွေကို ပစ်ချ ထားခဲ့ရပါမယ်၊ ကိုမလုပ်နိုင်တာကို ဘာလို့ မလုပ်နိုင်တာလဲ အရင်မစဉ်းစားဘဲ ဘယ်သူကြေင့် လုပ်လို့မရတာ သွားစဉ်း စားနေလေ့ ရှိပါတယ်။ နောက်ဆုံးမှာ အခု မလုပ်နိုင်တာဘာတွေ လိုနေလို့၊ ဘယ်လိုပြည့်စုံမှ ဖြစ်မယ်၊ ငါ့အတွက်လား၊ သူများ အတွက်လား၊ စွန့်လွှတ်မှာလား၊ ရယူဖို့လား အဖြေတခုခု ရှိနေဆဲပါ။ ထွက်ပေါက်ဆိုတာ အရင်အတည်းက တည်ဆောက် ပေးထာရင် ကိုယ်ပြန်လှည့်တဲ့ အခါ ၀င်ပေါက်ပါဘဲ၊ ထွက်ပေါက် မရှိဘူးဆိုတာ ကျွန်တော်လက် မခံဘူး၊ ထွက်ပေါက် သာမရှိ ၇င် အဲဒီနေရာထဲ ကိုယ်ရောက်လာစရာ နေရာမရှိဘူး။ ပိတ်ထားတဲ့ ထွက်ပေါက်ရှိရင် ထိုးထွက်နိုင် လောက်တဲ့ဆန္ဒ ရှိရပါမယ်။ ထွက်ပေါက် ကိုအောင်မြင်အောင် မဖေါက်နိုင်ဘဲ ကိုယ်ရှုံး ချင် ရှုံးသွားမယ်၊ ဒါပေမယ့် ကိုယ့်မှာ ထွက်လိုတဲ့ ဆန္ဒ ရှိခဲ့ ရမယ်၊ ဘာလို့ အောင်မြင်မှုမရှိလဲ၊ ကျွန်တော်တို့ မှာလုံလောက်တဲ့ အားအင် မရှိလို့ဘဲ၊ ဒီ အဖြေကိုရရင် ရှုးံနှိမ့် မှုဟာ ဘယ်တော့ မှ အချည်းနှီးဖြစ်သွားတယ် မရှိတော့ပါဘူး၊ တွေးကြည့်ပါ၊ စဉ်းစားပါ၊ အိမ်မက်တွေ မက်ကြည့်ပါ ၊ အိမ်မက်တွေ သာမရှိခဲ့ရင် ကျွန်တော်တို့ ကွန်ပျူတာဆိုတာ ကိုတွေ့ကြရမှာမဟုတ်ဘူး၊ လေယာဉ်တွေလဲ မိုးမပျံနိုင်ဘူး၊ ကျွန်တော်တို့ လူငယ်တွေပါ၊ အချိန်ရှိတိုင်း စဉ်းစားပါ၊ စဉ်းစားရင်းသာ အချိန်မကုန်ပါစေနဲ့၊ ကျွန်တော်တို့ မှာ ရည်မှန်းချက်ကို စီရှိနေတယ်။

ကိုတက်ရေ ဒီနေ့မွေးနေ့ မှ နှစ်ပေါင်းများ စွာပျော်ရွှင်ကျန်းမာ အသက်တရာ နေရ စေပြီး၊
ခင်မင်သောက်စား ဘလောက်ဂါများနဲ့ နှစ်သက်ချစ်ခင်အောင် ပွဲတွေဆင်နိုင် ပါစေ။

မနေ့ကပေါ့ မနကိပိုင်းမှာ why do we blog အတွက်ပို့ရေးနေရင်း ဂျီတော့မှာ ကိုစစ်နဲ့တွေ့ပါတယ်။ သူကဘာစိတ် ကူးပေါက်တယ် မသိပါဘူး ဒီနေ့လူစုပေးလို့ရနိုင်မလားတဲ့၊ အို- -ဒါလေးများ ရတာပေါ့ ကိုစစ်ရယ်လို့ဆိုပြီး ညနေ ဘက်ဆုံကြမယ်လို့ စုလိုက်တာ အတော်လေးရလိုက်ပါတယ်။ နောက်တော့ ကိုစိုးဇီယျ၊ သူကတော့ အလုပ်တွေ ပိနေလို့လိုက်နိုင်မယ် မထင်ဘူးတဲ့၊ ကိုကျော်ဇေယျကတော့ နေဘုန်းလတ်ဆိုင်မှာရောက်နေပြီ၊ အပြင်သွား မယ်
လာခဲ့ဆိုလို့ချက်ချင်း ထထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ဘယ်ဟုတ်မလဲ ကိုစိုးဇီယျကြီးက မြိုစားမင်း ဆိုင်မှာဂျီတော့နေတာကိုး၊ လေးယောက်သား ကားငှားပြီး MICT ကိုပိုက်ဆံကျန်တာလေးသွားပေးဖို့ မမီရှိရာ စင်္ကပူ သင်တန်းကျောင်း ကိုအရင်ဝင်ကာ ပိုက်ပိုက်ဝင်တောင်းပါတယ်.နောက်ပြီး MICT ကိုသွားပေးပါတယ်။ ဟိုမှာ အသံသွင်းတိတ်ခွေတွေယူ၊ပိုက်ဆံပေး၊ ဟော ပေးလဲပေးရော မြို့စားမင်းက 203800 ကျန်တာကို 238000 ပေးနေလို့ အမြန်ကယ်လိုက် ရပါသေးတယ်။ သူလဲကျေးဇူတင်တာနဲ့ လက်ဖက်ရည်တိုက်ချင်စိတ်ပေါက်သွားတာပေါ့။

အဲဒီကနေတဆင့် မြေနီကုန်း ရောက်ပါတယ်. ရောက်တော့ ရွှေမှာလက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ပါတယ်။ အသားပေါင်း နှစ်ခုနဲ့ ပဲနို့တစ်လုံးသောက်ပြီးစကားတွေ ပြောလိုက်တာ ညနေ ၅ နာရီထိုးသွားပါတယ်.
အချိန်တော့ တန်နေပြီမို့ ရုံးကို တခါပြန်ရောက်လာကာ ကိုစစ်ကိုလူအနည်းငယ်စုံကြောင်း ဖုံးဆက်တော့ သူအခု လာနေပြီလို့ ဆိုပြီး သူလဲထွက်လာပါတယ်။ ရုံးမှာ ကိုကျော်ဇေယျ ဂျီတော့ပါတယ်(အန်တီညလေးရေ သွားလေရာတော့ သူပါနော်-တိုင်တာ မဟုတ်ဘူး-ချွန်တာ) အဲ သူကလဲတိုလီမုတ်စကိုတွေ့တော့လာမလား တီးခေါက်ပါတယ်။ တောင် ဥက္ကလာမှာမို့ဝေးရင်လဲ မလာတော့နဲ့ပြောတာ ဒီကောင်လေးကစိတ်ကြီးတယ် ချက်ခြင်းsign out လုပ်သွားပြီးထွက်လာ ပြန်ပါတယ်။ အင်းလူတွေများလာဘီ။ ကျွန်တော်တို့ကတော့ ဟောပြောပွဲကဖောင်တွေပြန် စစ်နေရင်း အာတွေတောင်ခြောက်လာပါတယ်။ ကဲ ပင့်ကူ၊ဟုတ်ပါဘူး ပင့်ဂိုး ရောက်လာပါတယ်. ဘယ်ကနေ အနံ့ရ သွားတယ် မသိဘူး၊ အတော်အနံ့ခံကောင်းတဲ့ဘလောက်ဂါပေဘဲ။ သူကတော့ ဘာညာနဲ့ စကားများနေပါတယ်။ ကိုနေဘုန်းလတ်လဲ ထိုင်လို့၊ ကိုစိုးဇီယျကတော့ ရောက်ရာအရပ်က ချက်နေလေရဲ့ ယျ နှစ်ယျ လိုက်လဲ လိုက်ပါတယ်။ ကိုစစ်ကြီးကတော့ ထုံးစံအတိုင်းအိတ်ကြီးလွယ်လို့ အခန်းထဲရောက်တယ်ဆိုရင်ဘဲအား
လုံးရဲ့မျက်နှာဟာ အရောင်တွေတဖျက်ဖျက်နဲ့ပေါ့။ နောက် မကြာခင်မှာဘဲ ကျွန်တော်တို့စတင်ပါတော့တယ်။
မြေနီကုန်း YKKO ကိုပါ။ ဟိုရောက်တော့ မှာကြစားကြ၊ စားလို့ကုန်ခါနီးမှာ ကိုတက်ကြီးရောက်လာပါတယ်။ သူရောက်လို့မကြာခင်ရှေ့ဆင့်နောက်ဆင့်ဘဲတိုလီမုတ်စနဲ့ ကိုညီလင်းဆက်ရောက်လာပါတယ်။
စားကြပါတယ်ပြီးတော့ ဘာရယ်မဟုတ်ဘူး မမီလဲမလာသေးတာနဲ့M3 မှာသီချင်းသွားဆိုမယ်ဆိုပြီး ဆုံးဖြတ် ကြပါတယ်။ဟုတ်ပါတယ် ကျွန်တော်တို့ MBS ဟာဆုံးဖြတ်ချက်ခိုင်မာပါတယ် DO ဆိုရင်တော့ DO ပါဘဲ.
လူများသော ဘလောက်ဂါများမို့မော်တော်ယဉ်တန်းနဲ့ထွက်ခွာလာလိုက်တာ M3 ရောက်ပါတယ်။
ခပ်ချောချော အမကြီးတစ်ယောက်များ အခန်းမှာ မထားဘူးလားလို့မေးလိုက်တော့ မမီကြိုမှာထားတဲ့အခန်းကိုစိုက် စိုက်ကြီးရောက်အောင်ပို့ပေးကြပါတယ်။ (ဒီလိုဒီလိုစီစဉ်ထားတာနော်)ဟတ်ဟတ်
စပါပြီremote ကိုလုကြ mic ကိုလုကြနဲ့ အပြိုင်ဘဲ သီချင်းတွေဝိုင်းထည့်ပြီးကျွန်တော်တို့ဘလောက်ဂါ ကွန် ဆက်ကိုစလိုက်ပါတော့တယ်- - -
ဖြောင်းဖြောင်း ဖြောင်း - - -
ကိုစစ်ကိုအားပေးတာပါ။ သူက ၀ိုင်ဝိုင်း မှ ဆိုဘဲ။ ကောင်းပါတယ် အင်မတန်နားထောင်ကောင်းပါတယ်
ပထမတော့ တယောက်တပုဒ်စည်းကမ်းတကျ လုပ်မလို့ပါ ။ဟိုရောက်တော့ မိုက်ခဲတွေချည်းဆိုလေတော့မရ တော့ပါဘူး၊ အားလုံးကျရာလိုက်ဟစ်ကြပါတော့တယ်။
ဟေ့ ဟေ့ ဟေ့၊ အိုးဆူညံနေတာဘဲ
အသီးသီးဆိုသွားကြတယ်ကျွန်တော့သီချင်းတော့မရောက်သေးဘူး။
ကိုကျော်ဇေယျကလဲ ကံ့ကော်တောမျိုးအောင်ရဲ့ လူကိုယူပါ ပစ္စည်းတော့ချမ်းသာပေးပါ သီချင်းကိုပိုင်နိုင်စွာ သီဆိုသွားပြန်ပါတယ်။ (အကောင်းဆုံးသီဆိုသွားတဲ့သီချင်းတွေဘဲပြောတော့မယ်နော်)
နောက်တစ်ယောက်ပင့်ဂိုး ၊ သူကတော့ တင်ဇာမော်ရဲ့သီချင်းများကို ဆွဲကာငင်ကာနဲ့ဖြော်ဖြေပါတယ်good ပါ
ကိုစိုးဇီယျ - အိုဒီလူကတော့လူတင်မဟုတ်အသံပါထွားကျိုင်းပါတယ်အငဲရဲ့ မျှော်လင့်ခြင်းကွင်း ပြင်ကို ရွာကိုလွမ်းတယ်ဆိုတဲ့ဆင်ခြေနဲ့ တွံတေးသိန်းဒန်စတိုင်ထုတ်ကာသီဆိုပါတယ်။
အင်းဘယ်တော့မှငါဆိုရမလဲ
စိတ်ညစ်ညစ်နဲ့ သူများသီချင်းတွေဟိုတပိုဒ်ချည်း၊ ဒီတပိုဒ်ငှား လိုက်ဆိုပစ်ပါတယ်
ဘာညာကတော့ ရှင်ဘုန်းသီချင်းတစ်ပုဒ်ဟစ်ပါတယ်.
အဲဒီအချိန်ကိုတက်နဲ့ကိုညီလင်းဆက်ကတော့ မရတော့ဘူးဆိပြီးအောက်မှာပတ်ချင်သွားဆွဲပါတယ်၊ ကျွန်တော်လဲလိုက်ချက်ရက်နဲ့ ငါ့အလှည့်လေးရောက်တော့မှာပါဆိုပြီး ဆက်စောင့်နေပါတယ်။
တိုလီလေးကတော့ မောင်မောင်ဇော်လတ်ရဲ့ ရပ်စောင့်ကိုမတ်တပ်လေးရပ်လို့သီဆိုသွားပါတယ်
သူလဲကောင်းပါတယ်.
နောက်တော့ညီလင်းဆက်က လေးဖြုရဲ့သီချင်းအဟောင်းဖြစ်တဲ့ရွှေတောင်ပံတစုံကိုအားလုံးကြားမှဖြန့်ကျက် လိုက်တာ အင်မတန်ကောင်းမွန်ပါတယ်။ဒီလုလဲဘက်စုံတော်တယ်လို့မှတ်ချက်ဆွဲပါတယ်
လက်ခုပ်သံတွေလဲတဖြောင်းဖြောင်းနဲ့ပါ။
မမီကလဲ ရှင်ဘုန်းပါဘဲ သူလဲခေသူမဟုတ်ဘူးနော်
လာပါပြီ ကျွန်တော့သီချင်း= မဟုတ်ပါ။
ပင့်ဂိုးတောင်းထားတဲ့တပုဒ်ပါ ဘာလဲ အပြစ်မတင်ရက်တော့ပါလားဘာလားတော့မသိဘူး ဇာနည်နဲ့ဂျေမီဆိုထားတဲ့ အပုဒ်ပါ။ ကျွန်တော်လဲ ဇာနည့်နေရာလေးငှားပါဆိုပြီးဝင်ဟစ်ပါတယ်
ကောင်းပါတယ် ဟဲ ဟဲ ကိုယ်ဆိုတာဘဲ ကောင်းမှာပေါ့-
ကျွန်တော်ဆိုလိုက် ပင့်ဂိုးနဲ့ အတု နေဘုန်းလတ်က ရပ်ဘိတွေဝင်ဟစ်လိုက်နဲ့ အပြီးမှာ ကျွန်တော့ အသံကောင်းလို့ဆိုပြီး အားလုံးဖျားသွားတာနဲ့ ဘီယာတစ်ငုံစီလိုက်တိုက်လိုက်ရပါတယ်။ (အလကားစတာ)
နောက်တော့ ကိုတက်က ဂျစ်တိုင်းလဲမညား အဲ ချစ်တိုင်းလဲမညားကိုသီဆိုပါတယ်- မထင်ဘူး ဒီလောက်ကောင်း အောင် ဆိုတတ်မယ်လို့လေ.
နောက်တော့ ဟိုလိုအော်ဒီလိုဟစ် ကောင်းကောင်းပျော်ပေါ့နော်
စိုးဇီယျကြီးလဲ အသံနက်ကြီူနဲ့ကုန်းအော် တိုလီလေးကလဲ ထထ က၊ ဘာညာကလဲ လစ်တာနဲ့ငိုက်လိုက် ထစားလိုက်နဲ့ ၊ တကာတော် ကိုစစ်လဲ သူ့သီချင်းတွေမလာတော့ညစ်။
ကျွန်တော်လား
လာမယ့်သာ မလာတယ် ကျွန်တော့သီချင်းတွေလာတော့ လေးပုဒ်လောက် အကြွေးဆပ်လိုက်ဆိုလိုက် လုပ်လိုက်တာ အားလုံးညစ်သွားတယ်. ဟတ် ဟတ်
အထူးဆန်းဆုံးက မြို့စားမင်းနဲ့ ပင့်ဂိုး
ရိုးရိုးနေတတ်တဲ့ မြို့စားမင်းက စိုင်းစိုင်းသီချင်းကို ဆိုသွားတာ လက်တွေရော ခြေတွေရောစုံနေတာဘဲ
တကယ် ကွက်တိဆိုနိုင်ပါတယ်ဗျာ၊ နှစ်ပုဒ်တောင်နော်
ကဲ အားလုံးပျော်ပျော်ပါးပါးနဲ့ နောက်ကျ မှာစိုးလို့ ဆိုက်ပိတ်တဲ့အထိဘဲဆိုကြပါတယ်။
တွေ့ပြီလား ဘလောက်ဂါတွေ MBS အတွက်နေ့ည အချိန်မရွေးလူစုနုင်ပါတယ်လို့
ဟတ် ဟတ်
(ကိုစစ်ရေ စိတ်ဆိုးနဲ့နော် နောက်နေ့ကျန်တဲ့ သီချင်းကြွေးတွေပြန်ဆပ်ပါ့မယ်)

အို ဘလောက်ဖတ် ပုရိတ်သတ် အပေါင်းတို့ လာမည့် ၆နာရီ အတွင်း မြန်မာ ဘလောက်ဂါများ၏ ဆိုကြမယ် အော်ကြမယ် အတင်းအား ရေးဖွဲ့ တင်ဆက်ပါမည်။ မနေ့ကညမှာ m3 တွင်ပြုလုပ်သွားသည့် ထို တိတ်တိတ် ပုန်းအစီအစဉ်အား ဖွင့်ဟပါမည်။ မိန်းစပွန်စာ အဖြစ် စက်စီစစ်မှ ပံ့ပိုးခဲ့ပါသည်။ စိုင်းစိုင်းဘုန်းလိုင်၊ ငဲဇီယျ၊ ကံ့ကော်ဒေါ ကျော်ဇီယျ(အိုဖီဆင်း) ၊ ၀ိုင်ဝိုင်းစစ်၊ လေးဆက်ဖြူ၊ အော်တာတိုလီ၊ ရှင်ဘာညာ၊ ဖြူးချားရင်းဂိုး၊
မီမီရှင်ဘုံး၊ ဘာလာလာတက်၊ အာဇာဘလာ စသည့် ဘလောက်ဂါ အဆိုရှော်များမှ အော်ဆိုတင်ဆက်သွားပါတယ်။ မျှော်- - - -
အစီအစဉ် ၁၅ ပြီးသွားတဲ့ အခါ ကျွန်တော်တို့ ပွဲကြီးတော့ အားလုံး ကမောက်ကမအနည်းငယ် နဲ့ အောင်မြင်စွာ ပြီး ဆုံးသွားခဲ့ပါတယ်။ အမှတ်တရ ဓါတ်ပုံတွေကို စုရိုက်လိုက် ပစ္စည်းတွေ ကပြာကယာသိမ်းလိုက်နဲ့ မောင်ပွတ်ရဲ့ စင်္ကာပူက ဖုံးကို အားလုံးက အမောတကော ပြောဆိုနှစ်သိမ့်ကြပါတယ်။ ကဲအားလုံးလဲသိမ်းလို့ အပြီး တနေကုန် ဘာမှ မစားကြရသေးတဲ့ ကိုယ့်လူတွေအတွက်ရော ဦးရဲမြတ်သူတို့ ကိုသောင်းစုငြိမ်းတို့ နဲ့ပါညစာအတူ စားဖို့ အမြန် စီစဉ်ခဲ့ပါတယ်။ နေရာကတော့ မြစ်အတွင်းရှုခင်းများ ကြည့်ရင်း စားသောက်နိုင်ဖို့ အတွက် ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်းက ရွှေဘဲ ကိုရွေးချယ်ရင်း လူစုခွဲသွား ဖို့ ငါးယောက် တသုတ် စီစဉ်ပေးလိုက်ပါတယ်။ ဟော တသုတ် ဟော တသုတ် လွှတ်လိုက်ပြီး အရင်ရောက်တဲ့သူ စားပွဲကြိုစီစဉ်ပေး ဖို့ပါမှာလိုက်ပါတယ်။ မကြာပါဘူး နောက်ဆုံး ဖြစ်တဲ့ ကျွန်တော်တို့ အသုတ် ဟောခန်းထဲကထွက်တယ်ဆိုဘဲ လာပါပြီဗျာ အဲဒီနေ့ရဲ့ လွဲချော်မှုတွေ- - - - - - -



အ၀င်ဝကနေ လှည့်ပြန်လာကြတဲ့ ကိုယ့်အဖွဲတွေကို တစီတန်းကြီး တွေ့လိုက်ရပါတော့တယ်။ ဘာဖြစ်ရမလဲ ကားငှားလို့ မရတော့ဘူးလေ၊ အချိန်ကတော်တော်လေး နောက်ကျနေပြီ။ မထူးပါဘူးဆိုပြီး မလောက်မငှ ထီးတွေနဲ့ နောက်ပေါက်ကနေ သမိုင်း သံလမ်း နားရောက်အောင်လမ်းလျောက်ကြရတော့တာပေါ့။



ထီးပျောက်ရင် အိမ်ကဆူမှာကြော်တဲ့ ဆက်စီစစ်နဲ့ ကျွန်တော်အတူတူ ထီးဆောင်းလို့ တပျော်တပါး တောလမ်း ကထွက်လာလိုက်တာ မိုးတွေကလဲ စက်စက်ယို ၊ လမ်းမှာလဲ ဧရာမတီကောင်ကြီးနေ့တွေ့လို့ ဓါတ်ပုံတွေရိုက် နဲ့ ပျော်စရာကြီးပေါ့နော်။ လူကဘဲထီးဆောင်းသလား ထီးကဘဲ လူကိုပြန်ဆောင်းသွားလား မသိဘူး အားလုံး အားလုံး တခြမ်းဆိုလို့၊ အသီးသီးကားတွေငှားရင်း ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ကျွန်တော်နဲ့ အတူ ဆက်စီစ်၊ ကိုကြီးကျော်၊ ကိုသန့်ဇော်မင်း၊ ထူးထူးခြားခြား မဒီဂျွန်ကပါလာသေးတယ်။ မိုးရွာနေလို့ မှန်တွေ ပိတ် ထားရတာပေါ့၊ ပူလိုက်တာဗျာ ခေါင်းတွေတောင်ကိုက်ပါ့၊ စကားတွေတပြောပြောနဲ့ ဆက်စီစစ်တယောက် ကားပေါ်မှာ အိပ်ငိုက်ရင်းလိုက်ပါလာခဲ့ပါတယ်။ ဒီလို ဓါတ်ပုံတွေကို ကိုစိုးဇီယျလို ဂျာနယ်ရှော်တွေ လိုချင် မှန်းတော့ သတိရလိုက်သေးတယ်။ ဟိုလဲရောက်ရော ကျွန်တော်တို့က အရင်ရောက်နေသူတွေဖြစ်လေတော့ စီစဉ်စရာတွေထပ်လုပ်ပေး၊ ခဏလောက်မှာ လူတွေအားလုံးစုံသွားပါတယ် အယောက်၂၀ ကျော်ပါတယ် ။
စားစရာတွေ သောက်စရာတွေ ကို အားလုံးအစဉ်ပြေအောင် ကြည့်မှာလို့ အပြီး ဦးရဲမြတ်သူနဲ့ ကိုသောင်းစုငြိမ်း ရောက်လာပါတယ် ၊ ကျွန်တော်ရယ် ကိုတက်ရယ်၊ ကိုစစ်ရယ်၊ ကိုမျက်လုံးရယ်နဲ့ အနီးဆုံး နေရာမှာ နေရာ ချပေး ထားတဲ့အတွက် ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ကဧည့်ခံ စကားပြောဖြစ်ကြပါတယ်။
သူတို့နဲ့ ပြောရတာ အတော်လေး ဗဟုသုတ ရစရာ ကောင်းတဲ့ ဟာတွေ ပညာရစရာတွေ တွေးခေါ် သင့်တဲ့ လုပ် သင့်တဲ့ အခြားအရာတွေ ကို ရခဲ့ပါတယ်။ ထာဝရနောက်ကျတဲ့ ကိုညီရောက်လာတော့ ကျွန်တော်တို့ ၀ိုင်း အတော် မြိုင်သွားပါတယ်။ တခုရှိတာ ဘီယာ သောက်တဲ့သူက တခြမ်း၊ မသောက်တဲ့ သူတွေကတခြမ်း လောက်
နေရာ ယူမိနေသလိုပါ။ အဲဒီမှာ ရီရတာ၊ ကျွန်တော်တို့ စကားကောင်းနေတုန်း စားပွဲတွေ ပန်းကန်တွေကို တီးလို့ နဂါးနီ သီချင်းကို သံပြိုင်ဟစ် နေတာကတော့ မြို့စားမင်းနဲ့ ကို စိုးဇီယျတို့ ဦးဆောင်ထားတဲ့ ဟိုဘက်ခြမ်း ပေါ့။
ကဲ နေကြပါဦးဗျာ ခဏလေး နေမှ ဆိုကြမယ်ဆိုပြီး ချွေးသိပ်ထားရပါတယ်။
ကဲ ဘီယာလဲ အလုံး အစိတ်ကျော်နေဘီ ၊ ကြာရင် မွဲဆေး ဖော်သလိုဖြစ်တော့ မှာမို့ တဖြတ်ရှင်းရင် နောက် အစီအစဉ် ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။



ဒီလို ဆုံးဖြတ်ချက်ချခဲ့ ပြီးနောက်မှာ တော့ ဇော်ဂျီတို့၊ အင်တာနက်တို့၊ စုဘူးတို့၊ အီးကောမစ် တို့နဲ့ ဘဲ မြည်းလာ ခဲ့တဲ့ ကျွန်တော်နဲ့ ကိုတက်တို့ ကဆက်ရန် ပြန်ရန် လူစုထပ်ခွဲပါတယ်။ ကိုအေးဆိုးတို့ အဖွဲ့ တာဝန်ခံ အဖြစ် ကျွန် တော်က တာဝန်ယူလိုက်ပါတယ်။ (မှတ်ချက်- ကိုချစ်စမ်းတို့ ကိုတက်တို့ ကိုမျက်စေ့ တို့ သည် မမူးရင် အေး ပါသည် ၊ နဲနဲလောက် မူးလာရင် များများ လေး ဘရုတ်ကျကာ ပျော် လေ့၇ှိသဖြင့် ကိုအေးဆိုးတို့ အဖွဲ့လို့ အမည်တပ်ထားပါသည်)
ကိုညီ နှင့် ဘာမှ မသောက်ဘဲ လိုက်မူးတတ်သူ ကိုစစ်၊ ရန်ကုန်တဖက်ကမ်းမှ လက်လှမ်းလာတဲ့ ကိုသန့် တို့၊
ရေကျော်မှာ အမေဆော်မှာ ကြောက်လို့ပြန်တဲ့ တေဇာ၊ ကိုဖြိုးတို့ ကလွဲရင် ကိုအေးဆိုးတို့ အဖွဲ့က လူစုံပါတယ်။
နောက်ပိုင်းဇာတ်ထုတ်ကို ဖြေမယ့် အဖွဲ့တွေကတော့
ကျွန်တော်၊ ကိုတက်၊ ကိုမျက်စေ့၊ ကိုနေဘုန်းလတ်၊ တိုလီမုတ်စလေး၊ ကိုစိုးဇီယျ၊ ကိုကျော်ဇေယျနဲ့ အတူ ဒီနေ့ မှ ကျွန်တော်တို့နဲ့ အပြင်မှာတွေ့ပြီး ချက်ချင်းခင်သွားတဲ့ ကိုဝေယ့လင်းပါ အဆစ်ပါလာပါတယ်။
အောက်ကပုံက တော့ ဆက်လက် လမ်းကြောင်းထွက်ရင်း အိမ်ပြန်မယ့် အမျိသမီး ဘလောက်ဂါတွေအတွက် ကားလိုက်ငှား ပေးနေတာပါ။


အဲဒီနောက် ကိုနေဘုန်းလတ် ဆိုင်ရှိရာ ၃၈ လမ်း ကိုရောက်ရင်ဘဲ ကိုတက် တယောက် သူ့ ဟမ်းဖုံးကို ရေချိုး ပေးနပါတယ်.။ ဘယလို့ လဲမေးတော့ ကွမ်းတံတွေးတွေ ပေကုန်လို့ပါတဲ့။ အဲဒီကို ရောက်ကာမှ အစီအစဉ် တမျိုး ပြောင်းသွား ပြန်ပါတယ် ကိန်းဂဏန်းတွေ ရေကြမယ်တဲ့လေ။ ခုတော့စောပါသေးတယ်ဆိုပြီး အီးမေးလေးစစ်၊
လွစ္စလမ်းက ဘီယာဆိုင်မှာ ဆီထပ်ဖြည့်ဖိုက ထက်ထွက်လာပါတယ်။ စင်္ကာ ပူကနေဒီရောက်လာပြီး မှ မန်ယူနဲ့ ပွဲကို ကြည့်ချင်လို့ပါဆိုပြီး ပြောနေတဲ့ ကိုဝေယ့လင်းကို အားနာတာနဲ့ ဘီယာသောက်ရင်း မန်ယူပွဲကို ပြီးအောင် အားပေးလိုက်ပါတယ်၊ သောက်လေ မျက်စီကျယ်လေ ဖြစ်လာတာနဲ့ ကျွန်တော်တို့ တွေ သောက်တာတွေကို ခဏ ရပ်တန့်လိုက်ပြီး ပွဲ အပြီး ကိုနေဖုံးလတ်တို့ ဆိုင်မှာ နေရင်း ဘယ်သူ့ ကိုးက အကြီးဆုံးလဲ ပြိုင်ကြမယ်ပေါ့။
ဟိုရောက်ရော အင်တာနက်မြင်ရင် မနေနိုင်တဲ့ ဘလောက်ဂါများဖြစ်လေတော့ အညောင်းပြေ အညာပြေ အင်တာနက် သုံးလိုက်တာ ဘယ်သူမှ ပြန်မထတော့ဘူး။ ကိုတက်ကြီးကလဲ မော်နီတာကြည့်ရင်း ရီလိုက် ပြုံးလိုက်၊ ကိုမျက်စေ့က သူတယောက်ထဲ သုံးစာနေရာယူပြီး အိပ်နေ၊ တိုလီမုတ်စကလဲပို့ တင်၊ ကျွန်တော်နဲ့ ကိုစိုးဇီယျကကလဲ သန်ရာတွေကြည့်၊ ကိုချစ်စမ်းလဲ သီချင်းနားထောင်၊ ကိုကျော်ဇေယျကတော့ တော့လိုက် ငိုက်လိုက်ပါဘဲ၊ မြို့စားမင်းနဲ့ ကိုဝေယ့လင်းကတော့ အပေးမှာစီစဉ်နေသလိုလိုနဲ့ တက်အိပ်နေပါတယ်။
အတော်လေးကြာတော့ ၃ နာရီ ဆွမ်းချက်ရန် ဘွန်တော အော်လိုက်ကာမှ ကိုချစ်စမ်းက ပြန်တော့မယ်တဲ့။
မူးလို့ အိပ်မရတဲ့ ကိုတက်ကလဲ မထူးပါဘူးပြန်မယ်ဆိုပြီး ၃ နာရီခွဲလောက်မှာ ပြန်သွားပါတယ်။ အားလုံးလဲ အိပ်ကုန်ပါပြီ။ ၄ နာရီကျော်လောက်မှာတော့ တိုလီမုတ်စလေးလဲ အားရော့ကာ အိပ်ပါတော့မယ်လို့ လက်လျော့သွားလဲ
ကျွန်တော်သာလျှင်မိုးအလင်း ၆ နာရီခွဲအထိ လုံးဝမအိပ်ဘဲ ဖြစ်သမျှကို မှတ်တမ်းတင်လိုက်ပါကြောင်း။

ဲမြန်မာဘလောက်ဂါ တယောက်ဖြစ်နေခြင်းအား ဂုဏ်ယူလျက်
ဘလာဂေါက်ရဲ့ ဘလောက်ဂါ
(ဓါတ်ပုံများအား၊ ဘာညာ၊ ညီလေးတိုလီမုတ်စ ညီလေးတေဇာ၊ ကိုဖြိုးတို့ထံမှ ရယူပါသည်)


you can visit our blog day seminar and you can feel shear with us.
plz click here

Type the rest of your post here.