CNG ဈေးနှုန်းပြောင်းလဲ

ရန်ကုန် သြဂုတ် ၁၅
                     ယနေ့ ည သန်းခေါင်ယံ အချိန်တွင် ပြည်တွင်း CNG အရောင်းဆိုင်များမှ CNG ဓါတ်ငွေ့ တပေါင်လျှင် ၄၅ ကျပ်မှ ၂၅၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက် သောကြောင့် ဒီကနေ့ မနက်တွင် CNG သုံး ဘက်စ်ကားလိုင်း အချို့ ပြေးဆွဲမှု့များ ခတ္တရပ်ဆိုင်းနေကြောင်း သိရပါသည်။ မည်သည့် အတွက်ပြောင်းလဲ သတ်မှတ်ခြင်း မသိရသေး သော်လဲ ရုံးတက်၊ ကျောင်းသွား ၊ ခရီးသွား လုပ်သားပြည်သူ အချို့ မှာ သွား ရေးလာ ရေးအနည်းငယ် ခက်ခဲလျက်ရှိနေကြောင်း မြေနီကုန်းတ၀ိုက်တွင် ပြောကြား နေကြသည်ကို သတင်းရရှိ ပါသည်။
                     ထို ဂယက်ကြောင့် စားသောက်ကုန်၊ ပြင်ပဓါတ်ဆီ၊ ဒီဇယ်ဆီဈေးများ ကမောက်ကမ လိုက်တက်ဖွယ်ရှိကြောင်းလဲ စိုးရိမ်နေကြကြောင်း ၊ အထူးသဖြင့် နောက်ရက်များတွင် ကားများဆက်လက် ထွက်မထွက် မှာမည်သူမျှမသိနိုင်သေးကာ၊ ညနေတွင်တော့ ဘက်စ်ကားများ တွင်လူများအလွန်အမင်း ကြပ်နိုင်ပါသည်။
                     CNG ဓါတ်ငွေ့သည် မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း အများအပြားထွက်ရှိလျက်ရှိပြီး ၊ ပြည်ပနိုင်ငံများသို့ပင် တင်ပို့ ရောင်းချနေနိုင်အောင်ပိုလျှံနေပါလျက် မည်သည့်အတွက် ဈေးနှုန်းတက် သွား ကြောင်းစဉ်းစား မရနိုင်ကြောင်း ပြောဆိုနေကြသည်ကိုကြားသိရပါသည်။
နောက်ဆက်တွဲ မျက်မြင်သတင်းများအရ မြေနီကုန်း အစိုးရစက်သုံးဆီ အရောင်းဆိုင်တွင် ဓါတ်ဆီတဂါလံ ၂၅၀၀ ကျပ် ပြောင်းလဲ သတ်မှတ်ရောင်းချနေပြီဖြစ်ကြောင်းကြေငြာထားပါသည်။ ထို့အတူဒီဇယ်ဆီရောင်းဈေးမှာလဲ ၃၀၀၀ ကျပ်ဖြစ်နေကြောင်း အနီးရှိ အငှားယဉ်မောင်းများမှ ပြောဆိုပါသည်။ ထို့ကြောင့် ပြင်ပဓါတ်ဆီ၊ ဒီဇယ် ဈေးမှာ ၅၀၀၀- ၆၀၀၀ ကျပ်များအဖြစ် တက်သွားကြောင်း လဲသိရပါသည်။ ယခုရန်ကုန်မြို့တွင်း အငှားယာဉ်ငှားဈေးမှာ မြေနီကုန်းမှ သမိုင်းလမ်းဆုံကို ၅၀၀၀ ကျပ်အထိဈေး ခေါ်နေသဖြင့် ကျွန်တော်ကိုယ်တိုင် ငှားမစီးဖြစ်ဘဲ လှည့်ပြန်ခဲ့ပါကြောင်း။

Comments

Rapster88 said…
တစ်ခါစီး ၂၀၀ သတ်မှတ်ထားတဲ့ ရွှေဧည့်သည်လိုင်းက အခုတစ်ခါတက် ၅၀၀ ဖြစ်သွားပြီလို့ ကြားတယ်..မနက်ရုံးကို အိမ်ကလိုက်ပို့ လို့ ဒီပြသနာကို မသိလိုက်ဘူး..
ညနေပြန်ရင်တော့ ကွိုင်ပဲ

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact