မပျော်ဘူး ကလေးရယ်
မင်းနဲ့ မတွေ့ရ ငါ့ည တွေမှာ
တိတ်ဆိတ် တမ်းတ
လွမ်းရမယ့် အဖြစ်တွေလဲ
မလိုချင်ဘူး။
မယုံချင်ဘူး ကလေးရယ်
လူတွေပြော သမျှ
မင်းနဲ့ ငါ့အကြောင်း
အဟောင်းတွေ မကောင်းတွေ
ဒါတွေအားလုံး
မလိုချင်ဘူး။
မဆိုချင်ဘူး ကလေးရယ်
လွမ်းရ တမ်းတ ဆွေးရ စေတဲ့
ကဗျာ သီချင်း လွမ်းတေး
ဆိုညည်း ကြေကွဲမှုတွေ
မလိုချင်ဘူး။
မငိုချင်ဘူး ကလေးရယ်
ငါ့အားဝေးထား
မင်းလေးသွားမယ့်နေ့မှာ
ရင်ခုန်လွမ်းရ တမ်းတဆွေးပူ
မျက်ရည်စက်လက်
လွမ်းမယ့် ရက်ကို
မလိုချင်ဘူး။
မမျှော်ချင်ဘူး ကလေးရယ်
တရက် တရက်
မင်းဖုန်းဆက်မျှော်
ပြက္ခဒိန်တွေ ကျော်ကျော်သွားမယ့်
နေ့ည တွေကို စိုးရိမ်
စောင့်စားပြီး အိပ်မရခြင်းတွေ
မလိုချင်ဘူး။ ။ ။
မင်းနဲ့ မတွေ့ရ ငါ့ည တွေမှာ
တိတ်ဆိတ် တမ်းတ
လွမ်းရမယ့် အဖြစ်တွေလဲ
မလိုချင်ဘူး။
မယုံချင်ဘူး ကလေးရယ်
လူတွေပြော သမျှ
မင်းနဲ့ ငါ့အကြောင်း
အဟောင်းတွေ မကောင်းတွေ
ဒါတွေအားလုံး
မလိုချင်ဘူး။
မဆိုချင်ဘူး ကလေးရယ်
လွမ်းရ တမ်းတ ဆွေးရ စေတဲ့
ကဗျာ သီချင်း လွမ်းတေး
ဆိုညည်း ကြေကွဲမှုတွေ
မလိုချင်ဘူး။
မငိုချင်ဘူး ကလေးရယ်
ငါ့အားဝေးထား
မင်းလေးသွားမယ့်နေ့မှာ
ရင်ခုန်လွမ်းရ တမ်းတဆွေးပူ
မျက်ရည်စက်လက်
လွမ်းမယ့် ရက်ကို
မလိုချင်ဘူး။
မမျှော်ချင်ဘူး ကလေးရယ်
တရက် တရက်
မင်းဖုန်းဆက်မျှော်
ပြက္ခဒိန်တွေ ကျော်ကျော်သွားမယ့်
နေ့ည တွေကို စိုးရိမ်
စောင့်စားပြီး အိပ်မရခြင်းတွေ
မလိုချင်ဘူး။ ။ ။
0 comments:
Post a Comment