ဖန်ဆင်းတဲ့ အပြစ်
သက်ပြင်းတွေ အတိုအရှည်ညှိ
အိပ်မက်တွေ ကိုလိုသလိုရှိစေဖို့
ညည ဆိုဖုန်းဆက် မင်းနဲ့တော့ ဂွတ်နိုက်ပါ။
တွေဝေ တာလဲရှိ ၊ ဇွတ်တိုးတာလဲရှိ
ငါကိုယ်တိုင်လဲသိ နေတာ ခက်တယ်။
နှစ်သိမ့် ပေးတဲ့ စကားတွေကြားမှာမြော
မင်းနဲ့ စကားတွေပြောနေရင်
မောတယ်လဲမထင် တသားပျော်ဝင်
ရင်ခုန်နှုန်းလဲ တို့နှစ်ဦးအသက် ၀င်လာခဲ့ပြီ။
ဆုံဆုံတတ်တဲ့ မင်းမျက်ဝန်းက
အကြည့်လဲ့လဲ့တွေနဲ့ ဖမ်းစား
မာယာတောမှာ ငါမြုးကြွကြွ ခုန်က
နှလုံးသားလဲ မှော်ရုံတောက နိုးမထွက်တော့ပြီ။
မှားပြီးရင်းမှား
အဲဒီ အမှားတွေပိပိ ရိရိ ကြူးလွန်ဖို့
ငါကိုယ်တိုင် ဖန်ဆင်း
အပြစ်တခုနဲ့ ချစ်ခြင်း ငင်နေခဲ့ သူပါ။ ။
အိပ်မက်တွေ ကိုလိုသလိုရှိစေဖို့
ညည ဆိုဖုန်းဆက် မင်းနဲ့တော့ ဂွတ်နိုက်ပါ။
တွေဝေ တာလဲရှိ ၊ ဇွတ်တိုးတာလဲရှိ
ငါကိုယ်တိုင်လဲသိ နေတာ ခက်တယ်။
နှစ်သိမ့် ပေးတဲ့ စကားတွေကြားမှာမြော
မင်းနဲ့ စကားတွေပြောနေရင်
မောတယ်လဲမထင် တသားပျော်ဝင်
ရင်ခုန်နှုန်းလဲ တို့နှစ်ဦးအသက် ၀င်လာခဲ့ပြီ။
ဆုံဆုံတတ်တဲ့ မင်းမျက်ဝန်းက
အကြည့်လဲ့လဲ့တွေနဲ့ ဖမ်းစား
မာယာတောမှာ ငါမြုးကြွကြွ ခုန်က
နှလုံးသားလဲ မှော်ရုံတောက နိုးမထွက်တော့ပြီ။
မှားပြီးရင်းမှား
အဲဒီ အမှားတွေပိပိ ရိရိ ကြူးလွန်ဖို့
ငါကိုယ်တိုင် ဖန်ဆင်း
အပြစ်တခုနဲ့ ချစ်ခြင်း ငင်နေခဲ့ သူပါ။ ။
Comments
အဲဒီ အမှားတွေပိပိ ရိရိ ကြူးလွန်ဖို့
ငါကိုယ်တိုင် ဖန်ဆင်း
အပြစ်တခုနဲ့ ချစ်ခြင်း ငင်နေခဲ့ သူပါ။
*****
5 Stars....
ငှက်ကလေးတွေလို ဝေဟင်ဖွင့်
ပျံသန်းခွင့်ရတဲ့နေ့…….
ကြုံခဲ့ဖူးတဲ့ ရင်ခုံသံလေးတော့
အပြစ် မပြောကြစတမ်းပေါ့နော်…..။
ဝေမျှခံစားကြည့်လိုက်တာပါ။