ကြော်ငြာ

ပွတ်အန်ဂေါက် ဘရားသား ခရီးသွားလုပ်ငန်း
အနယ်နယ်အရပ်ရပ်ရှိ မြန်မာဘလောက်ဂါများအတွက် မုန်တိုင်းရာသီ ချောင်းသာခရီးစဉ်
အချိန်မအားလပ်ကြသော အလုပ်တဖက်နှင့် မြန်မာဘလောက်ဂါများအတွက် အထူးစီစဉ်တရပ်အနေဖြင့် အောက်ပါ ၀န်ဆောင်မှုများပါ ၀င်သော ခရီးစဉ် တခုအား ရောင်းချပေးနေပါပြီ။ညခြင်းပြန်ခ၇ီးစဉ်ဖြစ်ပါသည်။
၁။ ရန်ကုန်မြို့ တွင်းဘက်စိကား အကြိုအပို့
၂။ မေတ္တာလက်ဆောင် ရေသန့်ဘူးသေးတစ်ဘူး၊ ၅-၉ ကျွတ်ကျွတ်အိတ်တလုံး
၃။အဆင့်မြင့် ကုန်နှင့်လူနှင့်တွဲတင်သော ဒူးမလွတ်ထိုင်ခုံများဖြင့် သက်တောင့်သက်တာ ဒေ၀ူးကားအပြာ
၎။ချောင်းသာရောက်သည်နှင့် လေအ၀ရှုရန် ၁၀ မိနစ်၊ အပေါ့အပါးသွားရန် ၁၀ မိနစ်
၅။ အစားအသောက်အတွက် ကျောက်ခေတ်စတိုင် ဘူဖေး
၆။ မြောင်းဖု အလကားကျွေးမည်(ငရှဥ့် ၊ ဖား ၊ ငရံ့ခေါင်းတို )
ရ။ ကားပေါ်တွင် လမ်းတလျောက် တွံတေးသိန်းဒန် လိုက်ဖ်ရှိုး နန်းစတော့ ဧည့်ခံမှု့
ရောက်ပြီးတာနှင့် နာရီဝက် အတွင်းပြန်လည်ထွက်ခွာပါမည်။ ချောင်းသာ အရောက်ခရီးစဉ်သာဖြစ်ပါသည်။
စိတ်ကူးပေါက်ကာ တညအိပ်ချင်သူများအတွက်
၁။ ကြယ်အလုံးမရေနိုင် ဟော်တယ်ဖြစ်သည့် သောင်ပြင်တွင် ဇျာခင်းသိပ်ပါမည်။
၂။ အဆင့်မြင့်ရေကူးရန် သင့်အနားပင်လယ်ပြင်ကြီးထားပေးထားပါမည်။
၃။ ညစာအဖြစ် ကောက်ညှင်းပေါင်းဝယ်စားရန် ၁၀၀ ကျပ်တိတိ ပြန်လည်ထုတ်ပေးပါမည်။
(မေတ္တာလက်ဆောင်သွားကြားထိုးတံ တောင်းယူပါ)
၅။ နောက်နေ့မနက် လိုင်းကားဖြင့် ပုသိမ်ကို ထရန်စစ်လုပ်ရန် ထွက်ခွာပါမည်။
၆။ ပုသိမ်မှတဆင့် လှိုင်သာယာ ကိုမနက်၉ နာရီတိတိ တွင်ထ၇န်စစ် လုပ်ရမည်ဖြစ်သဖြင့် အိပ်ပုတ်ကြီးသူများ လက်မခံပါ။
ရောက်ပြန် ခရီးစဉ်အတွက် ရော ရောက်မပြန် အလေလိုက် ခရီးစဉ် အတွက်ပါ လက်မှတ်များရောင်းချပေးနေပါသည်
လက်မှတ်များကို ဈေးနှုန်းများဖော်ပြခြင်းမပြုသေးပါ. စံစမ်းလိုပါလျှင် မီမောင် အန် ဘာညာ စစ်စတာလက်မှတ်အရောင်းကိုယ်စားလှည်(အိမ်သာကန်ထရိုက်တာ)၊ ကိုမျက်စေ့(အထွေထွေ ဂဂျိုးဂကြောင်) ထံတွင်ဆက်သွယ်နိုင်ပါသည်။
အွန်လိုင်းမှသာ ရောင်းချပါသည် ၀ယ်နေရင်းမီးပျက်က ငွေပြန်မအန်းပါ။
ဒီဇိုင်း ဘိုင်ကျ ကိုဖြီးလက်တလုံးချား





7 comments:

နိုင်းနိုင်းစနေ said...

ဟိုဒင်းလေး.. ဟိုဒင်းလေး ပါဝူးလားဟင်..
ချောင်းသာဘေးက အမှိုက်ရှို့ပုံ ပွဲလေးကို ပြောတာ..း)
ဘလော့ထိုင်းမ် အယ်ဒီရှော်လို့ မပြောရဘူး.. ရေးလိုက်ရင် လှန်နေတာချည်းပဲ.. ရီရတာ

demo kitto said...

ရယ်ရတယ်.. ကိုဂေါက်ရေ..

pandora said...

တယ်ဟုတ်ပါလား.. နာမည်ရင်းတွေ အခုမှ သိတော့တယ်.. ဟားဟား

ဂျစ်တူး - gyit_tu said...

ဟိဟိ ရီနေတယ် ။

Mr.Pooh said...

ဘလော့ဂ်တိုင်းမ် အတွက်ချန်ထားဦးနော်။ ပါးပါးလေးပဲပြထားဗျို့။ မနက်ဖြန်ဆို အတုအပ တွေ ပေါ်လာဦးမှာ မဟုတ်လား။ ကင်းကောင်ကတော့ တကယ်ထလုပ်ပြီ။

MELODYMAUNG said...

် မီမောင် အန် ဘာညာ စစ်စတာလက်မှတ်အရောင်းကိုယ်စားလှည်(အိမ်သာကန်ထရိုက်တာ)၊
အမယ်မယ် နာတို့ကိုများ မှိုချိုးမျှစ်ချိုး နဲ့ အရောင်းကိုယ်စားလှယ်ခန့်လိုက်သေး ဟွန့် မရယ်ရပါဘူး :P

သန့်ဇော်မင်း said...

ဟားဟားဟား.. ကိုဂေါက်တို့က လုပ်ချလိုက်ပြန်ပြီဗျာ.. ကောင်းမှကောင်း.. ဒီနေ့တော့ မပန်ဆီသွားရီလိုက်၊ ကိုဂေါက်ဆီလာရီလိုက်နဲ့ အတော်နာသွားပြီ.. ဗိုက်။

tzm