ခေါင်းမာသူ ၄ ဓသမ သုည


ပြီးခဲ့တဲ့ စနေနေ့ က တနေ့ ကုန်လျှောက်လစ်နေ ခဲ့ပြီး ညနေမှာ တော့ ပလန်းနက် မှာ ကိုစိုးဇေယျတို့ ရှိ မယ် ဆိုတာနဲ့လိုက်သွား ခဲ့တယ်။ ပလန်းနက် ရုံးခန်းရှိရာ လပြည့်ဝန်း ပလာဇာ ရောက်တော့ ကိုမျက်လုံးတော့ လာသွားပါတယ်တဲ့၊ နောက် ဘယ်သူမှ တော့မရောက်လာခဲ့ဘူး ဆိုတာနဲ့ ကိုနေဘုန်းလတ်ကို ဖုံးဆက်ခိုင်းကြည့်တော့ မလာဖြစ်တော့ဘူး တဲ့၊ ကဲ ပျင်းတာနဲ့ မြို့ထဲ လျှောက် မယ်ဆိုပြီးဆင်း လာလိုက်တာ ၊ အင်း ကောင်မလေးနဲ့ ဆိုဘယ်လောက် ကောင်းမလဲ ( ဟီ ဟိ )၊

အဲ- - သမ္မတ ရုံရှေ့ ကဖြတ်လာတော့ die heard 4.0 ရုံတင်ထားတာ တွေ့ပါတယ်၊ ကြည့်ချင်နေတဲ့ ကားလဲဖြစ်၊ ကိုဇင်ကိုလတ်က လဲညွှန်း ထားတာရှိတော့ ကြည့်ရင်ကောင်းမယ်ဆိုပြီး ရုံထဲဝင်ခဲ့ လိုက်တာပေါ့။ တရုတ်ကောင်း မှု့ ၂၄ ခွေတွဲ ၀ယ်ကြည့်တော့ မကြည်တာနဲ့ ဆက်မ ကြည့်ဘဲ ထားလိုက်တာ၊ ခုတော့ ရုံမှာ ကြည့်ရင်ပိုကောင်းမှာဘဲ - - အင်း အတွေးလေး တွေနဲ့ လျှောက် ပတ်ကြည့်ရင်း လတ်မှတ် တစောင် ၀ယ်လိုက်ပါတယ် ၊ ၁၂၀၀ တန်းကပါ။ ယောက်ထဲ အခုအသက်အရွယ်ထိ တခါမှ ရုံမှာတခါမှ မကြည့်ခဲ့တော့ နဲနဲ ပျင်းနေမိတယ်။ နာရီဝက် လောက် ကြာတဲ့ အခါ ရုံထဲဝင်လို့ရသွား တာနဲ့ မှောင်မှောင်မဲမဲ မှာတယောက်ထဲ ထိုင်နေလိုက်တယ်။ ကဲပြချိန်လဲ ရောက်ပါပြီ၊ ကြော်ငြာတွေလဲ ကြည့်ရပါသေးတယ်။ ကုလားကားကြော်ငြာတစ်ခုတော့ အတော်မိုက် တယ်၊ CRASH တဲ့၊ ကောင်းမယ့်ပုံဘဲ၊ အမေရိကန် အက်ရှင်စတိုင်ပါ။
ဇာတ်လမ်းစပါပြီ၊ အဓိကကြောရိုးကတော့ သမီးကို ချစ်တဲ့ဖခင်ရဲ အရာရှိတစ်ယောက် နဲ့ မသေဘဲကျန်အောင် သူကယ်မိခဲ့တဲ့ ဟတ်ကာ လေးတစ်ယောက် ပေါင်းပြီး အမေရိကန် တစ်နိုင်ငံလုံးကို ကမောက်ကမ ဖြစ်သွားအောင် ကျူးလွန်ကြတဲ့ cyber လူဆိုးတွေရဲ့ မသမာ မှုကို အချိန်ပိုင်းလေးနဲ့ လက်မတင်လေး ကယ်တင်လိုက်နိုင်တဲ့ ဇာတ်ကြမ်းတစ်ခုပါ။ ကောင်းပါတယ်၊ မထင်ရအောင် စွမ်း ဆောင်ကြတဲ့ ဟတ်ကာလူဆိုးတွေ၊ အစိုးရရဲ့ နည်းပညာ အားနည်းချက်တွေကိုသိတဲ့ ပြည်တွင်း ဟတ်ကာတွေ၊ နည်းပညာပိုင်း နားမလည်တဲ့ ရဲအရာ ရှိ ဂျွန်မတ်ကွိုင်း၊ သူတို့တွေရဲ သရုပ်ဆောင်ချက် တွေနဲ့ ရိုက်ချက်တွေ အထူးပြုလုပ်ချက်တွေ ကကြည့်ရှုသူ ပရိတ်သတ်ကို အတော် ဆွဲဆောင်စေပါတယ်၊ ပြီးသွားတဲ့ အထိကောင်းပါတယ်၊ တချို့နေရာတွေမှာ သိပ်လက်ခံလို့မရတဲ့ အပိုင်းတွေရှိလဲ ရုပ်ရှင် ကို ရုပ်ရှင်လို ကြည့်တဲ့အခါ ကောင်းတယ်လို့မှတ်ချက်ပေးပါတယ်။
မကြည့်ရသေးရင်ကြည့်ပါလို့တိုက်တွန်းတာပါ၊ (မှတ်ချက်- - အိမ်ရောက်သော အခါ မဒန်ဂေါက် ကကြည်လင်နေပြီဖြစ်သော ၄င်းကား ကို ညနေကမှ ၀ယ်ယူထားကာ ကြည့်နေတာတွေ့ ပါတယ်။ ဒါကြောင့် ရန်ကုန်မှာ ခွေကြည်တာရောက်နေပါပြီ)
နောက် မဆိုင်တာတွေးမိသေးတယ်၊ တို့ဆီကို သာဒီလိုလာ ဟတ်ရင် ဒင်းတို့စိတ်ညစ်သွား နိုင်တယ်လို့ပါ။
အင်တာနက်ကော်နက်ရှင်တွေကိုနှေးကွေးအောင်လုပ်တာတို့၊ မီးဖြတ်ပစ်တာတို့၊ ကားလမ်းပိတ်တာတို့ ကို ဒို့ ပြည်သူတွေက မမှုပါဘူး၊ ကိုယ့်ဟာကိုယ်ဖြေရှင်းနေကြဘဲ ၊ ဟုတ်ဝူးလား။

Comments

ဟိုတစ်လောက စိတ်ညစ်ညစ်နဲ့ ဒီကားကို တစ်ယောက်ထဲ သွားကြည့်တာ.. မိုက်တယ်နော်.. ကြိုက်တယ်း)
MELODYMAUNG said…
”အင်တာနက်ကော်နက်ရှင်တွေကိုနှေးကွေးအောင်လုပ်တာတို့၊ မီးဖြတ်ပစ်တာတို့၊ ကားလမ်းပိတ်တာတို့ ကို ဒို့ ပြည်သူတွေက မမှုပါဘူး၊ ကိုယ့်ဟာကိုယ်ဖြေရှင်းနေကြ”
ဖြေရှင်းပုံလေး မရေးပြဘူးလား ဂေါက်ရဲ့ :P
pandora said…
.. ဟတ်ဟတ် မိုက်ပါ့ မောင်ဂေါက်ရေ
မယ်မောင်ရယ် ဖြေရှင်းပုံက တိုးတိုးလေး ပြောမှပေါ့.. တော်ကြာကြားသွားဦးမယ်..
ZawZaw said…
ဖြေရှင်းနည်း လက်စွဲ စအုပ်တစ်ခု မကြာခင်ထုတ် သွားပါမယ်။ မမယ် အရင်လက်စွဲ ခံရလိမ့်မယ်
ဟတ် ဟတ်
မပန်၊ မ၉၉၊ မမယ် ကောမန့်ပွတ်တာကျူးဈေး
tayzar said…
ကျွန်တော်တို့ ဆီမှာ အဲဒီကားထဲကလိုမဖြစ်အောင် မီးပွိုင့်မှာ မော်တော်ပီကယ်ပဲ သုံးတယ်ဗျ နောက် သေမှာစိုးလို့ ဂတ်စ် လိုင်းတွေ ဘာတွေ မထားပေးဘူး cyber crime ဖြစ်မှာစိုးလို့ ကွန်နက်ရှင်အမြဲ ကျအောင်လုပ်ထားတယ် =)

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact