လာမယ်ကြာမယ်

ဘလောက်တိုင်း နောက်တကြိမ်ထုတ်တွင်တော့ အများမျှော်လင့်နေတဲ့ အဆီချ သင်တန်း အကြောင်း ဆောင်းပါးကို တင်ပြသွားပါ့ မယ်။ လက်ရှိအချိန်မှာ ဘလောက်တိုင်း တာဝန်ရှိသူများ နိုင်ငံရပ်ခြား ခရီးများဖြစ်တဲ့ ခြင်္သေ့ကျွန်းအား မောင်ပွတ်သည်၎င်း။ ဘလာဂေါက် ကျွန်တော်မှာ တော့ ညောင်တန်း စင်္ကာပူ ရှေ့မှ ထမင်းပေါင်းဆိုင်သို့၎င်း၊ စိုးဇီယကြီးလဲ တညင်ကျွန်းမှ ခင်လွန်းတို့ ထံ၎င်း အသီးသီး ခရီး လွန်နေ ပါသည်။ မောင်ပွတ်ပြောထား သည့် အတိုင်း ရုံးစိုက်ရာ ဒူဘိုင်း မှာ အပူလှုင်း ကျသလို အစည်း အဝေးလေးများ ရှိလေတော့ ခရီးဝေးများရှိရှိ သလို သွားနေကြတာဖြစ်ပါတယ်။ သပ်သပ်ရပ်ရပ် စက္ကူစုတ်များ၊ ကိုလဲ  အမေရိကသို့ အချိန်မှီ တင်ပို့ ထားပါသည် ။အဖြူအမည်း 4 colour ၊အရောင်များ ပေါင်းစပ်ရာတွင် အသုံးပြု သော ဘိုကလေးမီးသွေးမှာ မိုးရာသီဖြစ် သဖြင့်ရောက်မလာနိုင်သေးပါ။ အတိုင်းတိုင်း အပြည်ပြည် မှ တင်ပို့ထား သော သတင်းများမှာ မငြိမ်သေးသဖြင့် ကြိုးတုတ်ထားပါပြီ။ မကြာခင် ငြိမ်သွားပါလိမ့် မယ်။ စာဖတ်သူ များအားအားနာပါသဖြင့် ထွက်သည့်နေ့ တွင်နေ့ခြင်း ရောက်စေရန် DHL ချောပို့ လုပ်ငန်းအား စရံငွေ ဒေါ်လာ ၈ သန်းအားရက်ရောစွာ ပေးထားပြီးကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ အခုတော့ မနက်ကရုံးလာရင်း ကျပြောက်သွားတဲ့ ငါးဆယ်တန်လေး လိုက်ရှာလိုက်ဦးမယ်နော်။ တာ့ တာ။ ။ ။
(မှတ်ချက်- ၅၀ တန်မှာ ဒေါ်လာလား၊ သူ့အမျိုးသမီး ပိုးအိစံလား အတွေးမမှားစေလို)

5 comments:

demO kittO said...

hahaha.. လေတာပေါ့.. ခုကတည်းက ထွက်လာမဲ့ရက်ကို မျှော်နေပါတယ်.. =)

ကိုဖြိုး said...

လာမယ်ဗျ မျက်လုံးရယ် .. မမီရယ်ကို စောင့်ခေါ်ခဲ့ရမှာဗျ

ဂျစ်တူး - gyit_tu said...

ဟီဟီ

Tesla said...

ရွှေရောင်ပြိုးပျက် လက်တဲ့ညမှာ ရွှေရောင်ကိုယ်တော်တပါး ဟာ ရွေရည်တွေ သောက်နေတာများနော် ရွှေဗိုက်တော်တွေတောင် ပေါ်လို့. အဲ့ဒါ ရွှေရောင်ကောင်းကင် ပေါ့. အဲ ရွှေရောင် ကင်းကောင် ပေါ့.. ဟေ့ ဂေါက်ကြီး ဂျာနယ် အတွက် အဲ့ဓါတ်ပုံယူမလား အလကားတော့ မရဘူး ဘီယာ တခွက်နဲ့ ၀ယ်မှ ရမယ် ငှဲ ငှဲ. ကင်းကောင်ကြီးရေ ရွှေစိတ်တော် မညိုပါနဲ့ ခိုးရိုက်ခဲ့တဲ့ ဓါတ်ပုံအတွက်. :P

yadanar said...

အကြံတစ်ခုပေးချင်လို့ Sep 1 အမှီ Blog စာအုပ်ထုပ်ပြီး Sep1့ျရင် မိတ်ဆက်ပြီးရောင်းတဲ့ အစီအစဉ်လေး ထည့်လိုက်ပါလား



စောင့်မျှော်နေပါတယ်။Journal့ိုလည်း။